← Chapters

ရွှေရောင်အနာဂတ် ကုန်သွယ်ရေးဇုန်

Vol. 9 Ch. 135

ရွှေရောင်အနာဂတ် ကုန်သွယ်ရေးဇုန်

Vol. 9 Ch. 135

ကျိုးယန်သည် စုယင် ရှောင်ရှောင်လေးတို့နှင့် အတူ ရွှေရောင် အနာဂတ်ဟု သူကိုယ်တိုင် အ မည်ပေးထားသည့် ကုန်သွယ်ရေး အဆောက်အုံ များကို လေ့လာနေသည်။ ထိုအဆောက်အုံ သည် ၅ထပ် အဆောက်အုံဖြစ်ကာ တထပ်စီ၌

မတူညီသည့် ကုန်ပစ္စည်းများ ခင်းကျင်းပြသ ထားလေသည်။ ကျိုးယန်သည် ရှောင်ရှောင် လေးကို ချီထားလျက် အဆောက်အုံတခုလုံးကို လှည့်ပတ်ကြည့်ရှုနေလေသည်။ ယခု အဆော က်အုံထဲတွင် ပြင်ပ ကုန်သည်အများအပြား ရှိ ထားပြီး ထိုကုန်သည်များသည် ဒေသထွက် အ စားအစာ အမျိုးမျိုး တို့ကို စိတ်ဝင်စားဖွယ် ဖြစ် အောင် ခင်းကျင်းထားလေသည်။

ကျိုးယန်က ဆိုင်တခု၏ အထည်တခုကို ဆွဲယူ ကြည့်ရှုလိုက်သည်။ ထိုအထည်မှာ သိုးမွှေးအ စစ်ဖြင့် ပြုလုပ်ထားပုံရပြီး အမျိုးသမီးငယ် များ ဝတ်ဆင်ရန် သင့်တော်သည်။ ရင်ဘတ် တွင် အရုပ်ကလေးများ တပ်ဆင်ထားပြီး ထိုကဲ့ သို့ နည်းပညာများသည် ကမ္ဘာမြေတွင် တော့ အလွန် ကျယ်ပြန့်စွာ အသုံးပြုနေပြီး ကျင့်ကြံ ရေးလောကတွင်တော့ ထိပ်တန်းသူဠေးများသာ အသုံးပြုနိုင်သည့် အထူးနည်းပညာ တခုဖြစ်နေ သည်။

“စုယင် ဒီအထည်ကို သဘောကျလား”

ကျိုးယန်က သူ့ဘေးရှိ စုယင်ကို မေးလိုက်သည်

စုယင်သည် ကျိုးယန်ဆီ ရောက်ရှိချိန်မှစ၍ အထူးတလည် ပူဆာခြင်းမျိုး မရှိပဲ ဆယ်ကျော် သက်ဘဝကို ကုန်လွန်ခဲ့သူဖြစ်သည်။ ကျိုးယန် အနေဖြင့် စုယင်ကို တစုံတရာ ဝယ်ပေးခြင်းခဲ့ သော်လည်း ယခုကဲ့သို့ စျေးဝယ်ထွက်ရန် မအားလပ်ခဲ့ပေ။ စုယင်က ကျိုးယန်၏လက်ထဲ မှ အထည်ကိုယူလိုက်သည်။ ပြီးနောက် အသေ အချာစစ်ဆေး ကြည့်ကာ ပြောလာသည်။

“ဒါက သိုးမွှေး အစစ်ကိုသုံးထားတာပဲ လက်ရာ ကလည်း အဆင့်တန်းမြင့်တယ် စျေးမနည်း လောက်ဘူး အစ်ကိုကြီး”

ကျိုးယန်က အနည်းငယ်ပြုံး၍ ပြောလိုက်သည် သူ့အတွက် စျေးနှုန်းက အရေးမကြီးပေ။ စနစ် ၏ဆုလာဘ်မှ ရွှေအများအပြား ရရှိထားပြီး ဧ ကရာဇ် တပါးအနေဖြင့် မွဲတေနေမည်တဲ့လား။ ရယ်စရာပင်။

“မင်း ကြိုက်တယ်ဆို ယူပါ”

ရှောင်ရှောင်လေးက ကျိုးယန်၏ကိုယ်ပေါ်မှနေ ၍ စပ်စုနေလေသည်။ သူမလေးသည် အဝတ် အထည်များကို သဘောကျသည့် ပုံစံမရှိပေ။ ထိုစဥ် ကျယ်လောင်သည့် အသံတခုထွက်ပေါ် လာသည်။

“ဆိုင်ရှင် ကျုပ်က ဒီအထည်ကိုယူမယ် စျေးမ ဆစ်တော့ဘူး”

ထိုအသံပိုင်ရှင်မှာ ချောမောသည့် လူငယ်တဦး ပုံစံရှိပြီး ထိုလူငယ်၏ ဘေးတွင် အခြားသက် လတ်ပိုင်းအရွယ် လူ၂ဦး ထပ်ပါလာသည်။ ထို သူတို့၏ ကျင့်ကြံမှုမှာ ပကတိရှင်သန်ခြင်း အဆင့် ၆နှင့် ၅ တွင်ရှိပြီး လူငယ်က ပကတိရှင် သန်ခြင်း ပထမအဆင့် ဖြစ်သည်။ ထိုကျင့်ကြံ မှုအရ ပါရမီရှင် တဦးဖြစ်ကာ ကျိုးပြည်ထောင် စုနှင့် မတူညီသည့် ဝတ်စားဆင်ယင်မှုကြောင့် အခြားဒေသမှ လူကုံထံ အသိုင်းဝိုင်းတခု၏ သခင်ငယ်လေးဖြစ်နိုင်သည်။

စုယင်သည် ထိုအထည်စကို ခေါက်သိမ်း၍ ဆိုင် ရှင်ကိုပေးလိုက်သည်။

“ဒီအထည်ကို ကျမတို့အရင်ကြည့်ထားတာပါ ဒီအတွက် ကျမတို့ယူမယ် ကုန်ကျငွေကိုပြောပါ

စုယင်၏ စကားကို ကြားလျင် ထိုလူငယ်၏ မျက်နှာပျက်ယွင်းသွားကာ စုယင်ကို စူးစိုက်၍ ကြည့်လာသည်။ ပြီးနောက်

“မင်းတို့က အရင်တွေ့တာဆိုပေမယ့် ငွေမချေရ သေးဘူး ဒီအတွက် ငါတို့မှာ ဝယ်ခွင့်ရှိသေးတ ယ်မဟုတ်လား”

“ဟုတ်ပါတယ် ဒါပေမဲ့ ဒီအထည်စကို ကျမတို့ ကယူဖို့ ဆုံးဖြတ်ထားပြီးသားပါ”

ထိုလူငယ်က စုယင်ကို မည်သည့်စကားမှ မပြောဆိုတော့ပဲ ဆိုင်ရှင်ကိုသာ ကြည့်၍ စျေး စကားပြောလိုက်သည်။

“ဟေ့ ဆိုင်ရှင် ကျုပ်က ဒီအထည်ရဲ့ပေါက်စျေး ကိုနှစ်ဆပေးမယ် ကျုပ်ကို ရောင်းလိုက်”

ထိုလူငယ်၏ စကားကိုကြားလျှင် ဆိုင်ရှင်၏ မျက်နှာက ဝင်းပသွားသည်။ အထည်၏ တန်ဖို မှာ ရွှေစ ၅၀၀ ကျသင့်ပြီး ထိုအထဲတွင် အမြတ် က ရွှေစ ၂၀၀ ကျော်ရှိထားသည့် အတွက် နှစ် ဆ ရပါက ပို၍ အမြတ်ထွက် လာပေမည်။ကျိုး ယန်က ထိုဆိုင်ရှင်၏ အပြောင်းအလဲကို သေ ချာကြည့်နေသော်လည်း မည်သည့် စကားမှဝင် မပြောပေ။ ဆိုင်ရှင်က အထည်ကိုယူ၍ သိမ်း လိုက်သည်။ ပြီးနောက် သေချာထုတ်ပိုးကာ ထို လူငယ်ထံ ကမ်းပေးလိုက်တော့သည်။ စုယင် မှာ ထိုမြင်ကွင်းကိုကြည့်ရင်း အသားများတဆ တ်ဆတ် တုန်လာသည်အထိ ဒေါသထွက်နေ လေသည်။ ကျိုးယန်၏ ကုန်သွယ်ရေး စည်း မျဥ်းတွင် ကုန်ပစ္စည်း၏ စျေးနှုန်းကို တိုးမြင့် ရောင်းချခြင်း ပိတ်ပင်ထားသည်မဟုတ်လား။ ထိုဆိုင်ရှင်က အမြတ်တခုသာ ကြည့်၍ စျေး ကွက်၏ သဘောတရားကို ဖျက်စီးလိုက်ခြင်း ဖြစ်သည်။

ကျိုးယန်က ဆိုင်ရှင်၏ မျက်နှာကို တည့်တည့် ကြည့်၍ ပြောလိုက်သည်။

“ဒီ မှာကိုယ့်လူ ကျိုးပြည်ထောင်စုရဲ့ စည်းမျဥ်း တွေအရ ကုန်ပစ္စည်းတွေကို စျေးမြင့်ရောင်းချ ခြင်း ပိတ်ပင်ထားတယ် ဆိုတာ မသိဘူးလား”

ဆိုင်ရှင်က မျက်နှာပျက်သွားရသည်။ ထိုစည်း မျဥ်းကို သူမသိသည်မဟုတ် သိသော်လည်း အ မြတ်အစွန်းကြောင့် အရဲစွန့် ရောင်းချလိုက်ခြင်း သာဖြစ်သည်။ ကျိုးယန်၏ စကားကိုကြားလျှင် အထည်ကိုလက်ခံပြီး ငွေပေးချေရန် ပြင်နေသ ည့်လူငယ်က ထေ့ငေါ့ပြောဆိုလာသည်။

“ဘာကို စည်းမျဥ်းလဲ ကုန်ပစ္စည်းဝယ်ယူတဲ့ သ ဘောတရားမှာ ငွေပိုပေးတဲ့ လူက ရမှာပဲ မင်း မတတ်နိုင်တာကို စည်းမျဥ်းတွေနဲ့ ကိုင်ပေါက်ဖို့ ကြိုးစားနေတာလား”

ကျိုးယန်က ထိုစကားကိုကြားသည့်အခါ နှုတ် ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံး လိုက်ပြီး သူထုတ်ထားသည့်စည်းမျဥ်းကို သူ့ ရှေ့မှာပင် ဖောက်ဖျက်ရဲသူ ရှိလာမည်ဟု မထင် ထားခဲ့ပေ။ စျေးနှုန်း အတည်တကျ သတ်မှတ် ခြင်းက ဝယ်လိုအားပေါ် တည်၍ ကုန်သည်များ စျေးကစားခြင်းကို ရှောင်ရှားလိုခြင်းဖြစ်ကာ ထို အခြေနေသည် ခေတ်ပျက်ကာလကို အခွင့်ရေး ယူချင်သည့် ကုန်သည်များထံမှ ကာကွာ်ခြင်း ဖြစ်ပေသည်။ ထိုသူငယ်သည် ကုန်သည်တဦး ဖြစ်ပုံရသော်လည်း ကုန်သည်တဦး၏ စစ်မှန် သည့်သဘောတရားကိုတော့ အပြည့်အဝနား လည်ထားဟန်မပေါ်ပေ။

“ဘယ်လိုပဲ ဖြစ်ဖြစ် ကျိုးပြည်ထောင်စုထဲမှာ ကုန်သွယ်ရေးလုပ်မယ် ဆိုရင် ပြည်ထောင်စုက ချမှတ်ထားတဲ့ စည်းမျဥ်းတွေအတိုင်း ရောင်းချ ရလိမ့်မယ် မဟုတ်ရင်တော့ ဥပဒေက အလကာ နေမှာမဟုတ်ဘူး”

“ဥပဒေ ဟုတ်လား မင်းလိုဘာမဟုတ်တဲ့သူက ဥပဒေ ဆိုပြီး ဟာသတွေ လာပြောနေတယ် ကျိုးပြည်ထောင်စု ဆိုတာ ငါတို့စုန့်ပြည်ထောင် စုအတွက်တော် ရယ်စရာတခုထက် မပိုဘူး မင်း ကဘာကောင်လဲ ငါဘယ်သူလဲ သိလား ငါက စစ်သူကြီး ၃ဦးရဲ့ ခေါင်းဆောင် စစ်သူကြီးဟုန် ရှင်းရဲ့ မြေး ဟုန်ဝူကျင်းပဲ ငါ့အတွက် စည်းမျဥ် တွေ မလိုအပ်ဘူး”

ထိုလူငယ်၏ ရင့်သီးသည့်စကားသံက အခြား သူများ၏ အာရုံကို ဆွဲဆောင် သွားတော့သည်။ ထိုအတွက် လူအများက ဝိုင်းအုံကြည့်ရှုလာကာ ထိုအနေထားကြောင့် စုယင်သည် အနည်းငယ် စိတ်ရှုပ် ထွေးသွားသည့်ပုံ ရှိသည်။ ဆိုင်ရှင်သ ည်လူငယ်၏ စကားမှာ ရင့်သီးသည်ကို သိသော် လည်း စျေးနှစ်ဆ ပေးသည့် ဝယ်သူဖြစ်၍ မည် သည့် စကားမှဝင်မပြောပေ။ ကျိုးယန်က ဆိုင် ၏ အမည်ကို တချက်ကြည့်လိုက်သည်။ ဆိုင် ခန်းသည် အဆင့်မြင့်ဆိုင်ခန်း တခုဖြစ်ကာ နှစ် ရှည်စာချုပ် တခုချုပ်ဆိုထားပုံရှိသည်။

“စုယင် ဒီကုန်တိုက်ရဲ့ တာဝန်ခံကို ငါ့ဆီလာဖို့ အခုချပ်ချင်း အကြောင်းကြားလိုက်ပါ”

ကျိုးယန်၏စကားကို စုယင်က ခေါင်းညိတ်ပြ ၍ ထိုနေရာမှ ထွက်ခွာသွားသည်။ လူငယ်နှင့် အဖော်နှစ်ဦးသည် ကျိုးယန်၏စကားကို ကြား လျင် ထွက်ခွာမသွားသေးပဲ လှောင်ပြောင်ရန် စောင့်ဆိုင်စနေလေသည်။ ခနအကြာ၌ လုံခြုံ ရေးအချို့နှင့်အတူ ကုန်တိုက်၏ မန်နေဂျာ ဖြစ် သူရောက်ရှိလာသည်။ ထိုသူသည် ကျိုးယန်ကို အကြိမ်များစွာ မမြင်ဖူးသော်လည်း မည်သူဖြစ် မှန်းကိုတော့ သိပေသည်။ လမ်းတွင် စုယင်၏ ရှင်းပြမှုကြောင့် အခြေနေအနည်းငယ် ကိုသိခဲ့ ပြီးဖြစ်၍ ဧကရာဇ်ကိုယ်တိုင် ရောက်ရှိလာခြင်း က မတူညီကွဲပြားစေသည်။ မည်သည့်မိုက်မဲ သည့် ကုန်သည်က ဧကရာဇ်၏ စည်းမျဥ်းကို ဧကရာဇ် ရှေ့၌ ကျူးလွန်ရသနည်း။

ကုန်တိုက်၏ တာဝန်ခံသည် ကျိုးယန်ကိုတွေ့ သည်နှင့် ချက်ချင်းပင် ဦးညွှတ်ကာ နှုတ်ဆက် လိုက်သည်။

“အရှင်မင်းကြီး သက်တော်ရှည်ပါစေ”

အရှင်မင်းကြီး ဟုတ်လား။ ဒီလူငယ်က သတင်း ကြီးနေတဲ့ ဧကရာဇ်ကျိုးယန်တဲ့လား ။ငါတို့ လုံး ဝမထင်ထားဘူး။ သူ့ပုံစံလည်း ကြည့်စမ်းပါဦး ဘယ်သူက ဧကရာဇ်တပါး လို့ထင်ရက်စရာရှိ မှာလဲ။ ပတ်ဝန်းကျင်ရှိလူများ အံ့သြတကြီး ဖြစ်သွားကြပြီး လူငယ်နှင့် အဖော်နှစ်ဦးသည် သူတို့ စော်ကားပြောဆိုနေသည့် လူမှာ ဧကရာဇ် တပါးဖြစ်နေသည်ကို သိလျင် မျက်စိမျက်နှာ ပျက်သွားရလေသည်။ ကျိုးယန်က ထိုအရာမျာ ကိုလျစ်လျူရှု၍ ကုန်တိုက်၏တာဝန်ခံကို ပြော လိုက်သည်။

“ဒီဆိုင် ကိုပိတ်သိမ်းလိုက် သူတို့ကစည်းမျဥ်း ဖောက်ဖျက်တဲ့အတွက် ရောင်းချခွင့်မရှိတော့ ဘူး သူတို့ရဲ့ အခွန်အခကို အပြစ်ဒဏ်အတွက် ဘဏ္ဍရေးအဖြစ်သိမ်းယူမယ် နောက်ပြီး ဒီလူ တွေကို အုပ်ချုပ်ရေးဌာနကို အပ်ပြီး သင့်တော် တဲ့ စီရင်မှုတခု လုပ်လိုက်ပါ”

ကျိုးယန်က ဆိုင်ကိုပိတ်သိမ်းစေပြီး လူငယ်နှင့် အဖော်နှစ်ဦးကိုလည်း ထိန်းသိမ်းထားစေသည်။

“ ခဗျားက ဧကရာဇ် တပါးဖြစ်နေရင်တောင် လက်လွတ်စပယ် ဖမ်းခွင့်မရှိဘူးလေ ကျုပ်ကို ဘာအတွက် ထိန်းသိမ်းမှာလဲ”

“မင်းက လူပုံအလယ်မှာ ဧကရာဇ်တပါးကို စော် ကားပြောဆိုတဲ့အချက်တခု တည်းနဲ့တင် သေဒ ဏ်ပေးဖို့လုံလောက်နေပြီ”

ကုန်တိုက်တာဝန်ခံက ကျိုးယန်ကိုယ်စား ဝင် ရောက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဆိုင်ပိတ် သိမ်းခံရသည့် ဆိုင်ရှင်သည် ထိုလူငယ်ကို အား ကိုးတကြီးကြည့်နေရင်းပင် လုံခြုံရေးများ၏ ဆွဲခေါ်မှုနောက် ပါသွားရလေတော့သည်။ ၅နှစ် စာအတွက် အခွန်ကို တနှစ်ပင် မရှိသေးပဲ သိမ်း ယူခံရသည်က နစ်နာသည်မဟုတ်လား။

“ဟမ့် ငါအခုပဲ ချီရီရှင်းကို ဆက်သွယ်လိုက်မယ်

ခနစောင့်”

ထိုလူငယ်က အဖော်တဦးကို လွှတ်လိုက်သည်။ ထိုအချိန်တွင် ကုန်တိုက်တာဝန်ခံ၏ သတင်းပို့ မှုကြောင့် အုပ်ချုပ်ရေးဌာနမှ ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ ထိုအဖွဲ့၏ ခေါင်းဆောင်သည် လင်းရန်ဖြစ်နေသည်။ လင်းရန်သည် ကျိုးယန် ကို အရင်ဦးညွှတ် နှုတ်ဆက်ပြီးနောက် စည်း ကမ်းများအတိုင်းလုပ်ဆောင်ရန် ဟုန်ဝူကျင်းနှင့် အဖော်တဦးကို ဆွဲခေါ်သွားတော့သည်။ ၎င်းတို့ သည် ပညာရှင်များ ဖြစ်သော်လည်း ခုခံခြင်းက ပြဿနာကို ပို၍ကြီးထွားစေမည်မှန်း သိထား သောကြောင့် အသာတကြည်ပင် လိုက်ပါသွား လေသည်။ ချီရီရှင်းထံ အခေါ်လွတ်လိုက်သည့် သူကိုတော့ ကျိုးယန်က အသာအယာပင် ထွက်ခွာ သွားစေသည်။ ချီရီရှင်းသည် ကျိုး ယန်ထံ လာရောက်သည့် ပထမဆုံးကုန်သည် အမျိုးသမီးဖြစ်၍ ကျိုးယန်က သတိပြုမိလေ သည်။ ဟုန်ဝူကျင်းဆိုသည့် လူငယ်က သူမ ပြောဆိုထားသည့် ဒုတိယမြောက် ကုန်သည် အဖွဲ့ ဖြစ်ဟန်တူသည်။ ယခုကဲ့သို့ အရည်အချင် များဖြင့် ကုန်သည်ဖြစ်နေသည်ကိုတော့ ကျိုးယ န်တယောက် မအံ့သြပဲ မနေနိုင်ပေ။

အချိန်တခုကြာပြီး ချိန်တွင် ကျိုးယန်လည်း ထို နေရာမှ ထွက်ခွာလာကာ အခြားသောဆိုင်များ မှ စုယင်နှင့် ရှောင်ရှောင်လေးအတွက် ပစ္စည်း အချို့ဝယ်ယူလိုက်လေသည်။ ဆိုင်ရှင်များ သည် ကျိုးယန်ကို ဧကရာဇ်မှန်း သိသွားကြ သည့်အတွက် လက်ဆောင်ပေးလိုသော်လဲ ကျိုးယန်က ငြင်းပယ်ကာ ကျသင့်ငွေအတိုင်း ပေးချေလေသည်။ ပစ္စည်းများဝယ်ယူပြီး နောက် ကျိုးယန်က အုပ်ချုပ်ရေးဌာနသို့ သွား လိုက်သည်။ သူရောက်ရှိသွားချိန်တွင် ချီရီရှင်း လည်းရောက်ရှိနေကာ သူမက အုပ်ချုပ်ရေးဌာ နမှာ အကြီးအကဲနှင့် စကားပြောဆိုနေလေ သည်။

“ကျမတို့ဘက်က စည်းမျဥ်းဖောက်ဖျက်မိတဲ့ အတွက် တောင်းပန်ပါတယ် ဒါပေမဲ့သူက ကျမ တို့အဖွဲ့က ကုန်သည်တဦးပါ သူ့ကိုထိန်းသိမ်း ထားက မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ရှိလာနိုင်တာမို့ လွှတ်ပေးစေချင်ပါတယ်”

သူမက အကြီးအကဲကို ညင်သာစွာရှင်းပြပြော ဆိုနေလေသည်။ သူမ၏သဘောအရဆိုလျင် ထိုသကောင့်သားအား ရာသက်ပန်ထိန်းသိမ်း စေလိုသော်လည်း နောက်ခံတွင် စစ်သူကြီးဟုန် ရှင်းရှိနေကာ ထိုသူသည် အမတ်များကိုအမြဲ ဘုကန့်လန့်တိုက်နေသူဖြစ်ပြီး အိမ်ရှေ့စံနှင့် လက်ထပ်မည့်အရေးကိုလည်း တားဆီးနေသူ ဖြစ်သည်။ သို့သော် လက်ရှိ အခြေနေအရ ဟုန် ဝူကျင်းသာ ထိန်းသိမ်းခံရသည့် သတင်းစုန့် ပြည်ထောင်စုသို့ ရောက်ရှိသွားပါက နောက်ဆ က်တွဲကိစမှာ ကြီးမားသွားပေမည်။ အထူးသ ဖြင့် သူမ၏အဖိုးကို ဖိအားများကျရောက် လာ မည်ဖြစ်သည်။

အုပ်ချုပ်ရေးဌာနရှိ အကြီးအကဲများသည် သူမ ၏စကားကို လက်ခံလိုသော်လည်း ဧကရာဇ်တ ပါးကို စော်ကားပြောဆိုခြင်းက ပြည်ထောင်စု တခုလုံးကို မထေ့မဲ့မြင့် ပြုခြင်းနှင့်တူညီသည်။ ထိုအပြင် ဧကရာဇ်၏ စည်းမျဥ်းများကို ချိုး ဖောက်ထားသည့်အတွက် သင့်လျော်သည့် ပြစ် ဒဏ်တချို့မပေးပဲ လွတ်မြောက်စေပါက ကျိုး ပြည်ထောင်ရဲ့ စည်းမျဥ်းများသည် လူအများ လှောင်ရယ်စရာဖြစ်ရပေတော့မည်။

“မိန်းကလေးရဲ့ စကားကို ကျုပ်နားလည်ပါ တယ် ဒါပေမယ့် အခုပြဿနာက မိန်းကလေး ထင်ထားတာထက် ပိုကြီးပါတယ် သူက ဧကရာ ဇ်ကို ကိုယ်တိုင်စော်ကားပြောဆိုပြီး စည်းမျဥ်း ကိုလည်း ဧကရာဇ်အရှေ့မှာတင် ချိုးဖောက် တာဖြစ်လို့ ကျုပ်တို့လိုက်လျောဖို့ အဆင်မပြေ ပါဘူး”

ချီရီရှင်းသည် စိတ်ရှုပ်ထွေးသွားရသည်။ တဖ က်လူ၏စကားသည် မှန်ကန်နေကာ မိမိဘက်မှ စတင်၍ မှားနေခြင်းဖြစ်သောကြောင့် ဖြေရှင်း ရန်မလွယ်ကူပေ။ ဧကရာဇ်ကိုပဲ တိုက်ရိုက်တွေ့ ခွင့်တောင်း၍ ခွင့်လွှတ်ရန် တောင်းပန်ရမည်တဲ့ လား။ ကုန်သွယ်ရေးအတွက် အခြေပင်မချရ သေး သော်လည်း ပြဿနာကစတင်နေလေပြီ။

ကျိုးယန်က ဌာနထဲဝင်လိုက်သည်။ ပြီးနောက်

အကြီးအကဲများ ဝန်ထမ်းများ၏ ဦးညွတ်နှုတ် ဆက်မှုကို ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက် ကာ ချီရီရှင်း၏ ဘေးခုံတွင် သက်တောင့်သက် သာပုံစံဖြင့် ဝင်ထိုင်လိုက်သည်။

“ တွေ့ရတာ ဝမ်းသာပါတယ် ဧကရာဇ်ကျိုး”

သူမက ကျိုးယန်ကိုတွေ့သည်နှင့် ချက်ချင်းပင် ဦးညွှတ်၍ နှုတ်ဆက်လာသည်။ ကျိုးယန်သည် သူမကို အနည်းငယ်စိုက်ကြည့်ပြီးနောက် ပြော လိုက်သည်။

“ဒီလူက ခဗျားပြောတဲ့ ဒုတိယကုန်သည်အဖွဲ့က လား သူတို့က ကျိုးပြည်ထောင်ရဲ့ စည်းမျဥ်း တွေကို မသိဘူးလား”

ကျိုးယန်အမေးကို ချီရီရှင်းမှ

“ ကျမ အနည်းငယ် ရှင်းပြထားပြီးသားပါ အခု က ကျမကိုလက်ဆောင်ပေးဖို့ သူဝယ်ယူတယ် လို့ဆိုထားပြီး ဆန္ဒပြင်းပြနေတဲ့အတွက် စိတ် လိုက်မာန်ပါ လုပ်မိသွားလို့ ဧကရာဇ်ကျိုးကပဲ သည်းခံနားလည်ပေးစေချင်ပါတယ်”

သူမလေးက စကားကို သင့်လျော်အောင်ပြော ဆိုတတ်သည်။ သို့သော် မည်သည့်အကြောင်း ပင်ဖြစ်စေ စည်းမျဥ်းဆိုသည်က အလွယ်တကူ ဖောက်ဖျက်လို့ရသည့် အရာမဟုတ်သော ကြောင့် ခွင့်လွတ်ပေးရန် မဖြစ်နိုင်ပေ။ ကျိုး ယန်က သက်ပြင်းချ၍ ပြောလိုက်သည်။

“ခဗျားရဲ့ ဆိုလိုရင်းကို ကိုယ်တော်နားလည်ပါ တယ် ကိုယ်တော်ကလည်း ပြည်ထောင်စုထဲကို လာရောက်ကုန်သွယ်သည့် သူတွေကိုလက် လွတ်စပယ် မထိန်းသိမ်းချင်ပါဘူး ဘာလို့ဆို တော့ ကုန်သည်နဲ့ အစိုးရဆိုတာ ပြည်ထောင်စု တခုရဲ့ ထောက်တိုင်တွေပဲမဟုတ်လား ခဗျားတို့ လိုကုန်သည်တွေအများအပြား လာရောက် ကုန် သွယ်တာက ကျိုးပြည်ထောင်စုကို အဘက် ဘက်က မျက်စိပွင့် နားပွင့် ဖြစ်စေတဲ့အတွက် အကျိုးအမြတ်က ကြီးပါတယ် ယခုပြဿနာကို လွယ်လင့်တကူ လက်မခံပေးတာ နားလည်ပေး ပါ ကျုပ်တို့သူ့ကို အချိန်ကြာကြာမထိန်းသိမ်းပါ ဘူး တလ ထိန်းသိမ်းထားပြီးရင် ပြန်လွှတ်ပေး မယ်လို့ ကိုယ်တော်ကတိပေးတယ်”

ကျိုးယန်၏ အကျိုးအကြောင်း သင့်သည့်ရှင်း ပြပြောဆိုမှုကို ကြားလျှင် ချီရီရှင်းတယောက် သက်ပြင်းချလိုက်သည်။ ဧကရာဇ်ကိုယ်တိုင်က ရှင်းပြလာသည့်အတွက် အထွန့်တက်လို့မရနိုင် တော့ပေ။ တလထိန်းသိမ်းခံရသည်က နှစ်အ နည်းငယ် ထိန်းသိမ်းခံရသည်ထက်စာလျင် သ က်သာပေသည်။

“ကောင်းပါပြီ ကျမမှာအထူးတောင်းဆိုစရာ မရှိ တော့ပါဘူး ဧကရာဇ်ကျိုးအနေနဲ့ သင့်လျော်သ လိုစီမံပါ”

ကျိုးယန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူမနှင့် ထိုလူငယ်ကြားမည်သို့ဆက်စပ်နေ မည်ကို မသိသော်လည်း ထိုလူငယ်၏နောက်ခံ သည် သေချာပေါက်မရိုးရှင်းပေ။

…………………………………

All Chapters