မယုံနိုင်ခြင်း ဖန်ဇီရှောင်သည်လင်းဖန်ကိုအကျိုးစီးပွားကို စွန့်လွှတ်ပြီ
Vol. 24 Ch. 346
း တိုင်းပြည်ကို ကူညီတဲ့အတွက်ကျေးဇူးတင်လေသည်။
တစ်ချိန်တည်းမှာပင်၊ တရုတ်နိုင်ငံရှိ သန်းနှင့်ချီသော ဆီးချိုဝေဒနာရှင်များအတွက်လည်း ကျေးဇူးတင်ပါသည်။
ဖန်ဇီရရှောင် သည် ကျန်ပေ့တက္ကသိုလ်တွင် အကြာကြီးမနေခဲ့ပေ။ သူသည် အင်ဆူလင်ဆေးကိုယူကာ ပေကျင်းသို့ အမြန်ဆုံး လေယာဉ်ဖြင့် လိုက်ပါသွားခဲ့သည်။
ပေဂျင်းသို့ရောက်ပြီးနောက် သိပ္ပံအကယ်ဒမီ(သိပ္ပံတစ်ခုထဲသင်တာမဟုတ်ပါဘူး)သို့ မရပ်မနားသွားရောက်ခဲ့သည်။
လမ်းတစ်လျှောက်တွင် သိပ္ပံ ပညာရှင်အချို့က သူ့ကို နှုတ်ဆက်ကြသည်။
အရင်တုန်းက ဖန်ဇီရှောင်ကသူ့ကိုလာနှုတ်ဆက်တဲ့သူတွေကိုပြန်နှုတ်ဆက်လေသည်။
ဒါပေမယ့် ဒီနေ့တော့ ဘာမှမပြောဘဲအထဲကို တိုးဝင်သွားလေသည်။
ဆေးတက္ကသိုလ်ကို ရောက်တဲ့အခါမှာတော့ ဖန်ဇီရှောင် က “ပညာရှင် ဝမ်၊ ပညာရှင် လီ၊ ဒါကလင်းဖန်ဆီက ယူလာခဲ့တာပါ၊ ဆီးချိုရောဂါအပေါ် သက်ရောက်မှုရှိမရှိ မြန်မြန်စစ်ဆေးကြည့်ပါ”
ဒါကိုကြားတော့ပညာရှင် ဝမ်ရဲ့အမူအရာသည်အနည်းငယ် ပြောင်းသွားပြီးမယုံနိုင်လောက်သော လေသံဖြင့် ပြောလိုက်သည်- “ဒါရိုက်တာ ဖန်၊ မင်းဆိုလိုတာ လင်းဖန်၊ သူ...က အဲဒါကို တီထွင်ပြီးပြီလား”
“ဟုတ်တယ်!” ဖန်ဇီရှောင်က အားတက်သရော ခေါင်းညိတ်သည်။
“ဒါဆိုမြန်မြန်ပြပါ!” ငွေရောင်မျက်မှန်တပ်ထားတဲ့ ပညာရှင်လီ က ပြောလိုက်သည်။
ထို့နောက် ပညာရှင်ဝမ်နှင့် ပညာရှင်လီ တို့သည် ကလေးလေးကိုကိုင်နေကဲ့သို့အကြည်ရောင်ဖန်ပုလင်းကို ကိုင်ဆောင်ကာ ဂရုတစိုက်လေ့လာကြသည်။
ငါးနာရီကြာပြီးနောက်......
“Aသွေးတွင်းရှိသကြားဓာတ်က တည်ငြိမ်သွားပြီ။”
“B သွေးတွင်းရှိသကြားဓာတ်ကိုတည်ငြိမ်သွားပြီ”
“C သွေးတွင်းသကြားဓာတ် တည်ငြိမ်သွားပြီ”
“D သွေးတွင်းသကြားဓာတ် တည်ငြိမ်သွားပြီ”
…………
ဆယ့်နှစ်နာရီကြာပြီးနောက်.......
“A သွေးတွင်းသကြားဓာတ်က တည်ငြိမ်နေသေးတယ်”
“B သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်နေသေးတယ်!”
“C သွေးတွင်းသကြားဓာတ် တည်ငြိမ်နေသေးတယ်”
“D သွေးတွင်းသကြားဓာတ်တည်ငြိမ်နေသေးတယ်”
…………
နှစ်ဆယ့်လေးနာရီကြာပြီးနောက်....
“A သွေးတွင်းသကြားဓာတ်ကတည်ငြိမ်နေသေးတယ်”
“B သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်နေသေးတယ်”
“C သွေးတွင်းသကြားဓာတ် တည်ငြိမ်နေသေးတယ်”
“D သွေးတွင်းသကြားဓာတ် တည်ငြိမ်နေသေးသည်”
…………
ဤကြွက်ဖြူများအားလုံးကို ပြင်းထန်သောဆီးချိုရောဂါ ဖြစ်ပေါ်လာအောင်အထူးကျွေးမွေးထားသည်။
ပုံမှန်အခြေအနေအရ 24 နာရီအကြာတွင်မဆိုထားနှင့် 5 နာရီအကြာတွင်ပင်ခန္ဓာကိုယ်တွင်းရှိသွေးတွင်းသကြားဓာတ်များသည်တည်ငြိမ်းနေမှာမဟုတ်ပေ။
သို့သော် ယခု ၂၄ နာရီပြည့်သွားသော်လည်း ၎င်းတို့အားလုံး ပုံမှန်(သကြားဓာတ်တည်ငြိမ်သွားတာက်ုပြောတာပါ)အခြေအနေတွင် ရှိနေပါသည်။
ဤသည်မှာ ရှင်းပြရန် လုံလောက်သည်...အင်ဆူလင်ဆေးသည် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာပင်ဖြစ်သည်။
ပညာရှင်ဝမ်နှင့် ပညာရှင်လီတို့သည် ဤရလဒ်ကို ရရှိပြီးနောက်အံ့ဩသွားကြသည်။
အင်ဆူလင်ဆေးသည်အနည်းငယ်လောက်သာအကျိုးသက်ရောက်မှုရှိနိုင်သည်ဟု သူတို့တွေးခဲ့ကြသည်။
ဒါပေမယ့် သက်ရောက်မှုက ဒီလောက်သိသာမယ်လို့ မထင်ခဲ့မိပေ။
ဖန်ဇီရှောင် က မကူညီနိုင်ဘဲ “ဘယ်လိုလဲ’’
“အောင်မြင်တယ်!” ပညာရှင် လီက ပြောကြားခဲ့သည်။
“ဟားဟား။ ကောင်းလိုက်တာ၊ ကောင်းတယ်!” ဖန်ဇီရှောင်က စိတ်လှုပ်ရှားစွာပြောသည်။
…………
ကျန်ပေ့ မြိုရှိစူဟန်ရေကန်ဘေးတွင် မြက်ပင်များနှင့် သစ်ပင်များ ဝန်းရံထားပြီး ... စတုရန်းမီတာ 2,000 နီးပါး ကျယ်ဝန်းသော နေရာတစ်ခု ရှိသည်။
လီကျင်ဥယျာဉ်သည် ဤနေရာတွင် တည်ရှိသည်။
စာဖတ်မျက်မှန်တပ်ထားသည့် လီစီဖန်သည် သူ့လက်ထဲတွင် “ဇီဝ” မဂ္ဂဇင်းကို လေးလေးနက်နက်ဖတ်နေသည်။
အချိန်အတော်ကြာပြီးနောက် သသူသည်သက်ပြင်းချရင်း “အရင်တုန်းကငါ့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုဟာ တော်တော်ကောင်းတယ်လို့ ငါ အမြဲခံစားရတယ်။အခု ရလဒ်အနေနဲ့ ဆီးချိုရောဂါကို ကုသဖို့နေနေသာသာ အခုဆီးချိုရောဂါကိုကုသနိုင်တဲ့အကြောင်းအရာတောင်ငါနားမလည်ဘူး”
လီရီက”ဒီဆောင်းပါးတွေဟာ အနောက်တိုင်းဆေးပညာဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ရေးထားတဲ့ ဆောင်းပါးတွေပါ။ ဒါကြောင့်မင်းကိုယ့်ကိုကိုအပြစ်မတင်ပါနဲ့”
လီစီဖန်သည်ဘာမှမပြောဘဲခေါင်းကိုသာယမ်းလိုက်သည်။
မုတ်ဆိတ်မွေးနဲ့ လီချမ်က “ဆရာ အခု ဘာကိုဆိုလိုချင်တာလဲ... ဆီးချိုရောဂါကိုကုသနိုင်တဲ့ဆေးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီလား”
လီစီဖန်က “ဟုတ်တယ်”
“ဒါဆိုပြည်တွင်းပြည်ပ ဆေးဝါးကုမ္ပဏီကြီးတွေ အားလုံးကဒီဆေးကို ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက်အစွမ်းကုန် ကြိုးစားကြမှာသေချာတယ်’’ လီချမ်က ပြောသည်။
“ဟုတ်တယ် ငါရရှိထားတဲ့ အချက်အလက်အရ၊ ဟူရီ၊ ကျူခန်၊ ဘယ်လီယန်၊ ရှန်စတန်အစရှိတဲ့ ထိပ်တန်းပြည်တွင်းနဲ့ ပြည်ပဆေးဝါးကုမ္ပဏီ အများအပြားဟာ ရန်ပုံငွေအမြောက်အမြားကို ပြင်ဆင်ထားပြီး ရောင်းချရနိုင်ရေးရဖို့အတွက်ယှဉ်ပြိုင်သွားမယ်လို့ကြားတယ်” လီစီဖန်က ပြောသည်။
ခန်းမတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားကာ လူပေါင်းများစွာ၏ မျက်နှာများသည် တပ်မက်မှုနှင့် အကူအညီမဲ့မှုတို့ကိုပြသလေသည်။
“တာတာ!”
ဒီအချိန်မှာ အပြင်မှာ ခြေသံများထွက်လာသည်။
လီယွင်ဟိုင် က “အဖေ၊ အဘိုး၊ ဦးလေး၊ အင်ဆူလင်ဆေးကို သိလား”
လီစီဖန် က မပြုံးနိုင်ဘဲ “အိုး။ ငါ့မိသားစုရဲ့ယွင်ဟိုင် က ဆေးအကြောင်းကို ဘယ်တုန်းက အရမ်းဂရုစိုက်ခဲ့တာလဲ “
စကားပြောနေစဉ်တွင် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အနည်းငယ် သောက်ရန် ပြင်ဆင်လိုက်သည်။
လီယွင်ဟိုင် က “ဒါက အစ်ကို လင်းဖန်တီထွင်ထားတဲ့ ဆေးတစ်မျိုးပါ။ သူက ကျွန်တော်တို့ မိသားစုနဲ့ စု မိသားစုကို အတူတူရောင်းစေချင်တယ်လို့ ပြောတယ်။’’
“ဖူး”
လီစီဖန် က သူ့ပါးစပ်ထဲရှိလက်ဖက်ရည်ကိုရုတ်တရက်အပြင်သို့ထွေးထုတ်လိုက်သည်။
ထို့နောက် လီချမ် နှင့် လီရီတို့နှင့်အတူ ထိုင်ခုံမှထကာ မျက်လုံးများကျယ်လာပြီး သူ့မျက်နှာမှာ မယုံနိုင်သောအမူအရာနှင့်ပြည့်နှက်နေသည်။
…………
အင်ပါယာဟိုတယ်၊ VIP အခန်း။
လီစီဖန်၊ လီရီ၊ လီချမိ၊ လီယွင်ဟိုင် နှင့် အခြား လီမိသားစု အမာခံအဖွဲ့ဝင်များအပြင်စုအန်၊ စုချင်းကျူ၊ စုလင်းဟို နှင့် အခြားသော စုမိသားစု အမာခံအဖွဲ့ဝင်များ အတူတကွ စုရုံးနေကြသည်။
ရံဖန်ရံခါ စကားစမြည်ပြောဖြစ်ကြပြီး လေထုသည် အလွန်လိုက်ဖက်ညီလှသည်။
အကယ်၍ ဤနေရာတွင် ချန်ပြည်နယ်ရှိ အခြားဆေးဝါးကုမ္ပဏီများမှ အမှုဆောင်အရာရှိများ ဤမြင်ကွင်းကိုမြင်လျှင်သူတို့၏ မေးရိုးများ မြေပြင်ပေါ်သို့ ကျသွားသည်အထိသေချာပေါက် အံ့သြသွားမည်ဖြစ်သည်။
သိရန်……
သူတို့သည် ရန်သူများဖြစ်ကြသည်။
လီဆေးဝါး နှင့် စုဆေးဝါးတို့သည် ချန်ပြည်နယ်ရှိ ပထမတန်းစား ဆေးဝါးကုမ္ပဏီများဖြစ်ကြသည်။
ထို့အတွက်ကြောင့် ကုမ္ပဏီနှစ်ခုသည် တူညီသောအခြေအနေတွင် အမြဲရှိနေခဲ့ပြီး စျေးကွက်အတွက် အဆက်မပြတ်ယှဉ်ပြိုင်နေကြသည်။
စုလင်းဟို နှင့် လီယွင်ဟိုင်တို့သည် ဤအကြောင်းကြောင့် မကြာခဏ ရန်ဖြစ်ကြသည် ။
ဒါပေမယ့် အခုအခြေအနေက ဘယ်လိုလဲ။
သာမာန်လူတွေက သဘာဝကျကျ ဒါကိုသိမှာမဟုတ်ပေ။ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ လူငယ်လေး လင်းဖန် ကြောင့်ပင်ဖြစ်သည်။
“တာတာ!”
ထိုအချိန်တွင် မနီးမဝေးမှ ခြေသံများ ထွက်ပေါ်လာသည်။
“အက်ကွဲ!”
တံခါးဖွင့်လိုက်သောအခါ အရပ်ရှည်ရှည် ချောမောသော လူငယ်တစ်ယောက်သည် လူတိုင်း၏မျက်လုံးထဲတွင် ပေါ်လာသည်။