← Chapters

မစ်ရှင်ပြီးခြင်း

Vol. 24 Ch. 347

မစ်ရှင်ပြီးခြင်း

Vol. 24 Ch. 347

သူကတော့လင်းဖန်ပင်ဖြစ်သည်။

“အစ်ကို လင်း!” လီယွင်ဟိုင် နှင့်စုလင်းဟိုတို့က က တပြိုင်နက်တည်း အော်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ လီစီဖန်၊ လီရီ၊ စုအန်၊စုချင်းကျူ နှင့် အခြားသူများ တယောက်ပြီးတယောက် မတ်တပ်ရပ်လိုက်ကြသည်။

“မစ္စတာလင်းမင်းကို ကြိုဆိုပါတယ်။”

လင်းဖန်သည် မည်သည့်နေရာတွင် ထိုင်ရမည်ကို များများစားစား မမေးဖူးပေ။

ဘယ်နေရာမှာ ထိုင်နေပါစေ စားရတာပုံမှန်ပင်ဖြစ်သည်။

ထို့ကြောင့် သူသည် အကြောင်းပြချက်များစွာမပြဘဲ စားပွဲ၏ထိပ်တွင် တိုက်ရိုက်ထိုင်လိုက်သည်။

လီစီဖန် က “မစ္စတာလင်း၊ မင်းဟာယွင်ဟိုင်ထပိကောင်းမွန်တဲ့ ကားမောင်းကျွမ်းကျင်မှုရှိတယ်။ပြီးတော့ အလွန်ကောင်းတဲ့ စစ်တုရင်စွမ်းရည်တွေရှိတယ် ပြီးတော့ သုံးရက်အတွင်းမှာပဲ စတော့ဈေးကွက်မှာ အမြတ်400% ရှိအောင်လုပ်ပေးခဲ့တယ်....”

လီစီဖန် က ဒီလိုပြောတဲ့အခါ၊ သူ၏ရှုံ့မဲ့နေတဲ့ မျက်နှာအိုကြီးက သဘောကျမှုအပြည့်နဲ့ဖြစ်သည်။

ခဏအကြာတွင်၊ သူသည် “ဒီနေ့လဲတည်တည်ငြိမ်ငြိမ်နဲ့ဝင်လာတယ်”

ဒီစာကြောင်းမှာ သူ လုံးဝ ချဲ့ကား မပြောခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် လင်းဖန်သည် အခန်းထဲသို့ ဝင်လာကတည်းက လီစီဖန်သည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သာမာန်လူငယ်တွေသာဆိုသူတို့ကိုယ်သူတို့တခြားသူတွေရှေ့မှာပါ ရှက်ရွံ့ကြမှာ သေချာသည်။

သို့သော် လင်းဖန်သည် အမြဲတမ်း ငြိမ်သက်နေပြီး ဘာမှမထူးခြားတဲ့ပုံစံရှိသည်။

စုအန် က “ကျွန်တော်က စစ်တုရင်ကို ကစားရတာကြိုက်တယ် မစ္စတာလင်း၊ အနာဂတ်မှာ အခွင့်အရေးရရင် တစ်ပွဲတစ်လှမ်းလောက်လောက် အတူတူကစားရအောင်”

လင်းဖန်က “ရပါတယ်။”

“ကောင်းပြီ ဟားဟား..” စုအန် က ဝမ်းသာအားရ ပြောသည်။

“တာတာ!”

ထိုအချိန်တွင် စင်္ကြံအပြင်ဘက်မှခြေသံများထွက်ပေါ်လာသည်။

ထူးထူးခြားခြား ဟင်းလျာများကို စားပွဲထိုးမှ သယ်ဆောင်လာခဲ့သည်။

အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာ ဝမ်ဖန်ရီသည် 2003 လီတန်ပုလင်းကို ကိုင်ဆောင်ထားသည်။ သူ တစ်ခုခုပြောခါနီးတွင် လင်းဖန်သည် ထိပ်တွင်ထိုင်နေသည်ကို ရုတ်တရက်တွေ့လိုက်သဖြင့် အံ့သြသွားသည်- “မစ္စတာလင်း!”

လင်းဖန်က ပြုံးပြီး ခေါင်းညိတ်သည်။

ဝမ်ဖန်ရီသည်အင်ပါယာဟိုတယ် ၏ အထွေထွေမန်ဂျာ ဖြစ်သောကြောင့်ကျန်ပေ့ရှိ ကြီးမားသော အင်အားစုများအကြောင်းကို သေချာစွာ သိရှိနားလည်ခဲ့သည်။

၎င်းတို့ထဲတွင် စုဆေးဝါး နှင့် လီဆေးဝါးတို့သည် ကျန်ပေ့တွင် အလွန်အရေးကြီးသည်ကိုဝမ်ဖန်ရီက သဘာဝကျကျ သိသည်။

ပြီးတော့စုဆေးဝါး နှင့် လီးဆေးဝါးတို့သည်တစ်ဖက်နှင့်တစ်ဖက်အမြဲဆန့်ကျင်သော အင်အားစုကြီးနှစ်ခုဖြစ်ပြီးသူတို့သည်ညစာစားရန်စုရုံးနေသည်ကိုတွေ့တော့ဝမ်ဖန်ရီ အံ့သြသွားမိသည်။

သို့သော် ယခုအချိန်တွင် လင်းဖန် ကိုတွေ့ပြီးနောက် ဝမ်ဖန်ရီသည် အံ့သြ သွားသည်။

ဝမ်ဖန်ရီ၏အမြင်တွင် လင်းဖန်သည်မယုံနိုင်စရာအကောင်းဆုံးအရာကိုအမြဲလုပ်နိုင်သည်ဟုထင်သည်။

သူ ရုတ်တရက် အံ့အားသင့်သွားသော်လည်း စုအန်၊ လီစီဖန် နှင့် အခြားသူများ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာသည် လင်းဖန် နှင့် ရင်းနှီးပုံရသည်။

လီစီဖန် က “မစ္စတာဝမ်လည်း မစ္စတာလင်းကို သိတာလား” လို့ ပြောလိုက်သည်။

ဝမ်ဖန်ရီသည် အမှန်အတိုင်းပြောရန် တွန့်ဆုတ်နေ၏။

လင်းဖန်သည် အခန်းထဲရှိလူများအား ၎င်း၏ အထောက်အထားကို သိစေလိုခြင်း ရှိ၊မရှိ မသိသောကြောင့် ဖြစ်သည်။

လင်းဖန်သည် ဝမ်ဖန်ရီ ၏စိုးရိမ်မှုများကို သဘာဝကျကျနားလည်သဘောပေါက်ပြီး သူသည်ပြုံးကာ “ကျွန်တော်က အင်ပါယာဟိုတယ်ရဲ့ ပိုင်ရှင်ပါ”

အခန်းထဲရှိလူတိုင်း အသက်ရှုကြပ်သွားကြသည်။

သိရန်……

အင်ပါယာဟိုတယ်သည် ကျန်ပေ့ ရှိ အထင်ကရ အဆောက်အဦးဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ဘီလီယံဆယ်ဂဏန်းကျော်ရှိသည်။

ဘီလီယံဆယ်ဂဏန်းရှိတဲ့ ဟိုတယ်ကိုပိုင်သည်။

လင်းဖန်သည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်မျှသာဖြစ်သည်။

ဒါ... ဘယ်လောက်တောင်တော်လဲ.....

သို့သော်အင်ပါယာဟိုတယ်သည် လင်းဖန်၏ ပိုင်ဆိုင်မှုများစွာထဲမှ တစ်ခုသာဖြစ်ကြောင်း မည်သို့သိနိုင်မည်နည်း။

စုမိသားစုမှ လူတိုင်းနှင့် လီမိသားစုမှ လူတိုင်းသည် လင်းဖန်အား ဉာဏ်ကြီးရှင် သိပ္ပံသုတေသနပညာရှင်အဖြစ် ယခင်က မှတ်ယူခဲ့ကြသည်။

ထိုအချိန်တွင် လင်းဖန်သည် အလွန် လျှို့ဝှက်ဆန်းကြယ်သည်ဟုခံစားရသည်။

ပန်းကန်တစ်လုံးပြီးပြီးချရင်းနဲ့စားပွဲဝိုင်းအပြည့်အပြည့်ဖြစ်သွားလေသည်။လီစီဖန် က သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး “ဒီနေ့ မစ္စတာလင်းကို ညစာစားဖို့ ဖိတ်ရတာ အရမ်းဝမ်းသာပါတယ်...”

“လူတိုင်း မစ္စတာလင်းကို အတူတူကြိုဆျုကြစို့”

“မစ္စတာလင်း!”

ပြောပြီးနောက်လာ​ရောက်​သူ​အ​ပေါင်း​တို့​သည် ဖန်ခွက်ထဲရှိစ​ပျစ်​ဝိုင်ကို​သောက်​လိုက်ကြသည်။

ဝိုင်သောက်ပြီးနောက် အခန်းထဲရှိနေရာမှ လေထုသည် ပိုမိုပြင်းထန်လာသည်။

“ မစ္စတာလင်းကျေးဇူးတင်ပါတယ်” စုအန် က ပြောလိုက်သည်။

ပြောပြီးသည်နှင့် ဖန်ခွက်ကို မြှောက်လိုက်ပြန်သည်။

လင်းဖန် က ပြုံးပြီးပြောလိုက်သည်။” ရပါတယ်..ငါက စုလင်းဟိုနဲ့ လွယွင်ဟိုင်တို့ နဲ့ သူငယ်ချင်းလေ၊မင်းငါ့ကို သိပ်ယဉ်ကျေးနေစရာမလိုဘူး၊ ငါ့ကို လင်းဖန်းလို့ပဲခေါ်ပါ’’

“ကောင်းပြီ ဟားဟား...!” စုအန်နှင့် လီစီဖန် တို့က ဝမ်းသာအားရ ပြောလိုက်ကြသည်။

…………

ဤပွဲ၌ လင်းဖန်သည် သံသယမရှိသော ဇာတ်ဆောင်ဖြစ်ပြီး လူအများက သူ့ကို ဝိုင်းပြီးစကားပြောဆိုကြသည်။

နောက်ဆုံးတွင် လီစီဖန် သည် အချိန်ကျရောက်တော့မည်ဟု ခံစားလိုက်ရသောကြောင့် ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။

“လင်းဖန်၊ မင်းအင်ဆူလင်ကိုတီထွင်ခဲ့ကြောင်း၊ ယွင်ဟိုင်နဲ့လင်းဟို ဆီက ကြားခဲ့ရပြီး အေဂျင်စီနဲ့ အရောင်းအတွက် လီနဲ့ စုကို ပေးချင်တာလား။’’

ဒီလိုပြောပြီးရင် အားလုံးက နားစွင့်နေကြသည်။

ဒီကိစ္စက သူတို့အတွက် အရမ်းအရေးကြီးလေသည်။

အကယ်၍ ၎င်းသည် အေးဂျင့်တစ်ဦးရနိုင်ပါက စုဆေးဝါးနှင့် လီဆေးဝါး တို့သည် ပြည်တွင်းသာမက ကမ္ဘာကျော် ဆေးဝါးကုမ္ပဏီများပင် ဖြစ်လာနိုင်သည်။

ဒါဟာ ကောင်းကင်ကိုခြေတစ်လှမ်းဖြင့်တက်ရောက်ဖို့အခွင့်အရေးပင်ဖြစ်သည်။

လင်းဖန်က ပေါ့ပေါ့ပါးပါးနဲ့ “ဟုတ်တယ်”

ရုတ်တရက်၊ အခန်းထဲရှိလူအားလုံး အသက်ရှူမြန်လာကြသည်။

Sun An က “ဒါဆို... မင်းကုမ္ပဏီထောင်ဖို့ရှိလား”

လင်းဖန် က “ဟင့်အင်း... ဒါကအရမ်းအလုပ်ရှုတ်တယ်၊မင်တို့မှာအစီစဉ်ရှိလား”

ဒါအမှန်တရားပင်ဖြစ်သည်။

ပြဿနာကိုကြောက်လို့သာမဟုတ်ရင် လင်းဖန်သည် ဆေးဝါးရောင်းချမှုအတွက် ဆေးဝါးကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်သည်။

စုအန် နှင့် လီစီဖန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေလိုက်ကြသည်။

ခဏအကြာတွင် စုအန် က “တကယ်တော့ ကျွန်တော်တို့မှာ ပဏာမအစီအစဥ်တွေရှိတယ်။ အဲဒါကို အရင်ပြောပြမယ်။ မကျေနပ်ရင် ပြုပြင်ဖို့ အဆိုပြုနိုင်ပါတယ်။”

လင်းဖန်က “ကောင်းပြီ။”

“စုဆေးဝါး နှင့် လီဆေးဝါးတို့သည် အင်ဆူလင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ ပြင်ပကြော်ငြာ၊ အရောင်းစသည်တို့ကို ပံ့ပိုးပေးမည်။ ထို့ကြောင့် ငါတို့သည် အမြတ်၏ 40% ကို ရနိုင်သည်။ အမြတ်ရဲ့60% ကတော့မင်းရမာ်..”

“အရောင်းဒေတာအားလုံးကို သင့်ထံ ပုံမှန်ပေးပို့မည်ဖြစ်ပြီး ၎င်းတို့ကို အချိန်မရွေး စစ်ဆေးနိုင်ပါသည်။” စုအန်ကဆိုသည်။

ကုန်ကျစရိတ်မရှိ၊ အန္တရာယ်မရှိ၊ အမြတ်၏ 60% ကို တိုက်ရိုက်ရယူနိုင်သည်။ ယေဘူယျအားဖြင့်ပြောရလျှင် ၎င်းသည် အလွန်ရိုးသားသော အစီအစဉ်ဖြစ်သည်။

ဒီတော့ လင်းဖန် က တိုက်ရိုက်ပြောလိုက်တယ်။ “ကောင်းပြီလေ’’

မူလက လီစီဖန် နှင့် စုအန်တို့သည် အစီအစဉ်ကိုကြားပြီးနောက် လင်းဖန်သည် အချိန်အတော်ကြာအောင် သေချာစွာတွေးတောနေမည်ဟု ခံစားခဲ့ရသည်။

ဖြစ်နိုင်ရင်... နောက်ထပ် ရာခိုင်နှုန်းအနည်းငယ်ကို တိုးတောင်းမယ်ပေါ့။

သို့သော် လင်းဖန်သည် သဘောတူသည်ဟူသော စကားလုံးနှစ်လုံးကို တိုက်ရိုက် ပေါ့ပေါ့ပါးပါး ပြောမည်ဟု မမျှော်လင့်ထားပေ။

လက်ခံတာလား?

ဒါ...ဒါက မတွေးဘဲလား။

စုအန် နှင့် လီစီဖန်တို့သည် အရာများစွာကို တွေ့ကြုံခဲ့ကြရသည်။

ဒီအချိန်မှာတော့ နည်းနည်း အံ့သြ သလို ခံစားရသည်။

စုအန်တံတွေးမျိုချလိုက်ပြီး “လင်း...လင်းဖန် မင်းဘာကိုဆိုလိုချင်တာလဲ...”

“မင်းပြောခဲ့တဲ့အစီအစဥ်က ကောင်းတယ်။ဒါကြောင့်လက်ခံတယ်” လင်းဖန်က ပြောသည်။

တကယ်တော့ လင်းဖန်က သူ နောက်ထပ် ရာခိုင်နှုန်း တောင်းသင့်တယ်ဆိုတာ သိသည်။

သို့သော် မလိုအပ်ပေ။

ရာခိုင်နှုန်းအနည်းငယ်မျကိုလင်းဖန်သည် ဂရုမစိုက်ဘဲ ကိုယ့်ကိုကိုယ် မနှောင့်ယှက်သရွေ့အဆင်ပြေသည်။

ငွေကြေးကိစ္စအတွက် စု မိသားစုနဲ့ လီ မိသားစုက မပို့ဘူးဆိုရင်တောင် ကိစ္စမရှိပေ။

လင်းဖန် သည် စူပါစမတ်နာရီရှောင်ဘိုင် ပိုင်ဆိုင်သောကြောင့် တိကျသောအခြေအနေကို အလွယ်တကူသိနိုင်သည်။

လင်းဖန် ၏ ထပ်မံအတည်ပြုချက်ကို ရရှိပြီးနောက် စုအန်နှင့် လီစီဖန် တို့သည် အံသြ သင့်သလို ခံစားနေကြရဆဲဖြစ်သည်။

လီယွင်ဟိုသ်က “အစ်ကိုလင်း မင်းငါနဲ့ စုလင်းဟို တို့ကြောင့် လီ မိသားစုနဲ့ စု မိသားစုကို အဲ့လိုမပေးသင့်ဘူး။”

“ဟုတ်တယ် အစ်ကို လင်းမလိုပါဘူး” စုလင်းဟိုက နောက်ကလိုက်ပြောလိုက်သည်။

လင်းဖန်က ပြုံးပြီး “စိတ်မပူပါနဲ့ ငါလုပ်နေတာကိုသိပါတယ်” လို့ပြောလိုက်သည်။

စုလင်းဟိုနှင့် လီယွင်ဟိုင်တို့က စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည် - “အစ်ကို လင်း ကျေးဇူးတင်ပါတယ်!”

လင်းဖန်ကြောင့်သူတို့မိသားစုအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရလာတယ်ဆိုတာ သူတို့နားလည်သည်။

လင်းဖန်က ပြုံးပြီး “ဘာကိုကျေးဇူးတင်လဲ၊ဒါက ကိစ္စသေးသေးလေးပဲ!”

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဒင်း! လျှို့ဝှက်မစ်ရှင်၊သေတူရှင်ဖက် ညီအစ်ကိုနှစ်ယောကိုရရှိခြင်း(ပြီး)၊ ရွှေရောင်စာအိတ် ၂ စောင်ရရှိသည်။ 】

လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။

ညီအကို?

ဒါက... စုလင်းဟိုနဲ့ လီယွင်ဟိုင်တို့ဖြစ်သင့်တယ်ဟုတ်တယ်မလား။

တစ်နည်းဆိုရသော် လူအင်ဆူလင်ဆေးဝါး၏ အမြတ်ငွေ၏ 60% ကို ငါရနိုင်သည်သာမကရွှေရောင်စာအိတ် အနီရောင် နှစ်ခုလည်း ရခဲ့သည်။

ဒီပွဲကကိုလာရတာမဆိုးဘူးဟုတွေးလိုက်သည်။

All Chapters