အိမ်ပြန်ခြင်း
Vol. 24 Ch. 348
လင်းဖန်သည် ပန်လုံဗီလာသို့ ပြန်ရောက်သောအခါ နှစ်နာရီကျော်နေပြီဖြစ်သည်။
နူးညံ့သော ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။
ခဏအကြာတွင် သူသည် ရွှေရောင်စာအိတ်ကို အာရုံစိုက်လိုက်သည်။
“ဘာတွေရနိုင်မလဲကြည့်ရအောင်။” လင်းဖန်က ညည်းညူပြီးပြောလိုက်သည်။
“ရွှေရောင်စာအိတ်နှစ်လုံးဖွင့်မယ်”
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 800,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက် တိုးတက်စေဖို့အတွက် ဆေးရည်ကို ရရှိသည်။ 】
ဒါကိုမြင်တော့ လင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။
မကြာသေးမီက သူသည် ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးသည့် ဆေးတစ်ပုလင်းကို ရရှိခဲ့သည်။ ၎င်းကို သောက်ပြီးနောက် သူ၏ ခွန်အား၊ အရှိန်အဟုန် စသည်တို့သည် သိသာစွာ တိုးတက်လာခဲ့သည်။
ဒါက သေချာပေါက် ကောင်းတဲ့အရာပင်ဖြစ်သည်။
မမျှော်လင့်ဘဲ မကြာခင်မှာပဲနောက်ထပ်ပုလင်းတစ်လုံး ရခဲ့သည်။
လင်းဖန်သည် မော့ကြည့်လိုက်သောအခါ ကော်ဖီစားပွဲပေါ်တွင် ဖောက်ထွင်းမြင်ရသော ဆေးရည်ပုလင်းကို တွေ့လိုက်ရသည်။
ဒါ... ငါ အခုရထားတဲ့ ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ဆေးပဲ။
ထို့နောက်လင်းဖန်သည်မဆိုင်းမတွထပြီးယူကာသောက်လိုက်သည်။
နွေးထွေးသောစီးကြောင်းတစ်ခုသည်ခန္ဓာကိုယ်အနှံ့သို့ပျံနှံ့သွားလေသည်။
တစ်ချိန်တည်းမှာပင် လင်းဖန်သည်သူ့တစ်ကိုယ်လုံးမှာ မကုန်မခန်းနိုင်သော စွမ်းအားများဖြင့် ပြည့်နေသည်ဟုခံစားလိုက်ရသည်။
ထို့နောက်လင်းဖန်သည်တစ်ချက်ခုန်လိုက်လေသည်။ခုန်လိုက်သောအခါဆွဲငင်အား ပျောက်ဆုံးသွားသကဲ့သို့ မျက်နှာကျက်ဆီသို့ အလင်းတန်းတစ်ခု ကဲ့သို့လျှပ်တစ်ပျက်ရောက်သွားလေသည်။
ကံကောင်းစွာနဲ့ပဲ လင်းဖန်က အမြန်တုံ့ပြန်ပြီး သူ့လက်နဲ့ အချိန်မီ ပိတ်ဆို့လိုက်ရသည်။
မဟုတ်ရင် သူ့ဦးခေါင်းနဲ့ မျက်နှာကျက်ကိတြိုက်မိမှာသေချာသည်။
သိရန်…
ပန်းလုံဗီလာ၏ကြမ်းပြင်အမြင့်သည် 5 မီတာအထက်ဖြစ်သည်၊ ဆိုလိုသည်မှာ လင်းဖန် သည် 5 မီတာထက်ကိုလွယ်ကူစွာခုန်နိုင်သည်။
ထို့နောက် လင်းဖန်သည် နံရံတွင် ချိတ်ထားသည့် မြားပစ်မှတ်ကို စိုက်ကြည့်ကာ မြှားတံအသေးလေးတစ်ချောင်းကို ထုတ်ကာ ပေါ့ပေါ့ဆဆ ပစ်သည်။
“ဖတ်”
100% လျှို့ဝှက်လက်နက်ကျွမ်းကျင်မှုနဲ့ သူ့ရဲ့လက်ရှိစွမ်းအားကိုတွဲပြီး မြားတံကို ပစ်လိုက်ရာနံရံထဲကို လုံးလုံးဖောက်သွားအောင် ပြုလုပ်နိုင်ခဲ့သညယ
ကြောက်စရာပဲ!
လင်းဖန်သည်ပင် အနည်းငယ် မအံသြပဲမနေနိုင်ပေ။
သူ အခု အရမ်း သန်မာနေပြီလား ?
...
လင်းဖန် အံ့အားသင့်နေသောအခါ ကျန်ပေ့ တက္ကသိုလ်၊ အမျိုးသမီးအိပ်ဆောင်။
ရှောင်ရီသည် ကိုလာပုလင်းကိုယူကာ လမ်းလျှောက်လာရင်း စားပွဲပေါ်တွင် စာအုပ်ဖတ်နေသည့်ရှောင်ပန် နှင့် ရှောင်အန်းကို တွေ့လိုက်ရသည်။
“.....ပြန်လေ့လာနေပြန်ပြီလား?”
တကယ်တော့ သူမက ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တာဖြစ်သည်။
သို့သော် နောက်အခိုက်အတန့်တွင် ရှောင်ရီ ၏ လေသံ အနည်းငယ်ပြောင်းသွားပြီး သူမ အံ့သြသွားသည် “ဟင်။ ဒါက ဇီဝဗေဒ... ဆေးလား၊ ဒါကို စလေ့လာနေပြန်ပြီလား”
သိရန်…
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် ကွန်ပြူတာ ဥာဏ်ကြီးရှင် နှစ်ယောက်ဖြစ်ပြီး ဓာတုဗေဒဘာသာရပ်ကို နေ့တိုင်း ဂရုတစိုက် လေ့လာနေကြသည်။
ဤအရာက ရှောင်ရီကို လွန်စွာအံ့အားသင့်သွားစေသည်။
ဒါကို ဖြည်းဖြည်းချင်း လက်ခံဖို့ သူမ အချိန်အတော်ကြာယူလိုက်ရသည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့က ညင်သာစွာ ခေါင်းညိတ်ပြီး “ဟုတ်တယ်... ဟုတ်တယ်” လို့ တိုးတိုးလေးပြောလိုက်ကြသည်။
ခဏလောက်ကြည့်ပြီးနောက် ရှောင်ရီက သူ့ခေါင်းကို ပွတ်သပ်ပြီး “ကွန်ပြူတာလေ့လာတယ်။ ဓာတုဗေဒလေ့လာတယ်။ ဇီဝဗေဒကိုလဲလေ့လာတယ်... ဒါကအခုလေ့လာတဲ့ခေတ်ကိုများရောက်နေတာလား?”
ထို့နောက်သူမသည်ခေါင်းယမ်းကာ ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။
ရှောင်ပန် နှင့် ရှောင်အန်း တို့သည် ဇီဝဂျာနယ်ရှိ “အင်ဆူလင်” ဟူသောခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို အာရုံစိုက်နေကြသည်။
ထို့နောက် ဇီဝဆေးပညာကို ပိုမိုအာရုံစိုက်ကာလေ့လာလိုက်ကြသည်။
...
မျက်စိတစ်မှိတ်အတွင်းမှာပဲကျောင်းပိတ်ရက်ဖြစ်သွားလေသည်။
ယနေ့ နေရောင်သည် တောက်ပနေပြီး လေပြေလေညင်းတို့ ကလဲတိုက်ခတ်နေသည်။
လင်းဖန်သည် Cullinan(ကား)ဖြင့်သူမိဘတွေနေထိုင်ရာမြို့ဆီသို့ မောင်းနှင်ခဲ့သည်။
လင်းဖန်သည် အလုပ်မည်မျှပင်များနေပါစေ မိဘနှင့်ညီမတို့ကို ပြန်ကြည့်လေသည်။
တစ်နာရီခန့်အကြာတွင်သူ့မိဘတွေအိမ်ရှေ့သို့ရောက်လာသည်။
လင်းဖန်သည် ကားကိုရပ်လိုက်ပြီးနောက်တွင် လင်းရှောင်ရီ၏ ပြတ်သားသောအသံသည် ဝေးဝေးမှ ထွက်ပေါ်လာသည်။
“အစ်ကို!”
ထို့နောက် လင်းရှောင်ရီသည် အိမ်ထဲကနေထွက်လာခဲ့သည်။
လင်းဖန်က “နင်ပိန်သွားတာပဲ......ဝအောင်များများစားသင့်တယ်။နောက်ဆိုများများစားနော် !”
“အစ်ကို!” လင်းရှောင်ရီ က ဒေါသတကြီး ပြောလိုက်သည်။
သူ့မဘေးက လင်းတန်က ပြုံးပြီး “ကောင်းပြီ၊ ဝင်ကြရအောင်။ မင်းအမေကထမင်းတောင်ချက်ပြီးနေပြီ”
......
သူပြောသလိုပဲ ဟင်းက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ငရုတ်ကောင်းမှုန့်နှင့်ကျော်ထားသောဝက်သားကျော်၊ ကြက်စွပ်ပြုတ်၊ အာလူးခြစ်ထောင်း၊ ဝက်နံရိုးချိုချဉ်၊ခရမ်းချဉ်သီးနဲ့ကြက်ဥမွှေကျော်.... စားပွဲပေါ်တွင်ဟင်းတွေနဲ့ပြည့်နေလေသည်။
မိသားစု စားပွဲဝိုင်းမှာ လူတိုင်းသည်ထိုင်ကာစားလိုက်ကြတော့သည်။
ထမင်းစားပြီးနောက် လင်းဖန်တို့မိသားစုသည် တီဗီရှေ့တွင်ထိုင်ကာ အစေ့များကိုခေါက်ကာ အစကားစမြည်ပြောကြသည်။
ဒေါင်ဝမ်ဝမ်က ချက်ချင်းပဲ “ရှောင်ရီ မင်း ကျောင်းမှာ ချစ်သူထားလို့မရဘူးနော်”
“ဘယ်လိုချစ်ရမှန်းတောင်မသိဘူး။ပြီးတော့ကျောင်းကကောင်လေးတွေက နုံအလွန်းတယ်” လင်းရှောင်ရီက ပြောသည်။
လင်းတန်က ခေါင်းညိတ်ပြီး “ရှောင်ရီကမချစ်နိုင်ပေမယ့် ရှောင်ဖန်မင်းတော့ချစ်လို့ရနေပီ”
“မှန်တယ် ၊ မင်းရည်းစားအကြောင်းပြောဖို့အချိန်တန်ပြီ၊ စာလုပ်ဖို့ပဲ အာရုံစိုက်မနေနဲ့” ဒေါင်ဝမ်ဝမ်ကမျှော်လင့်တစ်ကြီးဖြင့်ပြောလိုက်သည်။
လင်းရှောင်ရီက “ဖေဖေနဲ့ မေမေ၊ ငါ့ပြောပြစရာရှိတယ်။အစ်ကိုမှာ ချစ်သူရှိနေပြီ၊သူ့အတွက်စိတ်ပူစရာ မလိုပါဘူး၊ သူ့မှာ ရည်းစားတွေ အများကြီး ရှိတယ်’’လို့ လင်းရှောင်ရီက ဆိုလိုက်သည်။
လင်ဖန်း၏ အရပ်မြင့်ပြီးချောမောသော မျက်နှာနှင့် တွဲလျက် အိမ်ကြီးများ၊ ဇိမမခံကားများ၊ဗီလာအိမ်ကြီးများ၊......အဓိကရှယ်ယာရှင် စသည်ဖြငွအများအပြား ပိုင်ဆိုင်ထားကြောင်း သူမသိသည်။
ထို့အပြင် သူမ၏ အတန်းဖော် အမျိုးသမီး နှစ်ယောက်သည် လင်းဖန်ကို ဘယ်သောအခါမှ မမေ့ခဲ့ကြပေ။
“အဟွတ် အဟွတ် အဟွတ်!”
လင်းဖန်းသည် လင်ရှောင်ရီ၏ စကားကို ကြားလိုက်သောအခါအနည်းငယ်သီးသွားလေသည်။
ဒေါင်ဝမ်ဝမ် ၏ မျက်လုံးများ အနည်းငယ် တောက်ပလာပြီး “တကယ်လား ရှောင်ဖန် မင်းရဲ့ ကောင်မလေးကို ငါတို့နဲ့တွေ့ဖို့ ဘယ်အချိန် ခေါ်လာမှာလဲ” လို့ မေးလိုက်သည်။
လက်ဖက်ရည်ကို တိတ်တဆိတ်သောက်နေဆဲဖြစ်သော လင်းတန်သည်လဲ ခွက်ကိုချကာ လင်းဖန်ကို လှည့်ကြည့်လိုက်သည်။
လင်းဖန်သည် သူ့မိဘများ၏ စိုက်ကြည့်နေသောကြောင့် “ဒါ...ငါ...ငါ နောက်ထပ်အခွင့်အရေး ရရင်ခေါ်လာလိုက်ပါ့မယ်” လို့ပြောလိုက်သည်။
ငါဘယ်သူ့ကိုခေါ်ရမလဲ။
ကျူရီရှောင်?
ချူစီရှင်း?
ဟန်တီ?
...
အားလုံးကို ခေါ်လာလို့မရနိုင်ဘူးမလား။
“ကောင်းပြီ ဟားဟား ဟား” လင်းတန်က ဝမ်းသာအားရရယ်ပြီးပြောလိုက်သည်။
ဒေါင်ဝမ်ဝမ်က “မိန်းကလေးပုံတွေ ရှိလား?”
“ငါ့ဖုန်းကနေ ဓာတ်ပုံမရိုက်ဘူး” လင်းဖန်က ပြောသည်။
လင်းဖန်သည် ဤစာကြောင်းနှင့်ပတ်သက်၍ အဓိပ္ပါယ်မဲ့စွာ မပြောခဲ့ပေ။ဓာတ်ပုံရိုက်ရန်အတွက် သူ့လက်ကိုင်ဖုန်းကို အမှန်တကယ် မသုံးခဲ့ပေ။