← Chapters

ဟိုတယ်တစ်ခုရခြင်း

Vol. 24 Ch. 351

ဟိုတယ်တစ်ခုရခြင်း

Vol. 24 Ch. 351

အစောပိုင်းတွင် ရွှီဘိုသည် မစ္စတာ လျူကဝူရှောင်ဟိုကို နှစ်သက်အောင် ကြိုးစားသည်ကို တွေ့ခဲ့ရသည်။

ဝူရှောင်ဟိုကလင်းဖန် ကို အလွန်လေးစားသောအခါ ရွှီဘို အနည်းငယ် စိတ်ရှုပ်သွားသည်။

ယခုအခါ ဂုဏ်သိက္ခာရှိသော ချင်ကောင်းဂရု၏ ဥက္ကဌသည် လင်းဖန်ကို အလွန်ယဉ်ကျေးပြီးဆက်ဆံနေပြန်သည်။

သိရန်……

ချင်ကောင်းဂရု ၏ လုပ်ငန်းခွဲများတွင် ကြီးမားသော စူပါမားကတ်များ၊ ဟိုတယ်များ၊ နေ့စဥ်သုံးပစ္စည်းများ၊ အိမ်ခြံမြေ၊ အဝတ်အစားစသည်ဖြင့် ပါဝင်ပြီး ၎င်းသည် ချင်ရှီ ရှိ အကြီးဆုံးလုပ်ငန်းဖြစ်သည်။

လင်းဖန် ရဲ့ စကားကြောင့် ချင်ကောင်းဂရု ဥက္ကဌက သူကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး ကုမ္ပဏီရဲ့ ဝက်သားနဲ့ အမဲသားကို သူ့ကိုယ်ပေးခဲ့သည်။

ဒီဟာ……

လင်းဖန်၏ မိသားစု နောက်ခံသည် အလွန်ရိုးရှင်းသည် မဟုတ်လော။

လင်းဖန်၏ အရည်အချင်းများသည် အလွန်အားကောင်းသော်လည်း နေ့ရက်များကို ရေတွက်ကြည့်လျှင် နှစ်နှစ်လောက်သာရှိသည်။အဲ့အချိန်ကဘွဲ့ရထားသင့်သည် မဟုတ်ပါလား။

ဒါဆို... ဝူရှောင်ဟို နဲ့ ချင်ကောင်း ဥက္ကဌက သူတို့ကို ဒီလိုမျိုး ဆက်ဆံခွင့်ပြုပါလား။

ဒီ……

ဒီမှာ ဘာဖြစ်နေတာလဲ။

ငါအိမ်မက်မက်နေတာမနိုးသေးတာ ဖြစ်နိုင်မလား။

လင်းဖန်သည် ရွှီဘိုဘာတွေးနေမှန်း မသိခဲ့ဘဲ ရုတ်တရက် သူ့စိတ်ထဲမှာ အသံထွက်လာတဲ့ စကားတစ်ခွန်းကြောင့် သူ့သည်အရမက်ုလန်းဆန်းသလိုခံစားလိုက်ရသည်။

【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးဖြင်း။ ကိုယ့်ရဲ့ကျေးဇူးရှင်ကိုကူညီပြီး ရွှေရောင် အနီရောင် စာအိတ် ၁ စောင် ရရှိသည်။ 】

ဒါက...အန်ကယ် ရွှီကို ကူညီဖို့ရကိစ္စလား။

ရွှေရောင်စာအိတ် ၁ စောင်။

ဒါက အံ့သွစရာပဲ။

တကယ်တော့လင်းဖန်ထင်တာမမှားပေ။

ဤသည်မှာ ရွှီဘိုကို ကူညီခြင်းအတွက်အမှန်ပင် ဆုလာဘ်ဖြစ်သည်။

ရွှီဘို က ခေါက်ဆွဲနဲ့ ယာဂုကိုယခင်ကကျွေးခဲ့သည်။

ယခုတော့ လင်းဖန်သည် ရွှီဘို ၏ရောဂါကို ဦးစွာကုသပေးခဲ့သည်။

နောက်တော့ ယွမ် ၁ သန်း တောင်းပေးသည်။

နောက်ဆုံးအနေနဲ့ ချင်ကောင်းဂရုကို ဝက်သားနဲ့ အမဲသားကို ထောက်ပံ့ပေးခြင်း.ယ

ဤသည်မှာ ကျေးဇူးရှင်ကိုကျေးဇူးပြန်ဆပ်ခြင်းမဟုတ်ပါက၊ အဘယ်နည်း။

ဒီအချိန်မှာ လီဝမ်နိုင် က “ညစာစားချိန်နီးနေပြီ၊ ချင်ကောင်းဟိုတယ်မှာမစ္စတာလင်း၊မစ္စတာရွှီ... နဲ့ ဝူရှောင်ဟိုတို့ ထမင်းအတူတူစားရင် ဘယ်လိုလုပ်မလဲ”

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟုပြောသည်။

ဝူရှောင်ဟ်ုသည်လင်းဖန် နှင့် အမြဲဆက်သွယ်လိုသောကြောင့် သဘောတူရန်မှာ သဘာဝအတိုင်းဖြစ်သည်။

​ရွှီဘိုသည်​ကြောင်နေသေးသော်လည်း နောက်မှ လိုက်သွားခဲ့သည်။

.....

လီဝမ်နိုင်ကိုမြင်ပြီးနောက်၊ ချင်ကောင်းဟိုတယ်အစောင့်များက “မင်္ဂလာပါ မစ္စတာလီ” ဟု လေးလေးစားစား ပြောလိုက်သည်။

နှုတ်ဆက်စကားပြောအပြီးတွင်လင်းဖန်၊လီဝမ်နိုင်၊ဝူရှောင်ဟို နှင့်ရွှီဘိုသည် ဇိမ်ခံသေတ္တာထဲသို့ ရောက်လာသည်။

ထို့နောက် ချက်ခြင်းပငိအရသာရှိသော အစားအစာများ၊ တန်ဖိုးကြီးအရက်များ စသည်တို့ကို တစ်ခုပြီးတစ်ခု သယ်ဆောင်လာကြသည်။

လိဝမ်နိုင်သည် လူတိုင်းအတွက် ဝိုင်တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ လောင်းချပြီးနောက် လူတိုင်းနှင့် အတူ သောက်ခဲ့သည်။

ဤဝိုင်ဖန်ခွက်သည် ပြင်းထန်သောအနံ့များဖြင့် သူ့လည်ချောင်းကို ယားယံစေသည်၊ ဒါမှရွှီဘိုသည်ဒါတွေအားလုံးကအမှန်ဆိုတာကို သဘောပေါက်သွားစေသည်။

…………

လင်းဖန်သည် ချင်ကောင်းဟိုတယ်မှ ထွက်လာပြီးနောက် အိမ်သို့ပြန်လာကာ မိဘများနှင့်အတူ ခဏနေခဲ့ပြီး Cullinan(ကား) ဖြင့် ကျန့်ပေ့သို့ မောင်းနှင်ခဲ့သည်။

သူသည်အိမ်မှာ နောက်ထပ်ရက်အနည်းငယ်လောက်နေဖို့ အဆင်ပြေတယ်လို့ သူခံစားရသည်။

ဒါပေမယ့် မိဘတွေက မထင်ပေ။ ကျောင်းတက်ဖို့က အရေးကြီးဆုံးလို့ သူတို့ကထင်ကြသည်။ဒါကြောင့်ကျန်ပေ့သို့ပြန်လာဖြင်းဖြစ်သည်။

မှောင်စပြုလာသောအခါတွင် လင်းဖန်သည် ပန်လုံဗီလာသို့ ပြန်ရောက်နေပြီဖြစ်သည်။

နူးညံ့သော ဆိုဖာပေါ်တွင် ထိုင်ကာ လက်ကိုင်ဖုန်းဖြင့် သက်တောင့်သက်သာ ကစားသည်။

WeChat(facebookလိုမျိုး)ကိုဖွင့်လိုက်သောအခါ၊ ချမ်ရီရီ သည် လုပ်ငန်းဆိုင်ရာဆောင်းပါးတစ်ပုဒ်ကို ပြန်တင်ထားသည်ကို တွေ့လိုက်ရသည်။

ရုတ်တရက် လင်းဖန်သည် ချမ်ရီရီ ၏ လှပပြီး လေးနက်သော ပါးပြင်များကို တွေးကာ မနေနိုင်တော့ပေ။

ထို့ကြောင့် သူသည် သူမကို မက်ဆေ့ချ် ပို့ရုံမှတစ်ပါး မကူညီနိုင်ပေ။

လင်းဖန်: မအိပ်သေးဘူးလား။

ချမ်ရီရီသည် သူမ၏ လက်ကိုင်ဖုန်းကို အသုံးပြုနေပုံရပြီး မက်ဆေ့ချ်ကို ချက်ချင်းနီးပါး ပြန်ကြားခဲ့သည်။

ချမ်ရီရီ : ဟုတ်တယ်၊ ခဏပဲနော်... နိုင်ငံတကာ ရေမွှေးပြပွဲမှာ ပါဝင်ဖို့ ယန်လုံမြို့ကို သွားမယ့် ပစ္စည်းတွေ စီမံဖို့ အချိန်ပိုလုပ်ခဲ့ပြီးလို့အိမ်ပြန်ရောက်နေပြီ၊

လင်းဖန်သည်ချမ်ရီရီ ၏ ပင်ပန်းနွမ်းနယ်သောအသွင်အပြင်ကို မြင်ယောင်နိုင်လုနီးပါးပင်ဖြစ်သည်။

ဒါနဲ့ မက်ဆေ့ တစ်စောင် ပို့လိုက်သည်။

လင်းဖန်- မင်းအဲဒါကိုလုပ်ဖို့အတွက် အောက်ခြေကလူတွေကို ခိုင်းလို့ရတယ်၊ ဒါကြောင့် မင်းကိုယ်တိုင် အရမ်းပင်ပင်ပန်းပန်းလုပ်နေစရာ မလိုဘူး။

ချမ်ရီရီ- ငါရှင်းပြပြီးပြီလေ၊ဒီပြပွဲက အရမ်းအရေးကြီးတယ်။ ငါကိုယ်တိုင်ပြင်ဆင်ရမယ်။

လင်းဖန် : ယန်လုံမြို့ကို လူကိုယ်တိုင် သွားလည်မလား ။ ဘယ်တော့ လောက်သွားမလဲ။

ချမ်ရီရီ: ပြပွဲကို ကြာသပတေးနေ့မှာ ကျင်းပမှာ ဖြစ်ပြီး မနက်ဖြန်ကရေင်သွားမှာပါ။

လင်းဖန်: ဒါဆို ငါမင်းနဲ့လိုက်ခဲ့မယ်။

ချမ်ရီရီ: တကယ်လား? !

လင်းဖန်: ဟုတ်တယ် ဒီည ကောင်းကောင်းအနားယူပါ။ မနက်​ဖြန်​ မနက်​ကျရင်​ လာ​ခေါ်မယ်။

ချမ်ရီရီ: အင်း!

လင်းဖန်သည် ချမ်ရီရီ နှင့် ယန်လုံသို့သွားရန် ဆုံးဖြတ်ခဲ့သည်။

ပထမအချက်က သူသည်သူမနဲ့ အချိန်အကြာကြီး မနေဖူးတာကြောင့်ဖြစ်သည်။

ဒုတိယအနေနဲ့ နိုင်ငံခြားကို မရောက်ဖူးပေ။

နိုင်ငံခြားကို သွားကြည့်ရတာ မဆိုးဘူးထင်တယ်။

ချမ်ရီရီနှင့် စကားပြောအပြီးတွင် လင်းဖန်သည် ယနေ့သူရထားသော ရွှေရောင်စာအိတ်ကို အာရုံစိုက်လိုက်သည်။

“ရွှေရောင်စာအိတ်၊ မင်း တစ်ခုခု ရနိုင်မလား ကြည့်ရအောင်။” လင်းဖန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

“ရွှေရောင်စာအိတ်ဖွင့်မယ်”

【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ဆေးဘုရင် ၏ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံကို ရရှိခဲ့ပါသည်။ 】

ဒါကိုကြည့်ပြီး..

လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။

ဆေးဘုရင်?

ဤသည်မှာ သမိုင်းတွင် ထင်ရှားသော ပါရမီရှင်ဆေးဘုရင် မဟုတ်လော။

သူ့အတွေ့အကြုံ?

လင်းဖန်သည် မှင်တက်သွားသောအခါ မရေမတွက်နိုင်သော ရှုပ်ထွေးနက်နဲသော ဆေးပညာဗဟုသုတများ သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။

အချိန်အတော်ကြာပြီးနောက် လင်းဖန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ “ငါ့မှာဤမျှလောက်သော ဆေးပညာကျွမ်းကျင်မှု ရှိပါသလား” ဟု ရေရွတ်လိုက်လိုက်သည်။

ညတွင် လင်းဖန်နှစ်နှစ်ခြိုက်ခြိုက်အိပ့်ပျော်သွားလေသည်။

လင်းဖန်၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ကောင်းကင်သည် တောက်ပနေပြီဖြစ်သည်။

ဖုန်းကိုကြည့်လိုက်တော့ စောစောစီးစီး ပေါ်လာတဲ့ မက်ဆေ့ချ်တစ်ခုကိုတွေ့လိုက်သည်။

“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၇,၅၈၉,၀၂၀ ကို ရရှိသည်။”

“ဆိုင်းအင်လုပ်မယ်”

【ဒင်း! အီဂယ်နိုင်ငံ၏ရိုင်ယာဟိုတယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ 】

ဒါကိုကြည့်ရင်း..

လင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။ သူက အီဂယ် ကိုသွားခါနီးဆိုတော့ အီဂယ်ရိုင်ရာဟိုတယ်ကိုရခဲ့တာလား။

လင်းဖန် က “ရှောင်ဘိုင် အီဂယ်ရိုင်ယာဟိုတယ်က်ုသိလား?”

“အီဂယ်ရိုင်ယာဟိုတယ်ကို 2002 ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ တည်ထောင်ပြီး 8 နှစ်အကြာတွင် အီဂယ်ယွမ်3 ဘီလီယံ အကုန်အကျခံ ဆောက်လုပ်ခဲ့ပါသည်။ ၎င်း၏ မြင့်မားပြီး ဇိမ်ကျကျ အသွင်အပြင်ကြောင့် အီဂယ်နိုင်ငံ ၏ အထင်ကရ အဆောက်အဦးများထဲမှ တစ်ခုဖြစ်သည့် စူပါဇိမ်ခံဟိုတယ် ဖြစ်လာခဲ့ပါသည်။ ” ရှောင်ဘိုင်က အလွန်ရှင်းလင်းသော အသံဖြင့် ပြောသည်။

လင်းဖန်ယန်၏ မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်သည် ပိုဆိုးလာသည်ကို ကြားလိုက်ရသည်။

ဒီဟိုတယ်က ယန်လုံမြို့မှာရှိနေတာ မတော်တဆလား။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် သူ့အိတ်ကပ်အတွင်းမှ ဆဲလ်ဖုန်းမှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာ နိုင်ငံခြားမှမသိသော နံပါတ်တစ်ခုဖြစ်သည်။

သင်ဟာ သာမန်လူတစ်ယောက်ဆိုရင် ရင်းနှီးမှုမရှိတဲ့ နိုင်ငံခြားဖုန်းခေါ်ဆိုမှုကို ရုတ်တရက်တွေ့ရင်ပထမဆုံးတုံ့ပြန်မှုသည် ဖုန်းချရန် တိုက်ရိုက်ရွေးချယ်ခြင်းဖြစ်သည်။

သို့သော် လင်းဖန်သည် မရင်းနှီးသော နိုင်ငံခြားနံပါတ်များကို ဖြေဆိုရာတွင် အတွေ့အကြုံများစွာရှိထားပြီးဖြစ်သည်။

ထို့ကြောင့် ဖုန်းချလိုက်မည့်အစား အဖြေခလုတ်ကို ရိုးရိုးရှင်းရှင်း နှိပ်လိုက်သည်။

“ဟယ်လို မစ္စတာလင်း?” ဖုန်းထဲတွင် အလွန်ညင်သာပြီး လေးစားဖွယ်ကောင်းသော အသံတစ်ခုထွက်ပေါ်လာသည်။

လင်းဖန် က “ ငါပါ?”

“မင်္ဂလာပါ မစ္စတာလင်း၊ ငါက အီဂယ်ရိုင်ယာဟိုယတ် ဥက္ကဌ စမစ်ဂျက် ပါ၊ မင်းရဲ့အနားယူမှုကို နှောက်ယှက်မလား။” ဖုန်းထဲက အသံက ပိုပြီး လေးစားစရာသောအသံဖြင့်လာသည်။

လင်းဖန်က “မဟုတ်ဘူး ငါထပြီးပြီ”

စမစ်ဂျက်က သက်ပြင်းတစ်ချက်ချကာ “တော်သေးတာပေါ့...”

All Chapters