ကုန်စည်ပြပွဲ
Vol. 10 Ch. 136
ကျိုးယန်သည် ချီရီရှင်းနှင့် ဟုန်ဝူကျင်းကြား မည်ကဲ့သို့ဆက်စပ်သည်ကို အနည်းငယ်စိတ် ဝင်စားမိခဲ့သော်လည်း ထိုအရာက အထူးတ လည်တွေးတောနေရမည့် ကိစ္စတော့ မဟုတ်ခဲ့ ပေ။ အချိန်တခုအကြာ အပြန်အလှန် ပြောဆို ပြီးနောက် ဟုန်ဝူကျင်းနှင့် အဖော်နှစ်ဦးအား စည်းမျဥ်းများအတိုင်း ထိန်းသိမ်းရန် ခေါ်ဆောင်သွားတော့သည်။ ထိုအတွက် ဟုန်ဝူ ကျင်းသည်လည်း မည်သည့် စောဒကမှ တက် လိုခြင်း မရှိတော့ချေ။
ကျိုးယန်သည် အုပ်ချုပ်ရေးဌာနမှ ထွက်ခွာလာ ပြီးနောက် အဖိုးဝူတို့နှင့် တွေ့ဆုံကာ ကြီးမားတဲ့ ကုန်စည်ပြပွဲ တခုကျင်းပရန် စိတ်ကူးရလာခဲ့ ပေသည်။ ယခင်လောကတွင် ကုန်စည်ပြပွဲကြီး များမှာ ကျော်ကြားပြီး လုပ်ငန်းအသီးသီးက မိ မိတို့၏ အကောင်းဆုံးဆိုသည့် ထုတ်ကုန်များ ကို ပြသခင်းကျင်းလေ့ရှိသည်။ ကျိုးယန်၏ အ ဓိကရည်ရွယ်ချက်မှာ လက်ရှိ ပြင်ပကုန်သည် များတွင် ကျိုးပြည်ထောင်စုအတွက် အထော က်အပံ့ကောင်း ဖြစ်စေမည့် မည်သည့်အရာများ ပါဝင်လေမည်ကို သိချင်နေခဲ့သည်။ နည်းပညာ များ ကျင့်စဥ်များ စသည်ဖြင့် အမျိုးမျိုးသော အရာတို့ကို ကျိုးယန် မျှော်လင့်ထား ပေသည်။ ထိုအတွက် ကုန်သည်များ တစုတစည်းတည်း စုဝေး၍ ခင်းကျင်းပြသ လာစေရန် အစီမံတခု လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
“ကုန်စည်ပြပွဲလား သူက လေလံပွဲနဲ့တူလား”
အဖိုးဝူက ပြန်မေးလာသည်။ လေလံပွဲဆိုသည် အများလိုအပ်မည်ဟု ထင်ရသည့် ပစ္စည်းများ ကိုသာ အပြိုင်စနစ်ဖြင့် လေလံတင်ခြင်း ဖြစ်ပြီ ပြပွဲ၏ သဘောတရားက စျေးနှုန်း အနိမွဆုံးမှ စတင်၍ အမြင့်ဆုံးအရာထိ ပြသကာ ထိုအထဲ တွင် အစိုးရ၏ လုပ်ငန်းခွင် တင်ဒါများ ကုန်စည်များလည်း ပါဝင်၍ သဘောတရားချင် အနည်းငယ် တူသယောင်ရှိသော်လည်း လုံးဝတူ ညီသည်တော့ မဟုတ်ပေ။
ကျိုးယန်က အဖိုးဝူ ကျိုးယင်ချင်း ကျိုးလီနှင့် မြို့တော်အသစ်ကို ဦးစီးနေသည့် ကိုင်ရီရီတို့ကို ကုန်စည်ပြပွဲ၏ အခြေခံသဘောတရားများနှင့် ပက်သက်၍ ရှင်းပြလိုက်သည်။ ပြီးနောက် ကြီး မားသည့် ကုန်စည်ပြပွဲတွင် အစိုးရ၏ လုပ်ငန်း တင်ဒါများ ထည့်သွင်းမည့်အကြောင်းပါမကျန် ဆွေးနွေးကျပြီး ထိုအထဲတွင် အိမ်ရာစီမံကိန်း လမ်းတံတားနှင့် ပညာရေးကျောင်းများပါ မကျန်ပါဝင်လေသည်။
ပထမတွင် ဒေသလေးခု ကိုချိတ်ဆတ်မည့် အ ဓိကလမ်းမကြီး ၄ခုအတွက် တင်ဒါခေါ်ယူပြီး ထိုအရာအတွက် အပြိုင်စနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။ ထိုသို့ လုပ်ခြင်းအားဖြင့် အစိုးရမှ ကုန်ကျမည့် ဘဏ္ဍာငွေအား လျှော့ချနိုင်ပြီး အ ခြားတဖက်တွင် ထိုလုပ်ငန်းကို ရယူသည့်ကုန် သည်မှ တာဝန်ယူကာ ရရှိလာသည့် အကျိုးအ မြတ်၏ ၅ရာခိုင်နှုန်းကို ပြည်ထောင်စုထံ အခွန် ဘဏ္ဍာအဖြစ် ပြန်လည်ပေးအပ်ရမည် ဖြစ်၍ ပြည်ထောင်စု၏ ဝင်ငွေလည်း တိုးလာမည်။
ကျိုးယန်စီစဥ်ထားသည့် တင်ဒါကို အပိုင်း၃ပိုင်း ခွဲကာ အိမ်ရာစီမံကိန်း ၂၀ခုအတွက် တပိုင်း လမ်းတံတား အတွက် တပိုင်းနှင့် အခြေခံ အ လယ်ဆင့်မှ အထက်တန်း ကောလိပ်ထိ တင်ဒါ များကိုမူ တပိုင်းသတ်မှတ်၍ အနိမ့်ဆုံးတင်ဒါ ကြေးမှာ ရွှေစ သန်း ၅၀၀ ဖြစ်သည်။ တင်ဒါဆွဲ မည့်ကုန်သည်မှာ ပိုင်ဆိုင်မှုအနေဖြင့် ရွှေစသန်း ၁၀၀၀ အနည်းဆုံးရှိရန် လိုအပ်ပြီး ကုန်သည် တဦး လျင် တင်ဒါအများဆုံး ၂ခုထိသာ ဆွဲနိုင်သည်။
အဖိုးဝူတို့သည် ကျိုးယန်၏ အစီမံကို နှစ်သက် သဘောကျသော်လည်း ထိုကဲ့သို့လုပ်ခြင်းက ကုန်သည်များ၏ အခန်းကဏ္ဍ ပြည်ထောင်စုအ ပေါ်ကြီးစိုးလာမည်ကို တွေးပူနေသေးသည်။ထို အတွက် ကျိုးယန်က နှစ်သိမ့်ကာ ရှင်းပြရသည် ပြည်ထောင်စု၏ ဘဏ္ဍငွေသည် အကန့်သတ် ဖြစ်ကာ မည်သည့် ပြည်ထောင်စုတွင်မဆို ချမ်း သာသည့် မိသားစုများက အထောက်အပံ့တခု အဖြစ် ရှိကြသည်မှာ ထုံးစံပင်။ ထိုအခြေနေကို မှန်ကန်စွာ ကိုင်တွယ်နိုင်ပါက နှစ်ဦးနှစ်ဖက် ဆတူ အကျိုးရှိစေမည်ဖြစ်ပြီး အစိုးရနှင့် စီးပွားရေး ကုန်သည်များအကြား ဆက်ဆံမှု သည်လည်း တိုးတက်လာပေမည်။
ကျိုးယန်၏ စိတ်ကူးအတိုင်း ကုန်စည်ပြပွဲတခု ကျင်းပရန် စီစဥ်တော့သည်။ ထိုပြပွဲသည် ပြည် ထောင်စုများ သက်တမ်းတလျှောက် အထူး ဆန်းဆုံး စီးပွားရေး ခြေလှမ်းဖြစ်ကာ မည်သူမှ ထိုကဲ့သို့ အရဲကိုးသည့်ပုံစံကို လုပ်ကိုင်ခဲ့ခြင်း မ ရှိခဲ့ပေ။ သို့သော် ကျိုးယန်ထုတ်ပြလိုက်သည့် တင်ဒါများမှာ စိတ်ဝင်စားစရာကောင်းပြီး အ ထူးသဖြင့် နိုင်ငံရေးကို နှိုက်နှိုက်ချွတ်ချွတ်ရှိ နေချင်သည့် စုန့်ပြည်ထောင်နှင့် ဝူပြည်ထောင် စုတို့အတွက် သင့်လျော်သည်။
ကုန်စည်ပြပွဲကို ၅နှစ်တကြိမ် ကျင်းပရန်လျာ ထားပြီး ပထမဆုံးကုန်စည်ပြပွဲကို အစိုးရမှကုန် ကျခံဆောင်ရွက်ပေးမည် ဖြစ်သည်။ ထိုပြပွဲကို တလအကြာတွင် ကျင်းပမည်ဟု ကြေညာသည့် အချိန်မှစ၍ စာရင်းပေးသွင်းလာသည့် ပြည်တွ င်းပြည်ပ ကုန်သည်အရေအတွက်မှာ ထင်ထား သည်ထက်ပင် များပြားနေခဲ့သည်။ ချီရီရှင်းမှာ ထိုသတင်းကို ကြားသည်နှင့် အချိန်တခုကြာထိ မှင်သက်နေခဲ့ပြီး ထိုကဲ့သို့ နည်းစနစ်ကို သူမ တွေးမိခဲ့သော်လည်း ထိုအရာက အန္တရာယ်များ လွန်းသည့်အတွက် မလုပ်ဆောင်ရဲခဲ့ပေ။ ယခု ဧကရာဇ်ကျိုးယန်က အကောင်အထည်ဖော်ရန် စတင်ကြိုးစားလာချေပြီ။
ချိရီရှင်းသည် ကျိုးယန်အပေါ် ပို၍ပင်အထင် ကြီးလာမိကာ ဧကရာဇ်ငယ်သည် တကယ်ပင် ထူးချွန်သည်ဟု ဆိုနိုင်သည်။ စီးပွားရေးကို သူ ကဲ့သို့ တတ်သိနားလည်သည့် ဧကရာဇ်တပါး အား သူမ မမြင်ဖူးခဲ့ပေ။ ဧကရာဇ်အများစုမှာ တိုက်ခိုက်ရသည်ကိုသာ အားသန်ကြပြီး အများ စုမှာ အချိန်ပြည့် တခြားပြည်ထောင်စုများအား သိမ်းပိုက်ရန်ကိုသာ တွေးတောနေလေသည်။ ကျိုးယန်ကမူ ခေတ်သစ်လောကသည် လက်န က်ဖြင့် သိမ်းပိုက်သည့် အချိန်မဟုတ်တော့ပဲ ငွေကြေး ပါဝါတခုတည်ဆောက်ခြင်းက မည် သည့်ပြည်ထောင်စုကိုမဆို ထိန်းချုပ်ထားရန် အကောင်းဆုံး အခွင့်လမ်းများ မွေးထုတ်ပေး နိုင်သည်။
ကျိုးယန်၏ တင်ဒါများကို လေလံအပြိုင်စနစ် ဖြစ် ခေါ်ယူရသည်မှ လွဲ၍ ကုန်သည်များမှာ မိမိ တို့၏ ကောင်းပေ့ဆိုသည့် အရာများအားလုံး ထုတ်ဖော်ပြသရန် ကြိုးစားလာကြတော့သည်။ ချီရီရှင်းသည် ဒေသထွက် အစားအစာများသာ မက စုန့်ပြည်ထောင်စု၏ ကျော်ကြားသည့် ပန်း ပဲပညာကိုပါ ပြသရန် ရည်ရွယ်ကာ စုန့်ဧကရာဇ် ထံ အကြောင်းစုံ လျှောက်တင်၍ ကောင်းကင် အဆင့် လက်နက်များကို ရောင်းချခွင့်တောင်းခံ လိုက်သည်။ ထိုကောင်းကင် အဆင့်များမှာ အ ဆင့်မြင့်များဖြစ်ပြီး အများစုသည် အင်မော်တ ယ်တဝက်အဆင့်ထိ ရောက်ရှိနေကြသည့် အထွ ဋ်အမြတ် ရတနာများပင် ဖြစ်လေသည်။
ဝူနှင့် ဟုန်ပြည်ထောင်စုများသည်လည်း ထိုနည် တူပင် ကြိုးစားလာကြကာ တလမပြည့်မီကပင် ကျိုးယန်၏ ကုန်စည်ပြပွဲအတွက် ငှားရမ်းသည့် အခန်းများမှာ မလောက်ငှတော့ပေ။ တင်ဒါဆွဲ ရန်အတွက် အလတ်စားနှင့် အကြီးစား ကုန် သည်အရေအတွက်မှာ ၂၀ ကျော်ထိရှိထားပြီး ထိုအထဲမှ မည်သူက မည်သည့်တင်ဒါကို ရရှိ သွားမည်နည်း။ တင်ဒါတခုစီတိုင်းသည် တန်ဖိုး ကြီးကာ ထိုမှပြန်ရမည့် အမြတ်များကို လူပိန်း တဦးကပင် တွက်ချက်နိုင်သည်။ ဥပမာ လမ်း တခုခင်းခြင်းဖြင့် ထိုလမ်း၏ အစစအရာရာကို ကုန်သည်ဘက်မှ ကျခံရမည်ဖြစ်သော်လည်း လမ်းအသုံးပြုခများ လမ်းဧရိယာတွင် ဆောက် လုပ်မည့် ဆိုင်ခန်းများမှ ရရှိမည့် အခွန်ခများမှာ မနည်းလှပေ။ သို့သော် မည်သည့်နေရာမှ မည် သည့်နေရာသို့ ခင်းကျင်းရမည်ကိုမူ လေ့လာရန် လိုအပ်ပြီး ထိုလမ်းများမှာ အသုံးပြုသူအရေအ တွက် ရှိရန်လည်း ချိန်ဆရသေးသည်။ လူသူမ ရှိသည့် ဒေသများအား လမ်းခင်းခြင်းသည် ကြွ က်တွင်းထဲ ပျားရည်လောင်းခြင်းနှင့် တူညီပေ သည်။ အကျိုးတစုံတရာ မရှိနိုင်ပေ။
ကျိုးယန်မှာ ထိုအချင်းအရာကို တွက်ဆမိပြီး ဖြစ်၍ ဒေသလေးခု ချိတ်ဆတ်လမ်းမကိုသာ အဓိက တင်ဒါအဖြစ် ကြေငြာခဲ့ပြီး ထိုလမ်းမ များသည် ပြည်ထောင်စုတခုလုံး၏ အဓိကလမ် မကြီးများ ဖြစ်လာကာ ကုန်သွယ်ရေးနှင့်လူနေ မှုအဆင့်တန်းကို တိုးမြင့်ရာတွင် အဓိက ကျပေ သည်။ အခြေခံ ကျောင်း ၄၀၀ ထိ ထည့်သွင်း ပြီး အလယ်တန်းကျောင်းကို ၂၀၀ အထက်တန် ကျောင်း ၁၀၀ နှင့် အဆင့်မီ ကောလိပ်များကိုမူ ၂၀ ထိသာ ဆောက်လုပ်စေမည်။ ထိုအတွက်စု စုပေါင်း တင်ဒါ ၇၂၀ ရှိမည်ဖြစ်ကာ အကြမ်းဖျ ဥ်းကုန်ကျငွေမှာ ရွှေစ ၃ဘီ လျံ ဖြစ်သည်။
အိမ်ရာစီမံကိန်းများ အတွက်မူ ဒေသတခုစီ၌ စီ မံကိန်း ၅ ခုစီ သတ်မှတ်ပြီး စုစုပေါင်း ၂၀အတွ က် ကုန်ကျငွေ ရွှေစ သန်း ၅၀၀ ဖြစ်သည်။ ထို ကဲ့သို့ ကြမ်းခင်းစျေး သတ်မှတ်ခြင်းဖြင့် တဦး တည်း ဝယ်ယူရန် မတတ်နိုင်ပါက ပူးပေါင်း၍ ဝယ်ယူနိုင်ပေမည်။