← Chapters

ကုန်စည်ပြပွဲ ၂

Vol. 10 Ch. 137

ကုန်စည်ပြပွဲ ၂

Vol. 10 Ch. 137

ကျိုးယန်သည် ထိုရက်များတွင် ကုန်စည်ပြပွဲ ကျင်းပမည့်နေရာအတွက် အထူးတလည်အာရုံ စိုက်ကာ ဆောက်လုပ်စေသည်။ နေရာ၏ အကျ ယ်ဝန်းကို ဘောလုံး တကွင်းစာခန့်ရှိစေပြီး ပတ် ပတ်လည်၌ ဆိုင်ခန်းများထားရှိကာ အဓိကအ လယ်တွင် တင်ဒါနှင့် အခြားအရာများ လေလံ ဆွဲယူရန် စင်မြင်ကြီးတခု ဆောက်စေသည်။

ကုန်စည် ပြပွဲကိုလည်း မကျင်းပီကပင် အပြိုင် အဆိုင် ကြေငြာစေပြီး လာရောက်သည့် ပြင်ပ ဧည့်သည့်များ၏ လုံခြုံရေးနှင့် ဝန်ဆောင်မှုများ ကို ကျိုးပြည်ထောင်စုမှ အထူးပင်တာဝန်ခံခဲ့ သည်။ ကုန်စည်ပြပွဲ ကျင်းပမည့် နေရာသည် အလယ်ပိုင်းဒေသ တွင်ရှိမည်ဖြစ်ပြီး ထိုဒေသ တဝိုက်တွင် အလောင်းကစားရုံများ ပြည့်တန် ဆာရုံများ သိုင်းပြိုင်ပွဲ လက်ရည်စစ်ချင်သူများ အတွက် စင်မြင့်များ ဆောက်လုပ်စေသည်။ ကျိုးယန်၏ စိတ်ကူးမှာ ဧည်သည့်များမှာ အိတ် အပြည့်ဖြင့် ပြန်လည်မထွက်ခွာစေရ ဟူသည့် ဆိုးရွားသည့် စီးပွားရေး ငွေရှာအတွေးများဖြစ် ပေသည်။

ပြည့်တန်ဆာနှင့် အလောင်းအစားလုပ်ငန်းမှာ ပြည်ထောင်စု၏ အထိမခံလုပ်ငန်းများဖြစ်ပြီး အများအားဖြင့် ထိုလုပ်ငန်းများကို တော်ဝင်မျို နွယ်နှင့် ဆက်စပ်သူများသာ ထိန်းချုပ်လေ့ရှိသ ည်။ သို့သော် ကျိုးယန်ကမူ လူတိုင်းစည်းမျဥ်း နှင့်အညီ ဆောင်ရွက်ပါက လက်ခံပြီး အခွန်ခ များမှာလည်း အခြားလုပ်ငန်းများထက် ကြီးရင့် ပေသည်။ သို့သော် ဝင်ငွေအရဆုံးစီးပွားရေးမှာ လည်း ထိုလုပ်ငန်းများဖြစ်၍ ထိုလုပ်ငန်းများ အတွက် ဆောင်ရွက်ခွင့်ကို အပြိုင်အဆိုင်တင် လျှောက် ကြလေသည်။ ထိုအထဲတွင် ထိန်းသိမ် ခံနေရသည့် ဟုန်ဝူကျင်း ပါဝင်ကာ ထိုငနဲသား သည် မိန်းမလိုက်စားတတ်သူဖြစ်၍ ထိုသတင်း ကြားသည်နှင့် အားတက်သရောပင် ကြီးမားသ ည့် ပြည့်တန်ဆာလုပ်ငန်းတခုကို ယူငင်စေသည်

ချိရီရှင်းသည် ထိုကဲ့သို့ ပွင့်လင်းမြင်သာသည့် စီးပွားရေးလုပ်ငန်းကို ဧကရာဇ်တပါးအနေဖြင့် ခွင့်ပြုမည်ဟု မထင်ထားခဲ့ပေ။ ထိုဧကရာဇ်ငယ် ကမိန်းမလိုက်စားသူ ဖြစ်နေသလား။ သို့သော် ကြားသိထားသည့် သတင်းများအရ မိဖုရားတ ပါးပင် မရှိသေးပေ။ ချီရီရှင်းသည် ပြည့်တန် ဆာလုပ်ငန်းအတွက် မယူဆောင်သော်လည်း အလောင်းကစားရုံများ အများပြားကိုမူဆောက် လုပ်ရန် စတင်တော့သည်။ ကျယ်ဝန်းသည့် မြေ နေရာတွင် အဆောက်အုံများ အပြိုင်အဆိုင်ထွ က်ပေါ်လာကာ အများစုမှာ လောင်းကစားရုံများ ဖြစ်နေကြပြီး ကျန်အရောင်းဆိုင်နှင့် စားသောက်ခန်းမ များမှာ အနည်းငယ်သာရှိပေ သည်။

ကျိုးပြည်ထောင်စုသည် ကုန်စည်ပြပွဲ၏သတင် နှင့်အတူ လှုပ်ခတ်မှုကြီးစွာ ဖြစ်ခဲ့ပြီး ပြင်ပဧည့် သည်အဝင်ထွက် များပြားလာခဲ့သည်။ထိုကြော င့် အုပ်ချုပ်ရေး စီမံရေး ဌာနများမှာ မအားလပ် နိုင်အောင်ဖြစ်လာကြပြီး ထိုအစီစဥ်၏တာဝန်ရှိ သူ ဧကရာဇ်ကျိုးယန်ကမူ ဆောက်လက်စအ ဆောက်အုံများကို လှည့်ပတ်ကြည့်ရှုနေလေသ ည်။

မူလသတ်မှတ်ထားသည့် တလကာလကို နော က်ထပ် တလ ထပ်မံတိုးမြင့်လိုက်ပြီး အကြောင် ပြချက်မှာ အဆောက်အုံများ ပြည့်စုံစွာဆောက် လုပ်ရန်ဟူ၍ ဖြစ်သည်။ သို့သော် ကုန်သည်များ ၏အင်အားက ကျိုးယန်ထင်ထားသည်ထက် ပို ကောင်းမွန်ပေသည်။ တလကျော်ကို ရက်အန ည်းငယ်စွန်းချိန်၌ပင် အဆောက်အုံအများစုနီး ပါးပြီးစီးခဲ့ကာ ကုန်စည်ပြပွဲက ရုပ်လုံးပေါ်လာခဲ့ ချေပြီ။

ကျိုးယန်သည် သွားလေရာကို ရှောင်ရှောင်လေ အား ခေါ်ဆောင်ပြီး သူနှင့်အတူ စုယင်နှင့်ဟွာ မုမ့်ယင်တို့လည်း လိုက်ပါလာကြလေသည်။သူ တို့သည် စားသောက်ခန်းမများအား အကုန်စင် လည်ပတ်ကာ စားသောက်၍ လေ့လာကြသည် မတူညီသည့် ဒေသထွက်အစားအစာများဖြစ်၍

အရသာမှာလည်း ကွဲပြားပေသည်။ ထိုကဲ့သို့ စားသောက်ခွင့် ရရန်မှာ မလွယ်ကူပေ။

လက်ဆောင်ပစ္စည်းရောင်းချသည့် ဆိုင်ခန်းများ သို့လည်း လည်ပတ်ပြီး အမျိုးသမီးနှစ်ဦးနှင့် ရှောင်ရှောင်လေးအတွက် ငွေအကုန်ကျခံကာ ဝယ်ယူပေးလေသည်။ များသောအားဖြင့် ထိုကဲ့ သို့ ဆိုင်ခန်းများမှာ စျေးနှုန်းကြီးမြင့်ပြီး အဓိက အချက်မှာ များပြားသည့် အခွန်ခကို ကာမိစေရ န် ရည်ရွယ်သည်။ ရှောင်ဝူသည် စစ်တပ်တခုကို ဝင်ရောက်ခဲ့ပြီး တပ်မှူးချင်လက်အောက်တွင် တပ်စိပ်မှူးအဖြစ် ဝင်ရောက်ထမ်းဆောင်နေ၍ အချိန်အများစုမှာ မအားလပ်တော့ပေ။ ယခုအ ချိန်ကာလတွက် လုံခြုံရေးကပိုအရေးကြီး၍လဲ ပိုပြီး မအားလပ်ဖြစ်နေရသည်။ သို့သော် ကျိုး ယန်က ဟွာမုန့်ယင် တို့သားအမိအား စုယင်နှင့် အတူ ခေါ်ဆောင်ကာ လည်ပတ်ပေးသည်။တခါ တရံတွင် ကျောက်ဝမ်အာ ကိုင်ရီရီတို့ လိုက်ပါ လာလေ့ရှိပြီး သူမတို့၏ ဝယ်ယူမှုများအတွက် ကျိုးယန်ကသာ အကုန်ကျခံခဲ့သည်။

ထို့ကြောင့် ဧကရာဇ်နှင့်စျေးဝယ်ထွက်ခွင့် ရရန် မိသားစုကြီးများ အမတ်ကြီးများက ကြိုးစား လာကြပြီး မိဖုရားမရှိသေးသည့် ဧကရာဇ်သာ သူတို့၏ သမီး မြေးများအား သဘောကျနှစ်သ က်ပါက သူတို့၏ အဆင့်တန်းသည်လည်း မြင့် တက်လာပေတော့မည်။ ကျိုးယန်သည် ထိုအ ရာများကို ဂရုမစိုက်ခဲ့ပေ။ ကြုံကြိုက်သည့် လူ များကို သူနှင့်အတူ ခေါ်ဆောင်ပြီး အဓိကပါဝင် သူများမှာ ဟွာမုန့်ယင်တို့သားအမိနှင့် စုယင်တို့ သာဖြစ်သည်။

ကျိုးယန်တို့သည် တမူထူးခြားစွာဆောက်လုပ် ထားသည့် စားသောက်ခန်းမတခုတွင် နေ့လည် စာ စားသောက်နေကြသည်။

“အစ်ကိုကြီး ပြပွဲက ကျမတို့ထင်တာထက် ပိုစ ည်ကားမယ့်ပုံပဲနော်.

စုယင်၏စကားကို ကျိုးယန်ကပြုံး၍ ပြန်ဖြေလို က်သည်။

“ဒါပေါ့ ဒီလိုနည်းစနစ်မျိုး ဘယ်သူမှမသုံးခဲ့ဖူး ဘူးလေ”

ကျိုးယန်၏ စကားကို ဟွာမုန့်ယင်မှခေါင်းညိတ် ၍ ထောက်ခံသည်။ ရှောင်ရှောင်လေးသည် အ စားအစာများကို ပါးလေးများ ဖောင်းအစ်နေသ ည်အထိ စားသောက်နေကာ သူမ၏အပြုအမူ မှာ အလွန်ပင် ချစ်စဖွယ်ကောင်းနေလေသည်။ ကျိုးယန်သည် သူမလေးကို ပေါင်ပေါ်တင်ထား ပြီး သူမစားလိုသည့် အရာအားလုံးကိုအနည်းင ယ်မျှပင် မပိတ်ပင်ခဲ့ပေ။

လုံခြုံရေး ဆောင်ရွက်နေသည့် လှည့်ကင်းများ သည် ကျိုးယန်ကိုတွေ့လျင် အလေးအနက်နှု တ်ဆက်ကြသည်။ ထိုနောက် စုယင်နှင့် ဟွာမုန့် ယင်တို့ကို ကြည့်ကာ တီးတိုးပြောဆိုကြတော့ သည်။ ဝွာမုန့်ယင်သည် အသက်၃၀ အရွယ်ရှိ သည့် သာမန်အမျိုးသမီးသာ ဖြစ်သော်လည်း ရုပ်ရည်မှာ ရင့်ကျက်သည့် အလှတရားဖြစ်ပြီး စုယင်၏ အလှတရားကမူ ဖူးပွင့်စပန်းတပွင့်၏ ကျက်သရေအဖြာဖြာနှင့် ပြည့်စုံနေလေသည်။ များသောအားဖြင့် ရှောင်ရှောင်လေး၏ မိခင် ဖြစ်သည့် ဟွာမုန့်ယင်အပေါ် ဧကရာဇ်ကျိုးယန် မှခံစားချက်များ ရှိနေ၍ ယခုကဲ့သို့လုပ်နေခြင်း ဟု အများစုမှာ တွက်ဆထားလေသည်။ သို့ပေ မဲ့ ကျိုးယန်၏ စိတ်ရင်းကိုမူ ရှောင်ဝူတို့လင်မ ယားက ကောင်းစွာသိပေသည်။ ထိုအတွက် မ ည်သည့် ဝေဖန်သံများကိုမှ ခေါင်းထဲမထည့်ခဲ့ ကြပေ။ ကျိုးယန်၏ ကူညီမှုသာ မရှိပါက တော နက်ထဲတွင် အချိန်မရွေးဘဝဆုံးနိုင်သည် မဟု တ်လား။

All Chapters