ချီရီရှင်းနှင့် ဆုံတွေ့ခြင်း
Vol. 10 Ch. 138
ကျိုးယန်တို့ နေ့လည်စာ စားသောက်နေစဥ်တွင် စားသောက်ခန်းမထဲသို့ လူများအဆက်မပြတ် ဝင်ရောက်လာကြသည်။ အများစုမှာ ပြင်ပပြည် ထောင်စုများမှ ကုန်သည်များဖြစ်ပြီး အချို့မှာ တော့ ကျင်ံ့ကြံရေးဂိုဏ်းများ တကိုယ်တော် လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ထိုသူတို့ သည် ကုန်စည်ပြပွဲကို အထူးစိတ်ဝင်စားနေကြ ကာ ပြပွဲမှ ရှားပါးသည့် ကျင့်စဥ်များ လက်နက် များ ရောင်းချလိမ့်မည်ဟု မျှော်လင့်နေကြပုံရှိ သည်။ ကျိုးယန်သည် များပြားလာသည့် လူစု လူဝေးကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားသွားရကာ စားသောက်ခန်းမှ ပြန်လည်ထွ က်ခွာသွားတော်သည်။
အပြင်သို့ရောက်လျှင် မုန့်စျေးတန်းများ လည် ပတ်သလို ဟိုဒီသွားလာရင်း ညီညာသည့် တူညီ ဆောက်အုံများကို လေ့လာကြည့်နေသည်။ တ ဖက်တွင် စုယင်နှင့် ဟွာမုန့်ယင်တို့သည် မိန်းမပီ သစွာပင် အထူးအဆန်းမှန်သမျှ ဝယ်ယူရန်အား ထုတ်နေပြီး ဆိုင်ပေါက်စေ့ ဝင်ထွက်နေခဲ့သည်။ ထိုကြောင့်ပင် အမျိုးသမီးများနှင့် စျေးဝယ်မ ထွက်ကြရန် ရှေးဟောင်းစည်းမျဥ်းတခုကို အ လိုလို ထုတ်ပြန်ထားခဲ့ရခြင်း ဖြစ်ပေမည်။ ကျိုး ယန်သည် ၆ ကောင်ဂျင်ကဲ့သို့ လောင်းကစားရုံ များ မိန်းမလှလေးများ အပြင်ဘက်တွင် ထိုင် ၍ လှပစွာလှုပ်ရှားပြနေသည့် ပြည့်တန်ဆာအိမ် များ စသည်တို့ကို ကြည့်၍ ကမ္ဘာမြေ၏ ခံစားမှု များကို ပြန်လည်ရ ရှိလိုက်သည်။
ထိုသို့ တကိုယ်တည်း အတွေးများနေစဥ် အသံ တခုထွက်ပေါ်လာသည်။
“အို ဧကရာဇ်ကျိုးယန်ပဲ ကျမတို့ဆီကို လာရော က်အားပေးတာလား”
ထိုအသံမှ ဧကရာဇ်ဟူသည့် အသုံးအနှုန်းတခု ကြောင့် လူများမှာ စိတ်ဝင်တစားရှိသွားကြပြီး ကျိုးယန်ကို ဝိုင်းအုံကြည့်ရှုလာကြသည်။ မည် သည့်ဧကရာဇ်က သာမန်အဝတ်အစားဖြင့် ပြပွဲ ရှိ အဆောက်အုံများကို လှည့်ပတ်ကြည့်ရှုနေ မည်နည်း။ ခုနက အသံပိုင်ရှင်မှာ ကျိုးယန်၏ မျက်စောင်းထိုးရှိ လောင်းကစားအဆောက်အုံ မှထွက်ပေါ်လာခြင်း ဖြစ်ပြီး ပြောဆိုသူမှာ ချီရီ ရှင်း ဖြစ်သည်။ သူမမှာ ရည်ရွယ်ချက်တခုရှိပြီး ဧကရာဇ်ပင် လာရောက်ရသည့် လောင်းကစား ရုံဆိုသည်မှာ ကြေငြာစရာပင် မလိုတော့ချေ။ ကျိုးယန်က သူမရှိရာဘက်သို့ ကြည့်၍ ပြုံးပြ လိုက်သည်။ ပြီးနောက် ရှောင်ရှောင်လေးကိုချီ မကာ စုယင်တို့နှင့်အတူ အဆောက်အုံထဲသို့ ဝင် ရောက်သွားလိုက်တော့သည်။
အဆောက်အုံမှာ တထပ်သာရှိသော်လည်း မြင့် မားပြီး အထဲတွင် ပြိုင်ပွဲစင်မြင့် ၂ခုတည်ဆော က်ထားသည်။ ကြည့်ရသည်မှာ သိုင်းပြိုင်ပွဲတခု ဖြစ်ဟန်တူပါသည်။
“အထူးအခန်းကို ကြွပါ ဧကရာဇ်”
ချီရီရှင်းမှ ရိုကျိုးစွာဖိတ်ခေါ်လိုက်သည်။ ပြီး နောက် သူမ၏ ဦးဆေင်မှုဖြင့် ကျိုးယန်တို့သ ည် VIP များသာ ရရှိနိုင်သည့် အခန်းတခုထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအခန်းမှာ စင်မြင့် ကို ရှင်းလင်းစွာ မြင်နိုင်ပြီး အခန်းထဲတွင် ကျင့် ကြံသူများကို အကူညီဖြစ်စေမည့် စိတ်စွမ်းအင် အသီးအနှံများ တည်ခင်းထားသေးသည်။ ကျိုး ယန်၏ မှာကြားချက်ကြောင့် ပြပွဲရှိ အဆောက် အုံအများစုမှာ အသံလုံပေသည်။ ထိုအတွက် ပြည့်တန်ဆာလုပ်ငန်းတင်မက လောင်းကစားရုံ ကဲ့သို့ အော်ဟစ်အားပေးရသည့် လုပ်ငန်းများ အတွက် အထူးသင့်လျော်နေပေသည်။ ကျိုး ယန်က ခေါင်းညိတ်ပြကာ ထိုင်လိုက်သည်။ စု ယင်သည် ကျိုးယန်၏ ညာဘက်တွင်ထိုင်ပြီး ဟွာမုန့်ယင်ကတော့ ကျိုးယန်၏ဘယ်ဘက် ခြမ်းတွင် ထိုင်လိုက်သည်။
ချီရီရှင်းက သူမ၏ အလုပ်သမားများကို စား သောက်ဖွယ်ရာများ ယူဆောင်စေကာ စုန့်ဒေသ ထွက် အထူးလက်ဖက်ရည် တမျိုးကိုလည်း တ ည်ခင်းစေသည်။ ပြီးနောက် သိုင်းစင်မြင့်နှင့် ပ က်သက်သည့် အရာများအား ရှင်းပြလေသည်။
“ကျမက အလောင်းကစားရုံတခု ငှားရမ်းခဲ့တ ယ်ဆိုပေမယ့် ၆ ကောင်ဂျင်လိုမျိုးအရာကို စိတ် မဝင်စားဘူးလေ ဒါကြောင့် ကျင့်ကြံသူတွေအ ဆင်ပြေအောင် ဆုကြေးတခုထုတ်ပေးပြီး ပြိုင် ပွဲစင်မြင့်ပါတဲ့ ဒီဆောက်အုံကို ယူထားလိုက်တာ ကျမလုပ်ငန်းနဲ့ ပက်သက်ပြီး ဧကရာဇ်ဘယ်လို မြင်ပါသလဲ ရှင့်”
ကျိုးယန်က သူမ၏စကားကို အလေးအနက် နားထောင်ပြီးနောက် ဦးခေါင်းညိတ်ပြကာ
“အရမ်းကောင်းပါတယ် ဒါက ပြိုင်ပွဲတခုပဲဆို တော့ အသက်အန္တရာယ်လည်း စိုးရိမ်စရာမလို တော့ဘူးပေါ့ ဒါနဲ့ ကျုပ်ကို ဧကရာဇ်လို့ ခေါ်တာ ထက် အပြင်မှာဆို ကျိုးယန်လို့ပဲ ခေါ်လို့ရပါ တယ်”
ကျိုးယန်၏စကားကို ချီရီရှင်းမှ ချက်ချင်းပင် တုန့်ပြန်လာသည်။
“မဟုတ်တာပဲ ဧကရာဇ်တပါးကို ဘယ်လိုလုပ် အဆင့်တူ ဆက်ဆံလို့ရပါ့မလဲ”
ကျိုးယန်က သူမ၏စကားကို ပြုံး၍သာနား ထောင်နေပြီး တုန့်ပြန်စကားမဆိုလိုက်ပေ။ တ ဖက်တွင် အလုပ်သမားများက စားသောက်ဖွယ် ရာနှင့် လက်ဖက်ရည်များ လာရောက်ပို့ဆောင် ပေးသောကြောင့် စကားစပြတ်သွားရသည်။ လူအုပ်ကြီးသည် ဧကရာဇ်ကိုယ်တိုင် ရောက်ရှိ နေသည် ဆိုသည့်သတင်းကြောင့် အဆောက်အုံ ထဲ ဝင်ရောက်လာကြကာ အထဲရှိ ပြိုင်ပွဲ၏ဆွဲ ဆောင်မှုကြောင့် ကျယ်လောင်သည့် အားပေး သံများ ထွက်ပေါ်လာလေသည်။
“အခု အနိုင်ရရှိသူကတော့ တိုက်ပွဲဘုရင်မာလုံ ဖြစ်ပါတယ်”
ဒိုင်လူကြီး၏ ကြေငြာသံအဆုံးတွင် လက်ခုပ်သံ များ ထွက်ပေါ်လာပြီး လူအုပ်ကြီးသည် နောက် ထပ် ပြိုင်ပွဲတခုကို လျင်မြန်စွာ ပြုလုပ်ရန်အော် ဟစ်တောင်းဆို လာကြတော့သည်။ အထဲတွင် စင်မြင့် ၂ခု ရှိသော်လည်း ၂ခုကိုပေါင်း၍ ပိုပြီး ကျယ်ပြန့်သည့် စင်မြင်အသွင်ပြောင်းထားခြင်း ကြောင့် ပြိုင်ပွဲဝင်များသည် လွတ်လပ်စွာတိုက် ခိုက်လာနိုင်ကြသည်။
“အင်း ဆောက်လုပ်ရေးလုပ်တုန်းက စင်မြင့်ရဲ့ အကျယ်ကို မစဥ်းစားမိလိုက်ဘူး”
ကျိုးယန်က တီးတိုးရေရွတ်လိုက်သည်။ ထို ပြိုင်ပွဲစင်မြင့်ပါသည့် အဆောက်အုံများ ပုံ ကြမ်း ဆွဲချိန်တွင် စင်မြင့်၏အကျယ်ကို လက် ဝှေ့စင်တခုသာသာ ထည့်သွင်းခဲ့သည်မှာ အ ဆင်မပြေ ဖြစ်သွားခဲ့ပုံရသည်။ ကျင့်ကြံသူမျာ ၏တိုက်ခိုက်မှုသည် ကမ္ဘာမြေရှိ တိုက်ခိုက်ရေး သမားများထက် နေရာပိုယူသည် မဟုတ်လား။ ကျိုးယန်၏ တီးတိုးစကားကို ကြားလျင် စုယင် က
“နေရာကျဥ်းသွားတာလေး တခုပဲ အစ်ကိုကြီး က ဒီ ပြပွဲတခုလုံးရဲ့ ပုံကြမ်းကို ကျူးရုံနဲ့အတူ အချိန်တိုအတွင်း ဆွဲရတာဆိုတော့ လိုအပ်ချက် အချို့က ရှိမှာပဲလေ နောက်ပြီး အစ်ကိုကြီးက သိုင်းပြိုင်ပွဲကို မကြည့်ဖူးဘူး မဟုတ်လား”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ လက် ဖက်ရည်ကို တငုံသောက်ကာ ချီရီရှင်းဘက် လှ ည့်မေးလိုက်သည်။
“ချီမိန်းခလေး ပြိုင်ပွဲမှာလောင်းကြေးရှိလား”
“ရှိတာပေါ့ လောင်းကြေးဆတွေကို ကျမတို့က ဖွင့်ပေးထားတာ အခု မာလုံဆိုရင် ပွဲဆက်နိုင်နေ တာ အတော်များနေပြီ သူ့ရဲ့ ကြေးက 1:1 ပဲရှိ တော့တယ် သူနဲ့ တိုက်ခိုက်မယ့်သူကတော့ ဘယ်သူဖြစ်ဖြစ် အနည်းဆုံး 1:15ပဲ”
“မနည်းဘူးပဲ မာလုံကို အနိုင်ယူမယ့်သူမရှိကြ ဘူးလား သေချာပေါက် ၁၅ဆ က နည်းမှာမဟု တ်ဘူး”
ကျိုးယန်၏စကားကို ချီရီရှင်းမှပြုံး၍
“အဲ့လောက် ဘယ်လွယ်ပါ့မလဲ မာလုံက ဟုန်ဝူ ကျင်းရဲ့သက်တော်စောင့်တွေထဲက တဦးပဲ သူ့ မှာ တိုက်ပွဲအတွေ့အကြုံ အများကြီးရှိပြီး ခန္ဓာ ကိုယ် ကျင့်စဥ်ကိုလည်း လိုက်စားသေးတယ် သူ့ရဲ့ ကျင့်ကြံမှုက နိမ့်ပေမယ့် အဆငွကျော် တိုက်ခိုက်နိုင်စွမ်းက အထင်ကြီးစရာကောင်းပါ တယ်”
“ဒါဆို မာလုံက မင်းတို့လူပေါ့”
“ဟုတ်တယ်”
ကျိုးယန် သဘောပေါက်သွားရသည်။ လောင်း ကစားရုံ၏ အဓိက ကစားသမားတဦးက ဆက် တိုက်နိုင်ပွဲ ရယူနေကာ ဧည့်သည်များ၏ ငွေကို ကဲ့ယူနေခြင်းဖြစ်သည်။ အဆောက်အုံထဲတွင် Vip ခန်း ငါးခန်းရှိပြီး သာမန်အခန်း ၂၀ နှင့် အဆင့်မြင့်အခန်း ၁၀ ခန်းတို့ရဲ့ဝင်ငွေကလည်း မနည်းမနောပင်။ ထိုအရာက လုံးဝအမိုက်စား ငွေရှာနည်းဖြစ်ပြီး ကမ္ဘာမြေကဲ့သို့ ကြေငြာများ စပွန်ဆာ ကိစ္စများ ထည့်သွင်းပါက ပို၍ကောင်း မွန်လာပေတော့မည်။ ကျိုးယန်က ချီရီရှင်းကို အသာလှမ်းကြည့်၍
“ချီမိန်းခလေးရဲ့ ကုန်သည်အမည်ကဘာလဲ”
ချီရီရှင်းမှ ပြန်လည်ဖြေကြားသည်။
“ရိုးရှင်းပါတယ် ချီမိသားစု ကုန်သည်အသင်း လို့ပဲ ကျမက သတ်မှတ်ထားတယ် ဘာလို့လဲ”
ကျိုးယန်က အလေးအနက်ဟန်ဖြင့် သေချာ ပြောပြလာသည်။
“ချီမိန်းခလေး စပွန်ဆာဆိုတဲ့စကားစုကို ကြား ဖူးလား”
ချီရီရှင်းက အတန်ငယ်စဥ်းစားဟန်ပြု၍
“အထောက်အပံ့ ပေးတာကို ဆိုလိုတာလား”
သူမ၏စကားကို ကျိုးယန်က ကျေနပ်သွားဟန် ဖြင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ
“နီးစပ်တယ် ဒါပေမယ့် သဘောတရားကအဲ့ထ က်အများကြီး လေးနက်ပါတယ် စိတ်ဝင်စားရင် ကျုပ် နည်းနည်းပြောပြပေးမယ်”
ချီရီရှင်း၏ မျက်လုံးများ အရောင်တောက်သွား လေသည်။ ဧကရာဇ်ကျိုးယန်သည် မတူထူးခြာ သည့် နည်းလမ်းများဖြင့် စီးပွားရေးလုပ်နိုင်သူ ဟု သူမက သတ်မှတ်ထားသည့်အတွက် သူ၏ နည်းလမ်းများကလည်း သေချာပေါက် ဆန်းသ စ်နေပေမည်။ ထိုကဲ့သို့ နည်းလမ်းများသာ ရရှိ ပါက ရှေးရိုးစွဲ ကုန်သွယ်နည်းများကို စွန့်လွတ် စေကာ နည်းသစ်များဖြင့် ကုန်သည်လောကကို မကြာမီပင် လွှမ်းမိုးနိုင်ပေမည်။