← Chapters

ကြော်ငြာကဏ္ဍများရှင်းပြခြင်း

Vol. 10 Ch. 139

ကြော်ငြာကဏ္ဍများရှင်းပြခြင်း

Vol. 10 Ch. 139

ကျိုးယန်သည် ချီရီရှင်းတယောက် စိတ်ဝင်စား သည့်ဟန်ပန် ပြလာသည်ကိုတွေ့လျင် ပို၍အား တက်သွားကာ ကမ္ဘာမြေရှိ လုပ်ငန်းရှင်များအ သုံးပြုသည့် မားကတ်တင်းနည်းပညာ အချို့ကို မျှဝေရန် ဆုံးဖြတ်လိုက်သည်။ကျိုးယန်က

“အရင်ဆုံး စပွန်ဆာဆိုတာကို မပြောခင် ကြော် ငြာဆိုတဲ့ အသုံးနှုန်းကနေ စရလိမ့်မယ် ကြော် ငြာရဲ့သဘောတရား မိမိရဲ့ ကုန်ပစ္စည်းကို စျေး ကွက်ထဲက သုံးစွဲသူဆီကို ပို့ဆောင်ပေးတဲ့ကြား ခံတံတားတခုပဲ ပိုပြီး လူသိများအောင် လူသတိ ထားမိအောင် ကြေငြာတဲ့သဘောပေါ့”

ကျိုးယန်၏စကားများကို ချီရီရှင်းသာမက စုယင်တို့ကပါ အလေးအနက်နားထောင်နေလေ သည်။ ထို့အတူ ကျိုးယန်တို့ကို ဝန်ဆောင်မှုပေး ရန်အတွက် ထားရှိသည့် အလုပ်သမားများက လည်း ဧကရာဇ်တပါး၏ စီးပွားရေးအမြင်များ ကို နားထောင်ရမည်ဖြစ်၍ စိတ်ဝင်တစားရှိနေ ကြသည်။ ကျိုးယန်က လက်ဖက်ရည်ခွက်ကို အသာမယူလိုက်ကာ မြင်သာအောင်ပြလိုက်သ ည်။

“ဒီလက်ဖက်ရည်ဆိုပါတော့ အရင်ဆုံး ဒီလက် ဖက်ရည်ရဲ့ အရသာ သူ့ရဲ့ကောင်းကျိုး စျေးနှုန် စတာတွေကို အများသိနိုင်အောင် ပြောပြတာက ပခမအဆင့် ကြေငြာပဲ နောက်တဆင့်က စပွန် ဆာဆိုတဲ့ စကားစုကို ချိတ်ဆတ်ပြမယ် ကြော် ငြာဆိုတဲ့နေရာမှာ ကုန်ကျစရိတ်ကို လျှော့ချတဲ့ လူအင်အားအသုံးပြုပြီး စာရွက်တွေဝေတာ မူ လကုန်ပစ္စည်းတွေနဲ့ တွဲပြီး ရောင်းချတာမျိုး စ သည့် အချက်တွေရှိတယ် နောက်တနည်းက ကု န်ကျစရိတ်မကြည့်ပဲ ကြော်ငြာတာ အဲ့ဒီအချက် မှာ စပွန်ဆာပါလာပြီ ဆိုပါတော့ အခုပြိုင်ပွဲဝင် နေတဲ့ မာလုံကို ဒီလက်ဖက်ရည်ထုတ်လုပ်တဲ့သူ က စာချုပ်တခုချုပ်လိုက်မယ် မာလုံရဲ့ ကုသစ ရိတ် နေထိုင် စားသောက်ရေးကို လက်ဖက်ရည် လုပ်ငန်းဘက်က အကုန်တာဝန်ယူပြီး မာလုံက လူသိများတဲ့ ပြိုင်ပွဲဝင်ဖြစ်တဲ့အတွက် သူနဲ့ပက် သက်တဲ့ပစ္စည်းတွေမှာ လက်ဖက်ရည်ရဲ့ပုံရိပ်ကို ထည့်သွင်းအသုံးပြုပြီး လူသတိထားအောင် စ တင်ပြုလုပ်တာပဲ”

ကျိုးယန်က အာခြောက်သွားဟန်ဖြင့် လက်ဖက် ရည်တငုံသောက်လိုက်သည်။ ချီရီရှင်းသည် စပွ န်ဆာဆိုသည့် စကားစုနောက်၌ အရာအများစု တည်ရှိနေသည်ကို တွေးမိသွားလေသည်။ထိုအ ရာများက ကုန်ပစ္စည်းအသစ်များကို မိတ်ဆက် ရာတွင်သာမက အခြားအရာများကိုလည်း သုံး စွဲနိုင်သည် မဟုတ်လား။

“ဒါဆို ကျမတို့ ချီမိသားစုအမည်အောက်ကနေ မာလုံကို စပွန်ဆာပေးမယ်ဆိုရင် သူက ကျမတို့ ရဲ့ ကုန်ပစ္စည်းတွေကို သုံးစွဲပြီး အလိုအလျောပ် လူသိများလာစေမယ်ပေါ့”

ချီရီရှင်း၏ စကားကို ကျိုးယန်က

“ဟုတ်တယ် ဒါပေမယ့် မာလုံကဘယ်လောက် လူသိများတယ် သူကဘယ်လိုလူတန်းစားတွေ ကြားမှာ ထင်ရှားလဲ ဆိုတဲ့အချက်ကိုထည့်သွင်း စဥ်းစားရလိမ့်မယ် ဥပမာ ဒီလက်ဖက်ရည်ကို သောက်သုံးနိုင်တဲ့သူက လူလတ်တန်းစားနဲ့ လူ ချမ်းသာ တွေပဲရှိတော့ မာလုံကသာ သာမန်လူ တန်းစားတွေကြား ကျော်ကြားတာဆိုရင် အသုံး မဝင်တော့ဘူး ဘာလို့လဲဆိုတော့ သာမန်လူတန် စားက လက်ဖက်ရည်ကို ဝယ်မသောက်နိုင်ကြ ဘူးလေ အခုသူက ကျင့်ကြံရေးသမားဖြစ်ပြီး တိုက်ခိုက်ရေးသမားဖြစ်တဲ့အတွက် ချီမိန်းခ လေးရဲ့ လက်နက်ထုတ်ကုန်တွေကို ကြေငြာရာ မှာ အသုံးဝင်ပြီး စားသောက်ကုန်နဲ့ အမျိုးသမီး ထုတ်ကုန် တွေအတွက်တော့ သူ့ကိုသုံးလို့မရတဲ့ သဘောပေါ့”

ကျိုးယန်၏ ရှင်းပြချက်များကို နားထောင်နေ ကြသည့်သူများ သဘောပေါက်သွားကြသည်။ ကုန်ပစ္စည်းတခု ရောင်းချရာတွင် စျေးကွက်၏ အရေးပါမှုကိုလည်း ချီရီရှင်းတယောက် နားလ ည်သွားခဲ့သည်။ကျိုးယန်က ဆက်၍ပြောပြန်သ ည်။

“အခုနမူနာအနေနဲ့ ချီမိန်းခလေးတို့ဆီကထုတ် တဲ့ ဓားတလက်ကိုသုံးပြီး တိုက်ခိုင်း ပြီးရင် ဓား ကို ဘယ်နေရာမှာ ရနိုင်တယ်ဆိုတာကို ကြေငြာ ပေးလိုက်ရင် ဝယ်လိုအားတက်လာလိမ့်မယ် ဒါ ပေမယ့် ဓားကလည်း တကယ်အရည်သွေးစစ် မှန်နေဖို့တော့ လိုတာပေါ့”

ချိရီရှင်းမှာ မျက်လုံးများ တဖျတ်ဖျတ်တောက် ပနေပြီး ကျိုးယန်၏ ပြောပြမှုများမှ မတူညီတဲ့ နည်းလမ်းများကိုပါ ဆက်စပ်တွေးတောမိလိုက် သည်။ထို့နောက် ကျိုးယန်ကို လေးစားသည့်ဟ န်ပန်အပြည့်ဖြင့် ကြည့်၍

“ ကျေးဇူးတင်ပါတယ် ဧကရာဇ်ကျိုးယန် ရှင်က တကယ့်ကို အရည်အချင်းရှိတဲ့ ဧကရာဇ်တပါး ပဲ ကျင့်ကြံမှုမှာလည်း အထွဋ်အထိပ်ရှိနေပြီး စီး ပွားရေး နိုင်ငံရေး အစစအရာရာ ပြည့်စုံနေမှ တော့ ကျိုးပြည်ထောင်စုကြီး သာယာကြွယ်ဝဖို့ က အချိန်မကြာတော့ပါဘူး”

“ချီးကျူးလွန်းနေပါပြီ ချီမိန်းခလေး”

အမှန်တကယ်ပင် ကျိုးယန်က ကမ္ဘာမြေရှိနည်း လမ်းအချို့ကို ပြောပြလိုက်ခြင်းဖြစ်သည်။ တ ဖက်တွင် သူသည် ဆက်သွယ်ရေးနည်းပညာကို အချိန်တချို့ပေးကာ လေ့လာနေပြီး လမ်းမကြီး များ အတွက် တင်ဒါပြီးဆုံးပြီး တည်ဆောက်ပြီ စီးပါက လမ်းဘေးဝဲယာတွင် ကြေငြာဘုဒ်များ ဆောက်လုပ်ခြင်း ဆက်သွယ်ရေး အစီရင်များ အသုံးပြု၍ ကြော်ငြာပြုလုပ်ခြင်း စသည့် အထူ အဆန်းနည်းလမ်းများကို သုံးစွဲမည်ဟု စိတ်ကူး ရှိထားလေသည်။ ယခုကဲ့သို့ ချီရီရှင်းကို ပြောပြ လိုက်ခြင်းအားဖြင့် ကမ္ဘာမြေရှိနည်းလမ်းများ ပို၍ ပြန့်နှံ့လာကာ ကျင့်ကြံရေးလောက၏ သွင် ပြင်ကို ပြောင်းလဲစေနိုင်တော့မည်။

ကျိုးယန်တို့သည် မာလုံ၏နောက်ထပ် တိုက်ပွဲ တခုကို ကြည့်ရှုပြီးနောက် ပြန်လည်ထွက်ခွာခဲ့ ကြသည်။ ချီရီရှင်းကမူ ကျိုးယန်ဆီမှ နည်းလ မ်းများကို အထပ်ထပ်ဆင်ခြင်နေကာ ကုန်သည် အစုအဖွဲ့တခု၏ ပုံရိပ်နှင့် အမည်၏ အရေးကြီး ပုံမှာ သူမထင်ထားသည်ထက် နောင်တွင်ပိုအ ရေးပါပုံရှိလာသည်။ ဧကရာဇ်ကျိုးယန် အနေဖြ င့် ထိုနည်းလမ်းများကို မသုံးဟု မဆိုနိုင်ပေ။ထို ကြောင့် သူမသည်လည်း ထိုနည်းလမ်းများနှင့် အကျွမ်းတဝင်ရှိထားပါက စုန့်ပြည်ထောင်စုသို့ ပြန်ရောက်ချိန်တွင် မတူညီသည့် နည်းများကို သုံးစွဲနိုင်ပေတော့မည်။

ကျိုးယန်သည် အိမ်တော်သို့ ပြန်ရောက်သည် နှင့် နောင်ရက်အနည်းငယ်ကြာတွင် ပြုလုပ်မည့် ကုန်စည်ပြပွဲအတွက် မည်သည့် လက်နက်နည်း ပညာကို ခင်းကျင်းပြသရန်ကောင်းမည်နည်းဟု တွေးနေလေသည်။ အဖိုးဝူသာ သိပါက ထိုလ က်နက်နည်းပညာများကို ရောင်းချသည့်အတွ က် ကျိုးယန်ကို အပြစ်ဆိုပေတော့မည်။ ကျိုး ယန်ကမူ နည်းပညာကို အမြဲဖုံးကွယ်မထားနိုင် ဟုယုံကြည်ကာ သူတဦးတည်းဖြင့်လည်း ထုတ် လုပ်ရန်မဖြစ်နိုင်ပေ။ သို့သော် သာမန်နည်းပ ညာမျိုးကိုသာ ရောင်းချမည်ဖြစ်သည်။

နောက်တနေ့တွင် ချီရီရှင်းက စပွန်ဆာသဘော တရားကို စတင် အကောင်အထည်ဖော်တော့သ ည်။ သူမသည် မာလုံနှင့် တိုက်ရိုက်ဆွေးနွေး၍ မာလုံကို အပြည့်အဝထောက်ပံ့ကာ သူမတို့၏ ထုတ်ကုန်များကို သုံးစွဲ၍ ကြော်ငြာစေသည်။ မာလုံသည် ဟုန်ဝူကျင်း၏ သက်တော်စောင့်ထဲ မှတဦးဖြစ်၍ ချီရီရှင်းသည် အရင်ဦးစွာ ဟုန်ဝူ ကျင်းနှင့် အချိန်တခုကြာအောင် စကားပြောဆို ခဲ့ရပြီး ခက်ခဲမည်ဟု ထင်သော်လည်း ဟုန်ဝူကျ င်းက အလွယ်တကူပင် သဘောတူခဲ့သည်။ ပြ ပွဲကျင်းပရာနေရာတွင် ပြိုင်ပွဲပြုလုပ်ပေးသည့် အဆောက်အုံများစွာရှိပြီး ထိုအဆောက်အုံများ ၏ပြိုင်ပွဲစီတိုင်းကို ဝင်ရောက်ယှဥ်ပြိုင်ရန် မာ လုံအပါအဝင် လူဆယ်ဦးရွေးချယ်ကာ ချီမိသာ စု၏ ခေါင်းစဥ်အောက်မှ ဝင်ရောက်ယှဥ်ပြိုင် စေသည်။ ထိုသူများကိုလည်း ချီရီရှင်းက လို အပ်သည့် လက်နက်များအပြည့်အဝ ထောက်ပံ့ ပေးခဲ့ပြီး နိုင်ပွဲအတွက် ဆုကြေးများ ချီမိသားစု ထုတ်ကုန်ကို သုံးစွဲသည်အတွက် ငွေကြေးတခု သတ်မှတ်၍ ပေးဆောင်ခြင်းများ ပြုလုပ်ပြီး ဒ ဏ်ရာရပါက ကုသရန်အတွက်ပါ တာဝန်ယူခဲ့ လေသည်။

ထိုကဲ့သို့ အရာများနှင့် မရင်းနီးကြသည့် ပြိုင်ပွဲ ဝင်များသည် ချီရီရှင်းကို ကျေးဇူးတင်နေကြပြီ သူမဘက်မှ ထောက်ပံ့သည့် လက်နက်များ၏ ဂုဏ်သတ္တိကို ပြိုင်ပွဲအောင်နိုင်ချိန်တိုင်း အားတ က်သရော ကြေငြာပေးလေသည်။ ထို့အပြင် ချီ ရီရှင်းသည် စားသောက်ကုန်များအတွက် လက် ကမ်းစာစောင် အချို့ထုတ်လုပ်ပြီး လူစည်ကား ရာအရပ်များတွင် အလုပ်သမားများကို အခမဲ့ ဝေငှစေကာ စျေးသက်သာသည့် အဝတ်အထ ည်များ အစားအသောက်များကိုမူ နမူနာကျွေး ခြင်းများပါ ထည့်သွင်းလာလေသည်။ ထို့ကြော င့် ချီရီရှင်း၏ ဆိုင်ခန်းများတွင် အမြဲလူစည် ကားနေပြီး ရက်အနည်းငယ်ကြာချိန်တွင် ချီမိ သားစု ကုန်ပစ္စည်းများကို လူအများစုသိရှိခဲ့ လေသည်။

စုန့်ပြည်ထောင်စု၏ လက်နက်အဆင့်တန်းမှာ နဂိုကပင် မြင့်မားသည် ဖြစ်၍ ယခုလို ပြိုင်ပွဲ ဝင်များမှ ကြေငြာပေးချိန်တွင် ရောင်းအားမှာ တရှိန်ထိုး တိုးတက်သွားလေတော့သည်။ ကျိုး ယန်သည် ချီရီရှင်း၏ လုပ်ဆောင်မှုများကို သ တိထားမိသွားချိန်တွင် ပြုံးမိသွားလေသည်။ သူ မသည် တကယ်ပင် ဉာဏ်ရည်ထက်မြတ် သူတ ဦးဖြစ်ပြီး ကုန်သည်တဦး၏ ပါရမီအပြည့်အဝ ပါရှိသူလေး ဖြစ်သည်။ နည်းလမ်းအနည်းငယ် ပြောပြရုံဖြင့် မတူညီသည့် နယ်ပယ်များတွင်ပါ သုံးစွဲနိုင်သည်က အထင်ကြီးစရာပင်။ ကျိုးယန် အနေဖြင့် တီဗီကြော်ငြာ ကဲ့သို့ နည်းပညာအသ စ်တခုကိုသာ ချပြနိုင်ပါက လူအုပ်ထဲ ဗုံးကွဲသ လို ဖြစ်သွားမည်လား မပြောတတ်တော့ပေ။ သို့သော် ထိုအရာက အနည်းငယ် ဝေးကွာနေ ပေသေးသည်။

All Chapters