အစီအရင်
Vol. 10 Ch. 141
ကျိုးယန်သည် စနစ်၏ အစီအရင်ကျမ်းကိုလေ့ လာနေလေသည်။ ထိုအစီအရင်များ ထဲတွင် ကာကွယ်ရေး တိုက်ခိုက်ရေးသာမက ပုံရိပ်များ ဖမ်းယူနိုင်သည့် နည်းစနစ်များ ပါလိုပါငြားသိ လိုခြင်းဖြစ်သည်။ စုယင်သည် ကျိုးယန်နှင့် ပြ ပွဲရှိရာသို့ မလိုက်ပါလာခဲ့ပေ။ ကျိုးယန်တယော က် အိမ်တော်သို့ ပြန်ရောက်လာလျှင် သူမသည် လည်းကျိုးယန်ဆီ ရောက်ရှိလာသည်။
“အလုပ်များနေတာလား အစ်ကိုကြီး”
စုယင်၏ဆက်ဆံပုံမှာ အရင်တိုင်းရှိနေပြီး ဧက ရာဇ်ဖြစ်သွားချိန်တွင်ပင် မပြောင်းလဲခဲ့ပေ။ ထို အတွက် ကျိုးယန်က ပို၍ပင် သက်တေင့်သက် သာဖြစ်ရသေးသည်။
“အလုပ်ကိစ္စ နည်းနည်းပါ သိပ်တော့အရေး မကြီးပါဘူး ဒါနဲ့ လေလံတင်ဒါက သတင်းတွေ အဖိုးဝူဆီက ရရင် ပို့ပေးပါဦး”
“ဟုတ်ကဲ့”
စုယင်သည် ကျိုးယန်ကိုင်ထားသည့် စာအုပ်ကို အကြည့်ရောက်သွားသည်။ အစီအရင်လား ။
အစ်ကိုကြီးက အစီအရင်ကို လေ့လာချင်နေတာ လား။ ဘာအတွက်များလဲ။ ကျိုးယန်က စုယင် ကို တချက်ကြည့်၍
“အစ်မတော်နဲ့ အစ်ကိုတော်တို့ နန်းတွင်းထဲမှာရှိ ကြသေးလား”
ကျိုးယန်၏အမေးကို စုယင်မှ ခေါင်းခါ၍
“မရှိတော့ဘူးလေ သူတို့တွေအကုန် တင်ဒါပွဲကို သွားကြလောက်တယ် ဘာလို့မေးတာလဲ အကူ ညီတခုခုလိုလို့လား”
“အင်း အစီအရင်နဲ့ပက်သက်တဲ့ ပညာရှင်နည်း နည်းလောက် လိုအပ်လို့”
စုယင်က ခနအကြာစဥ်းစား၍
“အဖိုးဝူဆီ သတင်းပို့ပေးမယ်လေ အဖိုးဝူနဲ့သူ တို့ အတူရှိနေလောက်တယ်”
“နေပါစေတော့ စုယင် ပြပွဲ ပြီးတဲ့ထိစောင့်လိုက် မယ် ဒါနဲ့ ရှောင်ရှောင်လေး ဘာလုပ်နေလဲ”
ကျိုးယန်၏ အမေးကိုစုယင်က မျက်နှာလေးရှုံ့ မဲ့ကာ ပြန်ဖြေသည်။
“အမလေး အမွှေစိန်လေး ဆော့လို့ဝတော့ အိပ် သွားပြီလေ”
ကျိုးယန်က ထိုအမူအရာကို ကြည့်၍ သဘော ကျစွာ ရယ်မောလိုက်သည်။ ရှောင်ရှောင်လေး သည် မည်သည့်အတွက် ကြောင့်မှန်းမသိ စုယ င်ကို အချီမခံခဲ့သော်လည်း နောက်ပိုင်းတွင် အ နည်းငယ် လက်ခံစ ပြုလာသည်။ ထိုနောက်မှစ ၍ အထိန်းတော်များထဲ၌ စုယင်ပါ ပါဝင်လာရ တော့သည်။
လေလံတင်ဒါပွဲက ဆက်လက်ကျင်းပနေသည် လမ်းတံတားစီမံကိန်းကို လီပြည်ထောင်စုမှ လီ ရှို့ချင်ရ ရှိပြီးနောက် အိမ်ရာစီမံကိန်းကို ပြည် တွင်းကုန်သည်များ စုစည်း၍ အပြိုင်စျေးပေး ကာ ရရှိသွားခဲ့သည်။ နောက်ဆုံးဖြစ်သည့် ပ ညာရေးစီမံကိန်းအတွက်မူ လေလံကြေးမှာ ၇ဘီ လျံထိ တက်သွားခဲ့ ပြီး ကျိုးယန် တွက်ဆထား ခဲ့သည့်အတိုင်း ချီရီရှင်းနှင့် ဟုန်ဝူကျင်းတို့က ရရှိသွားကြသည်။ တင်ဒါပွဲ ပြီးဆုံးချိန်တွင် ည နေစောင်းပင် ရှိလုပြီး အခြားကုန်စည်များ ပြသ ရာနေရာများတွင် ကျိုးယင်ချင်း ကျိုးလီ ကျိုး ယွမ် ကျိုးစုလင်းတို့ အတူတကွ လည်ပတ်ကြ ည့်ရှုနေကြသည်။ ယခင်က အဖေတူ အမေကွဲ မောင်နှမ များဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ စု စည်းပြီး ရှိမနေခဲ့ကြပေ။ အများအားဖြင့် ကျိုး ယင်ချင်းသည် ရည်မှန်းချက်ကြီးသောကြောင့် ကျိုးလီတို့နှင့် ကွဲထွက်ကာ မိန်းခလေးချင်းဖြစ် သည့် ကျိုးစုလင်းနဲ့ပင် မနီးကပ်ခဲ့ပေ။
အဖိုးဝူသည် တင်ဒါပွဲမှ အချက်အလက်များကို စုစည်းကာ အိမ်တော်ဆီ ပြန်ပို့စေသည်။ အော င်မြင်သွားသည့် ကုန်သည်များမှာ တင်ဒါအတိုင် တနှစ်အတွင်း လုပ်ငန်းစရမည်ဖြစ်ပြီး အစိုးရမှ လုံခြုံရေးကို တာဝန်ယူရပေမည်။ မြို့တော်အ သစ်၏ ထူးခြားသည့် ပုံပန်းသွင်ပြင်ကို အမီပြု ကာ နောက်ထပ်အိမ်ရာစီမံကိန်းများ ထပ်မံပေါ် ပေါက်လာရန် ကျိုးယန်က မျှော်လင့်နေသည်။
ညအချိန်တွင် နန်းတော်ကြီးတခုလုံး နေ့အလား လင်းထိန်နေပြီး အစောင့်များကနေ တင်းကြပ် စွာရှိနေကြသည်။ ကျိုးယန်ဆီမှ လက်နက်နည်း ပညာ အကူညီရထားသည့် ဝိဉာဥ်မျိုးနွယ်သည် ကျိုးယင်ချင်း၏ ငြင်းပယ်မှုကြောင့် လက်ထပ် မှုကို ရုတ်သိမ်းကာ ဧကရာဇ်ကျိုးယန်၏ လက် အောက်သို့ ယတိပြတ်ခိုဝင်လာခဲ့သည်။ ထိုအ ခြေနေက ကျိုးယန်မမျှော်လင့် ထားခဲ့သော်လဲ ဝိဉာဥ်မျိုးနွယ်တွင် ပန်းပဲ ပညာရှင်အများပြားရှိ သောကြောင့် လက်နက်နည်းပညာကို အခြားသူ များထက် ပို၍ ကိုင်တွယ်နိုင်မည်ဟု သူထင်သ ည်။
“အင်း ငါထင်တဲ့ အတိုင်းပဲ ချီမိန်းခလေးက ပ ညာရေးစီမံကိန်းကို အရယူသွားတာပဲ ဘာပဲ ပြောပြော ငါ့စိတ်ကူးတွေကို သူမက သေချာ ပေါက် အကောင်အထည်ဖော်ပေးမှာ ဆိုတော့ သူမကို အတတ်နိုင်ဆုံး ကူညီရမယ်”
ကျိုးယန်သည် တင်ဒါအချက်အလက်များကို ကြည့်ရင်းတွေးနေလေသည်။ မူလအားဖြင့် ပြ ည်ထောင်စုရှိ ကုန်သည်များမှာ လေလံကိုအနိုင် ယူရန် မဖြစ်နိုင်သော်လည်း အချင်းချင်း နားလ ည်မှုရှိစွာ ပူးပေါင်း၍ စီမံကိန်းတခုကို အရယူ သွားခဲ့သည်။ ကျိုးယန်သည် မဝူရာမြို့ရှိ မိသား စုနှစ်စုကိုတောင် သတိရသွားမိသည်။ မုရုံရှီမှာ မြို့တော်အသစ်၌ ကိုင်ရီရီကို ကူညီနေပြီး ကျောက်ဝမ်အာမှာ ဆေးပညာအတွက် သူ့ဆီပ င် ရောက်မလာခဲ့ပေ။ သူမက ဒုတိယအဆင့်၏ အလယ်အလတ်ကို ကျော်ဖြတ်နိုင်ပြီလား သူသိ ချင်နေသည်။ သူမကဲ့သို့ ပါရမီပါသူကို သင်ပေး နိုင်သည်က ကျေနပ်စရာကောင်းပါသည်။ သူ့ အတွက်ကမူ စနစ်ကိုသာ ကျေးဇူးတင်ရပေမည် စနစ်သာ မရှိလျှင် သူသည် သာမန်လူတဦးသာ ဖြစ်ပေလိမ့်မည်။ ဧကရာဇ်အဖြစ်လား ဝေးပါ သေးသည်။
ထိုသို့ဖြင့် ကုန်စည်ပြပွဲကို တပတ်တိတိ ဆက် တိုက်ကျင်းပကာ ပြီးဆုံးချိန်တွင် ကျိုးယန်မှ တင်ဒါအောင်မြင်သူများနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံကာ ပြည်ထောင်စုအတွက် အကျိုးရှိစေ မည့် လုပ်ငန်းများ အတူတကွဖော်ဆောင်ရန် မှာကြားလေသည်။ ဒါက ကမ္ဘာမြေက သမ္မတ တွေလုပ်ပုံနဲ့များ ဆင်နေမလား။ ကျိုးယန်တ ယောက် တွေးမိသွားသည်။ ကျင့်ကြံရေးလော ကတွင် သမ္မတ မရှိပေ။ ကျိုးယန်၏ မြို့တော် အသစ်က နည်းလမ်းများအတိုင်း ပြည်ထောင်စု ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး တနှစ်အချိန်မှာပင် အ သားတကျ လည်ပတ်သွားနိုင်လောက်ပေသည်။
“သခင်လေး အစီအရင်ပညာရှင်အချို့လိုအပ် နေတယ်လို့ စုယင်က ပြောတယ်ဟုတ်လား”
ကျိုးယန်က အဖိုးဝူကို ဧကရာဇ် အရှင်မင်းကြီး လို့ မခေါ်စေပဲ သခင်လေးဟုသာ ဆက်လက် ခေါ်ဝေါ်စေခဲ့သည်။