အဝေးမှဧည့်သည်
Vol. 010 Ch. 902
“ယူယူဘာပဲလုပ်ချင်လုပ်ချင် ငါကသူ့ကိုအဖော်ပြုပေးမှာ” ဝူလင်းယူ သည် သူမအား အမြတ်တနိုးကြည့်လေသည်။
ဖန်ခိုင်နှင့် တခြားသူများသည် ဆွံ့အသွားကြသည်။ ဘာကြီးလဲ… ဒါက ဒဏ္ဍာရီထဲမှာပြောကြတဲ့….
မဟုတ်သေးပါဘူ သူတို့သခင်လေးက ဒီလူနဲ့မှ မကွေးလောက်ပါဘူး…
ထိုလူသည် တည်ကြည်ပြီးဆွဲဆောင်မှုရှိသော်လည်း ယောက်ျားအချင်း ချင်းတွဲသည်ကို လက်ခံနိုင်စရာမရှိပေ။
ရှီမန်ဖန်သည် ထိုအကြောင်းကို ဂရုမစိုက်ပေ။ သူ့မမျက်လုံးများသည် ဝမ်းနည်းပူဆွေးကာ အသံများတုန်ယင်ကာ ရှီမာယူယူအား မေးလိုက်သည် “ဒီကနေ ဂျီမြို့ကိုနီးနေပြီ၊ သွား…ကြည့်ချင်လား”
ရှီမာယူယူသည် မျက်လွှာအောက်ချကာ “ငါသွားပြန်ပြီးကြည့်လို့ရလား”
သူမ မျက်လုံးထောင့်မှ မျက်ရည်များဝဲလာသည်။ သူမ၏ အသံသည် ဝမ်းနည်းမှုကို ဖော်ပြမနေပေ။
ရှီမန်ဖန် ပြုံးကာ သူမလက်အားဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည် “ရတာပေါ့ သူတို့နင့်ကိုအပြစ်မတင်ပါဘူး”
ဖန်ခိုင်နှင့်အဖွဲ့သည် သူတို့အား နားမလည်စွာကြည့်လိုက်ကြသည်။ သူတို့အခုလေးတင် အဆင်ပြေနေတာကို… ဘာလို့ရုတ်တရက်ကြီးအဲလိုဖြစ် သွားရတာလဲ။
ကြည့်ရတာ… အရမ်းဝမ်းနည်းနေသလိုပဲ…
“ဘာဖြစ်တာလဲ… အကုန်လုံးက အဆင်ပြေနေတာပဲကို..” နီအန်းယီ သည် ရှီမာယူယူအား စိုးရိမ်စွာကြည့်လေသည်။
“ဘာမှမဟုတ်ပါဘူး” အားလုံးရှိနေသေးသည်ကို ရှီမာယူယူ သတိရ သွားလေသည်။ သူမသည် မျက်ရည်များကိုသုတ်ပြီး ပြောလိုက်သည် “ဖန်လေး မင်းပြန်ရောက်သေးလား”
ရှီမန်ဖန် ခေါင်းရမ်းလိုက်သည်။
အမှတ်တရများသည် လှပသော်လည်း နာကျင်ရသည်။ သူ၏ နောက်ဆုံးမှတ်ဉာဏ်မှာ မီးပင်လယ်ဖြစ်ကာ ထိုကျိုးပဲ့နေသော နံရံများကို သွားပြန်မကြည့်လိုပေ။
“ဒါဆို ငါတို့ပြန်သွားကြမှာလား”
ရှီမန်ဖန်သည် သူမအား ကြည့်လိုက်သည် “မင်းပြန်ရင် ငါလည်းပြန် မယ် ”
သူမ မပြန်ပါက သူတစ်ယောက်တည်းမပြန်ပေ။
ရှီမာယူယူသည် ခေတ္တမျှတိတ်ဆိတ်ပြီးနောက် “သွားကြည့်ကြတာပေါ့ အခုဘယ်လိုဖြစ်နေပြီလဲဆိုတာ ကြည့်ချင်တယ်”
“အင်း” ရှီမန်ဖန် ခေါင်းညိတ်လေသည်။
သူတို့နှစ်ယောက်လုံးသည် ပြန်သွားရအတွက် သတ္တိလိုသည်။
“ယူယူ ရှောင်ချီလည်း လိုက်ခဲမ့ယ် ရှောင်ချီတို့က ယူယူ့ဘေးမှာရှိနေ ပေးမယ်” ရှောင်ချီသည် သူမလက်ကိုဆွဲကာ သူမကိုကြည့်လေသည်။
“အင်း” ရှီမာယူယူသည် စိတ်မပါစွာပြုံးလေသည်။
“သခင်လေး…”
နီအန်းယီနှင့်အဖွဲ့သည် သူမကိုကြည့်လေသည်။ အခုလက်ရှိသူမသည် သူတို့ကို အမှန်တကယ်ပင် သက်တောင့်သက်သာမဖြစ်စေပေ။
“ငါအဆင်ပြေပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “နီကာမြို့ကိုသွား ရင်ဂရုစိုက်ကြ၊ ကျုံကျန်းမိသားစုရဲ့ အင်အားကကြီးတယ်၊ သူတို့ကိုစုံစမ်းနေ တယ်ဆိုတာသိရင် အန္တရာယ်ဖြစ်လာနိုင်တယ်”
“ကျွန်တော်တို့ နားလည်ပါတယ်” ဖန်ကျိ ပြောလိုက်သည်။
“အင်း ဒါဆိုသွားလိုက်ကြတော့၊ ဒီဘက်ကပြီးတာနဲ့ ခင်ဗျားတို့ကို လာ ရှာမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
“အဲဒါ… သခင်လေး… အတိတ်မှာဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့၊ အနာဂတ်ကို ကြည့်တာကပိုကောင်းပါတယ် ဝမ်းနည်းမှုတွေက အမြဲတမ်းကျော်ဖြတ်နေရ မှာပဲ” နီအန်းယီသည် ပြန်လှည့်လာကာ ပြောလေသည်။
ရှီမာယူယူ သူ့ကိုပြုံးပြလိုက်သည် “အင်း ကျေးဇူးပါ”
ဖန်ခိုင်နှင့် တခြားသူများထွက်သွားပြီးနောက်တွင် ရှောင်ချီမေးလေ သည် “ရှောင်ချီတို့ဘယ်တော့သွားကြမလဲ”
ရှီမာယူယူသည် ခေတ္တမျှတွေဝေပြီးနောက် “အခုပဲသွားကြမယ်”
သူမ သွားကြည့်ရန်ဆုံးဖြတ်ပြီးမှတော့ စောစောရင်ဆိုင်သင့်သည်။
ထိုအချိန်တွင် လေထဲတွင် အတက်အကျတစ်ခုဖြစ်သွားသည်။ ရှီမာယူယူကြည့်လိုက်ရာ လေဟာပြင်ဝင်ပေါက်ပွင့်သွားသည်တွေ့လိုက် သည်။ မပေါ်လာသင့်သည့်လူတစ်ယောက်သည် ထွက်လာလေသည်။
“မင်းက တကယ်ဒီမှာပဲ” ရှီချန်းကျိသည် မိုးပေါ်မှဆင်းလာပြီး သူတို့ဆီ သို့လာလေသည်။
“ခင်ဗျားကဘာလို့ဒီကိုလာတာလဲ” ရှီမာယူယူသည် သူစိမ်းဆန်ဆန် မေးလေသည် “အတွင်းပိုင်းဒေသတွေကို ပြန်သွားတာမဟုတ်ဘူးလား”
“ငါတို့ပြန်သွားတယ်လေ၊ ဒါပေမဲ့ပြန်လာတာ” ရှီချန်းကျိ ပြောလိုက် သည်။
“မင်းပြောသလိုဆို ငါတို့ကိုလာရှာတာလား” ဝူလင်းယူ မေးလိုက်သည်။
“အတိအကျပြောရမယ်ဆိုရင် ယူယူ့ကိုလာရှာတာ”
“ကျွန်တော့်ကိုရှာတယ်ဟုတ်လား၊ ကျွန်တော့်ကိုဘာလို့ရှာတာလဲ ချူးရှောင်….”
“မဟုတ်ဘူး ဂျူနီယာညီမလေးက အရမ်းအဆင်ပြေနေတယ်” ရှီချန်းကျိ ပြောလေသည် “တခြားတစ်ယောက်က လာခိုင်းလို့”
“အင်” ရှီမာယူယူသည် သူ့ကို တွက်ချက်စွာကြည့်လိုက်သည်။ တခြားတစ်ယောက်က သူမကို လာရှာခိုင်းရအောင်က သူမ ဒီမှာရှိတယ်ဆို တာ သူတို့ဘယ်လိုသိတာလဲ။
“ဟေး ဟေး ငါ့ကိုအဲလိုမကြည့်နဲ့” ရှီချန်းကျိသည် သူမ၏ အမူအရာ ပြောင်းသွားသည်ကိုကြည့်ပြီး အော်လေသည် “ငါ မင်းကိုကူညီဖို့လာတာ”
“ကျွန်တော့်ကိုကူညီမယ်ဟုတ်လား” ရှီမာယူယူ မယုံပေ။
“ဒါပေါ့ ငါက ပရဟိတလာလုပ်တာတော့မဟုတ်ဘူး” ရှီချန်းကျိ သက်ပြင်းချလိုက်သည် “ဒါပေမဲ့ ငါ သူ့ကိုကတိပေးလိုက်တော့ သူက ငါ့ကို ဒါလာလုပ်ခိုင်းတာပဲ”
ရှီမာယူယူ မျက်လုံးများကိုကျဉ်းလိုက်ကာ သူ ဘယ်သူ့ကိုရည်ညွှန်းနေ သလဲဆိုသည်ကို ခန့်မှန်းလိုက်သည်။
“စီနီယာအစ်ကိုကြီးက လာခိုင်းတာလား” ရှီမာယူယူ မေးလိုက်သည်။
“မင်းက ဉာဏ်ကောင်းတာပဲ” ရှီချန်းကျိသည် သူမအား သဘောတူစွာ ကြည့်လိုက်သည်။ သူဘာမှတောင်မပြောရသေးခင်တွင် ခန့်မှန်းမိသည်။
“ခန့်မှန်းဖို့လိုသေးလို့လား” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ ကြားက ဆက်သွယ်မှုမှာ လူနှစ်ယောက်ပဲရှိတယ်၊ တစ်ယောက်က ချူးရှောင် နောက်တစ်ယောက်က ကျွန်တော့်စီနီယာအစ်ကိုကြီးပဲ၊ ချူးရှောင်က ဘာမှ မဖြစ်မှတော့ ဘယ်သူခိုင်းလိုက်တယ်ဆိုတာ ခန့်မှန်းဖို့လိုသေးလို့လား”
“အမှန်ပဲ” ရှီချန်းကျိ ပြောလိုက်သည် “သူငါ့ကို ဘာခိုင်းလိုက်လဲဆိုတာ မှန်းနိုင်လား”
ရှီမာယူယူသည် သူ့အနောက်မှ အသည်းကွဲတောင်ကြားကို ခေတ္တမျှ ကြည့်လိုက်သည် “အဆိပ်ဖြေဆေးကူထုတ်ခိုင်းတာလား”
မေးခွန်းဖြစ်သော်ငြား အသံမှာသေချာနေသည်။
“တော်တယ် ဒါကိုလည်းမှန်းနိုင်တယ်” ရှီချန်းကျိ ရယ်လေသည်။
“ဘာတွေများခက်လို့လဲ၊ ကျွန်တော်ကအပြင်ဒေသက ကျောင်းသား.. ကျွန်တော်ဒီနေရောက်နေတာ သာမာန်လူကမသိဘူး၊ ဒါပေမဲ့ခင်ဗျားက ကျွန်တော့်ကိုရှာနိုင်တယ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ရောက်တာတယ်၊ အဲဒါက ကျွန်တော်ဘာလုပ်မယ်ဆိုတာ ခင်ဗျားသိတယ်ဆိုတာကို ပြနေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
သူမ ဒီရောက်နေသည်ကို ကျန်းကျူရှန့်မည်သို့သိသည်ကို သူမ မသိပေ သို့သော် ရှီချန်းကျိ ဒီရောက်နေမှတော့ သူမ အစီအစဉ်ကို သူခန့်မှန်းနိုင် သော အဓိပ္ပာယ်ဖြစ်သည်။
“သူဘာလို့သိတာလဲ မင်းသိချင်နေတာလား” ရှီချန်းကျိ မေးလိုက်သည် “မင်းကိုပြောပြလို့ရပါတယ်၊ သူတောင်းဆိုတာက ကောင်းကင်မြို့ကနေ လူတချို့ထွက်သွားကြတယ်၊ မင်း အမှတ်တရစားသောက်ဆိုင်သွားကတည်း က ငါတို့သိလိုက်တယ်၊ မင်းသတင်းပျောက်သွားပြီဆိုကတည်းက မင်း နေရာ ရှာနေပြီဆိုတာ သူမှန်းနိုင်တယ်၊ ပြီးတာနဲ့ သူ မင်းကိုသိသလောက်ဆိုရင် ဒီကိုလာမယ်ဆိုတာ ခန့်မှန်းမိလို့ ငါ့ကိုဒီကိုလာခိုင်းတာပဲ”
“စီနီယာအစ်ကိုကြီး သူ…”
“ပြောရင်းနဲ့ သူက ဘာလို့မင်းကိုအဲလောက်နားလည်ရတာလဲ၊ မင်း ဒီကိုမလာလောက်ဘူးလို့ ငါ သူနဲ့လောင်းထားတုန်းပဲ၊ သူမှန်းတာမှန်ရင် ငါ သူ့ကို အလကားကူညီပေးမယ်၊ သူမှန်းတာမှားရင် ငါရောက်တာနဲ့ ငါ့ကို ရတနာတွေပေးရမယ်လို့လောင်းထားတာ” ရှီချန်းကျိ ရှင်းပြလေသည် “သူ မှန်းတာမှန်မယ်လို့ မထင်ထားဘူးပဲ၊ ပြီးတော့ ငါ မင်းကို အချိန်အကြာကြီး အလကားလုပ်အားပေးရတော့မယ်”
ရှီချန်းကျိသည် အဆိပ်များ၏သခင်ဖြစ်သည်။ သူသာ သူမကိုကူညီပါက အဖြေကိုအမြန်ရှာနိုင်မည်ဖြစ်သည်။ ထို့အပြင် သူတို့သည် သူမ ဘာလုပ်မည် ကို သိပြီးသားဖြစ်သည်။ ဖုံးကွယ်ဖို့မလိုမှတော့ ရှီချန်းကျိရဲ့ အရင်းအမြစ်ကို ဘာလို့ကောင်းကောင်းအသုံးမကျရမှာလဲ။
စဉ်းစားပြီးနောက်တွင် ရှီမာယူယူသည် ရှီချန်းကျိကို ကြည့်လိုက်သည် “ဒါဆို ခင်ဗျားကိုပဲဒုက္ခပေးရတော့မှာပဲ”
“ပြောဖို့လွယ်တယ်”
“ကျွနေ်တာ်တို့လုပ်စရာရှိသေးတယ်၊ ခင်ဗျားဒီမှာအခြေအနေကို အရင် လေ့လာထားလိုက်ဦး” ရှီမာယူယူသည် ပြောပြီးသည်နှင့် လှည့်ထွက်သွား လေသည်။
“ဒီမှာ ဘယ်သွားမလို့လဲ” ရှီချန်းကျိ အော်လေသည် “ငါအခုမှရောက် တာကို မင်းကသွားတော့မယ်၊ အောက်ကိုသွားပြီး စစ်ကြည့်ပြီးပြီလား၊ ထားလိုက်တော့ မင်းဒီမှာမနေမှတော့ ငါလည်းမင်းနဲ့လိုက်မယ်လေ၊ မဟုတ် ရင် ငါလုပ်တာအချည်းနှီးပဲ”
ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုလိုက်သည်။ ဟာစွန်ကိုဆင့်ခေါ်ပြီး သူ့ကျောပေါ်ပျံတက်လိုက်သည်။
ရှောင်ချီတို့လည်း လိုက်တက်ကြသည်။ ရှီချန်းကျိသည် သူတို့ ဘယ်သွားမလဲကို စိတ်ဝင်စားကာ ဟာစွန်နောက်သို့ပျံတက်လိုက်သည်။
***