← Chapters

အစီအရင်ပညာရှင်

Vol. 10 Ch. 142

အစီအရင်ပညာရှင်

Vol. 10 Ch. 142

“ဟုတ်တယ် တချို့လုပ်စရာလေးတွေကို အစီ အရင်နဲ့မှ အဆင်ပြေမယ်ထင်လို့လေ ကျတော် တို့ ကျိုးပြည်ထောင်စုထဲမှာ အစီအရင်ကို အဓိ ကထားတဲ့ ပညာရှင်များရှိသလား”

အဖိုးဝူက အတန်ကြာစဥ်းစားနေသည်။ပြီးမှ

“ရှိလောက်မယ်ထင်တယ် ဒါပေမယ့်သိပ်ပြီး ကျော်ကြားတဲ့ အနေထားတော့မရှိနိုင်ဘူး မဟု တ်ရင် ကျုပ်သိနိုင်ပါတယ်”

“ကောင်းပြီ အစီအရင်နဲ့ပက်သက်ပြီး အနည်းဆုံ အဆင့် ၃ ရှိတဲ့ ပညာရှင် ၂ဦးအလိုရှိတယ်အဖိုး ဝူ ရှာပေးနိုင်မလား”

“သေ ချာတာပေါ့”

ကျိုးယန်နှင့် အချိနိတခုကြာပြောဆိုပြီးနောက် အဖိုးဝူက ပြန်လည် ထွက်ခွာသွားသည်။ ထိုအ ချိန်တွင် ဟွာမုန့်ယင်သည် ရှောင်ရှောင်လေးကို ချီ၍ ကျိုးယန်ဆီရောက်ရှိလာသည်။

“မင်းကြီး ရှောင်ရှောင်လေးက တွေ့ချင်နေတယ် ဆိုလို့ လာပို့တာပါ အချိန်ရရဲ့လား”

“အစ်မယင် ကျတော့်ကို အဲ့လိုမဆက်ဆံဖို့မှာ ထားတယ်လေ ရှောင်ရှောင် သမီးကလာချင်ရင် အချိန်မရွေးလာလို့ရတယ်လို့ မှာထားတယ်မဟု တ်လား”

ကျိုးယန်က ဟွာမုန့်ယင်ကို အပြစ်တင်ဟန်ဖြင့် ပြောရင်း ရှောင်ရှောင်လေးကို ပေါင်ပေါ်ပွေ့တင် လိုက်သည်။ ရှောင်ရှောင်လေးသည် လေးနှစ် ကျော်အရွယ်ရှိပြီ ဖြစ်ကာ စကားလုံးအတော် များများ ပြောဆိုနိုင်နေပါပြီ။

“သမီးက ကိုယ့်ဘာသာကိုယ်လာမလို့ကို မေမေ က အတင်းလိုက်ပို့တာ”

“ဟောတော် အလည်မလေး ညည်းပဲ လိုက်ပို့ပါ ဆို ခုကျ ကျုပ်ကအတင်းလိုက်ရပါတယ်ပေါ့”

ဟွာမုန့်ယင်က ရှောင်ရှောင်လေး၏ စကားကို ကြားလျင် ခါးထောက်ကာ သမီးဖြစ်သူကို မာန် မဲလိုက်သည်။ ကျိုးယန်က သဘောကျစွာရယ် ၍ ရှောင်ရှောင်လေး၏ ပါးနှစ်ဖက်ကို ပွတ်သပ် လိုက်သည်။

“ဟီးဟီး”

သူမလေးက ရှက်ရယ်ရယ် နေသည်။ကျိုးယန် က

“အစ်မယင်မှာ ပြောစရာများရှိလို့လား”

ကျိုးယန်၏ အမေးကို ဟွာမုန့်ယင်က အနည်း ငယ်တွန့်ဆုတ်နေဟန်ဖြင့် စဥ်းစားနေပြီး အတန် ကြာမှ ပြန်ပြောလာသည်။

“အရှင်မင်း အဲ သခင်လေးကိစ္စပါပဲ တခြားမဟု တ်ပါဘူး”

ကျိုးယန်၏ မျက်ခုံးအစုံ မြင့်တက်သွားရသည် “ကျတော့်ကိစ္စ ဟုတ်လား ဘာများလဲဗျ”

ကျိုးယန်က ဟွာမုန့်ယင်ကို သိလိုစွာဖြင့်ပြန် မေးပြီး တဖက်တွင် ရှောင်ရှောင်လေးကို အသီး များခွံကျွေးနေလေသည်။ ဟွာမုန့်ယင်က ထိုင်ခုံ တခုတွင် အသာဝင်ထိုင်လိုက်သည်။ပြီးနောက်

“ဟုတ်ပါတယ် ကျမပြောချင်တာက သခင်လေး မိဖုရားတပါးလောက်တော့ တင်မြှောက်သင့်ပြီ ဆိုတဲ့ကိစ္စပါပဲ အဖိုးဝူက ယောက်ကျားသားဖြစ် နေတော့ ကိစ္စကိုစီမံရာမှာ မကျွမ်းကျင်ဘူး အဲ့ အတွက် သခင်လေးရဲ့ မိဖုရားရှာဖွေရာမှာ ကြန့် ကြာနေတယ်လေ”

“အဲ့ကိစ္စ အဲ့လောက်အရေးမကြီးတာပဲအစ်မရဲ့”

“ကြီးတာပေါ့ သခင်လေးရဲ့ ခုဆို တင်ဒါကြောင့် ကျိုးပြည်ထောင်စုထဲမှာ ပြည်ပကုန်သည်တွေ ကိုအကြောင်းပြပြီး လူအမျိုးမျိုးဝင်ထွက် သွာ လာနိုင်တယ် နောက်ပြီး သခင်လေးရဲ့ ဂုဏ်သ တင်းက ကျော်ကြားပြီးသားဖြစ်နေတော့ အထူး စောင့်ကြည့်ခံနေရမှာ အဲ့အချိန် ငယ်ရွယ်တဲ့မင်း ဧကရာဇ်တပါးက မိဖုရားမရှိထားရင် တမျိုးအ ထင်မှားစရာဖြစ်ကုန်ပါလိမ့်မယ် ဥ ဥပမာ ဟို လေ အမျိုးသားချင်း နီး”

ကျိုးယန်က အထိတ်တလန့်ဖြင့် ချက်ချင်းတား ဆီးလိုက်သည်။

“ရပြီ သဘောပေါက်တယ် အစ်မယင်ပြောလို တာကို ကျတော်သိပြီ”

ငါက ယောက်ကျားချင်းစိတ်ဝင်စားစရာလား။ ဟိုဘက်လောကမှာဆို ရည်းစား၃ ယောက်တော င်ရှိထားတာ။ လခွမ်း သူတိူ့တွေ အဲ့လိုများတွေး နေကြလား အမှန်လို့တော့ မပြောနဲ့။ ကျိုးယန် ကသက်ပြင်းချ၍

“ကျတော်လည်း သင့်တော်ရာကို ရှာဖို့စိတ်ကူး ရှိပါတယ် ခက်တာက လက်ရှိနီးစပ်တဲ့ စုယင်က သူမရဲ့နောက်ခံကို အများစုသိထားတော့ လက် ခံပေးကြမှာမဟုတ်ဘူး နောက်ပြီး ကိုင်ရီရီတို့ညီ အစ်မ သူမတို့က ထူးချွန်ပြီး အဘက်ဘက်မှာ ပြည့်စုံတယ် ဆိုပေမယ့် ပြည်ထောင်စုရဲ့ မိဖုရား တပါးကို လူသားမျိုးနွယ်ထဲက ရွေးမှ နန်းတွင်း ကလူတွေ ကျေနပ်ကြလိမ့်မယ် အဲ့ဒါကြောင့် သူ တို့ကိုလည်း ထည့်တွက်မရပြန်ဘူး”

“မိသားစုနှစ်ခုရဲ့ သခင်မလေးတွေကကော”

ဟွာမုန့်ယင်က မေးလိုက်သည်။

“ဟင့်အင်း သူတို့နဲ့ နီးစပ်မှုကနည်းတယ် နိုင်ငံ ရေးအခြေနေအရ လိုအပ်လို့ မိဖရားတပါးတင် မြှောက်တယ်ဆိုပေမဲ့ ခံစားချက် မရှိရင် အဆင် မပြေပြန်ဘူး”

ကျိုးယန်၏စကားကို သက်ပြင်းချ၍

“ကျမကတော့ သူတို့က သာမန်ကိုယ်လုပ်တော် အနေနဲ့ပဲ လျာထားတာပါ အဓိကအားဖြင့် တတိ ယမင်းသမီးလေးက လက်ထပ်မှုရုတ်သိမ်းထား ပြီးမဟုတ်လား သူမက တိုက်ခိုက်မှုစွမ်းရည် ပြီ တော့ အုပ်ချုပ်မှုအရည်အချင်း တကာ်ကိုအ ဘက်ဘက်က ပြည့်စုံပြီး တော်ဝင်မျိုးနွယ်လည် ဖြစ်ပြန်တော့ အမတ်အိုကြီးတွေ ငြင်းပယ်လိမ့် မယ်လို့ မထင်မိဘူး”

“မဖြစ်နိုင်တာ သူမက ကျတော့်အစ်မပဲ ဘယ် လိုလုပ် ယူလို့ရမှာလဲ”

“ကျမတို့ ကျိုးပြည်ထောင်စု သက်တမ်းမှာ အ ဖေတူ အမေကွဲ မင်းသားနဲ့မင်းသမီး ပြန်ယူတာ မျိုးရှိခဲ့ဖူးပါတယ်”

ကျိုးယန်က အနည်းငယ်ပြုံး၍ ပြောလိုက်သည်

“ကြည့်ရတာ အစ်မယင်က အစ်မတော်ကို အစောတည်းက လျာထားပုံပဲ ဟုတ်တယ်မလာ အဲ့ဒါကို မငြင်းပယ်နဲ့”

“ဟုတ်ပါတယ် ကျမ မငြင်းပါဘူး တတိယမင်း သမီးကို ကျမ တကယ်သဘောကျတယ် အထူး သဖြင့် သူမအစား မင်းသမီးကိုင်ရီရီသာ လူသာ မျိုးနွယ်ဖြစ်နေရင် တခါတည်း သဘောတူလို က်မိမှာ”

ရှောင်ရှောင်လေးက သူမ၏မိခင်ကိုစူးစိုက်ကြ ည့်ကာ ဒေါသတကြီးပြောလိုက်သည်။

“ဦးဦးကို မိန်းမပေးစားနေတာလား ဦးဦးကမီးမီ အပိုင်နော် ကြီးလာရင် ယူမှာ”

“ဟဲ့ ကလေးက ဘာစကားတွေပြောနေတာလဲ”

ဟွာမုန့်ယင်မှ သူမ၏သမီးဖြစ်သူကို လှမ်းဟန့် လိုက်ရသည်။ ရှောင်ရှောင်လေးသည် ကျိုးယန် ကိုအလွန်တွယ်ကပ် တတ်သော်လည်း ယခုလို ပြောလာမည်ဟုတော့ သူမ မထင်ထားခဲ့ပေ။

“သူမက ကလေးပဲရှိပါသေးတယ် ဗွေမယူပါနဲ့”

ကျိုးယန်တယောက် မိဖုရားကိစ္စကို အမှန်တက ယ်အားဖြင့် မတွေးချင်ပေ။ ခံစားမှုအရသာဆို စုယင်ကိုသာ ရွေးချယ်ပြီး အခြားအချက်များ လိုအပ်ပါက ကိုင်ရီရီတို့ညီအစ်မကို သူရွေးနိုင် သေးသည်။ ကျိုးယင်ချင်းကတော့ အင်း.ကျင့် ကြံရေးလောက ဆိုတော့ တားမြစ်ချက်သိပ်မရှိ ဘူးပဲ။

“သခင်လေး ဘယ်လိုသဘောရလဲ”

ဟွာမုန့်ယင်က ကျိုးယန်၏ မျက်နှာအပြောင်း အလဲကို စိုက်ကြည့်ကာမေးလိုက်သည်။

“ကျတော်စဥ်းစားပါဦးမယ် အစ်မယင် ကျိုးယွ မ်တို့နဲ့ စကားပြောလိုက်ပါ သူတို့ဆီက အသံကို အရင်ကြားချင်တယ်”

ကျိုးယန်၏ ဆိုလိုရင်းကို ဟွာမုန့်ယင်က နားလ ည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နောက်ရက်အနည်းငယ် အကြာ၌ အဖိုးဝူက မြောက်ပိုင်းဒေသရှိ အစီရင်ဂိုဏ်းတခုမှ ဂိုဏ်း ချုပ်နှင့် အကြီးအကဲ အချို့ကို ခေါ်ဆောင်လာ ခဲ့သည်။ ထိုသူတို့ကို ကျိုးယွမ် ကျိုးစုလင်း တို့ အကူညီဖြင့် ခေါ်ယူနိုင်ခြင်းဖြစ်ကာ ကျိုးယွမ် တို့ပါ အတူလိုက်ပါလာကြလေသည်။

All Chapters