← Chapters

ဂိုဏ်းအသစ်

Vol. 10 Ch. 143

ဂိုဏ်းအသစ်

Vol. 10 Ch. 143

ပြည်ထောင်စုများတွေ့ဆုံပွဲ မတိုင်မီဆယ်နှစ်အ လိုကာလများက တည်ငြိမ်စွာပင် ဖြတ်သန်းနေ သည်။ ပြည်ထောင်စုတိုင်းက ၎င်းတို့၏ အခြေ အနေများကို အဘက်ဘက်ကမြင့်တင်ရန် ကြိုး စားနေကြသလို ကျိုးပြည်ထောင်စုသည်လည်း ဌာနရေးရာများ တရားဥပဒေသများ မတူညီတဲ့ စီးပွားရေးခန့်ခွဲမှု နည်းလမ်းများကြောင့် အရှိန် တခုရကာ တိုးတက်နေသည်ကို တွေ့နိုင်သည်။

မသိလိုက်ခင်မှာပင် အချိန်က တနှစ်တာကုန်ဆုံး သွားခဲ့သည်။ ဟွာမုန့်ယင်သည် ကျိုးလီ ကျိုးစု လင်း ကျိုးယွမ်တို့နှင့် တိုင်ပင်ကာ ကျိုးယန်ကို တတိယမင်းသမီးဖြစ်ပြီး ယခုတောင်ပိုင်းဒေသ ကိုအုပ်ချုပ်ခွင့်ရထားသည့် ကျိုးယင်ချင်းနှင့် လတ်ဆတ်စေရန် စကားပြောကြတော့သည်။

ကျိုးလီတို့သည် ထိုအရာအတွက် အနည်းငယ် ကသိကအောက်ဖြစ်သလို ခံစားရသော်လည်း လက်ရှိ ကျိုးယန်၏အနေထားအရ သင့်တော် သည့် မိဖုရားတပါးမရှာနိုင်သည့်အတွက် သူတို့ သာ စီစဥ်ပေးရတော့မည် ဖြစ်သည်။

စုန့်ပြည်ထောင်စုတနေရာ…

ထိုနေရာသည် စုန့်ပြည်ထောင်စု၏ ချောင်အ ကျဆုံးပြည်နယ်တခုဖြစ်ပြီး ကျင့်ကြံသူများရှိ သော်လည်း အရည်အချင်းမှာနိမ့်ကျပေသည်။ သို့သော် လွန်ခဲ့သည့်နှစ်ဝက်က ပညာရှင်အစုအ ဖွဲ့တခု ထွက်ပေါ်လာကာ တမန်တော်များဟူသ ည့် ဂိုဏ်းတခုစတင် တည်ထောင်ကြတော့သည် ထိုဂိုဏ်း၏ လှုပ်ရှားမှုများမှာ သေဝပ်ပြီး လူသ တိပြုမိစေမည့် အရာများကို အထူးဂရုစိုက်ပုံရ လေသည်။ မူလက ချောင်ကျသည့် ပြည်နယ်မှ တဆင့် များပြားသည့် အရင်းအမြစ်များပိုင်ဆို င်မှုကြောင့် စုန့်ပြည်ထောင်စုကို တစတစကျယ် ပြန့်လာကာ အခြားအင်အားကြီးဂိုဏ်းများနှင့်ပါ ရင်ဘောင်တန်းလာတော့သည်။

ထိုအဖြစ်အပျက်များက ဂိုဏ်းစတင်သည့်အချိ န်မှစ နှစ်ဝက်အတွင်း တိုးတက်မှုများဖြစ်ပြီး အ ခြားပြည်ထောင်စုများဖြစ်သည့် လီ လင်း ဟုန် ဝူ စသည့် ပြည်ထောင်စုများတွင်လည်း ထိုတမ န်တော်အဖွဲ့သည် အရှိန်ဟုန်တခုဖြင့် တပြိုင်န က် ပေါ်ထွက်လာသည်။

တနှစ်ခွဲကာလသို့ ရောက်ရှိလာချိန်တွင် ထိုဂိုဏ် အသစ်က ကျိုးပြည်ထောင်စုထဲတွင်လည်း စ တင် လှုပ်ရှားလာကာ ကျိုးယန်၏စည်းမျဥ်းမျာ အတိုင်း စာရင်းသွင်း၍ တရားဝင်ဖြစ်လာသော ကြောင့် မည်သူမှ အရေးမထားခဲ့ကြပေ။ ကျင့် ကြံရေးလောကတွင် အင်အားစုများက နေ့မြင် ညပျောက်ဖြစ်ကာ ဂိုဏ်းအသစ်အသစ်များ ထွ က်ပေါ်ခြင်းသည် မထူးဆန်းချေ။

နှစ်ထောင်ပေါင်များစွာ သက်တမ်းရှိသည့် မိ သားစုကြီးများ ဂိုဏ်းကြီးများကဲ့သို့ ဖြစ်လာနိုင် ရန်မှာ ရာခိုင်နှုန်းအလွန်နည်းပြီး ထိုတမန်တော် များဂိုဏ်းကဲ့သို့ အရှိန်အဟုန် ကောင်းကောင်း ဖြင့် စတင်ခဲ့သည့် ဂိုဏ်းအသစ်များစွာ ရှိခဲ့ဖူး သည်။ သို့သော် ဆယ်စုနှစ်တခုပင် မခံချေ။ထို ဂုဏ်းအသစ်များက တိုးတက်မှုကို တောင့်မခံ နိုင်ကြ အင်အားအနည်းငယ်ရှိလာသည့် အခါ အခြားအင်အားစုများကို ပုန်ကန်ခြင်း ရန်စစော် ကားခြင်း တိုက်ခိုက်သိမ်းယူခြင်းများ စတင် လာသောကြောင့် သက်ဆိုးမရှည်ပေ။

ကျိုးယန်၏ မိဖုရားအဖြစ် ကျိုးယင်လင်းကို စက်မှတ်သည့်သတင်းက ပြည်ထောင်စုအနှံ့ ပြန့်နှံ့သွားကာ အချို့က လိုက်ဖက်သည်ဟု ချီးကျူးကြပြီး အချို့ကတော့ ဝိဉာဥ်မျိုးနွယ်မှ ပထမသားတော်၏ အကျန်ကို သုံးစွဲရသည်ဟု ဝေဖန်ကြသည်။ သူတိူ့မသိသည်က အပျိုစင် ဖြစ်မဖြစ် ဂရုမစိုက်သည့် ကမ္ဘာမြေက ကျိုးယ န်လို လူငယ်တဦးအတွက် လက်ထပ်မှုပျက်ခဲ့ သည့် အမျိုးသမီးငယ်ကို ယူခြင်းက သာမန်ပင် ထိုကိစအတွက်ကြောင့်လည်း ကျိုးယင်ချင်း၌ နစ်နာမှု မရှိခဲ့သည့်အပြင် သူမက တဖက်လူအ ပေါ် ခံစားချက်ပင် ရှိခဲ့တာမဟုတ်ပေ။

“သခင်လေး ဒီတနှစ်အတွက် ပြည်ထောင်စုရဲ့ တိုးတက်မှုက တည်ငြိမ်ပါတယ် ဒေသလေးခု လမ်းတည်ဆောက်တာတွေ အိမ်ရာနဲ့ပညာရေး စီမံကိန်းတွေကိုလည်း စတင်နေပြီး ၃၀ ရာနှုန်း နီးပါး ပြီးစီးနေပါပြီ”

တပ်မှူးချင်က အချက်အလက်များကို လျှောက် တင်လေသည်။ ထိုကိစမှာ နှစ်စဥ် တင်ပြနေကြ ကိစ္စဖြစ်ပြီး ယခုအခါတွင် ဒုတိယမြောက်ဖြစ် သည်။

“တခုခုထူးခြားတဲ့ကိစများဖြစ်သေးလား”

ကျိုးယန်ကမေးလိုက်သည်။တပ်မှူးချင်မှ

“အမည်မသိ အင်အားသုတခုက ဂိုဏ်းတည် ထောင်တဲ့ကိစတခုတော့ရှိပါတယ် ဒါပေမယ့်သူ တို့က တရားဝင် စာရင်းပေးသွင်းထားတာဖြစ် လို့ စောင့်ကြည့်ပြီးသားဖြစ်မှာပါ”

ကျိုးယန်မှ ခေါင်းညိတ်ပြလိုက်သည်။ ဂိုဏ်းအ သစ်များ တည်ထေင်ခြင်းကို ကျိုးယန်သိထား ပြီးဖြစ်၍ မထူးဆန်းပေ။ ထိုအရာတွက် ထည့်စ ဥ်းစားစရာမလိုချေ။

“သူ တို့က ကျုပ်ရဲ့စည်းမျဥ်းတွေအတိုင်းရှိမယ် ဆို ထားလိုက်ပါ ဒါနဲ့ တခြားပြည်ထောင်စုရဲ့ အကြောင်းတွေကကော”

တပ်မှူးချင်မှ ကျိုးယန်၏အမေးကို ရိုကျိုးစွာ ပြန်ဖြေသည်။

“အကုန်တည်ငြိမ်ပါတယ် လာမယ့်တခေါက် ပြ ည်ထောင်စုများတွေ့ဆုံပွဲက လှုပ်ခတ်မှုရှိနိုင် တယ်လို့ ကြားတယ် အထူးသဖြင့် လီပြည်ထော င်စုက လီရှို့ချင်က လင်းမင်းသမီးကို တောင်း ရမ်းတာနဲ့ပက်သက်ပြီး နှစ်ဖက် မသင့်မြတ်ဖြစ် နေတာက မကြာခင် တခုခုကြီးကြီးမားမားဖြစ် နိုင်ချေရှိပါတယ်”

“လင်းပြည်ထောင်စုက လင်းမင်းသမီးလား လီ ရှို့ချင်ဆိုတာ လမ်းတံတားစီမံကိန်းကိုယူသွား တဲ့ မင်းသားမဟုတ်လား”

“ဟုတ်ပါတယ် သခင်လေး”

“အင်း ပြည်ထောင်စုကြီးတွေက မြေခွေးတွေလို ပဲ တကယ်သတိထားရမယ် အထူးသဖြင့် ဟုန်ဝူ ကျင်းလို ကောင်တွေပေါ့ လီရှို့ချင်ကို စောင့်ကြ ည့်ထားပါ နောက်ပြီး တခြားပြည်ထောင်စုက သတင်းတွေကိုလည်း အဆက်မပြတ်နားစွင့်ပေ ထားပါ”

“စိတ်ချပါ သခင်လေး ဒါနဲ့ ထိမ်းမြားမှုကိုသခင် လေးဘက်က သဘောတူတဲ့အကြောင်း ဟွာမုန့် ယင်က မင်းသမီးကိုပြောပြီးပါပြီ ရက်တခုသ က်မှတ်ရတော့မလား”

တပ်မှူးချင်၏အမေးကို ကြားလျင် ကျိုးယန်က မျက်နှာများရှုံ့မဲ့သွားရသည်။

“ကျုပ်ကို အေးအေးဆေးဆေးမနေစေချင်ဘူးပဲ တကယ့်လူတွေ”

ကျိုးယန်၏စကားကို ကြားလျင် အစေခံများက ကျိတ်၍ ရယ်ကြသည်။ ဧကရာဇ်သည် မိဖုရား အများအပြား မယူသည့်အပြင် တပါးယူရမည် ကိုပင် တွန့်ဆုတ်နေသည်။ လိင်စိတ်လွဲချော်ခြင် များဖြစ်နေမလား တွေးမိနေကြလေသည်။

ကျိုးယင်ချင်းသည် ထိုစီစဥ်မှုကို မငြင်းပယ်ခဲ့ ပေ။ သူမက ရည်မှန်းချက်ကြီးသူဖြစ်ပြီး တောင်ပိုင်းဒေသကို ထိန်းချုပ်ရသည်ထက် အများ ၏အမြင့်တွင်နေ၍ ပြည်ထောင်စုတခုလုံးကို ထိ န်းချုပ်လိုသူဖြစ်သည်။မူလက ဧကရာဇ်နေရာ အတွက် အားမသာခဲ့သော်လည်း ယခုကဲ့သို့ လက်ရှိဧကရာဇ်၏ တပါးတည်းသော မိဖုရား ဖြစ်လာသည်က လည်း မနိမ့်ကျတော့ပေ။

ကျိုးယန်သည် တပ်မှူးချင်နှင့် ပြောဆိုပြီးနောက် စုယင်ကို ခေါ်ခိုင်းလိုက်သည်။ သူမလေးကိုမဖြ စ်မနေ ရွေးချယ်မည်ဟု ကတိပေးခဲ့သောကြောင့် ယခုကိစ္စအတွက် တောင်းပန်စကား ဆိုရပေမည်။

All Chapters