← Chapters

အခန်း (၉၇၁)

Vol. 66 Ch. 971

အခန်း (၉၇၁)

Vol. 66 Ch. 971

နောက်တစ်ရက်မှာတော့ ရီရှင်းချန်သည် ကြောင်အအနှင့် မျက်လုံးများ ပွင့်လာခဲ့တော့သည်။ သူ၏ ခေါင်းတစ်ခုလုံးသည် ကိုက်ခဲလျက်ရှိနေသည်။ “ချီးတဲ့မှ...”

သူသည် ကျိုးဟုန်တစ်ယောက် ဓားအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ခဲ့ပြီးသည့်နောက် ပျော်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တော့သည်။ အရက်သည် တစ်ခါတစ်ရံမှသာ သောက်၍ ကောင်းသောအရာဖြစ်၏။ ထို့ပြင် ကောင်းကျိုးထက် ဆိုးကျိုးများသောကြောင့် ညအင်ပါယာသည် အရက်ကို လုံးဝ မသောက်ဟု သန္နိဌာန် ချထားခဲ့၏။

သို့ပေမဲ့ လီဖေးနှင့် ထျန်းချီတို့၏ ရန်စစော်ကားမှုအောက်တွင် သူသည် မည်သို့မှ မနေနိုင်ခဲ့ချေ။ ထို့ကြောင့် စတင်ကာ သောက်သုံးခဲ့တော့သည်။ အရက်သောက်ပြီးနောက် ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို သူ အလုံးစုံ မေ့လျော့သွားခဲ့သည်။

ကွက် ကွက်

ကွက် ကွက်

ရုတ်တရက် သူ၏အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ ရီရှင်းချန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ အလျင်အမြန်နှင့် လှည့်၍ ကြည့်လိုက်သည့်နောက်မှာတော့ သူ၏ နောက်ဘက်တွင် ဘဲများ ဆော့ကစားနေသည်ကို မြင်လိုက်ရ၏။

ဘာတွေဖြစ်နေသနည်း။ ညအင်ပါယာသည် သူ၏ ဦးနှောက်ကို အလုပ်ပေးကာဖြင့် သေသေချာချာ စဉ်းစားလိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ငိုတော့မလို ဖြစ်လာခဲ့သည်။

ကျွီ ….။

ရုတ်တရက် တံခါးသည် ပွင့်လာခဲ့၏။

“အမ်”

လျှိုဝမ်ရှစ်၏ အသံသည် ထွက်ပေါ်လာခဲ့သည်။ “ဂျူနီယာမောင်လေးရီ... ဘာလို့ ဘဲခြံထဲမှာ ထိုင်နေတာလဲ”

..................

“ဂိုဏ်းချုပ်”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် အဓိကဟောခန်းထဲမှာတော့ လီချင်းယန်က ပြောလိုက်သည်။ “လက်ရှိ ဆောက်လုပ်မှုနှုန်းအရဆိုရင် တစ်လအတွင်း အရာအားလုံးက ပြည့်စုံသွားနိုင်တယ်”

ကျွင်းချောင်ရှောင်းသည် ရေနွေးကို အသာမော့သောက်ကာ ပြောလိုက်၏။ “ငါတို့ ပြိုင်စံရှားဂိုဏ်းက အဓိက တောင်ထွတ်ပေါ်မှာ နေရာယူထားမယ်၊ အခြား တောင်ထွတ် ခြောက်ခုကိုတော့ နံပါတ်တွေကို တစ်ကနေ ခြောက်အထိ ပေးထားလိုက်”

“.......”

လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဂိုဏ်းချုပ်သည် နာမည်ပေးသည့်နေရာတွင် အလွန်တရာ ညံ့ဖျင်းလွန်းလှ၏။

“ဪ.. ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့က သေသေချာချာ ဆောက်လုပ်ထားတာလေ၊ ဒီတော့ များပြားလှတဲ့ဂိုဏ်းတွေမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေ ဝင်ရောက်နေလို့ရအောင်လည်း ဖန်တီးပေးထားကြ ရအောင်”

သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်အတွက် တိုက်ခိုက်ခဲ့ရသည့် တစ်ဦးတည်းသော သူ ဖြစ်သည်။ ထို့အပြင် ဤနေရာတွင် ရှိနေသော အဆောက်အဦနှင့် နေရာဒေသ ပတ်ဝန်းကျင် အားလုံးကို စီမံ ဆောင်ရွက်ထားခဲ့ရ၏။ ထို့ကြောင့် တခြားသူများ သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်ဖို့ကို ခွင့်မပြုပေးနိုင်ချေ။ ထို့အပြင် များပြားလှသော ဂိုဏ်းများရှိ သိုင်းကျင့်ကြံသူများအားလုံးသည် တည်နေရာ၏အောက်တွင် နေရမည် ဖြစ်ပြီး သူသည်အပေါ်မှာ နေရပေလိမ့်မည်။ ထိုမှသာလျှင် ၎င်းတို့အားလုံးအတွက် သူသည် ပိုမိုကာ မြင့်မြတ်သည် ဟု အဓိပ္ပာယ်ပေါက်တော့မှာ ဖြစ်၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ သူ၏ဂိုဏ်းသည် တတိယအဆင့် ဂိုဏ်းတစ်ခုသာဖြစ်၏။ ပထမအဆင့်နှင့် ဒုတိယအဆင့် ဂိုဏ်းများလောက် အားမကောင်းလှချေ။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှာတော့ သူသည် အရာအားလုံးသောဂိုဏ်းများထက် ပိုမိုကာ အားကောင်းလို့နေသည်။

“ကောင်းပါပြီ”

လီချင်းယန်သည် အမိန့်ကို လက်ခံပြီးသည့်နောက်မှာတော့ အဓိကဟောခန်းမှ ထွက်ခွာသွားခဲ့၏။ သူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကို ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ ဘယ်ရောက် သွားလဲ”

“သူမနေ့က အသောက်များပြီးတော့ အိပ်နေတုန်းနဲ့တူတယ်” ရှောင်ကျီက ပြောလိုက်သည်။

အုတ်ခဲများကို စီလျက်ရှိနေသော လီဖေးသည် သွားဖြီးကာ ပြောလိုက်၏။ “ဂျူနီယာညီလေးရီက အရက်သောက် ပြီးသွားရင် ပေါက်ကရတွေ လျှောက်လုပ်တတ်တယ်လေ၊ ဒါကြောင့် အခု အခန်းရှေ့မှာ အိပ်ပျော်နေသလားတော့ မသိဘူး”

“ငါတော့ အဲလိုမထင်ဘူး”

ထျန်းချီသည် သယ်ဆောင်ထားသော သံချောင်းများကို အသာချကာ ပြောလိုက်သည်။ “ဂျူနီယာညီလေးရီက မနေ့ကတုန်းက သေသေချာချာ သောက်သွားတာ မြင်ရတယ်၊ မူးလည်း မူးတဲ့ ပုံစံတောင် မပေါ်ဘူး၊ လမ်းလျှောက်သွားတာတောင် ယိုင်တိုင်တိုင် မရှိဘူး”

“ဂိုဏ်းချုပ် ချင်းယန်မြို့က ယူလာတဲ့ဝိုင်က တကယ့်ကို အားကောင်းလွန်းတယ်လေ၊ သူ့ရဲ့ ခန္ဓာကိုယ်က ဒါကို လက်ခံနိုင်မှာ မဟုတ်ဘူး၊ လွယ်လွယ်ကူကူနဲ့ မူးလိမ့်မယ်ထင်တယ်”

အားလုံးပြောဆိုနေတုန်းမှာပဲ ရီရှင်းချန်သည် အေးစက်စက် အမူအရာဖြင့် လျှောက်ဝင်လာခဲ့တော့သည်။

“ဟမ်”

လီဖေးသည် နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ.. မင်းရဲ့ခန္ဓာကိုယ်က ဘာအနံ့ ရနေတာလဲ”

ရီရှင်းချန်သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ ငါ ဒီလောက် သေသေချာချာ တိုက်ချွတ်ဆေးကြောလာ တာတောင်မှ အနံ့ခံနိုင်သေးတယ် ဟုတ်လား။

.................

တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ရောက်ရှိလာပြီး အတွေ့အကြုံမှတ်များကို မပေးတော့ချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုသာ အာရုံစိုက်ထားခဲ့ကြ၏။ တောင်ထွတ်များ ပေါ်တွင် ဆောက်လုပ်လျက်ရှိသော အဆောက်အဦများသည် ပိုမိုပြည့်စုံကာ ပြီးစီးသွားခဲ့သည်။ ၎င်းတို့သည် ဤအရာအားလုံးကို ပြုလုပ်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် အားလုံးကိုဦးဆောင်ကာဖြင့် အောက်ဘက်ရှိ လုပ်ငန်းခွင်ကြီးကို ဆက်လက်ကာ ချဲ့ထွင်တော့သည်။ ဂိုဏ်းချုပ်သည် သေသေချာချာ ဆောက်လုပ်ရန် အမိန့်ပေးထားခဲ့သည် မဟုတ်လား။

ဂိုဏ်းထဲမှာတော့ လီထျန်းထျန်း၊ ဟုန့်လင်နှင့် တခြားသောသူများ အားလုံးသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်ဆီမှ သည် သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ကြပြီးဖြစ်၏။ ကျွင်းချောင်ရှောင်း၏ တွက်ချက်မှုအရ ဆိုလျှင် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည့် တပည့်များသည် သုံးဆယ်တိတိ ရှိနေတော့၏။

“ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ အကူအညီသာ မပါဘူးဆိုရင် သူတို့က အချိန်တိုအတွင်း ဒီလိုအဆင့် ရောက်ဖို့ဆိုတာ မလွယ်ဘူး၊ ရက်အနည်းငယ်အတွင်းမှာ သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တဲ့ တပည့်တွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ဆိုးတာက တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေ မရှိတော့တာပဲ၊ မဟုတ်ရင် ငါက သိုင်းအုပ်စိုးသူ နောက်တစ်သုတ်ကို ဖန်တီးပေးနိုင်လိမ့်မယ်” ကျွင်းချောင်ရှောင်းသည် သဘောမတွေ့သလို ပြောလိုက်မိသည်။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ကြောက်မက်ဖွယ်ရာကောင်းလှသော အမြန်နှုန်းဖြင့် ကြီးထွားလျက် ရှိနေကြတော့၏။ သို့ပေမဲ့ သူသည် စိတ်မကျေနပ်သေးချေ။ ဒီထက်ပိုမို၍ မြန်ဆန်စွာ အားကောင်းချင်နေမိသေး၏။

....................

ဆယ်ရက်ကြာပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အားလုံးသည် ပြည့်စုံသွားခဲ့ပြီဖြစ်တော့၏။ အထက်တွင် တောင်တန်းခုနှစ်ခု ရှိနေပြီး အောက်ဘက်တွင် အဆောက်အဦများ လှပစွာတည်ရှိနေတော့၏။ တောင်တစ်ခုချင်းဆီတွင် လှပလှသော အဆောက်အဦများ ခမ်းနားကြီးကျယ်စွာ တည်ဆောက်ထားခဲ့ကြ၏။ ထည့်သွင်းထားသည့် ပရိဘောဂများသည်လည်း အလွန်တရာ ခမ်းနားပြီး ဈေးကြီး လွန်းလှ၏။ အောက်ဘက်တွင်တော့ သေးငယ်သော မြို့လေးတစ်မြို့ရှိ၏။ တောင်ပေါ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းနေ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “အနာဂတ်မှာ ဒီတည်နေရာကြီးကို ဆက်ပြီး ချဲ့ထွင်မှ ဖြစ်မယ်”

“ဒါက မလိုတော့ဘူး”

ကျွင်းချောင်ရှောင်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို လှပစွာ တည်ဆောက်ခဲ့သည် ဆိုခြင်းမှာ ကျယ်ပြောကုန်းမြေတိုက်ကြီးကို အတုယူချင်သောကြောင့်သာ ဆောက်လုပ်ခဲ့ခြင်းသာ ဖြစ်တော့၏။ သူ့အနေနှင့် စိတ်ကျေနပ်သလောက် ဖန်တီးပြီးပြီဆိုလျှင် ထပ်မံ၍ ဤနေရာတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်ပေ။ ထို့အပြင် ဤနေရာသည် တပည့်များ လေ့ကျင့်ရန် ကောင်းမွန်သည့်တည်နေရာဟုသာ သတ်မှတ်ထားခဲ့၏။ ထို့ကြောင့် ဤနေရာတွင် အချိန်အတော်ကြာ ကစားပြီးသည့်နောက်မှာတော့ ကျိန်းသေပေါက် ထွက်ခွာသွားရမည်ဖြစ်သည်။

........................

လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် ရက်လေးဆယ်ကျော်ကြာအောင် ဆောက်လုပ်ခဲ့ရတော့သည်။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ရန် ရက်နှစ်ဆယ်သာ ကျန်တော့၏။ ကုန်းမြေတိုက်ကြီးရှိ အခြေအနေ တစ်ခုလုံးသည် ရုတ်ချည်း တင်းမာလျက် ရှိနေတော့၏။

ဝှစ်

တစ်ရက်မှာတော့ ကောင်းကင်တွင် ကြမ်းတမ်းလှသော လေရိုင်းများ တိုက်ခတ်လာခဲ့တော့သည်။

“ဒီမှာပဲ”

စောင့်ကြည့်ရေးမျှော်စင်ရှိ အကြီးအကဲသည် အပြင်ဘက်သို့ ထွက်လျှောက်လာပြီးသည့်နောက်မှာတော့ ထိုစုစည်းလာသည့် တိမ်ထုများကို လှမ်းကြည့်ကာ ပြောလိုက်တော့သည်။ “ဒါက ဂြိုဟ်တိုက်ပွဲရဲ့ တည်နေရာ ဂိတ်တံခါးပဲ”

ကောင်းကင်ပေါ်တွင် ပုံမှန်မဟုတ်သော ပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အတွက် ကုန်းမြေတိုက်ကြီး တွင်ရှိသော သိုင်းကျင့်ကြံသူများသည် စတင်၍ ဆွေးနွေးလာမိကြတော့သည်။ “ဒါ ဘာဖြစ်တာလဲ”

ပထမအဆင့်ဂိုဏ်းတစ်ခု၏ အဓိကဟောခန်း အပြင်ဘက်မှာတော့ အင်မော်တယ်တစ်ယောက်ကဲ့သို့ သားနား သပ်ရပ်လွန်းလှသော အဘိုးအိုတစ်ယောက်သည် သက်ပြင်းကို ချလိုက်မိ၏။ “ဒီတစ်ကြိမ် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှာ သေသွားရမယ်ဆိုရင်တောင်မှ ဂျူနီယာတွေ အသက်ရှင်နိုင်ဖို့ အခွင့်အရေးကို ဖန်တီးပေးခဲ့မှ ဖြစ်လိမ့်မယ်”

...................

တော်ဝင်မြို့ ….။

မြို့တော်ဝန်ဟန်သည် မြို့တော်ဝန်စံအိမ်တော်တွင် ရပ်လျက်ရှိပြီး စုစည်းလာသော တိမ်ထုများကို ကြည့်ရှုရင်း မျက်မှောင်ကုတ်လျက်ရှိသည်။

“မြို့တော်ဝန်”

ကျေးကျွန်တစ်ယောက်က ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်က လာလည်ပါတယ်”

“ဒီကောင်လေး ဘာလာလုပ်ပြန်ပြီလဲ”

မြို့တော်ဝန်ဟန်သည် နားမလည်ချေ။ သို့ပေမဲ့ ပြောလိုက်မိ၏။ “သူ့ကို ဖိတ်ခေါ်လိုက်လေ”

မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အထဲကို လျှောက်ဝင်လာပြီးသည့်နောက် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “မတွေ့တာကြာပြီနောက် မြို့တော်ဝန်ဟန်... နည်းနည်းလေး အိုစာသွားသလိုပဲ”

သူ၏ စကားလုံး များသည် မယဉ်ကျေးလှချေ။ သို့ပေမဲ့ မြို့တော်ဝန်ဟန်၏ ဖြူဖွေးနေသော ဆံပင်များကို ကြည့်ပြီးသည့်နောက်မှာ တော့ ဤကဲ့သို့ ပြောဆိုသည်မှာ အမှန်ပင်ဖြစ်ကြောင်း နားလည်နိုင်မိပေလိမ့်မည်။

“ဟမ်”

သူသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်သွားပြီးသည့်နောက် အဝေးတစ်နေရာရှိ အခေါင်းကြီးကို လှမ်းကြည့်ကာ မေးလိုက်၏။ “အိမ်မှာ အသုဘ ရှိနေတာလား”

မြို့တော်ဝန်ဟန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “ကျုပ်အခေါင်းကို ကျုပ်ပြင်ဆင်ထားတာလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြို့တော်ဝန်ဟန်ရဲ့အသားအရေ ကို ကြည့်ရတာ နောက်ထပ် နှစ်ရာ၊ ထောင် ဆက်ပြီးနေရင်တောင်မှာ ပြဿနာ မရှိလောက်ပါဘူး၊ ဘယ်လိုဖြစ်ပြီးတော့ အခေါင်းတွေ ဘာတွေ ကြိုလုပ်နေရတာလဲ၊ ကိုယ်သေရတော့မယ့်အချိန်ကို ကြိုပြီးသိနေတာမျိုးလား”

“အမှန်ပဲလေ”

မြို့တော်ဝန်ဟန်သည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်မိ၏။ “ရက်နှစ်ဆယ်ကျော်လောက်ပဲ လိုတော့တယ်”

ထိုအချင်းအရာကိုကြားတော့ ကျွင်းချောင်ရှောင်းသည် နားလည်သွားမိသည်။

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်ဟန်သည် တည်ငြိမ်စွာ ပြောလိုက်၏။ “ခင်ဗျား ဒီကိုလာလည်တာ ပုံရိပ်ယောင် အစီအရင်ကြီးကို ထပ်ပြီး အသုံးပြုချင်လို့တော့ မဟုတ်ဘူးမို့လား”

“သိပ်ဟုတ်တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

မြို့တော်ဝန်ဟန်သည် မျက်လုံးများ ချာချာလည်သွား၏။ သူသည် စနောက်လိုက်ခြင်းသာဖြစ်၏။ သို့ပေမဲ့ တစ်ဖက် လူသည် အစစ်အမှန်ပင် ပုံရိပ်ယောင်အစီအရင်ကြီးကို လာရောက်ငှားရမ်းခြင်း ဖြစ်နေတော့၏။

“မြို့တော်ဝန်ဟန်”

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ကို ကမ်းပေးကာ ပြောလိုက်သည်။ “ဒီထဲမှာ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတိတိရှိတယ်၊ ဒါကို အသုံးပြုခအဖြစ် သတ်မှတ်လိုက်”

သူသည် တစ်စုံတစ်ခုကို ပြုလုပ်တော့မည်ဆိုလျှင် တစ်ဖက်လူအား မဆုံးရှုံးစေရန် ကြိုတင်စဉ်းစားခဲ့ပြီး ဖြစ်၏။

“ကျုပ်တို့က သိဟောင်းကျွမ်းဟောင်းတွေပဲ၊ ဒီတော့ တစိမ်းတွေလိုမျိုး ပိုက်ဆံစကား ပြောနေစရာ မလိုပါဘူး” မြို့တော်ဝန်ဟန်သည် ထိုသို့ပြောဆိုလိုက်သည်ဆိုသော်လည်း သိုလှောင်လက်စွပ်အား အသာသိမ်းဆည်းလိုက် တော့သည်။

....................

“ဂိုဏ်းချုပ်ကျွင်း.... ပုံရိပ်ယောင်အစီအရင်ကို ဘာလို့ငှားရတာလဲ”

“ဘာမှ မဟုတ်ပါဘူး၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကျင့်ကြံသူတွေ အကုန်လုံးကို ကြေညာချင်တာ တစ်ခုရှိလို့လေ”

“ဘာလဲ”

“အရမ်း အရေးကြီးတဲ့ဟာပေါ့”

..................

မြို့တော်ဝန်ဟန်သည် ထပ်မံ၍ မေးခွန်းများ မမေးတော့ချေ။ သူသည် အစီအရင်ဟောခန်းဆီသို့လှမ်း၍ ပုံရိပ်ယောင် အစီအရင်ကြီးကို ထိန်းချုပ်ခွင့်အား ခဏတာ ဖယ်ရှားပေးရန် ပြောလိုက်တော့၏။ သို့ပေမဲ့ ထိုအရာ သည် မလိုအပ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အစောကြီးကတည်းက ကျန်းတယ်ကျွင်းသည် အစီအရင် ထိန်းချုပ်ခွင့်ကို ရယူပြီးသား ဖြစ်နေတော့သည်။

“မြို့တော်ဝန်ဟန်”

ကျွင်းချောင်ရှောင်းသည် ထန်ရမ်တစ်ယောက် ကြော်ငြာခဲ့သည့်နေရာသို့သွားကာ ရပ်လိုက် တော့သည်။ ပြီးနောက် သူ၏အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီးသည့်နောက်မှာ ထပ်၍ ပြောလိုက် သည်။ “ဒီတည်နေရာကိုလည်း ခဏလောက် ငှားချင်သေးတယ်”

“ကြိုက်သလိုသာသုံးတော့” မြို့တော်ဝန်ဟန်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏နဖူးပေါ် လက်တင်ကာဖြင့် အသံပို့လွှတ်လိုက်၏။ “အကြီးအကဲကျန့်... စကြရအောင်”

ဒွီ ဒွီ ……။

ချက်ချင်းပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ မြို့အသီးသီးတွင်ရှိသော အစီအရင်ကြီးသည် လင်းလက်လာခဲ့တော့ သည်။ ကောင်းကင်ပေါ်တွင်ဖြစ်တည်နေသော တိမ်များအကြောင်းကို ကြည့်ရှုကာ ဆွေးနွေးလျက်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ပုံရိပ်ယောင်အစီအရင် အသက်ဝင်သွားသည်ကို နားလည်လိုက်မိကြ၏။ ထို့ကြောင့် အမှတ်မထင်ပဲ ထအော်လိုက်မိကြသည်။ “ဟိုအရှက်မရှိတဲ့ကောင် ထပ်ပေါ်လာအုံးမလား မသိဘူး”

All Chapters