← Chapters

အခန်း (၉၇၃)

Vol. 66 Ch. 973

အခန်း (၉၇၃)

Vol. 66 Ch. 973

၎င်းတို့သည် ကျွင်းချောင်ရှောင်းအား သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းကိုပေးမည်ဆိုပါက ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် လုံလုံခြုံခြုံဖြင့် နေထိုင်ခွင့်ရမည်ဖြစ်၏။ ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ထဲတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးကို ဒေါသထွက်စေခဲ့တော့သည်။ ၎င်းတို့အားလုံးသည် သံမဏိအရိုးတောင် ဆီသို့သွား၍ အောဟစ်ဆဲဆိုခြင်းကိုပင် ပြုမူချင်မိကြတော့သည်။

စောင့်ကြည့်ရေးခန်းမတွင်ရှိသော အကြီးအကဲသည် အစောကြီးထဲက ကျိန်ဆဲလျက်ရှိနေပြီးသားဖြစ်တော့၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် ဤကုန်းမြေတိုက်ကြီးတွင် လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားခဲ့ခြင်းပင် ဖြစ်သည်။

သို့ပေမဲ့ ဤသောက်ရူးသည် ပုံရိပ်ယောင်မြင်ကွင်းကိုအသုံးပြု၍ အစစ်အမှန်ပဲ တစ်လောကလုံးကို ကြေညာသွားခဲ့၏။

အချက်အလက်အားဖြင့်ဆိုလျှင် ဤအရာအား ပွင့်ပွင့်လင်းလင်း ပြောဆိုပြခဲ့ခြင်းသည် ဆိုးရွားသည့်အရာတော့ မဟုတ်ပေ။ ထိုမှသာလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ကပ်ဘေးကြီးအား လူငယ်မျိုးဆက်များ အနေဖြင့် နားလည်ပြီး ပိုမိုအားကောင်းလာစေရန် ကြိုးစားကာ ကျင့်ကြံကြပေလိမ့်မည်။

သို့ပေမဲ့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကြေညာရမည်ဆိုလျှင်တောင်မှ သူသာလျှင် ကြေညာသင့်သည် မဟုတ်လား။ အဘယ့်ကြောင့် ဤသောက်ရူးသည် ဝင်ရောက်၍ ကြေညာနေရသနည်း။

“ခေါင်းဆောင်”

အဘိုးကြီးသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို သွားတဲ့ခရီးက ကျုပ်တို့ကုန်းမြေတိုက်ကြီးအတွက်တော့ တကယ့်ကို ကပ်ဘေးကြီးပဲ။ ဒါပေမဲ့ ကျွင်းချောင်ရှောင်းက ကျုပ်တို့ကို လာပြီးတော့ လိမ်လည်ချင်နေသေးတယ်။ ဒါခွင့်လွှတ်ပေးလို့ မရဘူး။”

“အဆက်အသွယ်တွေနဲ့ ချိတ်ဆက်ပြီး ကပ်ဘေးကြီးကို ငွေအသုံးပြု ရှောင်ရှားတာ။”

၎င်း၏ ဘေးနားတွင်ရှိသော တစ်စုံတစ်ယောက်သည် နှာခေါင်းကို ရှုံလိုက်မိ၏။ “ဒီကောင်ရဲ့ ဦးနှောက်က ထိခိုက်မိထားတာပဲ ဖြစ်ရမယ်။”

ခေါင်းဆောင်ကပြောလိုက်မိသည်။ “စွမ်းအားမြင့်ကျင့်ကြံသူတွေဆိုတာ သုံးနှစ်သားကလေးမှ မဟုတ်တာ။ ဘယ်လိုလုပ် ဒီကောင်လေး ပြောစကားကို ယုံကြည်မှာလဲ။”

အစစ်အမှန်ပင်ဖြစ်သည်။ မည်သူမှပင် ကျွင်းချောင်ရှောင်းကို မယုံကြည်ကြချေ။ ၎င်းနှင့်ရင်းနှီးသည့် ဆက်ဆံရေး တည်ရှိသော မူချန်းဟုန်ပင်လျှင် မယုံကြည်ချေ။

ထိုအခိုက်မှာတော့ သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်နှင့်နေပြီးဖြစ်၏။ သူသည် စားသောက်ခန်းထဲ တွင် ထိုင်၍ အရသာရှိသော အစားအစာများကို စားသုံးနေ၏။ ခနလောက်ကြာပြီးသည့်နောက်မှာတော့ မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ဒီကပ်ဘေးကြီးကြားထဲမှာ ဘယ်လိုဖြစ်ပြီးတော့ အမြတ်ထုတ်ဖို့စဉ်းစားနေတာလဲ။”

“မြို့တော်ဝန်မူ”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်နှင့်ပြောလိုက်၏။ “ကျုပ် အစောကြီးထဲက ပြောပြထားပြီးသားလေ။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကိုသွားပြီး လုံခြုံမှုကို ရချင်တယ် ဆိုရင်တော့ သူတို့က စိတ်ဝိညာဉ်ကျောက်တုံး တွေနဲ့ လဲလှယ်ရမှာပဲ။”

“ဒီတစ်ကြိမ်မှာ ကုန်းမြေတိုက်ကြီးမှာရှိတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေကို ကျုပ်အခွင့်အရေးပေးခဲ့တယ်။ သူတို့ သဘောမတူဘူးဆိုမှတော့ ကျုပ်လည်းဘာမှ မလုပ်နိုင်တော့ဘူး။”

“………”

မူချန်းဟုန်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း တစ်ကယ်လို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး ကပ်ဘေးကြီးကို ရှောင်ရှားနိုင်တယ် ဆိုရင် သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုတာကို ဘယ်သူကမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုလိုမျိုး ခင်ဗျားကို ပေးဖို့ဆိုတာက နည်းနည်းကြောင်တောင်တောင် နိုင်လွန်းတယ်။”

“ထားပါတော့။ လာ သောက်ကြရအောင်။” ကျွင်းချောင်ရှောင်းသည် သူ၏ခွက်ကို မြှောက်လိုက်တော့၏။

တစ်ချို့သောအရာများသည် ရှင်းပြနေ၍ အကျိုးသက်ရောက်မှုမရှိချေ။ တည်နေရာဂိတ်တံခါးကြီးကို ဖြတ်သန်းပြီး အထဲကိုရောက်ပြီဆိုမှသာလျှင် ၎င်းတို့အနေနှင့် ယုံကြည်နိုင်ပေလိမ့်မည်။

“ထားလိုက်တော့။ ထားလိုက်တော့။”

ရက်နှစ်ဆယ်ကြာပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ချိန်တွင် အားလုံးသည် နားလည်သွားပေလိမ့်မည်။

“မြို့တော်ဝန်မူ”

ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို ကောက်သောက်ကာ ပြောလိုက်တော့၏။ “ကျုပ်တို့က ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လေ။ ပြီးတော့ ခင်ဗျားရဲ့ သမီးကလည်း ပြိုင်စံရှားဂိုဏ်းရဲ့ အတွင်းစည်း တပည့်တစ်ယောက်ပဲ။ ဒီတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်မယ်ဆိုရင် ဘာပိုက်ဆံမှပေးစရာမလိုပါဘူး။”

“……..”

မူချန်းဟုန်သည် ဆွံ့အသွားမိ၏။ ဤရောင်းရင်သည် အမှန်ပဲ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးအား သူ့အိမ်ကဲ့သို့ပင် ပြောဆိုလျက်ရှိနေ၏။

ရက်နှစ်ဆယ်ဆိုသည်မှာ ရှည်ကြာလှသည်မဟုတ်သလို အချိန်ကာလတိုတောင်းလှသည် လည်းမဟုတ်ချေ။ ထို့ကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် များပြားလှသော ကျင့်ကြံသူများအနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ အများအပြား သူ့အား ပေးအပ်ရတော့မည်ကို စဉ်းစားမိသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အစစ်အမှန်ပင် ပျော်ရွှင်နေမိတော့၏။

“ဂိုဏ်းချုပ်”

စဉ်းစားနေတုန်းမှာပဲ ကျန်းတယ်ကျွင်းသည် စိတ်လှုပ်ရှားစွာနှင့် လျှောက်ဝင်လာပြီး ပြောလိုက်တော့၏။ “ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ်ထဲက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို စမ်းသပ်ကြည့်တာ တိုးတက်သင့် သလောက်တိုးတက်လာပြီ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ဒါကတစ်ကယ့်သတင်းကောင်းပဲ။”

ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ်အစီအရင်ထဲတွင်ပါဝင်သော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သူတို့သည် အဆင်မြှင့်တင်ကာ လေ့လာနေခဲ့ကြခြင်းဖြစ်၏။ ကျန်းတယ်ကျွင်းသည် ရှန့်ကွမ်းရှင်းရောင်နှင့်အတူ ပူးပေါင်းပြီးသည့်နောက်မှာတော့ ထိုအရာကို တိုးတက်အောင် လေ့လာနိုင်ခဲ့ကြပြီဖြစ်သည်။

…

အစီအရင်တောင်ထွတ်၏ အနောက်ဘက်ခြံဝင်း၌ အစီအရင်ဂိတ် တံခါးကြီးသည် တဖျက်ဖျက်နှင့် လင်းလက်လျက်ရှိနေ၏။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းသည် တည်နေရာတစ်ခုစီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒါကအထူး တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ပဲ”

“နည်းနည်းသေးတယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ကျန်းတယ်ကျွင်းသည် အကူအညီမဲ့စွာနှင့် ခေါင်းကို ခါရမ်းလိုက်မိ၏။ “ဒါကသေးငယ်တဲ့ အစီအရင်လေးတစ်ခုပဲလေ။ ဒါပေမဲ့ ရှင်းရောင်နဲ့ကျုပ်က နှစ်ဝက်လောက် ဒါကို လေ့လာခဲ့ရတယ်။ အကြိမ်ပေါင်း တစ်ရာကျော်ထက် မနည်းဘူး စမ်းသပ်ခဲ့ရတာ။”

“ဒါဆိုရင် ဒီနေရာကနေ ရွှေ့ပြောင်းလိုက်မယ်ဆိုရင် ဘယ်နေရာကိုရောက်သွားမှာလဲ။”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆိုသည်မှာ ရွှေ့ပြောင်းနိုင်သည့်တည်နေရာတော့ ရှိသင့်နေသည်မဟုတ် လား။”

“ရှိသင့်တာပေါ့။”

ကျန်းတယ်ကျွင်းက ပြောလိုက်၏။ “ဒါ ချင်းယန်မြို့ရဲ့ အပြင်ဘက်တည်နေရာဆီကို ရောက်သွားလိမ့်မယ်။”

“ဒါဆိုရင် မိုင် ၂၀၀ နီးပါးလောက်ကိုပဲ တည်နေရာရွှေ့ပြောင်းနိုင်တာပေါ့။”

“ဒါအမှန်ပါပဲ။”

“ဒါဆိုရင်တော့နည်းတယ်။”

“…….”

ကျန်းတယ်ကျွင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူနှင့် ရှန့်ကွမ်းရှင်းရောင်တို့သည် ဤအခြေအနေအထိ ရောက်ရှိရန်အတွက် လေ့လာရသည်မှာလွယ်ကူလှသည်မဟုတ်ပေ။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် နည်းပါးသည်ဟု ပြောဆိုနေ၏။

ကျွင်းချောင်ရှောင်းသည် ၎င်းတို့နှစ်ယောက်အား အထူးတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အား လေ့လာခိုင်းခြင်းသည် များပြားလှသည့် တည်နေရာများဆီသို့ တည်နေရာရွှေ့ပြောင်းနိုင်ရန် မျှော်လင့်ချက်နှင့် ဖြစ်သည်။

မိုင် ၂၀၀ နီးပါးလောက်ကို တည်နေရာရွှေ့ပြောင်းနိုင်သည်ဆိုသည်မှာ ဆိုးရွားလှသည်တော့မဟုတ်ပေ။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ကြီးမားလှသည့် ကုန်းမြေတိုက်ကြီးဖြစ်၏။ ထို့ကြောင့် ဤအကွာအဝေးသည် တိုတောင်းလွန်းလှ၏။

“အလျင်မလိုဘူး။ အလျင်မလိုဘူး။”

ကျွင်းချောင်ရှောင်းသည် နှစ်သိမ့်လိုက်၏။ “ဒါကိုဆက်ပြီးတော့ လေ့လာရင် ပိုပြီးတော့ အဆင့်မြှင့်တင်လာနိုင်သေးတယ်မဟုတ်လား။”

“အမှန်ပါပဲ။”

“ဒီထဲကို ဒီအတိုင်းလျှောက်ဝင်သွားရမှာလား။”

“ဟုတ်တာပေါ့။”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်း၍ တက်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ပျောက်ကွယ်သွားခဲ့တော့သည်။

ချင်းယန်မြို့၏ အပြင်ဘက်တောင်တစ်ခုထဲမှာတော့ လူငယ်စုံတွဲတစ်တွဲသည် ချိန်းတွေ့လျက်ရှိနေကြ၏။ ၎င်းတို့၏ ဘေးနားတွင် အလင်းတန်းကြီးတစ်ခု ဖြစ်တည်လာသည်ကို မြင်ရသည့်နောက်မှာတော့ အထိတ်တလန့်ဖြင့် အနောက်သို့ ဆုတ်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် ထိုအလင်းတန်းဆီမှ ထွက်ပေါ်လာခဲ့၏။ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးသည့် နောက်မှာတော့ သူသည် ချင်းယန်မြို့၏ အပြင်ဘက်သို့ ရောက်ရှိနေကြောင်းကို အတည်ပြုလိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

“ဂိုဏ်းချုပ်ကျွင်း”

ထိုစုံတွဲ၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့၏။ ၎င်းတို့နှစ်ယောက်သည် ပုန်းလျှိုးကွယ်လျှိုးနှင့် လာရောက် ချိန်းတွေ့နေကြခြင်းဖြစ်၏။ သို့ပေမဲ့ ဤနေရာတွင် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ဂိုဏ်းချုပ်ကျွင်းသည် အတွဲလာချောင်းနေသည်လား။

“အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။”

ကုန်းရှန့်သည် ပြုံးကာပြောလိုက်သည်။ “ကျေးဇူးပြုပြီး လုပ်စရာရှိတာဆက်လုပ်ကြပါ။ လုပ်ကြပါ .. လုပ်ကြပါ”

“…….” စုံတွဲ။

သူသည် အနောက်သို့ ဆုတ်၍ အထူးတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ထပ်မံကာ ဝင်ရောက်သွားခဲ့ပြီး ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့၏။

ဆွစ်

တည်နေရာအတားအဆီးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ တိတ်တဆိတ် ချိန်းတွေ့နေကြသော စုံတွဲသည် အူကြောင်ကြောင်နှင့် ကျန်ရစ်ခဲ့တော့သည်။

“ဒါဘယ်လိုကြီးလဲ။”

…

“မဆိုးဘူးပဲ။”

ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်သည် သဘောတကျဖြင့် ခေါင်းညိတ် လိုက်မိ၏။ ဤကဲ့သို့ မိုင် ၂၀၀ နီးပါး တည်နေရာရွှေ့ပြောင်းနိုင်မှုသည် ပျံသန်းသွားသည်ထက် ပိုမို၍ မြန်ဆန်လွန်းနေ၏။

ထို့ကြောင့် သေသေချာချာ ထောက်ပံ့၍ ပြုလုပ်လိုက်မည်ဆိုလျှင်လည်း ကောင်းမွန်သည့်အရာများ ဖြစ်ပေါ်လာနိုင်သည်။

“အကြီးအကဲကျန်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအစီအရင်ကို များများစားစားဖန်တီးလို့ရလား။”

အကွာအဝေးက တိုတောင်းနေသည်ဆိုရင်တောင် ကိစ္စမရှိဘူး။ သူ့အနေနှင့် များပြားလှသော တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်များကို ဖန်တီးထားမည်ဆိုလျှင် တည်နေရာ ၁ ဆီမှ ၂ ကို ရွှေ့ပြောင်းမည်။ ၂ မှ ၃ ကို ရွှေ့ပြောင်းမည်။ ၃ မှ ၄ ကို ရွှေ့ပြောင်းမည် စသည်ဖြင့် သူ့အနေနှင့် ဆက်စပ်ကာ ရွှေ့ပြောင်းနိုင်စွမ်းရှိနေ၏။

“ရပါတယ်။ ဒါပေမဲ့”

ကျန်းတယ်ကျွင်းသည် ခနလောက်ရပ်တန့်ကာ ပြောလိုက်၏။ “အထူးတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ရဲ့ အမြုတေက စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အားဖြည့်ရတာလေ။ ဂိုဏ်းချုပ် အခု တစ်ခေါက်သွားပြီး ပြန်လာခဲ့တာက လူလုပ်စိတ်ဝိညာဉ်ကျောက်တုံး ဆယ်ခုလောက်ကုန်တယ်။”

“ဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် ထိတ်လန့်တုန်လှုပ်သွား၏။ “တည်နေရာရွှေ့ပြောင်းခြင်းက စိတ်ဝိညာဉ်ကျောက်တုံး တွေကို ကုန်ဆုံးစေတာလား။”

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “ကျုပ်နဲ့ ရှန့်ကွမ်းရှင်းရောင်တို့ရဲ့ အထူးနားလည်မှုအရဆိုရင် တစ်စုံတစ်ယောက်က တည်နေရာရွှေ့ပြောင်းမယ် ဆိုရင် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံး ကုန်ဆုံးလိမ့်မယ်။”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

အစီအရင်များကို အများကြီးဖန်တီးနိုင်သည်ဆိုလျှင် သူသည် တရစပ်တည်နေရာရွှေ့ပြောင်း၍ သွားလာနိုင်မည်ဟု တွေးတောနေမိ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ လူတစ်ယောက်သည် တည်နေရာရွှေ့ပြောင်းမှုကို တစ်ခါလုပ် မည်ဆိုပါက စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ကုန်ကျပေလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းထဲတွင်ရှိသော လူပေါင်းများစွာတို့ တည်နေရာရွှေ့ပြောင်းမည်ဆိုလျှင် ကုန်ကျနိုင်သည့် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး၏ ပမာဏသည် ကြောက်မက်ဖွယ်ရာကောင်းပေလိမ့်မည်။ သူမည်မျှ ချမ်းသာသည်ဆိုဆို ဤသို့သော ကိစ္စမျိုးကိုတော့ တတ်နိုင်လိမ့်မည်မဟုတ်ချေ။

စနစ်က ပြောလိုက်သည်။ “တည်နေရာအမျိုးအစားအစီအရင်တွေဟာ စွမ်းအင်တွေနဲ့ လည်ပတ်ရတာလေ။ ဒါကြောင့် စိတ်ဝိညာဉ် ကျောက်တုံးတွေ ကုန်ဆုံးတယ်ဆိုတာ ဒါအမှန်ပဲလေ။”

“ဒါကတော့ ဟုတ်တယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ကျန်းတယ်ကျွင်းက ပြောလိုက်၏။ “တကယ်လို့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုမယ်ဆိုရင် တည်နေရာရွှေ့ပြောင်းနိုင်တဲ့ အရေ အတွက်က ပိုပြီးတော့ တိုးလာမှာ။”

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွား၏။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများသည် ပိုမိုကာ အကျိုးသက်ရောက်မှုရှိသည်ကို သိရှိ၏။ သို့ပေမဲ့ တန်ဖိုးကြီးမားလွန်းလှ၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် သူ၏ ကုတ်ပိုးကို ပွတ်ကာ ပြောလိုက်တော့၏။ “အထူးတည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်က ကောင်းတယ်။ ပြီးတော့ ဒါကြီးကို ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ရွှေ့ထားမယ်ဆိုလို့ရှိရင် ပိုပြီးကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကို ရရှိနိုင်တယ်လို့ထင်တယ်။”

“ဒါကတော့ဟုတ်တယ်။ အထူးတည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ကို ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာ ခံတပ်ထဲမှာ တည်ဆောက်ထားမယ်။ ဝင်ရောက်လာတဲ့ ကျွင်းကျင်သူတွေအနေနဲ့ အထဲကို ဝင်လာပြီးတဲ့အချိန်မှာ ပိုက်ဆံပေးရင်ပေး။ မပေးရင် တည်နေရာခံတပ်ရဲ့ အပြင်ဘက်ကို တည်နေရာ ရွှေ့ပြောင်းပေးလိုက်မယ်။”

စနစ် “………”

လက်ခံသူသည် ဆိုးရွားလှသော အကြံအစည်အား စဉ်းစားလျက်ရှိနေတော့သည်။

အချိန်များသည် တစ်ရက်ချင်း ကုန်ဆုံးသွားခဲ့၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကောင်းကင်ယံတွင် စုဝေးလျက်ရှိသော တိမ်များအားလုံးသည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကဲ့သို့ ဖြစ်တည်လာခဲ့တော့၏။ အထဲသို့ ဝင်ရောက်ရန် ၇ ရက်သာကြာမြင့်သည့်အခြေအနေမှာတော့ ကြီးမားပြီး ရှည်လျားလှသော ဂိတ်တံခါးကြီးတစ်ခုသည် ဖြစ်တည်လာခဲ့တော့သည်။

အဓိကဟောခန်း၏ အပြင်ဘက်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် အသာမော့ကြည့်ကာ ပြောလိုက်၏။ “အရမ်းအားကောင်းတဲ့ဂြိုဟ်တွေနဲ့ သွားပြီးတိုက်ခိုက်ဖို့အတွက်ဆိုရင် ဒီဂိတ်တံခါးကြီးက ငရဲကို သွားတဲ့ဂိတ်တံခါးလိုပဲ။”

ဤဂိတ်တံခါးကြီးသည် ကောင်းကင်ပေါ်တွင် ရှည်လျားစွာဖြင့် တည်ရှိလျက်ရှိနေ၏။ အလွန်တရာအားကောင်းလှ သော အော်ရာများကိုလည်း ထုတ်ဖော်လျက်ရှိသည်။ ရွေးချယ်ခံရသော အားကောင်းလှသည့် သိုင်းကျင့်ကြံသူများ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။

၎င်းတို့အားလုံးသည် စိတ်ပိုင်းဆိုင်ရာအရ သေဆုံးရန် ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီးပြီဖြစ်တော့၏။ စောင့်ကြည့်ရေးမျှော်စင်ရှိ မြေစိတ်ဝိညာဉ်ရတနာသည် အချိန်များ တဖြည်းဖြည်း နှင့် ပိုမိုကာ ကုန်ဆုံးလာပြီးသည့်နောက်မှာတော့ သုညအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်မှာတော့ တိမ်များအဖြစ် ဖြစ်တည်လာခဲ့သော ဂိတ်တံခါးကြီးသည် ရုတ်တရက် ပွင့်သွားတော့၏။

ဝှစ် ဝှစ်

အားကောင်းလှသောအော်ရာများသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေက ဒီတစ်ရက်အတွင်းကို အပြီးဝင်ရမယ်။ မဟုတ်ရင် အထက် နယ်မြေရဲ့ ကြီးမားတဲ့အပြစ်ပေးမှုကို ခံစားရလိမ့်မယ်။”

အားကောင်းလွန်းလှသော အသံတစ်ခုသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့သည်။ ထိုအသံသည် ကုန်းမြေတိုက်ကြီး တွင် ရှိသော သက်ရှိများအားလုံး၏ နှလုံးသားကို တုန်ခါစေခဲ့၏။

ကျွီ

အသံထွက်ပေါ်သွားပြီးသည့်နောက်မှာတော့ ဂိတ်တံခါးကြီးသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့တော့သည်။

“ဒီနေ့က ရောက်လာခဲ့ပြီ။”

“ဒီနေ့က ရောက်လာခဲ့ပြီ။”

တူညီသည့်စကားလုံးပင် ဖြစ်သည်ဆိုသော်လည်း ပြောဆိုလိုက်သည့်လူများမှာတော့ စောင့်ကြည့်ရေးမျှော်စင်မှ အကြီးအကဲနှင့် ယွမ်သခင်လေးတို့ပင် ဖြစ်နေ၏။

၎င်းတို့၏ ပြောဆိုလိုက်သည့်အဓိပ္ပာယ်မှာတော့ ကွာခြားလွန်းလျက်ရှိနေသည်။

All Chapters