← Chapters

အခန်း (၉၇၄)

Vol. 66 Ch. 974

အခန်း (၉၇၄)

Vol. 66 Ch. 974

ဂြိုဟ်တိုက်ပွဲတည်နေရာ၏ ဂိတ်တံခါးသည် ဖြေးညှင်းစွာဖြင့် ပွင့်လာခဲ့တော့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအချင်းအရာကို မျက်မြင်တွေ့ရှိနေကြ၏။

ယနေ့သည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ စောင့်ကြည့်ရေးမျှော်စင်၏ အပြင်ဘက်တွင်တော့ ခေါင်းဆောင်သည် အလွန်နာကျင်သည့်မျက်နှာအမူအရာဖြင့် ရပ်လျက်ရှိနေသည်။

ဂြိုဟ်တိုက်ပွဲတည်နေရာ၏ ဂိတ်တံခါးပွင့်သွားခြင်းဆိုလိုသည့်အဓိပ္ပာယ်သည် သိုင်းအုပ်စိုးသူ ၂၀၀၀၀ ကျော်တို့အား ပေးဆပ်ရတော့မည်ဟု အဓိပ္ပာယ်ပင်ဖြစ်၏။ တကယ့်တကယ်တမ်း ယှဉ်ပြိုင်တိုက်ခိုက်ရန် စေလွှတ်လိုက် သည်ဆိုခြင်းမှာ သေတွင်းဆီသို့ တွန်းပို့သည်ဟုဆိုရမည်။

တားမြစ်တည်နေရာထဲတွင် တည်ရှိနေသော ယွမ်သခင်လေးမှာတော့ မျက်နှာကိုအုပ်ကာဖြင့် ရယ်မောလျက် ရှိနေ၏။ သူသည် ဤကဲ့သို့သောနေ့ကို ရောက်ရှိစေရန် စောင့်မျှော်နေခဲ့ခြင်းပင်ဖြစ်တော့၏။

များပြားလှသော ဂိုဏ်းများအသီးသီးမှ လက်ရွေးစင်ကျွမ်းကျင်သူများအားလုံးသည် ထွက်ခွာသွားသည်ကို သူစောင့် မျှော်နေခြင်းပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် ကြီးမားလှသောလုပ်ငန်းကြီးကို ပြုလုပ်၍ ရတော့မှာဖြစ်သည်

ဝှစ် ဝှစ်

အလင်းတန်းများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တလက်လက်တောက်ပလျက်ရှိနေသော တည်နေရာ ဂိတ်တံခါးကြီးရှေ့တွင်ရပ်လျက် တစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့ကြတော့၏။ ထိုလူများထဲမှ အနည်းငယ်တို့ သည် အိုမင်းရင့်ရော်နေကြပြီဖြစ်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လွန်းသောအော်ရာများ ထွက်ပေါ် လျက်ရှိနေကြ၏။

ထိုသူများအားလုံးသည် သိုင်းနယ်မြေ သို့မဟုတ် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများဖြစ်ကြသည်။ မြို့တော်ဝန် ဟန်သည်လည်း ရောက်ရှိလာခဲ့ပြီး မူချန်းဟုန်သည်လည်း ရောက်ရှိလာပြီးဖြစ်သလို စစ်တုဟောင်ယွင်သည်လည်း အဆင်သင့် ရပ်လျက်ရှိနေသည်။

ဝှစ် ဝှစ်

တစ်လောကလုံးတွင် ရှိနေကြသော သိုင်းအုပ်စိုးသူအဆင့် ကျွမ်းကျင်သူ ၂၀၀၀ ကျော်နီးပါးတို့သည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြတော့၏။ ထိုသူများအားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်မည့် ပထမဦးဆုံး အသုတ်ပင် ဖြစ်သည်။

စစ်တုဟောင်ယွင်နှင့် သိုင်းနယ်မြေ (၆)ယောက်၊ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ (၁၄)ယောက်နှင့် ကျန်သည့်သူများ အားလုံးသည် သိုင်းအုပ်စိုးသူများဖြစ်ကြတော့၏။ တစ်ချို့သည် ကြီးမားသောဂိုဏ်းများမှဖြစ်ပြီး တစ်ချို့မှာတော့ ကြီးမားသည့် မိသားစုကြီးများမှ ဖြစ်သည်။ တစ်ချို့သည် လွတ်လပ်သော ကျင့်ကြံသူများ ဖြစ်ကြတော့သည်။

၎င်းတို့အားလုံးသည် ကြေးနီရောင်တံခါးကြီးရှေ့တွင် မတ်မတ်ရပ်နေကြတော့၏။ ၎င်းတို့၏ အရှိန်အဝါများကို ထုတ်ဖော်ထားခြင်းမရှိသည်ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသည့်အော်ရာများသည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အလိုလို ထွက်ပေါ်လျက်ရှိနေ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အဓိကဟောခန်း၏ ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်တော့၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေတာပဲ။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီလူတွေအားလုံးက ဒီမှာတော့ အရမ်းကို ကျွမ်းကျင်တဲ့လူတွေပေါ့။ ဒါပေမဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်သွားပြီဆိုလို့ရှိရင် အဆင့် ၈ ဂြိုဟ်တစ်ခုခုက ကျွမ်းကျင်သူတွေကတောင် သူတို့ကို ဖူးရောင်အောင် ရိုက်နှက်လို့ ရတယ်။”

……

“ကောင်းကင်ဘုံ ဒီမှာ ကျွမ်းကျင်သူတွေအများကြီးပါလား။”

“ဒီလူတွေကို အားလုံးက ကောင်းကင်ပေါ်ကို ပျံသန်းနိုင်တဲ့ သိုင်းအုပ်စိုးသူတွေပဲ။”

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် အလွန်တရာလေးစားလှသည့် မျက်လုံး များဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လျက်ရှိနေကြ၏။

ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲကြီးအကြောင်းကို ကြေညာခဲ့ပြီးသည့်နောက်မှာတော့ အားလုံးသောသူများတို့ သည် ထိုသူများမှာ ကုန်းမြေတိုက်ကြီးအတွက် သွားရောက်တိုက်ခိုက်မည့်လူများဖြစ်ကြောင်း နားလည်လိုက်မိကြ ၏။ ဤလူများအားလုံးသည် လေးစားမှုပေးရန် ထိုက်တန်လှသည့်သူများဖြစ်ကြသည်။

“အဖေ”

မိသားစုတစ်ခုအတွင်းမှာတော့ မိသားစုခေါင်းဆောင်နေရာကို ရယူပြီးဖြစ်သော လူငယ်တစ်ယောက်သည် ကောင်းကင် ပေါ်သို့ မော့ကြည့်ကာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ “သားက ချင်မိသားစုကို ပိုပြီးတော့ နာမည်ကြီးကျော်ကြားလာအောင် ပြုလုပ်ပေးပါမယ်။ စိတ်မပျက်စေရပါဘူး။”

“ဆရာ”

တောင်တစ်ခု၏ ထိပ်မှာတော့ ဓားတစ်ခုကို ကျောပိုးထားသော လူငယ်တစ်ယောက်သည် သံဓိဌာန်ချလိုက်တော့သည်။ “တပည့်က ကျိန်းသေပေါက် ဓားတာအိုကို လှမ်းကိုင်နိုင်ပါလိမ့်မယ်။”

ဤကဲ့သို့သော ဖြစ်စဉ်များသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဖြစ်တည်နေခဲ့တော့၏။ လူငယ်မျိုးဆက်များ အားလုံး တို့သည် ၎င်းတို့၏ ဆရာ၊ မိသားစု၊ အဖေတို့အတွက် ပိုမိုအားကောင်းအောင်ပြုလုပ်မည်ဟု ကျမ်းသစ္စာကို ကျိန်ဆိုလျက် ရှိနေကြ၏။

မြောင်ဟွာခန်းမအတွင်းမှာတော့ ရှစ်ကျွမ်းရွမ်သည် သူမ၏ မျက်မှန်အား အသာပင့်တင်ပြီးသည့်နောက်မှာတော့ ဆုတောင်းလိုက်သည်။ “ဘိုးဘေးအကြီးအကဲကြီးက ပထမဦးဆုံးအသုတ်ထဲမှာ ပါသွားတယ်။ လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်စေဖို့ မျှော်လင့်မိတယ်။”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ မျက်နှာပေါ်တွင်တော့ နာကျင်သည့်အပြုံးများ ဖြစ်ပေါ်လာခဲ့ကြတော့၏။ ဤဂိတ်တံခါးကြီးဆီမှ ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်ရှုသည်ဆိုသည်နှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် အလွန့်အလွန်ကို ကြောက်မက်ဖွယ်ရာကောင်းသည့်နေရာတစ်ခုဖြစ်ကြောင်း သိရှိနိုင်စွမ်းရှိနေ၏။

အကယ်၍ ဘိုးဘေးအကြီးအကဲကြီးနှင့် တစ်ခြားသူများသည် အသက်ရှင်လျက်ပြန်လာနိုင်သည်ဆိုလျှင် ဤအရာမှာ အိပ်မက်သာဖြစ်ပေလိမ့်မည်။

…….

ကြေးနီရောင်တံခါးကြီး၏ ရှေ့မှာတော့ ခန့်ညားလှသောပုံပန်းသွင်ပြင်နှင့်အဘိုးအိုတစ်ယောက်သည် တည်ငြိမ်စွာ ပြောလိုက်၏။

“ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ဝင်သွားရင် ဘယ်လောက်ကြီးအန္တရာယ်များသည်ဖြစ်စေ ကျုပ်တို့က အကောင်းဆုံး ပြုလုပ်ရမယ်။”

များပြားလှသော ကျွမ်းကျင်သူများ၏ အကြည့်များအားလုံးသည် လေးနက်သွားခဲ့ကြ၏။ ဤအတောအတွင်း ၎င်းတို့ အားလုံးသည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခဲ့ပြီးသားဖြစ်တော့၏။ တိုက်ခိုက်ပွဲတည်နေရာထဲကို ဝင်ရောက်ပြီး သည်နှင့် ၎င်းတို့သည် တည်နေရာကြီးကို ချဲ့ထွင်အောင် ကြိုးစားရပေလိမ့်မည်။

တိုက်ပွဲထဲ၌ သေဆုံးသွားလျှင်ဆိုသည်တောင်မှ ကိစ္စမရှိပေ။ နောင်လာနောက်သားများ လွတ်လွတ်လပ်လပ်နေထိုင် နိုင်ရန်အတွက် အကောင်းဆုံးတော့ ကြိုးစားသွားရမှာဖြစ်၏။

“အားလုံးပဲ”

အဘိုးအိုသည် အင်္ကျီလက်ကို ယမ်းခါကာဖြင့် ပြောလိုက်၏။ “သွားကြရအောင်။”

“နေအုံး။”

ထိုအချိန်မှာဘဲ အနောက်ဘက်ဆီမှ အသံတစ်ခုထွက်ပေါ်လာ၏။ များပြားလှသော ကျင့်ကြံသူများသည် အသာလှည့်၍ ကြည့်ရှုလိုက်၏။

အဝေးတစ်နေရာတွင်မှတော့ ကျွင်းချောင်ရှောင်းသည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်း၏ စပီကာနှင့်မိုက်ကို ကိုင်ကာ ပြောလိုက်သည်။ “အခုချိန်မှာ ပေးမယ်ဆိုရင် တစ်ယောက်ကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပဲကျမယ်။ တကယ်လို့ အထဲကို ဝင်သွားပြီးမှ ပေးမယ်ဆိုရင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ ပါ။ အခွင့်အရေးကို လွဲချော်လို့ မဖြစ်ဘူး။ အခွင့်အရေးဆိုတာ နောက်တစ်ခါ ထပ်မလာဘူး။”

မြို့တော်ဝန်ဟန် “……..”

“….…” မူချန်းဟုန်နှင့် စစ်တုဟောင်ယွင်တို့၏ နှုတ်ခမ်းများသည်လည်း တုန်ယင်သွားခဲ့၏။

ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ကျွင်း ……. အားလုံးက ကိုယ့်ကိုယ်ကိုယ် စတေးပြီးတော့ အထဲကို ဝင်ဖို့ ကြိုးစားနေကြတာလေ။ ဒါပေမဲ့ ခင်ဗျားက လာပြီးတော့ အားပေးတာမဟုတ်တဲ့အပြင် ဘယ်လိုလုပ်ပြီးတော့ ငွေညှစ်နေရတာလဲ။ ဒါက လူသားတွေ ပြုလုပ်သင့်တဲ့အလုပ်လား။

“အမှိုက်”

စိတ်တိုတတ်သော ကျွမ်းကျင်သူတစ်ယောက်သည် ဒေါသတကြီးပြောလိုက်၏။ “ငါတို့ကို သုံးနှစ်သားကလေးတွေလို ထင်နေတာလား။”

“ဟမ့်”

သူ၏ ဘေးနားတွင်ရှိသော ကျွမ်းကျင်သူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်ရောက်ဖို့ နှောင့်နှေးသွားမယ့်ကိစ္စသာမရှိလို့ကတော့ ဒီအဘိုးကြီးက ကျိန်းသေပေါက် မင်းတို့ဂိုဏ်းကို လာလည်ပြီး ပညာပေးတယ်။”

“ပြိုင်စံရှားဂိုဏ်းက လာလည်နိုင်တဲ့ မည်သူ့ကိုမဆို ကြိုဆိုပါတယ်။” ကျွင်းချောင်ရှောင်းက ဟန်ပါပါ နှင့် ပြုံးကာ ပြောလိုက်သည်။

“ဒီကျွမ်းကျင်သူတွေကို မင်းက အရူးလို့ထင်နေတာလား။ ဘာအကြောင်းမှမရှိဘဲနဲ့ ဘာကိစ္စ ကျုပ်တို့က သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကို ပေးရမှာလဲ။”

“ချီးတဲ့မှ …. ကျုပ်သာသူ့ထက်ပိုပြီးအားကောင်းမယ်ဆိုရင် ကျိန်းသေပေါက် ထရိုက်တယ်။”

အောက်ဖက်တွင်ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည်လည်း ဒေါသတကြီးဖြင့် ကျိန်ဆဲလျက် ရှိနေကြ၏။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။

“ဒါဆိုရင်လည်း ရဲရင့်လှတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်တာမို့ ဂြိုဟ်တိုက်ပွဲကြီးထဲကိုဝင်ပြီး ကြယ်ကြွေကုန်းမြေ တိုက်ကြီးတစ်ခုလုံးအတွက် အကောင်းဆုံးကြိုးစားပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

ဤစကားကို အရင်ပြောဆိုခြင်းသာပြုခဲ့လျှင် အားလုံးသောသူများသည် သူ့ကို ချီးကျူးထောပနာပြုကြမှာ သေချာ သည်။ သို့ပေမဲ့ ငွေစကားကို အရင်ပြောပြီးမှ ယခုစကားကို ပြောဆိုခြင်းဆိုသည်မှာတော့ ရွဲ့ကာ ပြောဆိုနေခြင်းနှင့် ဆင်တူတော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

တောက်ပအလင်းတန်းဂိုဏ်းမှ အကြီးအကဲသည် အေးစက်စက်ပြောလိုက်၏။ “ကျုပ်တို့က ပထမအသုတ်ဝင်ရတဲ့လူလေ။ ဒါပေမဲ့ မင်းကတော့ ဒုတိယအသုတ်ဝင်ရမှာ။ အချိန်ရောက်လာပြီ ဆိုရင်တော့ အကြောင်းပြချက်တွေမပေးဘဲ ကြောက်မနေဖို့ မျှော်လင့်မိတယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလောကကြီးတစ်ခုလုံးရဲ့ ကျဆင်းခြင်း၊ အောင်မြင်ခြင်းဆိုတာက အားလုံးအပေါ်မှာ တာဝန်ရှိတယ်လေ။ တကယ်လို့ ခင်ဗျားအနေနဲ့ ဒီကျွင်းကို လိုအပ်တယ်ဆိုရင် ဓားတောင်ကိုဘဲဖြစ်ဖြစ်၊ မီးပင်လယ်ကိုဘဲဖြစ်ဖြစ် ဖြတ်ကူးရမှာပဲ။ အကြိမ်တစ်သောင်းလောက် သေရမယ်ဆိုရင်တောင် စိုးရွံ့မိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ….”

သူသည် ခနရပ်တန့်ကာ ပြောလိုက်သည်။ “လောလောဆယ် ကျုပ်ဝင်ဖို့မလိုသေးဘူး။”

နောက်ဆုံးစကားသည် ရိသဲ့သဲ့နှင့် ပြောဆိုခြင်းပင် ဖြစ်တော့၏။ ထိုအချင်းအရာကို အားလုံးသောသူများသည် နားလည်မိကြ၏။

“အားလုံးပဲ။ အချိန်ဖြုန်းမနေကြနဲ့တော့။ ဝင်ကြရအောင်။”

ပြောပြီးသည့်နောက်မှာတော့ ထိုသူသည် အသာလျှောက်ဝင်သွားတော့၏။ ပြီးသည့်နောက်မှာတော့ တည်နေရာဂိတ် တံခါးထဲမှတစ်ဆင့် ပျောက်ကွယ်သွားခဲ့တော့သည်။

နောက်တွင်ရှိနေသော ကျွမ်းကျင်သူများသည်လည်း မနှောင့်နှေးကြချေ။ အမိန့်အတိုင်း အနောက်မှ စီစီရီရီနှင့် လိုက်ပါကာ ဝင်ကြတော့၏။

“ဂိုဏ်းချုပ်ကျွင်း”

မူချန်းဟုန်၏ အလှည့်သို့ ရောက်ရှိချိန်မှာတော့ သူသည် ဂိတ်တံခါးကြီးရှေ့မှာ ရပ်ကာဖြင့် အသံကို ပို့လွှတ်လိုက်တော့သည်။

“ဟုန်လင့်ကို ခင်ဗျားဆီမှာ ထားခဲ့တော့မယ်။”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “မြို့တော်ဝန်မူ ဂရုစိုက်ပါ။”

စနစ် “………”

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ပြီးပြီဆိုလျှင် ဘာမှမဖြစ်နိုင်သည်ကို လက်ခံသူ သိရှိပြီးသားဖြစ်သည်။ သို့ပေမဲ့ လက်ခံသူသည် တစ်ဖက်လူများအားလုံးကို တကယ်ပင် သေတွင်းသွားတော့မည်သကဲ့သို့ နှုတ်ဆက်လျက်ရှိနေ၏။

“အဖေ”

“ဆရာ”

ကုန်းမြေတိုက်ကြီးရှိ ကျွမ်းကျင်သူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။

ဂျူနီယာများသည် ၎င်းတို့၏ ခံစားချက်ကို မည်သို့မျှ မထိန်းနိုင်တော့ဘဲ မြေပေါ်တွင် ဒူးထောက်ထိုင်ကာ ငိုယိုလျက် ရှိနေကြ၏။

ယနေ့မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူ ၂၀၀၀ ကျော်တို့သည် ကြယ်ကြွေကုန်းမြေတိုက် ကြီး၏ ငြိမ်းချမ်းရေးအတွက် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်သွားခဲ့ကြပြီဖြစ်သည်။

ဤအချင်းအရာသည် အားလုံးသောသူများကို ထိခိုက်မိစေတော့၏။ သမိုင်းထဲတွင် ကြီးကြီးကျယ်ကျယ် မှတ်တမ်းရေး ထိုးထားရမည့်ကိစ္စပင်ဖြစ်၏။

“လူ ၂၀၀၀ တစ်ယောက်ကို ၁၀၀၀၀ ဆိုတော့ အင်း ….. ငါကလည်း သင်္ချာက ညံ့လိုက်တာ”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာဂိတ်တံခါးရှေ့တွင် ရပ်ကာဖြင့် တွက်ချက်လျက်ရှိနေ၏။ “ဘာပဲဖြစ်ဖြစ် ချမ်းသာပြီပဲ။”

…

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်အထဲမှာတော့ လွင့်မြောနေသော တောင်တန်းများ၏ အောက်ဘက်ရှိ တည်နေရာအလွတ်တစ်ခုပေါ်တွင် ရုတ်တရက် လေပွေလှိုင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။

ရွှီ

ခနလောက်ကြာပြီးသည့်နောက်မှာတော့ အင်ပါယာတစ်ယောက်ကဲ့သို့ သပ်ရပ်လွန်းလှသော အဘိုးအိုတစ်ယောက် သည် အတွင်းမှ အပြင်သို့ လျှောက်ထွက်လာခဲ့တော့သည်။

သူသည် အပြင်ဘက်သို့ လျှောက်ထွက်လိုက်လိုက်ချင်း အရာအားလုံးကို သေသေချာချာ ကြည့်ရှုလိုက်ပြီး သည့်နောက် မှာတော့ သူ၏ လက်များသည် တုန်ယင်သွားခဲ့၏။

“ဒါ … ဒါက …. ဂြိုဟ်တိုက်ပွဲတည်နေရာလား။”

သူသည် တန့်ခနဲ ဖြစ်သွား၏။ အဘယ့်ကြောင့်ဆိုသော် ကျယ်ဝန်းလှသော လမ်းများ၊ သပ်သပ်ရပ်ရပ်ဖြင့် တည်ဆောက်ထားသော အဆောက်အဦများကို မြင်လိုက်ရပြီး ထိုအဆောက်အဦများ၏ ရှေ့တွင် စီစီရီရီဖြင့် ရပ်လျက်ရှိနေသော ပြိုင်စံရှားဂိုဏ်းတပည့်များကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။

“ကြိုဆိုပါတယ်။”

“ကြိုဆိုပါတယ်။”

“နွေးထွေးစွာ ကြိုဆိုပါတယ်။”

လီချင်းယန်နှင့်တစ်ခြားသူများအားလုံးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် အားရပါးရ နှုတ်ဆက်လိုက်ကြ၏။

ထိုအဘိုးအိုသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်ကို ရောက်ရှိနေပြီဖြစ်သော်လည်း လက်ရှိ အခြေအနေမှာတော့ မြေပေါ်သို့ လဲပြိုလုမတတ် ထိတ်လန့်နေမိတော့၏။

သူ၏ စိတ်တစ်ခုလုံးသည် အတွေးများဖြင့် ချာချာလည်လျက်ရှိနေ၏။ သူသည် ပထမဦးဆုံးဝင်ရောက်လာခဲ့သူ မဟုတ်လား။ အဘယ့်ကြောင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ဤနေရာသို့ ကြိုတင်ကာရောက်ရှိနေသနည်း။

ရွှီ … ရွှီ …….။

များပြားလှသောကျင့်ကြံသူများသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့အနေဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာ၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို မခံစားရချေ။ ၎င်းတို့အား ကြိုဆိုလိုက်သည့်အသံများ ကိုသာ ကြားလိုက်ရတော့သည်။

ပို၍ အံ့အားအသင့်ဆုံး ဖြစ်နေသည့်လူများမှာ မူချန်းဟုန်၊ စစ်တုဟောင်ယွင်တို့ပင် ဖြစ်တော့သည်။ ၎င်းတို့ နှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် ရင်းနှီးပြီးသားဖြစ်၏။ ထို့ကြောင့် ၎င်းတို့အား ကြိုဆိုနှုတ်ဆက်လျက် ရှိနေကြသည့်လူများသည် ပြိုင်စံရှားဂိုဏ်းအတွင်းစည်းတပည့်များဖြစ်ကြောင်း ကောင်းကောင်းသိ၏။ ဟုန့်လင်၊ ချူရှိုးနန်တို့သည် ကောင်းကင်ဘုံကျောင်းမှ ကျောင်းသားဟောင်းများပင်ဖြစ်နေသည်မဟုတ်ပါလား။

“နေအုံး”

မူချန်းဟုန်သည် လူအုပ်ကြားထဲတွင်ရှိနေသော မူဟုန်လင်အား မြင်လိုက်ရ၏။ သူသည် အမှတ်မထင်ဘဲ မျက်လုံးကို ပွတ်ကာဖြင့် မယုံကြည်နိုင်သလို ပြောလိုက်မိ၏။ “ဒါ ငါအိပ်မက်မက်နေတာလား။”

ရွှီ

ထိုအချိန်မှာဘဲ ရှောင်ကျီသည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ ထိုင်ခုံတစ်ခုကို အသာချလိုက်သည်။

ဂိုဏ်းချုပ်ကျွင်းသည် ပျံသန်းရောက်ရှိလာပြီးသည့်နောက်မှာတော့ ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာ တော့ ခြေကို အသာချိတ်ကာဖြင့် ပြုံးကာပြောလိုက်မိ၏။

“ဂြိုဟ်တိုက်ပွဲတည်နေရာကြီးက ကြိုဆိုပါတယ်။ ဒါက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ်တည်နေရာပါ။ ကျုပ်ကတော့ ခံတပ်ရဲ့ ပထမဆုံး သခင် ကျွင်းချောင်ရှောင်းပဲဖြစ်ပါတယ်။”

All Chapters