← Chapters

အခန်း (၉၇၅)

Vol. 66 Ch. 975

အခန်း (၉၇၅)

Vol. 66 Ch. 975

သိုင်းကျင့်ကြံသူနှစ်ထောင်ကျော်တို့သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် သေခြင်းတရားကို ရင်ဆိုင်ရန် အတူတကွ ပြင်ဆင်ခဲ့ပြီး ဖြစ်တော့သည်။ သို့ပေမဲ့ ကြေးနီရောင်တံခါးကြီးကိုဖြတ်၍ အထဲသို့ ဝင်လိုက်သည့်အချိန်မှာတော့ ညီညာစွာခင်းကျင်းထားသော ကျောက်ပြားများ၊ သပ်သပ်ရပ်ရပ်ဖြင့် ဆောက်လုပ်ထားသော အဆောက်အဦများနှင့် အတူ ပြိုင်စံရှားဂိုဏ်းတပည့်များကို မြင်လိုက်ရသည့်အချိန်မှာတော့ အားလုံးသည် စာခြောက်ရုပ်ကြီးများကဲ့သို့ တည်နေရာမှာပင် မတ်မတ်ရပ်ကာ ကြောင်အနေမိကြတော့သည်။

လက်ရှိအခြေအနေမှာတော့ ၎င်းတို့်သည် ဘာတွေဖြစ်နေသနည်းဆိုသည်ကို ကျယ်လောင်စွာဖြင့် အော်ဟစ် မေးမြန်းချင်နေမိတော့၏။

ထို့အပြင် ကျွင်းချောင်ရှောင်း - ဤလူသည် ဂြိုဟ်တိုက်ပွဲတည်နေရာသို့ မဝင်ခင်ကပင် ၎င်းတို့နှင့် စကားပြောဆိုခဲ့သေး၏။ အဘယ်ကြောင့် သူတို့၏ရှေ့တွင် ပေါ်လာရသနည်း။

ကုန်းရှန့်သည် အနောက်သို့မှီ၍ လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “အားလုံးပဲ အခုချိန်မှာ ဇဝေဇဝါ ဖြစ်နေမယ်လို့ထင်တယ်၊ ဒီကျွင်းက အသေးစိတ်ကို ရှင်းပြပေးမယ်”

အားလုံးသည် အလောတကြီးဖြင့် အားစိုက်ကာ ထောင်မိကြ၏။

“ပြိုင်စံရှားဂိုဏ်းအနေနဲ့ ရှေးအမွေအနှစ်တစ်ခုကို ရရှိပြီးတဲ့နောက်မှာ အမှတ်မထင်နဲ့ ဒီဂြိုဟ်တိုက်ပွဲတည်နေရာ ကြီးထဲကို ဝင်ရောက်နိုင်တဲ့ ရတနာတစ်ခုကို ရရှိခဲ့တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဟုတ်တယ်”

စနစ်က ပြောလိုက်သည်။ “ပေါက်တတ်ကရတွေ စပြောပြီ”

မြို့တော်ဝန်ဟန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းဆိုလိုတာက ခင်ဗျားတို့ဂိုဏ်းက ဒီတည်နေရာကြီးထဲကို ဝင်လို့ရနိုင်တဲ့ ရတနာကြီးကို အမှီပြုပြီးတော့ အရင်ကြိုဝင်နေတယ်လို့ ဆိုလိုတာလား”

“ဒါက အမှန်ပါပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့ဒီထဲကို ဝင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက”

“.........”

ကျွမ်းကျင်သူများ အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြတော့၏။ ၎င်းတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိနေပြီး ကျွင်းချောင်ရှောင်းသည်သာ ထိုအချင်းအရာကို ပြောသည်ဆိုပါက မယုံကြည်နိုင်သောကြောင့် ထ၍ပင် သေမတတ်ရိုက်နှက်မိနေပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရွေးချယ်ခွင့်မရှိဘဲ ယုံကြည်နေရတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ၎င်းတို့၏ ရှေ့တွင် တည်ရှိနေသောကြောင့် ဖြစ်ပေ၏။

“ဒီကျွင်းက အရင်ဆုံးဝင်တဲ့အချိန်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့တည်နေရာက ပေအနည်းငယ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ အခုတော့ ရွာတစ်ခု အရွယ်အစားနီးပါးကို ရောက်နေပြီ၊ ပြိုင်စံရှားဂိုဏ်းက ဒီလိုအခြေအနေမျိုးဖြစ်ဖို့အတွက် အပြင်းအထန်ပဲ တိုက်ခိုက်ခဲ့ကြရတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

...................

ဤစကားသည် သိုင်းကျင့်ကြံသူများအားလုံးကို ဇဝေဇဝါ ဖြစ်မိနေကြ၏။ ပြိုင်စံရှားဂိုဏ်းသည် ရတနာတစ်ခု အမှီပြု၍ ဤကဲ့သို့ ဝင်ရောက်နိုင်ခဲ့သည်ကို လက်ခံနိုင်ကြ၏။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ၎င်းတို့၏ တည်နေရာကို ချဲ့ထွင်နိုင်သည့်စွမ်းရည်သည် ဘယ်နေရာကနေ ရရှိလာသနည်း။

ထို့ပြင် စောင့်ကြည့်ရေး မျှော်စင်၏ ပြောစကားအရဆိုလျှင် သိုင်းကျင့်ကြံသူများကို သတ်ဖြတ်ခြင်းကသာလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာကို တိုးတက်စေနိုင်၏။ ယခု ဝင်ရောက်လာပြီး ပတ်ဝန်းကျင်ရှိ ကျယ်ပြောလှသော တည်နေရာကြီးကို ကြည့်မည်ဆိုလျှင် ၎င်းတို့ လူမည်မျှကို သတ်ခဲ့သောကြောင့် ဤမျှ ကျယ်ဝန်းလှသော တည်နေရာကြီးကို ရရှိခဲ့သနည်း။

“နေအုံး... ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ဝင်ခွင့်ရဖို့က သိုင်းအုပ်စိုးသူမှ ဝင်ခွင့်ရတာ မဟုတ်ဘူးလား”

သိုင်းကျင့်ကြံသူများအားလုံးသည် ရုတ်တရက် အမှန်တရားကို နားလည်လိုက်မိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း ၏အနောက်တွင်ရှိသော တပည့်တစ်ဒါဇင်ကျော်တို့အား လှမ်း၍ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သံပြိုင် ဆိုသလိုပဲ ထ၍အော်လိုက်ကြ၏။ “သူတို့အားလုံးက သိုင်းအုပ်စိုးသူတွေလား”

“အားလုံးပဲ”

ဂိုဏ်းချုပ်ကျွင်းသည် ပြုံးကာပြောလိုက်မိ၏။ “ကျေးဇူးပြုပြီးတော့ သေချာကြည့်ပါ၊ ပြီးတော့ မော့ကြည့်လိုက်ပါအုံး”

“မော့ကြည့်ရမယ် ဟုတ်လား” အားလုံးသည် ကြောင်အသွားမိကြ၏။ ၎င်းတို့သည် အမှတ်မထင် ဦးခေါင်းကို မော့၍ ကြည့်လိုက်သည့်နောက်မှာတော့ တစ်ဆက်တည်းဖြစ်တည်နေသော တောင်တန်းကြီးခုနှစ်ခုကို မြင်လိုက်ရတော့ သည်။ အားလုံး၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး မေးရိုးများပင် ပြုတ်ကျလုမတတ် ဖြစ်နေကြတော့၏။

၎င်းတို့၏ အမူအရာကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လှောင်ပြောင်ချင်စိတ်ပင် ပေါက်မိနေ၏။ သူသည် ဤလွင့်မျောနေသော တောင်တန်းကြီးကို တည်ဆောက်ပြီး ဝါကြွားရန်အတွက် များပြား လှသော ပိုက်ဆံများကို အကုန်ခံခဲ့ရသည်။ လက်ရှီအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး သည် သူ၏သေသေချာချာ စီမံထားမှုကြောင့် အပြင်းအထန် တုန်လှုပ်နေကြပြီဖြစ်၏။ ဤအရာသည် ကျိန်းသေပေါက် ဝါကြွားချင်စရာကိစ္စပင် ဖြစ်တော့သည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တစ်လက်မစီတိုင်းက ပြိုင်စံရှားဂိုဏ်း တည်ဆောက်ခဲ့တဲ့အရာတွေပဲ၊ ဒီတော့ ဒီတောင်ပေါ်မှာရှိတဲ့ အိမ်တွေအကုန်လုံးကလည်း ပြိုင်စံရှားဂိုဏ်းက ဆောက်ထားတာပဲ၊ ခင်ဗျားတို့ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေ တောင်းဆိုတယ်ဆိုတာ မများဘူးမို့လား”

မများပေ၊ ဤအရာသည် အမှန်ပင် ကျိုးကြောင်းသင့်တော်လွန်းလှ၏။

“ဂိုဏ်းချုပ်ကျွင်း”

သို့ပေမဲ့ သိုင်းအုပ်စိုးသူတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်မိ၏။ “မင်းဆီမှာ ဘာသက်သေမှ မရှိတာ ကျုပ်တို့က ဘယ်လိုယုံရမှာလဲ”

အားလုံးသည် ရတနာကို အမှီပြု၍ အထဲသို့ ဝင်ရောက်နိုင်သည်ကို ယုံကြည်မိကြ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း အနေဖြင့် ကြီးမားလှသော ခံတပ်ကြီးကို တည်ဆောက်ခဲ့သည်ဆိုခြင်းကို အပြင်းအထန် သံသယ ဝင်နေမိကြသည်။ ထို့အပြင် ဤမျှကြီးမားသော နေရာကြီးကို တည်ဆောက်နိုင်ဖို့ဆိုလျှင် တစ်ရက်တည်းနှင့် တည်ဆောက်နိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။

“ချီးတဲ့မှ...” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ကျိန်ဆဲလိုက်မိတော့၏။ သူသည်လည်း အမှန်ပင် ဇဝေဇဝါ ဖြစ်မိနေသည်။ ဤခံတပ်တည်နေရာကြီးကို သူကိုယ်တိုင် တည်ဆောက်ခဲ့သည်ဆိုခြင်းကို မည်ကဲ့သို့ သက်သေပြရမည်နည်း။ အစောကြီးကတည်းက သိရှိမည်ဆိုပါက သူသည် ဤကဲ့သို့ တည်ဆောက်နေသည့် မြင်ကွင်းများ အားလုံးကို မှတ်တမ်းထင်ထားပေလိမ့်မည်။ ယခုမှတော့ ဘာမှလုပ်၍ မရတော့ချေ။

“ကျုပ်လည်း အဲလိုပဲ ထင်တယ်” ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။

နောက်ထပ်ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ဒီနေရာကို မလာခင်ကတည်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ခံတပ်က အစောကြီးကတည်းက ဒီလောက်ကြီးနေတာမျိုးလည်း ဖြစ်နိုင်တယ်လေ”

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံ၏လက်ရမ်းကို ရိုက်ကာ အော်လိုက်မိသည်။ “ပြိုင်စံရှားဂိုဏ်းက ဒီခံတပ်ကြီးတစ်ခုလုံးကို သွေးတွေ၊ ချွေးတွေနဲ့ရင်းပြီး တစ်လှမ်းချင်း တည်ဆောက်ခဲ့ရတာ၊ မဟုတ်ရင် ခင်ဗျားတို့ ဝင်လာတဲ့နေရာတစ်ခုလုံးက စွန့်ပစ်ကုန်းမြေလိုမျိုး အမှိုက်ပုံတစ်ခုလို သေးသေးလေးတောင် ရှိမှာ မဟုတ်ဘူး”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အလောတကြီးဖြင့် အသံပို့လွှတ်လိုက်တော့သည်။ “စိတ်ကို ငြိမ်ငြိမ်ထား၊ စိတ်ကို ငြိမ်ငြိမ်ထား”

ဂိုဏ်းချုပ်ကျွင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာခံတပ်ကြီး ပိုမိုကျယ်ပြန့်လာရန်အတွက် များပြားလှသော တိုက်ပွဲ များကို ရင်ဆိုင်ခဲ့ရသည်။ သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှ တခြားသော ကျင့်ကြံသူ တစ်သောင်းကျော်တို့၏ အမဲလိုက် သတ်ဖြတ်ခြင်းကိုလည်း ခံခဲ့ရဖူးသည်။ ထို့အပြင် မိုးကြိုးကပ်ဘေးကိုလည်း ရင်ဆိုင်ခဲ့ရသည်။ သူသည် အမှန်ပင် သွေးနှင့်ချွေးနှင့်ရင်း၍ ဤကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာကို တည်ဆောက်ခဲ့ရခြင်းပင် ဖြစ်ပေသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထိုအကြောင်းအရာများ အားလုံးကို တခြားသူများသည် မေးခွန်းထုတ် လျက်ရှိနေ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် တင်းမာခက်ထန်သည့် အမူအရာဖြင့် ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲကနေပြီးတော့ လုံလုံခြုံခြုံနဲ့ ထွက်ခွာသွားချင်တယ်ဆိုရင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကိုပေး၊ တကယ်လို့ မပေးဘူးဆိုရင်တော့ ကျုပ်ကို အပြစ်မဆိုနဲ့တော့”

ဒေါသတရား - ဤအရာသည် အမှန်ပင် ဒေါသတရားများ ဖြစ်တည်လာတော့သည်။

ဆွစ် ဆွစ်

ခရမ်းရောင်ဘုရင်နှင့် တင်းရှင်းဝမ်တို့သည် အဓိကတောင်ထွတ်မှ ခုန်ဆင်းလာပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အော်ရာများကို ထုတ်ဖော်လျက် ရှိနေတော့၏။ အချိန်မရွေး တိုက်ခိုက်မည့် ဟန်ပန် အမူအရာမျိုး ဖြစ်နေတော့ သည်။

“ဂိုဏ်းချုပ်ကျွင်း”

မူချန်းဟုန်သည် လေးနက်တည်ကြည်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်တော့သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီး ရဲ့ တည်နေရာခံတပ်ကို ခင်ဗျားတို့ဂိုဏ်း တည်ဆောက်ခဲ့တာကို ကျုပ်ယုံတယ်”

“ကျုပ်လည်းယုံတယ်” မြို့တော်ဝန်ဟန်က ပြောလိုက်၏။

တခြားသော ကျင့်ကြံသူများသည် မည်သည့်စကားကိုမှ မဆိုချေ။ ဤကောင်လေး၏ စကားသည် ယုံကြည်ရမလား၊ မယုံကြည်ရဘူးလားဆိုတာကို စဉ်းစားလျက်ရှိနေကြသည်။

တကယ်တမ်းမှာတော့ ၎င်းတို့အနေနှင့် ယုံခြင်း၊ မယုံခြင်းကို ဂိုဏ်းချုပ်ကျွင်းသည် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူသည် ပြုလုပ်စရာရှိသည်များကို ပြုလုပ် ပြီးသည့်နောက်မှာတော့ တခြားသူများ၏ အတည်ပြုမှုကို မလိုအပ်တော့ချေ။ သူ လိုအပ်နေသည်မှာ ပိုက်ဆံများ ရရှိရန်သာ ဖြစ်တော့၏။

“ကျုပ် ခံတပ်ရဲ့သခင် ကျွင်းချောင်ရှောင်းပဲ …… မြန်မြန် ခင်ဗျားတို့ရဲ့ ပိုက်ဆံတွေကို လွှဲပေးတော့”

“ဂိုဏ်းချုပ်ကျွင်း”

သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ “ဒီခံတပ်တည်နေရာကြီးရဲ့သခင်က ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လို့ မရဘူး”

“ဘာလို့လဲ”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ အတည်ပြုချက်ကို ယူရအုံးမှာလား”

“မဟုတ်ဘူး၊ ကျုပ်ရဲ့အတည်ပြုချက်ကို ယူစရာမလိုဘူးလေ၊ ခံတပ်ရဲ့သခင်ဆိုတာက အားလုံးက ရွေးချယ် တင်မြှောက်ရတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ရတာ မဟုတ်ဘူး”

“ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူအရေအတွက် နှစ်ထောင်ကျော်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ခံတပ်၏ အရွယ်အစားသည်လည်း လက်ခံနိုင်လောက်သည့် အရွယ်အစားဆီသို့ ရောက်ရှိသွားပြီဖြစ်ပြီး ရွာအဆင့် တည်နေရာခံတပ်ကြီး ဖြစ်တည်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့သည်”

ရုတ်တရက် အလွန်တရာ ခံညားလှပြီး လေးနက်လှသော အသံသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာခဲ့ သည်။

“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... သိုင်းကျင့်ကြံသူ နှစ်ထောင်တို့သည် ခံတပ်ထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်၊ ခံတပ်၏ အရွယ်အစားသည်လည်း ရွာအဆင့်ဆီသို့ တိုးတက်ကျယ်ဝန်းခဲ့၏၊ ထို့ကြောင့် အထက်နယ်မြေ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်” စနစ်၏ အမျိုးသမီးအသံသည် ထွက်ပေါ်လာခဲ့၏။

“အထက်နယ်မြေ၏ သတ်မှတ်ချက်များအရ ကျွင်းချောင်ရှောင်းလို့ခေါ်သော သိုင်းကျင့်ကြံသူသည် သီလအမှတ် ခြောက်သောင်းသုံးထောင်ကို ရရှိခဲ့တယ်၊ သူက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကျင့်ကြံသူတွေထဲမှာ အမှတ် အများဆုံးလည်း ဖြစ်တယ်၊ ဒါကြောင့် သူ့ကို ပထမဦးဆုံး ခံတပ်သခင်အဖြစ် သတ်မှတ်ခဲ့တယ်၊ ဒီကြေညာမှုကို ဒီနေရာမှာတင် စတင်ခဲ့ပြီ”

“ချီးတဲ့မှ.. သီလအမှတ် ခြောက်သောင်းသုံးထောင် ဟုတ်လား၊ ဒါက ကြောက်စရာ ကောင်းလွန်းလှတယ်” သိုင်းကျင့်ကြံသူများ၏ မျက်လုံးများသည် ပြူးသွားမိကြသည်။

လူတော်တော်များများတို့သည် သီလအမှတ် သုံးထောင် သို့မဟုတ် ငါးထောင်ရလျှင်ပင် အလွန်တရာ ပျော်ရွှင်မိနေလိမ့်မည်။ တစ်စုံတစ်ယောက်အနေဖြင့် သီလ အမှတ် ခြောက်သောင်းသုံးထောင်ဆိုသည်မှာ စိတ်ကူးယဉ်၍ပင် မရနိုင်သော အရာပင် ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ တစ်ဖက်လူသည် ဤမျှ များပြားသော သီလအမှတ်များကို ရရှိသည်ဆိုခြင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသော သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ကျင့်ကြံသူများက သိရှိလို့နေခဲ့၏။

ယခုမှ ဝင်ရောက်လာခဲ့ကြသော ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် သီလအမှတ် အကြောင်းကို သေသေချာချာ မသိကြသော်လည်း ကျွင်းချောင်ရှောင်းအား ပထမဦးဆုံး ခံတပ်သခင်အဖြစ် အသိအမှတ်ပြုလိုက်သည်ကို ကြားရချိန်မှာတော့ ၎င်းတို့၏ အမူအရာများသည် နဝေတိမ်တောင်နှင့် ဖြစ်လာခဲ့ ကြသည်။ အထူးသဖြင့် ၎င်းအား ခံတပ်၏ ပထမဦးဆုံးသခင်ဖြစ်ကြောင်းကို အထက်နယ်မြေမှ ဆုံးဖြတ်ပေးလိုက် ခြင်းပင် ဖြစ်တော့သည်။

ဝှစ်

ထိုအချိန်မှာပဲ အနီရောင်အလင်းတန်းများသည် ကောင်းကင်ယံ၌ ပျံသန်းလာပြီးသည့်နောက်မှာတော့ တောင်တန်းခုနှစ်ခုဆီသို့ ကျဆင်းလာခဲ့၏။ ပြီးသည့်နောက်မှာတော့ ထိုအနီရောင်အလင်းတန်းသည် ဂိုဏ်းချုပ်ကျွင်း၏ ရှေ့ဆီသို့ ရောက်ရှိလာ၏။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ရွှေရောင်လင်းထိန်လျက်ရှိသော ကတ်ပြားတစ်ခုသည် ဤနေရာတွင် ပေါ်ပေါက်လာတော့သည်။ ထိုကတ်ပြားပေါ်မှာတော့ ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ ခံတပ်သခင်ဟု ရေးထိုးထားခဲ့သည်။

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများသည် တုန်လှုပ်သွားမိကြ၏။ ဤကတ်ပြားသည် ကြီးမားလှသည် မဟုတ်သော်လည်း ၎င်းတို့အား ထိတ်လန့်ကြောက်ရွံ့သွားလောက်သည့် အထူးအော်ရာမျိုး ထွက်ပေါ်လျက် ရှိနေ၏။ ထို့ကြောင့် မနေနိုင်ဘဲ တွေးလိုက်မိကြသည်။ “ဒါက အထက်နယ်မြေက ပစ္စည်းများလား”

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်းသည် ထိုကတ်ပြားကို ဆွဲယူပြီးသည့်နောက် တည်ငြိမ်စွာ ပြောလိုက်တော့သည်။ “အခု အားလုံး ရင်မှာ သံသယတွေများ ရှိနေသေးလား”

...............

အားလုံးသည် ငြိမ်သက်တိတ်ဆိတ်သွား၏။ “ဒီကျွင်းက ပေါက်ရတွေ ပြောရတာကို မကြိုက်ဘူး”

ကျွင်းချောင်ရှောင်း သည် အားလုံးကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “မြန်မြန် ပေးစရာရှိတာ ပေးတော့”

သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သခင် ကတ်ပြားကို ရရှိခဲ့ပြီ ဖြစ်သောကြောင့် ဤတည်နေရာတွင် အခွင့်အာဏာကို ပိုင်စိုးသူတစ်ယောက်ဖြစ်ကြောင်း အားလုံးက သိရှိနိုင်ပေလိမ့်မည်။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “စိတ်ဝိညာဉ်ကျောက်တုံး တွေ မပေးတဲ့လူတွေက လုံလုံခြုံခြုံနဲ့ ပြန်ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ပေးတဲ့လူတွေကတော့ ဒီအပေါ်ကို တက်ပြီးတော့ အထူးဧည့်သည်တွေအဖြစ် နေထိုင်ခွင့်ကို ရရှိလိမ့်မယ်”

“ဂိုဏ်းချုပ်ကျွင်း”

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်၏။ “သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းဆိုတာ ဈေးကြီးလွန်းတယ်၊ တစ်သောင်းလောက် ထားလို့မရဘူးလား”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက် နောက်ကိုပစ်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “ဒါက စီးပွားရေး လုပ်နေတာလေ၊ ဈေးလျော့ပေးတယ်ဆိုတာမျိုး မရှိဘူး”

All Chapters