← Chapters

အရင်အိမ်တော်အပျက်အစီးများ၊ ရင်နာခြင်း

Vol. 010 Ch. 903

အရင်အိမ်တော်အပျက်အစီးများ၊ ရင်နာခြင်း

Vol. 010 Ch. 903

ဂျီမြို့တော်၏ မြောက်ပိုင်းပြည်နယ်သည် မြို့နယ်မြေအတွင်းတွင် လူ အစည်ကားဆုံးဖြစ်ခဲ့သည်။ အကြောင်းမှာ ထိုနေရာရှိအကြီးဆုံးမျိုးနွယ် အိမ်တော်မှာ ရှီမန်မျိုးနွယ်ဖြစ်သည်။

အရင်က ရှီမန်မျိုးနွယ်၏ ကျော်ကြားမှုသည် မြို့၏ ဆယ်ပုံတစ်ပုံကို တာဝန်ယူထားသည်။ မြောက်ပိုင်းပြည်နယ်၏ ကြီးမားသောနေရာတစ်ခုတွင် အင်အားနှင့် အရင်းအမြစ်များကို လေးပုံတစ်ပုံယူထားသော အိမ်တော်ဖြစ်ခဲ့ သည်။ ထိုနှစ်များတွင် သူတို့၏ အင်အားသည် လူသိများသည်။

သို့သော် ယနေ့ခေတ်တွင် ဂျီမြို့တော်၏ တားမြစ်နယ်မြေဖြစ်ကာ ၁၀ မိုင်အကျယ်ပတ်လည်မှာ ပျက်ဆီးနေလေပြီ။ ထိုစဉ်က နေ့ညမပျက်မီးလောင် ကျွမ်းခဲ့ကာ နောက်ဆုံး မိုးသည်းထန်စွာရွာမှပင် မီးငြိမ်းသွားသည်ဟု သတင်း များထွက်ရှိခဲ့သည်။

ကြားသိခဲ့ရသည်မှာ ရှီမန်မျိုးနွယ်သည် ရင်ယန်နန်းတော်ကို ပြစ်မှားမိခဲ့ သဖြင့် မျိုးနွယ်တစ်ခုလုံး ခြေမှုန်းခံရကာ သူတို့နှင့် ဆက်သွယ်ရဲသူများပါ ပါဝင်ငြိတွယ်ခဲ့သည်။

တဖြည်းဖြည်းနှင့် လာမည့်သူမရှိသဖြင့် အနားမှအိမ်တော်များလည်း အဝေးသို့ပြောင်းသွားကြရာ ဂျီမြို့တော်၏ တောထသောမြေဖြစ်လာခဲ့သည်။

ကျိုးပဲ့နေသော နံရံများ၊ ပေါင်းပင်များသည် နေရာတိုင်းပင်…

ဂျီမြို့တော်သည် မိုးရွာခဲသည်။ သို့သော် ဒီနေ့တွင် မိုးဖွဲဖွဲရွာနေသဖြင့် မိုးများသည် ခန္ဓာကိုယ်ပေါ်ကျလာရာ သူတို့၏ အင်္ကျိများနှင့် ဆံပင်များစိုရွဲ သွားရသည်။

ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် အပျက်အစီးများရှေ့တွင်ရပ်ကာ ဘာလှုပ်ရှားမှုမှမလုပ်ပေ။

ဝူလင်းယူ၊ ရှောင်ချီနှင့် ရှီချန်းကျိတို့သည် နောက်မှမလိုက်ပဲ အဝေးတွင် ရပ်ကာ သူတို့ကိုကြည့်နေလေသည်။

ရှီချန်းကျိသည် ဆီဆိမ်ထီးကိုင်ထားကာ သူတို့ကျောပြင်ကိုကြည့်ပြီး မေးလေသည် “သူတို့နှစ်ယောက်လုံးခဲသွားတာလား၊ ဘာလို့အဲလောက် အကြာကြီးမလှုပ်မယှက်ရှိနေတာလဲ”

ရှောင်ချီနှင့် ဝူလင်းယူတို့သည် သူ့ကိုလျစ်လျူရှုထားလိုက်သည်။

သူ့ကိုရှင်းပြရင်တောင် ယူယူနဲ့ ရှီမန်ဖန်တို့ရဲ့ နာကျင်မှုကို သူနားလည် နိုင်မှာမဟုတ်ဘူး၊ ဘာလို့လေကုန်ခံရမှာလဲ။

ပြီးတော့ ယူယူရဲ့ကိစ္စကို သူ့ကို သူတို့မပြောနိုင်ပေ။

“အစ်မ အထဲသွားပြီးကြည့်ရအောင်” ရှီမန်ဖန်၏ အသံသည် အနည်း ငယ် အက်ကွဲနေကာ လေနှင့်အတူပျောက်ကွယ်သွားသလိုပင် “ကြည့်ဦး ငါတို့မိသားစု နာမည်ပြား လုံးဝကြီးလောင်မသွားဘူးပဲ နည်းနည်းကျန်သေး တယ်”

ရှီမာယူယူသည် သူ့အကြည့်နောက်လိုက်ကြည့်လိုက်သည်။ ‘ရှီမန်မျိုးနွယ်’ ဟုရေးထားသော နာမည်ပြားတစ်ဝက်မှာ လောင်ကျွမ်းကာ ရှီ စကားလုံးရေးထားသော တစ်ဝက်မှာကျန်နေသေးသည်။

သူမလျှောက်သွားပြီး နာမည်ပြားကိုကောက်ယူကာ အင်္ကျိလက်ကို သုံးပြီး နာမည်ပြားပေါ်မှပေရေနေသည်များကို သုတ်ပြီးနောက် ပြောလိုက် သည် “ဒီနာမည်ပြားကို ဘိုးဘိုးကြီးကိုယ်တိုင် လက်နဲ့ရေးပြီး ကိုယ်တိုင်ချိတ် ထားခဲ့တာ၊ အဲတုန်းက သူ့လက်ရေးလှတယ်ဆိုပြီး အားလုံးက ချီးကျူးခဲ့ကြ တာ”

“ဟုတ်တယ် ဘိုးဘိုးကြီးက လူသားအဆန်ဆုံးပဲ” ရှီမန်ဖန်သည် အတိတ်ကို ပြန်ကောက်လေသည် “ဘိုးဘိုးကြီးက တန်ဖိုးရှိတဲ့စာရေးသား နည်းတွေကိုလည်း ချန်ထားခဲ့သေးတယ်၊ ဒါပေမဲ့ မီးလောင်သွားလောက်ပါပြီ”

“အဲမီးတောက်တွေ… ငါသူတို့ကို သေချာပေါက်ပြန်ပေးဆပ်ခိုင်းမယ်” ရှီမာယူယူသည် မုန်းတီးစွာ ပြောလေသည် “အဲမီးရှို့တဲ့ ကျုံကျန်းမျိုးနွယ်၊ ရင်ယန်နန်းတော်တွေ သူတို့ကိုလည်း အဲလိုပဲပြန်လုပ်ချင်တယ်”

“သွေးကိုသွေးနဲ့ပြန်ပေးဆပ်ခိုင်းမယ်” ရှီမန်ဖန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

သူတို့နှစ်ယောက်လုံးသည် အပျက်အစီးများကြားထဲသို့လျှောက်သွား ကြသည်။ အိမ်များအားလုံးသည် လောင်ကျွမ်းပြီးထားကာ ကျောက်ခဲများ လည်းအပုံလိုက်ရှိပြီး အလှဆင်ထားသည်များသည် တခြားသူများ၏ ခိုးယူ ခြင်းကိုခံရကာ အပျက်အစီးများသာ ကျန်ခဲ့လေသည်။ ခြံဝန်းမှာ ဖရိုဖရဲဖြစ် နေသည်။

ရှီမာယူယူသည် အပျက်အစီးများကြားတွင် ရပ်ပြီးမျက်စိမှိတ်ကာ ထိုနှစ် က သူမ မြင်ခဲ့သော မျိုးနွယ်ဝင်များ အဆိပ်ခတ်ခံရခြင်း၊ ပြန်မတိုက်နိုင်ပဲ အသတ်ခံရခြင်း၊ ထိုလူများရိုင်းစိုင်းစွာရယ်မောခြင်း၊ ဖျက်ဆီးရင်းနှင့် ရယ်မော ကာ အားလုံးကို မီးရှို့ခြင်း.. ထိုမြင်ကွင်းများကို မြင်ယောင်လိုက်သည်။

သူမ အမေသည် သူမကို ကောင်းမွန်သောဘဝတွင် နေသွားပါဟု အော်ပြောခဲ့သည်ကို ကြားခဲ့သလိုပင်…

“ဖန်လေး အဖေ၊ အမေနဲ့ တခြားမျိုးနွယ်ဝင်တွေရဲ့ အလောင်းတွေကို သေချာလေး သဂြိုဟ်လိုက်လား”

“သဂြိုဟ်လိုက်တယ်” ရှီမန်ဖန် ဆက်ပြောလေသည် “အစ်ကိုကြီးရှင်းက လုပ်ပေးတာ”

“ရှင်းမို… ငါ သူ့ကိုနောက်ထပ်အကြွေးတင်ပြန်ပြီ” ရှီမာယူယူ ပြောလိုက် သည်။

လေဟာပြင်ဝင်ပေါက်ပွင့်လာကာ ရှင်းမိုနှင့် အကြီးအကဲတစ်ယောက် ထွက်လာသည်။

ရှီမာယူယူသည် သူ့ကိုပြောတုန်းရှိသေးသည် သူရောက်လာသည်။

“ယူယူ ဖန်လေး” သူ သူတို့ဘက်သို့ပျံလာသည်။

“မင်းဘာလို့ရောက်လာတာလဲ” ရှီမာယူယူသည် သူတို့ကို ကြည့်ပြီး မေးလိုက်သည်။

“ငါ ဒီကိုစောင့်ကြည့်ဖို့ ခိုင်းထားတာရှိတယ်၊ တစ်ယောက်ယောက်လာ တယ်လို့ကြားလို့ လာကြည့်တာ” ရှင်းမို ဆက်ပြောလေသည် “မင်းတို့ ပြန်လာ မယ်လို့မထင်ထားဘူးပဲ”

“ဒီလောက်နှစ်တွေအများကြီးကို မင်းဒီမှာဆက်တိုက်စောင့်ပေးနေတာ လား” ရှီမာယူယူသည် သူ့ကို အံ့အားသင့်စွာကြည့်လေသည်။

“အင်း အဲတုန်းကဖြစ်ခဲ့တာ အရမ်းမြန်တယ်လို့ထင်တယ် အဲကံဆိုးမိုး မှောင်ကျတုန်းက မရှိတဲ့သူကတော့ အသက်ရှင်နိုင်တယ်” ရှင်းမိုဆက်ပြော လေသည် “ရှီမန်မျိုးနွယ်ကို အမှန်တကယ်လွမ်းတဲ့သူတွေကတော့ ဒီကိုပြန် လာပြီးကြည့်မှာပဲ၊ အဲဒါကြောင့် ဒီကိုစောင့်ကြည့်ခိုင်းထားပြီး တစ်ယောက် ယောက်လာတာနဲ့ ငါ့ကိုသတင်းပေးဖို့ ပြောထားတယ်၊ အဲဒါကြောင့် ငါ မင်း တို့ကိုကူညီနိုင်တာ”

“ကျေးဇူးတင်ပါတယ် မို” ရှီမာယူယူသည် သူ့ကို ကျေးဇူးတင်စွာ ကြည့် လေသည်။

“ငါ အဲဒါတွေဖြစ်တော့ ပိတ်မိနေခဲ့တာ၊ မဟုတ်ရင် မင်းတို့အားလုံးကို…” ရှင်းမို ဆက်ပြောလေသည် “အခုတော့ ငါကူညီနိုင်သလောက် ကူညီပေးမယ်၊ ကံကောင်းလို့ ဒီနှစ်တွေမှာ ရောက်လာတဲ့လူတွေရှိတယ်၊ သူတို့ကိုတွေ့ရင် မင်းတို့ပျော်မယ်ထင်တယ်”

“အသက်ရှင်တဲ့သူတွေရှိသေးတာလား သူတို့ရော”

“ရှိတယ် သူတို့လုပ်ချင်တာကို ငါလုပ်ခွင့်ပေးထားတယ်၊ သူတို့ကို ဒီနား က တောင်တန်းတစ်ခုမှာ ဖွက်ထားတယ်၊ အဲနေရာက ရှင်းမိသားစုရဲ့ လွှမ်းမိုး မှုအောက်မှာရှိတယ်၊ ရင်ခန်နန်းတော်က အဲမှာရှာတွေ့မှာမဟုတ်ဘူး” ရှင်းမို သည် ရှက်ရွံ့စွာဆက်ပြောလေသည် “ပြီးခဲ့တဲ့တစ်ခေါက် မင်းကိုတွေ့တော့ စိတ်လှုပ်ရှားနေတာနဲ့ အဲအကြောင်းပြောဖို့မေ့နေတာ၊ မဟုတ်ရင် မင်း စောစောသိရမှာကို”

“ရပါတယ် အတူတူပဲကို” ရှီမာယူယူ ပြောလိုက်သည်။

သူမသာ စောစောသိရလျှင်လည်း သူတို့ကို တွေ့နိုင်မည်မဟုတ်ပေ။ သူမသည်… ကြောက်ရွံ့နေသည်…

ရှီမန်ဖန်သည် သူမ၏ အမူအရာကိုမြင်သောအခါ သူမစိတ်ကို နားလည် သဖြင့် သူမ၏ ပခုံးကိုပွေ့ဖက်ကာ ပြောလိုက်သည် “စိတ်မပူပါနဲ့ သူတို့ နင့်ကို အပြစ်မတင်ပါဘူး”

“ငါ…” ရှီမာယူယူသည် သူ့ကိုကြည့်ရာ မျက်လုံးတွင် ကြောက်ရွံ့မှုများ ပြည့်နေလေသည်။

“မင်းတို့ မောင်နှမသာအသက်ရှင်နေသေးတာသူတို့သိရင် သူတို့လည်း ပျော်မှာပဲ” ရှင်းမို ပြောလိုက်သည် “ပြီးတော့ မင်းတို့မျိုးနွယ်ရဲ့ အရိုးပြာတွေ အားလုံးကို အဲမှာမြှုပ်ထားတယ်…”

နောက်ဆုံးအချက်တွင် သူမ ရုန်းမထွက်နိုင်တော့ပေ။

“ဒါဆို ငါတို့ သူတို့ကိုသွားတွေ့ရမယ်၊ ငါ့အမှားဆိုတော့ သူတို့ငါ့ကို အပြစ်တင်ရင်တောင် ငါ အကုန်လုံးကိုတာဝန်ယူမယ်” ရှီမာယူယူ ပြောလိုက် သည်။

“အစ်မ နင်…”

ရှီမန်ဖန်သည် ရှီမာယူယူအား မတတ်သာစွာကြည့်လိုက်သည်။ ထိုအချိန်ကအဖြစ်အပျက်များသည် သူမ အမှားချည်းပဲမဟုတ်ပေ။ သို့သော် သူမကိုယ် သူမ အပြစ်တင်နေရာ သူ့အတွက် စိတ်မကောင်းလှပေ။

“သွားကြမယ်၊ ငါတို့မိဘတွေကို သွားကန်တော့ရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သည် အပျက်အစီးများမှထွက်ခဲ့ရာ ရှောင်ချီတို့သည် လျှောက်လာ လေသည်။

“ယူယူ” ဝူလင်းယူသည် ယူယူ၏ နာမည်ကိုခေါ်လိုက်သော်လည်း သူ့ မျက်လုံးများမှာ ရှင်းမိုဆီရောက်နေသည်။

ဒီလူက… သူကဘာလို့ဒီကိုရောက်လာပြန်တာလဲ။

“မြင့်မြတ်သောသားတော် ဘုရင်ကြီး” ရှင်းမိုသည် ခေါင်းညိတ်ကာ နှုတ်ဆက်လေသည်။

“သခင်ရှင်းမိုလည်း ဒီကိုရောက်နေမယ်မထင်မိဘူး” ဝူလင်းယူသည် ပြုံးရင်းပြောသော်လည်း အသံနှင့်အမူအရာမှာ ပြီးခဲ့သည့်တစ်ခေါက်က အတိုင်းပင်။

“ယူယူ အဆင်ပြေရဲ့လား” ရှီမာယူယူ၏ မျက်လုံးများမှာ နီရဲနေသည်ကို ရှောင်ချီတွေ့သောအခါ သူမ အစောပိုင်းတွင် ငိုထားသည်ကို အသေအချာသိ နေသည်။

“ငါ အဆင်ပြေတယ်” ရှီမာယူယူ သူမကိုပြုံးပြလိုက်ပြီးနောက် ရှီချန်းကျိ ကိုကြည့်ပြီးပြောလိုက်သည် “ဒီမှာအမှတ်တရစားသောက်ဆိုင်ရှိတယ်၊ အဲဒီ မှာ ခင်ဗျားရက်နည်းနည်းလောက်နေလို့ရတယ်၊ ကျွန်တော်ရှင်းစရာလေးတွေ ရှိနေတာ၊ ပြီးရင် ခင်ဗျားကိုလာရှာပါမယ်၊ ဒါပေမဲ့ အခုအဆိပ်ဖြေဆေးဖော်ချင် တယ်ဆိုရင်တော့ ပိုကောင်းတယ်”

မင်းက ငါ့ကိုအခုပဲ အလုပ်လုပ်စေချင်တာလား။ မုန်းဖို့ကောင်းလိုက် တာ။

ရှီချန်းကျိသည် သူမအားကြည့်ပြီး ပြောမည့် စကားများကိုပြန်မျိုချလိုက် သည်။ သူသည် ကြင်နာသည်။ သူမ စိတ်မကောင်းဖြစ်နေတဲ့အတွက်ကြောင့် လွှတ်ပေးလိုက်မယ်။

“မင်း ငါ့ကိုပြန်လာမရှာရင် ကောင်းမယ်လို့ထင်တယ်” သူစကားဆုံး သည်နှင့် ဆီစိမ်ထီးကိုဆောင်းကာ တင့်တယ်စွာ လျှောက်သွားလေသည်။

ရှီမာယူယူသည် သူ၏ပုံစံကိုမြင်သောအခါ သူ့နှင့်လိုက်ဖက်သည့် အကောင်းဆုံးစကားလုံးကိုတွေးမိလေသည်…. အာရုံစိုက်ခံချင်တဲ့သူ…

“ယူယူ ရှောင်ချီတို့ဘယ်သွားကြမလဲ” ရှောင်ချီမေးလိုက်သည်။

“ငါ့မိသားစုကိုသွားရှာမယ် ငါ့…ငါ့မိဘာတွေကို သွားကန်တော့ဖို့”

***

All Chapters