← Chapters

အခန်း (၉၇၆)

Vol. 66 Ch. 976

အခန်း (၉၇၆)

Vol. 66 Ch. 976

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်းတိတိကို တောင်းဆိုမည်ဟု ပြောဆိုထားခဲ့ပြီးသားဖြစ်၏။ အစောကြီးကတည်းက သူသည် ကြိုတင် သတိပေးမှုမပြုခင် လျော့ပေးလျှင် လျော့ပေးနိုင်ပေလိမ့်မည်။ သို့ပေမဲ့ ပြောဆိုထားပြီးကိစ္စကိုတော့ ဘယ်တော့မှ လျော့ပေးလိမ့်မည်မဟုတ်ချေ။

ကျွမ်းကျင်သူများ၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားခဲ့ကြ၏။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း ဆိုသည်မှာ လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်လိုက်မည် ဆိုလျှင် အလွန်တရာ များပြားသည့် ပမာဏပင်ဖြစ်၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အထက်နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းအရ ခံတပ် တည်နေရာကြီးက ရွာအရွယ်အစားကို ရောက်သွားပြီဆိုရင် လွတ်လွတ်လပ်လပ်နဲ့ ဝင်ထွက်သွားလာခွင့်ရတယ်၊ အခု ဒီကျွင်းက အရာအားလုံး ဖြစ်တည်နိုင်ဖို့အတွက် ကြိုတင်ပြီး စီစဉ်ပေးခဲ့တယ်၊ ခင်ဗျားတို့ စိတ်ရှိတိုင်း ဒီနေရာ ကနေ ထွက်ခွာသွားနိုင်တယ်၊ ဒီတော့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းဆိုတာ ဆုံးရှုံးမှု မဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား”

“ဆုံးရှုံးမှု လုံးဝမဟုတ်ဘူး”

မြို့တော်ဝန်ဟန်သည် ရှေ့သို့လှမ်းတက်လာပြီး ပြောလိုက်၏။ “ကျုပ် သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ပေးမယ်”

သူသည် သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ အစစ်အမှန် ပေးအပ် လိုက်ခြင်းပင် ဖြစ်၏။ အထဲသို့ မဝင်ခင်ကတည်းက သူသည် သေဖို့ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ခံတပ် တည်နေရာကြီးသည် ရွာတစ်ခု အရွယ်အစားသို့ပင် ရောက်ရှိသွားခဲ့၏။ ထို့ကြောင့် ဤနေရာတွင် အပြင်းအထန် တိုက်ခိုက်နေစရာပင် မလိုချေ။ ဤသို့သော ကိစ္စကို စဉ်းစားလိုက်သည်ဆိုသည်နှင့် ကြီးမားလှသော အကျိုးအမြတ်ဖြစ်ကြောင်းကို သိရှိနိုင်ပေ၏။ ဤနေရာတွင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး များကို သုံးဖြုန်းပြီးသည့်နောက် လုံလုံခြုံခြုံဖြင့် ပြန်လည်ထွက်ခွာသွားရမည် ဆိုလျှင် ကောင်းမွန်သည့်အရာပင် မဟုတ်လား။

“မြို့တော်ဝန်ဟန်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တစ်ချက်ကြည့်လိုက်တယ်ဆိုတာနဲ့ ခင်ဗျားက ကျုပ်အပေါ်ကို နားလည်မှု အရှိဆုံးလူဆိုတာကို သိနိုင်သွားပြီ”

မြို့တော်ဝန်ဟန်သည် လက်ကိုယမ်းခါပြီးသည့်နောက် သိုလှောင်လက်စွပ်တစ်ကွင်းကို လှမ်း၍ ပစ်ပေးလိုက်သည်။ “ဒီထဲမှာ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းရှိတယ်၊ ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး စစ်ဆေးပါအုံး”

“စစ်ဆေးနေစရာ လိုတဲ့လူတွေမှမဟုတ်တာ” ဂိုဏ်းချုပ်ကျွင်းသည် သိုလှောင်လက်စွပ်ကို လှမ်းယူပြီး သည့်နောက် မှာတော့ လက်ဖျောက်တီးလိုက်၏။

ဆွစ်

၎င်းတို့၏အရှေ့ ခြေလှမ်းဆယ်လှမ်းခန့်အကွာ တည်နေရာတွင် အစီအရင်အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ “မြို့တော်ဝန်ဟန်... ဒါက အပေါ်မှာရှိနေတဲ့ တောင်တန်းတွေဆီသွားတဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပဲ၊ ခင်ဗျားက အခု ကျုပ်တို့ခံတပ်ကြီးရဲ့ အထူးဧည့်သည်တော်ပဲ၊ ဒီမှာ ခင်ဗျား ထာဝရနေချင်လည်းနေလို့ရတယ်၊ ဒါမှမဟုတ် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီကို ချက်ချင်းပြန်ချင်လည်းရတယ်”

ခံတပ်ကြီး၏ အရွယ်အစားသည် ရွာတစ်ခု၏ အရွယ်အစားသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ အဓိက တောင်ထွတ်ကြီး၏နေရာတွင် ကြေးဂိတ်တံခါးတစ်ခု ပေါ်ပေါက်လာခဲ့ပြီးသားဖြစ်၏။ တံခါးတစ်ချပ်သည် အောက်တွင်ရှိ၍ တံခါးတစ်ချပ်သည် အပေါ်တွင်ရှိနေ၏။ ထိုအရာသည် ဝင်ပေါက်နှင့် ထွက်ပေါက်ပင် ဖြစ်တော့ သည်။

ဤကဲ့သို့ ဝင်ပေါက်နှင့် ထွက်ပေါက်ဟူ၍ ကွဲပြားစွာ ဖြစ်တည်လာလိမ့်မည်ဟု ကျွင်းချောင်ရှောင်းသည် မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ဝင်ပေါက်သည် တောင်၏အောက်ခြေတွင် ပေါ်ပေါက်လာခဲ့ပြီး ထွက်ပေါက်မှာတော့ တောင်၏အပေါ်ဘက် အဓိကတောင်ထွတ်၏ အရှေ့တွင် ပေါ်ပေါက်လာတော့သည်။ ထိုအချင်းအရာကိုမြင်တော့ သူသည် အလွန်အမင်း ပျော်ရွှင်နေမိ၏။

ဤနေရာတွင် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်မျိုးကို ထပ်မံဖန်တီးလိုက်ခြင်းအားဖြင့် ကြယ်ကြွေကုန်းမြေ တိုက်ကြီးဆီမှ ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူများဆီမှ စိတ်ဝိညာဉ် ကျောက်တုံးများကို သူသည် အမှန်ပင် ညှစ်ထုတ်နိုင်တော့မည် ဖြစ်သည်။

ဝှစ် ….။

မြို့တော်ဝန်ဟန်သည် နှောင့်နှေးခြင်းမရှိဘဲ အထဲသို့ လျှောက်ဝင်သွား၏။ ပြီးသည့်နောက်မှာတော့ လွင့်မျောနေ သော တောင်ထွတ်တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။

“မြို့တော်ဝန်ဟန်”

တပည့်တစ်ယောက်သည် အရှေ့ဆီသို့ လှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ ဝါးတော ထဲတွင် သေသေချာချာ ဆောက်လုပ်ထားသော အဆောက်အဦများဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ဒီဟာက မြို့တော်ဝန်ဟန် နေထိုင်ရမယ့် တည်နေရာပါပဲ”

“အင်း”

မြို့တော်ဝန်ဟန်သည် ခေါင်းညိတ်ပြီးသည့်နောက် အရှေ့ကိုလှမ်းထွက်သွား၏။ လမ်းတစ်လျှောက်မှာတော့ သူသည် အလွန်တရာ လှပပြီး ခမ်းနားလှသော အဆောက်အဦများကို သေသေချာချာ ကြည့်ရှုလျက်ရှိတော့၏။ သူသည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ ပြောလိုက်မိ၏။ “ဒါက စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးလိုက်ရတာ ထိုက်တန်တာပဲ”

“ဂိုဏ်းချုပ်ကျွင်း”

မူချန်းဟုန်သည် ကြောင်အအဖြင့် ပြောလိုက်၏။ “သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းက ကျုပ်”

“မြို့တော်ဝန်မူ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက ပေးစရာမလိုဘူး”

မူချန်းဟုန်သည် အနည်းငယ် ကြောင်အသွား၏။ သို့ပေမဲ့ တစ်ဖက်သူသည် ထိုမျှ ပြောဆိုနေသည်ဆိုမှတော့ သူသည် အရေထူစွာဖြင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ လျှောက်ဝင်သွားခဲ့သည်။ မြို့တော်ဝန်မူသည် လွင့်မျောနေသော တောင်တန်းဆီသို့ တည်နေရာရွေ့ပြောင်းပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ လှပလှသော အဆောက်အဦများကို မြင်လိုက်၏။ သူသည် တိကျခိုင်မာစွာပြောလိုက်၏။ “ဒီအဆောက်အဦ ဆောက်လုပ်မှုပုံစံက ပြိုင်စံရှားဂိုဏ်းရဲ့ အဆောက်အဦဆောက်လုပ်မှုပုံစံနဲ့ တစ်ပုံစံတည်းပဲ၊ ဒါက ကျိန်းသေပေါက် ဂိုဏ်းချုပ်ကျွင်းနဲ့ သူ့တပည့်တွေ ဆောက်လုပ်ထားတာပဲ ဖြစ်ရမယ်”

“အဖေ”

မူဟုန်လင်သည် သူ၏ဘေးဆီသို့ ဆင်းသက်လာပြီးသည့်နောက်မှာတော့ ပြုံးရွှင်စွာဖြင့် ပြောလိုက်မိသည်။

မူချန်းဟုန်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိသည်။ “သမီး... ဒီကို အစောကြီးကတည်းက ရောက်နေတာလား”

“ဟုတ်တာပေါ့” မူဟုန်လင်က ပြောလိုက်သည်။

မူချန်းဟုန်သည် ရယ်ရမလား၊ ငိုရမလားပင် မသိရှိတော့ချေ။ သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်ရမည်ဆိုသည့်အကြောင်းကြောင့် စားချင်စိတ်ပင်မရှိဘဲ စိုးရိမ်ပူပန်မိခဲ့ရ၏။

“ဟင်း......”

သူသည် သက်ပြင်းချကာ ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်ကျွင်းက ကံကြမ္မာ အလှည့်အပြောင်းတွေ ရှိလာ မယ်လို့ ပြောခဲ့တာ၊ ငါက တကယ့်ကို မယုံခဲ့မိဘူး”

မူဟုန်လင်က ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ ဂိုဏ်းချုပ်ရဲ့ ခံတပ်က သိုင်းကျင့်ကြံသူ တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီးတော့ ရလာခဲ့တာလေ”

“တစ်သောင်းကျော် ဟုတ်လား” မြို့တော်ဝန်မူ၏ မျက်လုံးများသည် ပြူးကျယ်သွားမိ၏။ ဤဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ ဝင်ရောက်နိုင်သည့် အဆင့်အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်သည် သိုင်းအုပ်စိုးသူအဆင့်ဖြစ်၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူတစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ခြင်းဆိုသည်မှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလွန်းလှ၏။

မူဟုန်လင်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်က အဆုံးသတ်မှာ လူနှစ်သောင်းကျော်ကို သတ်ဖြတ်ပစ်ခဲ့တယ် ဆိုပေမယ့် အထက်နယ်မြေရဲ့ အပြစ်ပေးမှုကို ခံခဲ့ရသေးတယ်”

“လူနှစ်သောင်းကျော်ကို သတ်ဖြတ်တာ ဟုတ်လား” မူဟုန်လင်၏ မျက်လုံးများသည် ပြူးထွက်လုမတတ် ဖြစ်နေ၏။

ဝှစ်

ထိုအချိန်မှာပဲ တခြားသောလူတစ်ယောက်သည် တည်နေရာအစီအရင်ဆီမှ လျှောက်ထွက်လာ၏။ သူသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ပေးပြီးသည့်နောက် ခံတပ်၏ အထူးဧည့်သည့် ဖြစ်လာခဲ့တော့၏။

ဝှစ် ဝှစ်

များပြားလှသော ကြယ်ကြွေကုန်းမြေတိုက်မှ ကျင့်ကြံသူများသည် လွင့်မျောနေသော တောင်တန်းပေါ်သို့ တည်နေရာရွေ့ပြောင်းခြင်းဖြင့် ရောက်ရှိလာခဲ့ကြသည်။ ထိုလူများအားလုံးသည် မိသားစုကြီးများမှဖြစ်၏။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းဆိုသည်မှာ များပြားလှသည့် အရေအတွက် ဖြစ်သည်ဆိုသော်လည်း ၎င်းတို့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှ လုံလုံခြုံခြုံဖြင့် ထွက်ခွာသွားရန်အတွက် လိုလိုချင်ချင်ဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်တော့သည်။

၎င်းတို့အနေနှင့် အရင်းအမြစ်များဆိုသည်မှာ အသက်ရှင်နေသ၍ ရှာဖွေ၍ ရနိုင်သည်။ အသက်သာ သေဆုံးသွား မည်ဆိုပါက ဤအရင်းအမြစ်များသည် သုံး၍ရနိုင်လိမ့်မည်မဟုတ်ချေ။ အောက်ဘက်တွင်ရှိသော များပြားလှသည့် ကျင့်ကြံသူများသည်လည်း ဤအချင်းအရာကို သဘောပေါက်မိကြ၏။ ထို့ကြောင့်ပင် သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်းကို ပေးအပ်ပြီးသည့်နောက်မှာတော့ တည်နေရာရွေ့ပြောင်းကာ လွင့်မျောနေသည့် တောင်တန်းဆီသို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်၏။

၎င်းတို့သည် လွင့်မျောနေသော တောင်တန်းပေါ်တွင် အလွန်တရာ ခမ်းနားလှသော အဆောက်အဦများ တည်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ အလွန်ပင် အံ့အားသင့်လျက် ရှိနေကြသည်။ ဤနေရာသည် ဂြိုဟ် တိုက်ပွဲတည်နေရာကြီး မဟုတ်လား။ လူပေါင်းများစွာတို့သည် အချိန်မရွေး သေဆုံးသွားနိုင်သည်ဆိုသည့် ကြောက်မက်ဖွယ်ရာကောင်းသည့် ငရဲတည်နေရာကြီးပင် ဖြစ်တော့သည်။ သို့ပေမဲ့ ဤငရဲတည်နေရာ ခံတပ်ကြီး သည် နတ်ဘုံနတ်နန်းကို ရောက်ရှိနေသကဲ့သို့ ဆောက်လုပ်ထားလျက်ရှိ၏။ ဤအရာသည် သူတို့ မခန့်မှန်းမိနိုင် သောအရာပင် ဖြစ်တော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

အဖြူရောင်ဆံပင်များနှင့် အဘွားအိုတစ်ယောက်က ပြောလိုက်သည်။ “ကျွန်မက သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး များများစားစားကို မယူခဲ့မိဘူး၊ ဒီတော့ အရင်ဆုံး အကြွေးမှတ်ထားလို့ရလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စီနီယာရဲ့ အဝတ်အစားတွေကို ကြည့်ရတာ မြောင်ဟွာခန်းမက ဖြစ်လိမ့်မယ် ဟုတ်လား”

“သိပ်မှန်တာပေါ့”

အဘွားအိုက ပြောလိုက်သည်။ “ကျွန်မက ဟန်ရှုဝါပါ”

“မြောင်ဟွာခန်းမရဲ့ ဘိုးဘေး အကြီးအကဲကြီး”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် မတ်တပ်ထရပ်ပြီး သည့်နောက် လက်သီးကို ဆုပ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းနဲ့ မြောင်ဟွာခန်းမဆိုတာက မဟာမိတ် ဖွဲ့စည်းထားတာလေ၊ ကျုပ်တို့က မိသားစုတွေပဲလေ၊ ဘယ်လိုလုပ် စီနီယာဆီက သဘာဝစိတ်ဝိညာဉ်ကျောက်တုံးကို ယူရမှာလဲ”

“ချင်းယန်.... စီနီယာဟန်ကို အပေါ်ကို ခေါ်သွားပြီးတော့ အကောင်းဆုံးအခန်းမှာ ထားပေးလိုက်”

“ကောင်းပါပြီ”

လီချင်းယန်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “စီနီယာဟန်... ဒီလမ်းက ကြွပါ”

ဟန်ရှုဝါသည် လွင့်မျောနေသည့် တောင်တန်းဆီသို့ တွေတွေဝေဝေဖြင့် ရောက်ရှိလာခဲ့တော့သည်။ ပြီးသည့်နောက် မှာတော့ သူသည် အဓိကတောင်ထွတ်နှင့် အနီးကပ်ဆုံး ဒုတိယတောင်ထွတ်ပေါ်တွင် နေထိုင်ရန် စီစဉ်ပေးခြင်း ခံရတော့သည်။ သူမ၏ နေထိုင်ရာအဆောက်အဦသည် အလွန်တရာ ခမ်းနားပြီး အထဲတွင်ရှိသော ပရိဘောဂများ သည်မှာလည်း အဆင့်မြင့်လွန်းလှ၏။

မြို့တော်ဝန်ဟန်နှင့် တခြားသူများလည်း ၎င်း၏ မနီးမဝေးတွင် နေထိုင်ခွင့် ရရှိခဲ့ကြ၏။ ၎င်းတို့အနေဖြင့် ဤ အဓိကတောင်ထွတ်၏ အနီးအနားတွင် ရှိနေသော ကြေးနီရောင်ဂိတ်တံခါးကြီးဆီမှသည် ကြယ်ကြွေကုန်းမြေတိုက် ကြီးဆီသို့ ပြန်လည်သွားခွင့်ရှိကြ၏။ သို့ပေမဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို သုံးဖြုန်းပြီးသားဖြစ်သော ကျွမ်းကျင်သူများသည် လွယ်လွယ်ကူကူဖြင့် ထွက်ခွာသွားရန် မစဉ်းစားထားချေ။ ဤနေရာသို့ ရောက်ရှိလာပြီ ဆိုမှတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ကြည့်ရှုရန် သူတို့သည် စဉ်းစားလိုက်မိကြတော့၏။

..............

ဆွစ် ဆွစ်

သိုင်းကျင့်ကြံသူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် လွင့်မျောနေသော တောင်တန်းဆီသို့ ရောက်ရှိ လာခဲ့ကြသည်။ ၎င်းတို့သည် အထူးဧည့်သည်များအဖြစ် သတ်မှတ်ဆက်ဆံခြင်းကို ခံခဲ့ရသည်။ ကျွင်းချောင်ရှောင်း ၏ ငွေအိတ်မှာလည်း တဖြည်းဖြည်း ပို၍ ပြည့်လာပေတော့၏။

ဟုတ်ပေသည်။ လူအားလုံးတို့သည် သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုချင်စိတ် မရှိကြပေ။ ဥပမာ အားဖြင့် ထိုက်ရွှမ်အအေးဂိုဏ်းနှင့် တောက်ပအလင်းနတ်ဂိုဏ်းကဲ့သို့သော ပထမအဆင့်ဂိုဏ်းများပင် ဖြစ်တော့သည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို စဉ်းစားဖို့ အချိန်ဆယ့်ငါးမိနစ်ပဲ ပေးမယ်၊ တကယ်လို့ မပေးဘူးဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခင်ဗျားတို့ပဲခံ”

တောက်ပအလင်းနတ်ဂိုဏ်းမှ အကြီးအကဲသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဒီခံတပ်ကြီး ကို ခင်ဗျားတည်ဆောက်ခဲ့တာ ဟုတ်လား၊ မဟုတ်လားဆိုတာ မသေချာဘူး၊ ဒါပေမဲ့ အားလုံးဆီက ပိုက်ဆံကို ယူချင်တယ်ဆိုတာကတော့ များလွန်းတယ်လေ”

“ချီးတဲ့မှ.. ငါ့ကိုလိမ်တယ်လို့ ထပ်ပြောနေတာလား”

ဖြောက်

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်တော့၏။ ထိုက်ရွှမ်အအေးဂိုဏ်းနှင့် တောက်ပအလင်းနတ်ဂိုဏ်း တို့မှ အကြီးအကဲများ၏အောက်တွင် အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက် ၎င်းတို့သည် တည်နေရာ ခံတပ်ကြီး၏ အပြင်ဘက်ဆီသို့ ရောက်ရှိသွားခဲ့ကြတော့သည်။ ၎င်းတို့အားလုံးသည် သတ်ဖြတ်ခြင်းဆန္ဒများ ပြည့်နှက်လျက်ရှိသည့် မရင်းနှီးသည့် ပတ်ဝန်းကျင် တည်နေရာကို ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်၏။

ဝှစ် ဝှစ်

ချက်ချင်းပဲ အလင်းတန်းတစ်ရာကျော်တို့သည် ရောက်ရှိလာခဲ့ပြီး ၎င်းတို့အား ဝန်းရံထားခဲ့သည်။ ထိုလူများ အားလုံးတွင် မြေအဆင့် သိုင်းကျင့်ကြံသူ ငါးယောက်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော် တို့လည်း တည်ရှိနေသေးသည်။ အားအင်အဆင့်အရဆိုလျှင် အလွန်တရာ အားကောင်းလွန်းလှ၏။

ဟား ဟား ဟား ဟား

ရှေ့ဆုံးမှ ဦးဆောင်လာသော အဘိုးအိုသည် ခြောက်ကပ်ကပ်အသံဖြင့် ရယ်လိုက်၏။ “ကြည့်ရတာ ဒီလူတွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကျင့်ကြံသူတွေ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ဟိုဂိုဏ်းက မဟုတ်နိုင်ဘူး၊ သီလအမှတ်တွေ ရရှိအောင် ငါတို့ သတ်လို့ရနိုင်တာပဲ”

ထိုက်ရွှမ်အအေးဂိုဏ်းနှင့် တောက်ပအလင်းနတ်ဂိုဏ်းမှ ဂိုဏ်းအကြီးအကဲများ၏ မျက်နှာများသည် ပျက်ယွင်း သွားခဲ့ကြသည်။ ၎င်းတို့ အားအင်အဆင့်သည် ဆိုးရွားလှသည် မဟုတ်ပေ။ ၎င်းတို့ထဲတွင် သိုင်းနယ်မြေကျင့်ကြံသူ နှစ်ယောက်နှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ အနည်းငယ်ပင် ပါဝင်လျက်ရှိနေသည်။ သို့ပေမဲ့ တခြားသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် အလွန်တရာ ကြီးမားသော ကွာခြားချက်များ ဖြစ်ပေါ်နေခဲ့၏။

“အားလုံးပဲ”

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ အသံသည် ထွက်ပေါ်လာခဲ့သည်။ “ခင်ဗျားတို့က ခံတပ်ရဲ့ အပြင်ကို ရောက်နေပြီ၊ ဒီတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှာရှိနေတဲ့ တခြားသောကျင့်ကြံသူတွေရဲ့ အဆုံးအစမဲ့ တိုက်ခိုက်ခြင်းကို ခံရတော့မယ်၊ ဒီတော့ ခင်ဗျားတို့ ပြန်လာနိုင်မလားဆိုတာ ခင်ဗျားတို့ရဲ့ ကံတရားပေါ် မူတည် လိမ့်မယ်”

သူဆိုလိုချင်သည့်အဓိပ္ပာယ်သည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို ပေးအပ်မည်ဆိုပါက ခံတပ် ထဲတွင် လုံလုံခြုံခြုံဖြင့် နေထိုင်ရမည်ဖြစ်သည်။ သို့ပေမဲ့ မပေးပါက ဤသင်္ချိုင်းမြေထဲတွင် နေရတော့မည်ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

တောက်ပအလင်းနတ်ဂိုဏ်းဆီမှ သိုင်းနယ်မြေကျင့်ကြံသူက အလောတကြီးဖြင့် အော်ဟစ် လိုက်သည်။ “ကျုပ်.. သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေကို ပေးပါ့မယ်”

All Chapters