← Chapters

အခန်း (၉၇၉)

Vol. 66 Ch. 979

အခန်း (၉၇၉)

Vol. 66 Ch. 979

ကြယ်ကြွေကုန်းမြေတိုက်

လက်ရှိအခြေအနေမှာတော့ အခြေအနေသည် ခန့်မှန်း၍ မရနိုင်အောင် လေးနက်လျက် ရှိနေတော့၏။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ကျွမ်းကျင်သူနှစ်ထောင်ကျော် ဝင်ရောက်သွားခဲ့သည်မှာ ၂ ရက်တိတိကြာမြင့်ခဲ့ပြီ ဖြစ်၏။ အထဲတွင် မည်သည့်အရာများဖြစ်နေသည်ကို မည်သူမျှ မသိရှိကြချေ။

စောင့်ကြည့်ရေးမျှော်စင်ရှိ အကြီးအကဲသည် ခြေကိုချိတ်ကာ ထိုင်လျက်ရှိပြီး သေသေချာချာဆုတောင်းလျက်ရှိနေ ကြ၏။ အထဲသို့ ဝင်သွားခဲ့သော သိုင်းကျင့်ကြံသူများအားလုံးသည် အသက်ဘေးမှ လွတ်မြောက်ရန်နှင့် တစ်ခြားသော ဂြိုဟ်များမှ အနိုင်ကျင့်ခြင်းကို ကင်းလွတ်ရန် ဆုတောင်း၊ မျှော်လင့်လျက်ရှိနေကြသည်။

အစစ်အမှန်တရားမှာတော့ မြို့တော်ဝန်သည် တိုက်ခိုက်ရေးတည်နေရာထဲတွင် ရောက်ရှိနေ၏။ သို့ပေမဲ့ သူသည် အဝေးတစ်နေရာရှိ တိုက်ခိုက်လျက်ရှိနေသော ကျွမ်းကျင်သူများကို ကြည့်ရှုနေခြင်းပင် ဖြစ်၏။ တစ်ခါတစ်ရံတွင် သူသည် လက်ခုပ်တီးကာ အားပေးလျက်ရှိပြီး တစ်ခါတစ်ရံမှာတော့ တစ်ဖက်လူများ၏ အားအင်အဆင့်ကိုကြည့်ကာ ထိတ်လန့်လျက်ရှိနေ၏။

ထိုသို့ဆိုလျှင် သူသည် အဘယ့်ကြောင့် အဝေးတစ်နေရာဆီမှ လှမ်း၍ကြည့်ရှုနေရသနည်း။ အဘယ့်ကြောင့်ဆိုသော် သူရှိနေသည်ကို အခြားသောသူများသိရှိသွားသည်ဆိုပါက ထို တိုက်ခိုက်နေကြသည့် သူများသည် တိုက်ခိုက်ခြင်းကို ရပ်တန့်ကာဖြင့် အမြန်ဆန်ဆုံး ထွက်ပြေးသွားကြမည်ဖြစ်သောကြောင့်ပင်။

လက်ရှိအခြေအနေတွင် တစ်ခြားသောသိုင်းကျင့်ကြံသူအတော်များများ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံ သူများကို မြင်သည်နှင့်တစ်ပြိုင်နက် ယုန်ကလေးများကဲ့သို့ပင် မြန်ဆန်စွာ ထွက်ပြေးလျက်ရှိနေကြ၏။

……..

“မြို့တော်ဝန်”

ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ အဓိကဟောခန်းထဲတွင် အကြီးအကဲတစ်ယောက်သည် သတင်းလာ၍ ပို့သည်။ “စုံစမ်းထားသမျှဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော်က အထဲကို ဝင်လာကြပြီ။”

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး။”

မိုရှန်ရှမ်းက ပြောလိုက်၏။

“ဒီလူတွေက ပုံမှန်အတိုင်း ဝင်လာကြတာကိုး။ သူတို့က ဘယ်လောက် အားကောင်းလဲ။”

“မြေအဆင့်ကျွမ်းကျင်သူ အနည်းငယ်နှင့် အမဲရောင်အဆင့်ကျွမ်းကျင်သူအနည်းငယ်ဘဲ။ ကျန်တဲ့လူတွေ အကုန်လုံးက အဝါရောင်အဆင့်သိုင်းကျင့်ကြံသူတွေကြီးပဲ။”

“အဲလောက်အားနည်းတာလား။”

ဘေးတွင်ရှိသော အကြီးအကဲသည် အလန့်တကြားဖြင့် မေးလိုက်မိ၏။

မိုရှန်ရှမ်းသည် ခေါင်းကိုရမ်းခါကာဖြင့် လေးလေးနက်နက်ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်ကို ကြည့်ရတာ အားနည်းတဲ့ပုံစံပဲလေ။ ဒါပေမဲ့ သူက လူပေါင်းသောင်းကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်မဟုတ်လား။”

အကြီးအကဲများသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အချိန်အတိုင်းအတာအတိုအတွင်း လူပေါင်းတစ်သောင်းကျော် ကို သတ်ဖြတ်ခဲ့ပြီး အဆင့်သုံးဝရမ်းမှသည် အထူးဝရမ်းဆီသို့ ထုတ်ပြန်ခြင်းခံရခဲ့၏။ ထို့အပြင် မိုးကြိုးကပ်ဘေးကို လည်း ရင်ဆိုင်ခဲ့ရသေးသည်။ ဤအရာသည် သူတို့ တွေးတော စဉ်းစားထားနိုင်သည့်အကြောင်းအရာထက် သာလွန်လျက်ရှိနေသည်။

မိုရှန်ရှမ်းသည် လေးလေးနက်နက်ပြောလိုက်မိ၏။ “ပြိုင်စံရှားဂိုဏ်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဂိုဏ်းတစ်ခုသာသာပဲ။ အခုတကယ့်ကို ကြီးမားတဲ့ဂိုဏ်းနေရာ ရောက်ရှိလာပြီဆိုတော့ သူတို့ရဲ့အားအင်အဆင့်ကို အထင်သေးလို့မဖြစ်ဘူး။”

ကုန်းရှန့်၏ ဘာမှန်းမသိသော တိုက်ကွက်များအောက်တွင် ၎င်းတို့အားလုံးသည် တစ်စုံတစ်ခုကို ပြုလုပ်ရန် သေသေ ချာချာစဉ်းစားလျက် ရှိနေရတော့၏။

“မြို့တော်ဝန်”

ထိုအချိန်မှာဘဲ နောက်လိုက်တစ်ယောက်သည် ဝင်ရောက်လာပြီးသည့်နောက် သတင်းပို့လိုက်၏။ “ရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူတွေဟာ ၃ ယောက်တစ်ဖွဲ့၊ ၅ ယောက်တစ်ဖွဲ့ အပြင်ကို ထွက်ပြီးတော့ ဟိုကြည့်သည်ကြည့်လုပ်လေ့ရှိတယ်တဲ့။”

မိုရှန်ရှမ်းသည် အံ့အားမသင့်ချေ။ ထို့ကြောင့် ပြောလိုက်သည်။ “အစစ်အမှန်အားအင်ကို ပိုင်ဆိုင်တဲ့သူတွေကသာ ဒီဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ အပျင်းပြေလျှောက်သွားနိုင် စွမ်းရှိတာပေါ့။”

သူသည် ခနလောက်ရပ်တန့်ကာပြောလိုက်၏။ “ကျုပ်အမိန့်ကို ထုတ်ပြန်လိုက်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့သူတွေအားလုံးကို မြင်တယ်ဆိုတာနဲ့ ဖြစ်နိုင် သမျှ အမြန်ဆုံးရှောင်ကြ။ ဘာကိစ္စဘဲရှိရှိ သွားပြီးတော့ ရန်မပြုကြနဲ့။”

“ကောင်းပါပြီ။”

များပြားလှသော အကြီးအကဲများသည် အလျင်အမြန်ပဲ အမိန့်ကို ဖြန့်ဝေလိုက်တော့၏။ တစ်ခြားသော ပထမအဆင့် ဂြိုဟ်များဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူ နှစ်ထောင် ကျော်တို့ ဝင်ရောက်လာသည်ကို သိရှိခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည်လည်း တူညီသည့်အမိန့်ကို ထုတ်ပြန်ထားခဲ့၏။ မည်သူမျှ သွား၍ ရန်မစရန်ဟူသော စည်းမျဉ်းစည်းကမ်းပင်ဖြစ်သည်။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့်လင်းယွမ်ကုန်းမြေတိုက်မှ လူများအားလုံးမှာတော့ ၎င်းတို့၏ ခံတပ်ထဲ၌သာ ပုန်းအောင်းလျက်ရှိနေကြ၏။ တစ်ဖက်လူများအားလုံးသည် ၎င်းတို့အား လာရောက်၍ ပစ်မှတ်ထားမည်ကိုပင် စိုးရိမ်လျက်ရှိနေကြတော့၏။

အခြားအသစ်ဝင်ရောက်လာသော ဂြိုဟ်များအားလုံးကို နှိပ်စက်အနိုင်ကျင့်ရသည်ကို နှစ်သက်ကြသော ဤဂြိုဟ်နှစ်ခုသည် ကျွင်းချောင်ရှောင်း၏ အလုံးစုံရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ အထက်နယ်မြေသည်သာ ခွင့်ပြုသည်ဆိုပါက ၎င်းတို့၏ ခံတပ်တည်နေရာကြီးကို ရွှေ့ပြောင်းရန်ပင် စဉ်းစားနေမိကြလေ၏။

ဖြစ်နိုင်မည်ဆိုပါက မိမိအသက်ကို ချစ်ခင်နှစ်သက်သည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ခပ်ဝေးဝေးတွင် နေရန်ပင်။

…

“ယွမ်သခင်လေး”

တားမြစ်တည်နေရာတစ်ခုထဲမှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အဓိကဟောခန်းထဲတွင် မျက်နှာရှည်ရှည်နှင့် အကြီးအကဲတစ်ယောက်သည် မှုန်ကုတ်ကုတ်မျက်နှာဖြင့် ပြောလိုက်သည်။ “ဘာလို့မလှုပ်ရှားသေးတာလဲ။ တကယ့်ကို စွမ်းအားမြင့်ကျင့်ကြံသူတွေအကုန်လုံးက ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်သွားကြပြီလေ။ ဒီအချိန်မှာ ကျုပ်တို့သာ ရုတ်တရက် တိုက်ခိုက်မယ်ဆိုရင် အားလုံးက အလစ်ငိုက်ခံရမှာဘဲ မဟုတ်လား။”

ယွမ်သခင်လေးက ပြောလိုက်၏။ “အလျင်လိုစရာမလိုဘူး။ နည်းနည်းလောက်စောင့်အုံး။”

သူ့အနေနှင့် သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော်တို့ ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်သွားပြီဖြစ်သောကြောင့် အလျင်စလို တိုက်ခိုက်ခြင်းကို မပြုလုပ်ချင်ပေ။ သူတို့သည်သာ ဤအချိန်တွင် လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်ဆိုပါက ရှိရှိသမျှသော လူများ၏ ဒေါသတရားများသည် စုပြုံရောက်ရှိလာပြီးသည့်နောက် အားလုံးသည် စုပေါင်းကာဖြင့် ၎င်းတို့အား ပြန်လည်တိုက်ခိုက်မှာသေချာ၏။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ကျော်ကြားလှသည့် လမ်းမှန်ဂိုဏ်းသားများကိုသာ ပစ်မှတ်ထားခြင်းဖြစ်၏။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပစ်မှတ်မထားချင်ပေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အခြားသော ဂိုဏ်းများသည် ရှိသည်သာမက များပြားလှသောမိသားစုနှင့် လွတ်လပ်သော ကျင့်ကြံသူများသည်လည်း တည်ရှိနေသေးသည်။

ထိုသူများအားလုံး၏ အာရုံကို လစ်လျူရှု၍ မဖြစ်ချေ။ ထို့အပြင် ယွမ်သခင်လေးသည် ကျွင်းချောင်ရှောင်းအား စိတ်ပူလျက်ရှိနေ၏။ တစ်ဖက်လူသည် လမ်းမှန်ဂိုဏ်းသားများနှင့် နတ်ဆိုးဂိုဏ်းသားကြားတိုက်ပွဲကို ပါဝင်ခြင်းမရှိဟု ပြောဆိုခဲ့သည်ဆိုသော်လည်း အခြေအနေပေးသည်ဆိုပါက ၎င်းတို့ကို ဖမ်းဆီး၍ ငွေညှစ်ခြင်းကို ပြုလုပ်နိုင်စွမ်း ရှိနေသေး၏။

ထို့ကြောင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအနေနှင့် လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်သည်ဆိုပါက ဂိုဏ်းချုပ်ကျွင်းကို ရှောင်ရှားရမှာဖြစ်တော့သည်။ မဟုတ်ပါက ၎င်းတို့အားလုံးသည် ဂိုဏ်းချုပ်ကျွင်းအတွက် ငွေထုတ်စက်များပင် ဖြစ်သွားနိုင်သည်။

…

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် အချိန်ယူပြီးသည့်နောက်မှာတော့ ဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် သိုင်းကျင့်ကြံခြင်းလောကတွင် ဖြစ်နေသော သတင်းအချက်အလက်များနှင့်ပတ်သက်၍ လီလိုရှုအား မေးမြန်းခဲ့၏။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှ လှုပ်ရှားမှုမရှိဘူးဆိုသည့် သတင်းကို သိရှိပြီးနောက်မှာတော့ သူသည် ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ “ဒီလောက်ကောင်းတဲ့ အခွင့်အရေးရှိတာကို သူတို့ဘာလို့မလှုပ်ရှားသေးတာလဲ။”

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်သည်။ “ရှောင်မိုက သတင်းပေးလိုက်တယ်။ ထိုင်ရွှမ်အအေးဂိုဏ်းရဲ့ အတွင်းစည်းတပည့်အဖြစ် အဆင့်မြှင့်တင်ခြင်းကို ခံလိုက်ရပြီတဲ့။”

“မဆိုးဘူး။ မဆိုးဘူး။”

ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြုံးလိုက်မိ၏။

ထိုင်ရွှမ်အအေးဂိုဏ်းကဲ့သို့ ထိပ်တန်းဂိုဏ်းတစ်ခုတွင် အတွင်းစည်းတပည့်ဖြစ်လာသည်ဆိုခြင်းမှာ အလွန်ကောင်း မွန်လှသည့် စွမ်းဆောင်ရည်ကြောင့်ဟု သုံးသပ်လိုက်မိ၏။ အခွင့်အရေးရသည်ဆိုပါက ပိုမိုများပြားသည့် သတင်း အချက်အလက်များကို ရရှိတော့မှာသေချာသည်။

“ထိုင်ရွှမ်အအေးဂိုဏ်းက ပါရမီရှင် အတွင်းစည်းတပည့်တွေကို စုစည်းပြီးတော့ ပြည့်စုံတဲ့ စိတ်ဝိညာဉ်စေတီထဲကို ဝင်စေဖို့ အဖွဲ့တွေဖွဲ့နေတယ်လို့ကြားတယ်။ တကယ်လို့ ဂိုဏ်းချုပ်သာ ခွင့်ပြုတယ်ဆိုရင် သူက အဲမှာ စာရင်းပေးချင်တယ်တဲ့။”

“ပြည့်စုံတဲ့ စိတ်ဝိညာဉ်စေတီဟုတ်လား။”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဒါကဘာကြီးလဲ။”

လီလိုရှုက ပြောလိုက်သည်။ “ဒါက ထိုင်ရွှမ်အအေးဂိုဏ်းရဲ့ ပထမဦးဆုံးဂိုဏ်းချုပ်တည်ဆောက်ခဲ့တဲ့ ကျင့်ကြံတဲ့နေရာပဲလေ။ ဒါက ကျွန်မတို့ ဂိုဏ်းရဲ့ စမ်းသပ်မှုမျှော်စင်နဲ့တူတူပဲ။ အထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ အများအပြားရှိတယ်။ သိုင်းကျင့်ကြံသူတွေအနေနဲ့ အထဲကို ဝင်သွားပြီဆိုရင် ကျင့်ကြံခြင်းအဆင့်တွေ မြန်မြန်ဆန်ဆန် မြင့်တက်လာလိမ့်မယ်။”

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ပွတ်သပ်ကာပြောလိုက်၏ “စမ်းသပ်မှုမျှော်စင်နဲ့တူညီတဲ့ ကျင့်ကြံတဲ့နေရာတွေရှိနေလိမ့်မယ်လို့ ငါမထင်ဘူး။”

“ပေါက်ကရတွေ။”

စနစ်ကပြောလိုက်၏။ “ဒီလူတွေရဲ့ဂိုဏ်းက အနည်းဆုံး နှစ်တစ်သောင်းလောက်တည်ရှိပြီးတဲ့ ဂိုဏ်းတွေပဲ။ ဘယ်လိုဖြစ်ပြီးတော့ ဒီလို အရာမျိုးတွေမရှိဘဲနေမှာလဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စုရှောင်မိုကို ပြောလိုက်။ တကယ်လို့ ပြည့်စုံတဲ့စိတ်ဝိညာဉ်စေတီက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြန်ဆန်စေတယ် ဆိုရင်တော့ စာရင်းပေးလိုက်လို့။”

“ကောင်းပါပြီ။” လီလိုရှုသည် စုရှောင်မိုဆီသို့ အချိန်အတိုင်းအတာအတိုအတွင်း သတင်းပေးပို့လိုက်တော့၏။

စုရှောင်မိုသည် စားလက်စ တူအား အသာချ၍ လေးလေးနက်နက် ဖြင့် တီးတိုးရေရွတ်လိုက်သည်။ “အစ်မရှ … ကျုပ်ပြည့်စုံတဲ့စိတ်ဝိညာဉ်စေတီထဲကို အစ်မရှ နဲ့ အတူဝင်ရောက်နိုင်ဖို့ကြိုးစားမယ်။”

ရှရွှေယွင်သည် ကြောင်အသွား၏။ ပြီးသည့်နောက်မှာတော့ တီးတိုးပြောလိုက်သည်။ “ဘယ်သူက မင်းနဲ့အတူလိုက်မယ်လို့ပြောလို့လဲ။ ပြီးတော့ ပြည့်စုံတဲ့စိတ်ဝိညာဉ်စေတီထဲကိုဝင်ရောက်ချင်တယ်ဆိုရင် အရင်ဆုံး ပိုးကောင်ဂူထဲကို သွားပြီးတော့ စမ်းသပ်မှုကို ကျော်ဖြတ်ရတယ်။ မင်းလုပ်နိုင်လို့လား။”

“အစ်မရှ”

စုရှောင်မိုသည် ခေါင်းကိုအသာတိုးကာဖြင့် သူမနားရွက် နား အသာကပ်ကာပြောလိုက်၏။ “ဘာတွေပဲဖြစ်ဖြစ် ယောကျ်ားတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကို ဘယ်တော့မှ မေးခွန်းမထုတ်နဲ့။”

“ဘာလို့လဲ။”

“ဘာလို့လဲဆိုတော့ ယောကျ်ားတွေက လုပ်နိုင်တာပဲရှိတယ်။ မလုပ်နိုင်ဘူးဆိုတာမရှိဘူး။”

…

အား အား

“ကျုပ်သေတော့မယ်။ ကျုပ်သေတော့မယ်။”

မီးတောက်များဖုံးလွှမ်းလျက်ရှိသော တည်နေရာထဲမှာတော့ စုရှောင်မိုသည် လျှာထုတ်ကာဖြင့် ပြေးလျက်ရှိနေ၏။ များပြားလှသော မီးအလင်းတန်းများအားလုံးသည် သူ၏နောက်သို့ လိုက်ပါလာခဲ့တော့သည်။

ပိုးကောင်ဂူ၏ စမ်းသပ်မှုအား သူနှင့်အတူလိုက်ပါကျော်ဖြတ်ခဲ့သော ရှရွှေယွင်သည် ထိုအချင်းအရာကို မြင်ရသည့် နောက်မှာတော့ မျက်မှောင်ကုတ်လိုက်မိ၏။

“ဒါက မလုပ်နိုင်တာမရှိဘူး ဆိုတဲ့လူလား။”

ဘုန်း ဘုန်း …..။

လှိုဏ်ဂူထဲမှာတော့ များပြားလှသော မီးအလုံးများ ပေါ်ပေါက်လာခဲ့တော့၏။ ၎င်းတို့နှစ်ယောက်သည် တစ်ခါတစ်ရံ ရှောင်ရှားမှုကို ပြုလုပ်၍ တစ်ခါတစ်ရံတွင် အတူတူပူးပေါင်းကာဖြင့် ချိုးဖြတ်ခြင်းကို ပြုလုပ်ကြ၏။ အခြေအနေသည် အန္တရာယ်များသည်ဆိုသော်လည်း နှစ်ဦးသား နည်းဗျူဟာကျကျ နားလည်မှုနှင့် ပူးပေါင်းပြီးသည့်နောက်မှာတော့ အောင်မြင်ခဲ့တော့သည်။

နှစ်နာရီကြာပြီးသည့်နောက်မှာတော့ အပြင်ဘက်လောကဆီသို့ ပြန်လည်ထွက်သည့်တံခါးသည် ပွင့်သွားခဲ့၏။ စုရှောင်မိုသည် တုန်ယင်နေသည့်ခြေထောက်များနှင့်အတူ အပြင်ဘက်သို့ လျှောက်ထွက်လာပြီးသည့်နောက် နံရံကို အသာမှီထားမိ၏။ ပြီးသည့်နောက်မှာတော့ သူသည် မြေပေါ်ကို ထိုင်ချကာဖြင့် ပြောလိုက်၏။ “ဒီပိုးကောင်ဂူက တကယ့်ကို ငရဲကြီးပဲ။”

ရှရွှေယွင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ပြည့်စုံတဲ့စိတ်ဝိညာဉ်စေတီက ဒီနေရာထက်ပိုပြီးတောင် ကြောက်ဖို့ကောင်းသေးတယ်။ မင်းမလုပ်နိုင်ဘူးဆိုရင်လည်း ဒီကနေ မြန်မြန်ထွက်သွားတော့။”

“ကျုပ်လုပ်နိုင်တာပေါ့။” စုရှောင်မိုသည် လေးလေးနက်နက် ပြောလိုက်သည်။ သူသည် အစစ်အမှန် လုပ်နိုင်၏။ သို့ပေမဲ့ သူ၏ သိုင်းဘုရင်အဆင့် ကို ကျင့်ကြံခြင်းအဆင့်ကို ပေါ်ပေါက်မသွားစေရန်အတွက် သူသည် ဤအမျိုးသမီး၏ရှေ့တွင် ဆိုးရွားသည့်အခြေအနေ အဖြစ် ပေါ်ပေါက်ရန် သရုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်၏။

အချိန်အတော်ကြာနားပြီးသည့်နောက်မှာတော့ ၎င်းတို့နှစ်ယောက်သည် မိမိတို့နေထိုင်ရာဆီသို့ ပြန်လာခဲ့တော့၏။ သို့ပေမဲ့ စုရှောင်မိုသည် ခြံဝန်းထဲသို့ ရောက်ရောက်ချင်းမှာဘဲ အေးစက်စက်မျက်နှာဖြင့် သစ်ပင်တစ်ခုကို မှီကာ ရှိနေသော လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူက လှမ်း၍ ပြောလိုက်သည်။ “စီနီယာအစ်ကို ကျုပ်ကိုစောင့်နေတာလား။”

ရှရွှေယွင်သည်လည်း သတိပြုမိလိုက်၏။ ထို့ကြောင့် သူမသည် ဝင်ပေါက်တံခါးရှေ့တွင် မတ်တပ်ရပ်ပြီးသည့် နောက်မှာတော့ လှမ်းကြည့်ကာ ပြောလိုက်၏။ “ဂေါင်ရင်ချမ်း”

ထိုလူငယ်သည် အသာခေါင်းမော့ပြီးသည့်နောက်မှာတော့ ၎င်း၏မျက်လုံးထဲတွင် အေးစက်သည့်အလင်းတန်းများ ဖြတ်ပြေးသွာတော့သည်။ သူကပြောလိုက်၏။ “စီနီယာအစ်မဖန်းက သတိပေးထားတယ်လေ။ မင်းကို ညီမရှနားကို မကပ်ဖို့။”

“ဟမ်း”

စုရှောင်မိုသည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်မေ့သွားလို့ပါ။”

“မေ့သွားတာဟုတ်လား။”

ဂေါင်ရင်ချမ်းသည် အေးစက်စက်ဖြင့် ပြုံးကာ ပြောလိုက်၏။ “သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီကို သွားရအောင်။ စီနီယာအစ်ကိုက မင်းကို သင်ခန်းစာနည်းနည်း ပြပေးမယ်။”

All Chapters