← Chapters

လီပြည်ထောင်စု၏သတင်းများ

Vol. 10 Ch. 145

လီပြည်ထောင်စု၏သတင်းများ

Vol. 10 Ch. 145

နောက်တနေ့မနက်တွင်တော့ ကျိုးယန်လည်း စောစီးစွာနိုးထကာ ဝန်ကြီးများ အမတ်များနှင့် တနေ့တာ စည်းဝေးရန် ထွက်ခွာသွားရတော့သ ည်။ နေ့စဥ် ဆွေးနွေးမှုမှ တဆင့် တနေ့တာလုပ် ငန်းဆောင်တာများကို ဆုံးဖြတ်ကြရသည် မဟု တ်လား။

နေ့ခင်းဘက်အချိန်တွင် ကျိုးယန်သည် အဖိုးဝူ နှင့်အတူ လမ်းတံတားဆောက်လုပ်ရေး ဘက် သို့ ဝင်ရောက်စူးစမ်းလေသည်။ အထူးသဖြင့် လီရှို့ချင် ကို အဓိက လေ့လာလိုခြင်းဖြစ်ပြီး လီ နှင့် လင်း ပြည်ထောင်စုကြား ပြဿနာကိုတော့ စိတ်ဝင်စား၍ မဟုတ်ပေ။တနှစ်ကျော်ကာလ၌ ပင် လီပြည်ထောင်စု၏ မင်းသားတပါးပီသစွာ လူအင်အား ငွေအင်အားတောင့်တင်းစွာဖြင့် လ မ်းများကို အားစိုက်ခင်းကျင်းနေသည့်အတွက် ကာလတိုတွင်းမှာပင် ၃၀ ရာနှုန်းနီးပါး ပြီးစီးနေ သည်ကို တွေ့ရသည်။

ကျိုးယန်သည် လီရှို့ချင်ဆီ တိုက်ရိုက်မသွားခဲ့ ပေ။ သာမန်ပြည်သူတဦး လေ့လာသည့်အသွင် ဖြင့်သာ သွားရောက်ပြီး လီပြည်ထောင်စု၏နည် ပညာများသည် ကမ္ဘာမြေကို မမီသော်လည်း ယ ခင် ကျိုးပြည်ထောင်စုထက်တော့ သာပေသည် တဖက်ကို မီတာ ၃၀ ကျယ်ဝန်းပြီး လမ်းဘေးပ လက်ဖောင်တခုစီကပင် ၅မီတာကျယ်ဝန်းသော ကြောင့် တကယ့်ကို အဝေးပြေးလမ်းမများပုံစံ အပြည့်အဝ ပေါ်လေသည်။ ညီညာသည့် မြေ သား ပေါ်တွင် ကျောက်သားတလွာကို သေချာ ထုချေခင်းကျင်းထားပြီး ထိုအပေါ်တွင်မှ မြေ သားတလွှာကို အချောသတ်ခင်းကျင်းနေပုံရသ ည်။

“လတ်တလောမှာ အရှေ့ဘက်ဒေသကိုတော့ လမ်းတလမ်းပြီးစီးသွားပြီး အခုက မြောက်ဘ က် ဒေသအတွက် စတင်နေတယ်လို့ ကြားတယ် ဒါကလည်း သိပ်မကြာခင်ပြီးစီးမယ့်ပုံရှိတယ်”

အဖိုးဝူက လမ်းခင်းနေသည့် ဆောက်လုပ်ရေး လုပ်သားများနှင့် အတော်ဝေးကွာသည့်နေရာမှ နေ၍ ကျိုးယန်ကို လုပ်ငန်းများအကြောင်းအ သေးစိတ်ရှင်းပြ နေလေသည်။

“လီ ဆိုတာက ထိပ်တန်းပြည်ထောင်စု တခုပဲဒီ လောက်မှ အရည်အချင်းမရှိရင် သူတို့တွေမျိုး ပြတ်နေတာ ကြာပေါ့ ဒါနဲ့ အဖိုးဝူ နန်းတက်ပွဲတု န်းက တွေ့ကြုံခဲ့တဲ့ ငရဲတမန်တော်တွေနဲ့ဆက်စ ပ်ပြီး ဘာများသတင်းထပ်ကြားရသေးလဲ”

ကျိုးယန်၏ အမေးကို အဖိုးဝူမှသက်ပြင်းချ၍

“လုံးဝ သတင်းမရတော့ဘူး သခင်လေး ကျုပ် ဘယ်လိုမှ စုံစမ်းလို့ မရတော့တာ သူတို့ကအရိ ပ်လိုပဲ”

“ကိစ္စမရှိပါဘူး အဖိုး သူတို့အမြဲ ပျောက်မနေနို င်ပါဘူး ဒါပေမယ့် ကျတော်သိလိုတာက မိဖုရား ချန်ရှင်းနဲ့ အဲ့ဒီတမန်တော်က ဘယ်လိုများချိတ် ဆက်မိသွားတာလဲ”

ကျိုးယန်က သူသိလိုရာကို မေးကြည့်လိုက်သ ည်။ ထိုကိစ္စအပေါ် ယခင်ကပင် စိတ်ဝင်စားနေ ခြင်းဖြစ်ပြီး အကြောင်းမတိုက်ဆိုင်၍ မမေးခဲ့ရ ခြင်းဖြစ်သည်။ မိဖုရားချန်ရှင်းသည် ဧကရာဇ် ကျိုးဟန်၏ ပထမဆုံး မိဖုရားဖြစ်ပြီး သြဇာလဲ ကြီးမားကာ အမှန်တကယ်ထက်မြတ်သူ ဖြစ်သ ည်။ ထိုမိဖုရားသည် အပြင်လူနှင့် ဧကရာဇ်တစ် ပါး၏ နောက်ကွယ်တွင် ဖောက်ပြန်နေခဲ့လေသ လား။ ဧကရာဇ်တပါးသည် ခွန်အား အာဏာအ စစအရာရာ ပြည့်စုံသော်လည်း များပြားလှသ ည့် မိဖုရားများ ကိုယ်လုပ်တော် မောင်းမမိဿံ များ၏ စိတ်ဆန္ဒများကို အပြည့်အဝ ဖြည့်စွမ်း နိုင်ရန်ကတော့ ခက်ခဲနိုင်သည်။ ထိုအရာကပဲ မိဖုရားချန်ရှင်းကို ဖောက်ပြန်စေခဲ့သလား မဆို တတ်ပေ။

“မိဖုရားချန်ရှင်း နန်းတွင်းထဲရောက်စတုန်းက တကယ့်ကို အရိုးခံလေးပါ သူမကို ကြည့်ရင် ရည်မှန်းချက်ကြီးပြီး အကြံများတယ့်မိန်းခလေ လို့ သခင်လေး ထင်ခဲ့မိမှာမဟုတ်ဘူး နောက်ပြီ လူတွေမသိတာက ယခင်ဧကရာဇ်ရဲ့ မိဖုရားကြီ က ချန်ရှင်းမဟုတ်ပါဘူး သခင်လေးရဲ့မယ် တော်ပါ အကြောင်းတခုကြောင့် သခင်လေးကို ကိုယ်ဝန်ဆောင် နောက်ကျသွားတဲ့ အတွက် သ ခင်လေးရဲ့ အဆင့်တန်းက နိမ့်ကျသွားတာဖြစ် တယ်”

အဖိုးဝူ၏ ရှင်းပြချက်ကို ကျိုးယန်မှ ခေါင်းညိ တ်ပြလိုက်သည်။သူ့အတွက် ရာထူးအာဏာကို မမက်မောခဲ့သည် ဖြစ်၍ သူ၏မိခင်သည်လည် မိဖုရားကြီး ဖြစ်မဖြစ် အပေါ် ခံစားချက်ရှိခဲ့မည် မဟုတ်ဟု ယူဆသည်။ ထိုသို့သာ မဟုတ်ပါက မိဖုရားချန်ရှင်း မိဖုရားရွယ် တို့ အာဏာကြီးလာ မည်မဟုတ်ပေ။ အစောတည်းကသာ ဖိနှိပ်ထား ခဲ့ပါက ပြဿနာမှာ ယခုလောက်ဆိုးလာခဲ့မည် ဟု ကျိုးယန်မထင်ပေ။

“ဘာပဲ ဖြစ်ဖြစ် လက်ရှိ နန်းတွင်းထဲက စစ်ရေး အမတ်တချို့နဲ့ ဝန်ကြီးတချို့က မိဖုရားချန်ရှင်း ရဲ့လူတွေ မဟုတ်လား သူတို့ကို တိတ်တဆိတ် စောင့်ကြည့်ပေးထားပါ အဖိုး တဖက်လူကနော က်တကြိမ်လှုပ်ရှားမယ်ဆို အရင်လူဟောင်းတွေ ကို ပြန်ပြီးဆက်သွယ်ဖို့ သေချာပေါက်ကြိုးစား လိမ့်မယ်”

“နားလည်ပါတယ် သခင်လေး မုရုံရှီတို့အဖွဲ့က မသက်ာစရာကောင်းတဲ့ အင်အားစုတွေကို အ ထူးစောင့်ကြည့်တဲ့ အဖွဲ့တခုစုဖွဲ့ထားပါတယ်”

“ကောင်းတယ် နောက်ပြီး ဂိုဏ်းတွေ ကုန်သည် တွေအကုန်လုံး စောင့်ကြည့်ဖို့လိုတယ် သူတို့ရဲ့ ခြေလှမ်းတွေကို အသေးစိတ်သိထားရင် နောက် ပိုင်း သူတို့ကို ကိုင်တွယ်ရာမှာ အဆင်ပြေစေလိ မ့်မယ်”

ကျိုးယန်၏ စကားကို အဖိုးဝူမှ ခေါင်းညိတ်ပြ၍ သဘောတူလိုက်သည်။ ပြီးနောက် အဝေးသို့ ခပ်ငေးငေးကြည့်၍ လေးပင်စွာဖြင့် ပြောလာသည်။

“ဒါနဲ့ သခင်လေး စိတ်ခံစားချက်ကို အရေးပေး တာက နောင်မှာ ဒုက္ခရောက်နိုင်လို့ သတိထားပါ ဒီလူအိုကြီးက သခင်လေးရဲ့ ကိစ္စအဝဝကို ဝင် စွတ်ဖတ်ခွင့် မရှိပါဘူး ဒါပေမယ့် သတိတော့ပေ လိုပါတယ်”

အဖိုးဝူက မည်သည့်အရာကို ဆိုလိုသနည်း။ ကျိုးယန် တယောက် အတန်ကြာတွေးတောပြီး မှ စုယင်နှင့် ကိစ္စကို ပြောလိုမှန်းသိသွားခဲ့လေ သည်။ ကျိုးယန်တယောက် သက်ပြင်းမောကို သာ ချလိုက်သည်။ အဖိုးဝူလို လူမျိုးကပင် စုယင်ကို မိဖုရားကြီးအဖြစ် လက်မခံလိုပေ။

All Chapters