နှလုံးမဲ့ ချောက်နက်
Vol. 10 Ch. 146
ကျိုးယန်သည် ထိုရက်များ၌ တင်ဒါများဆောင် ရွက်သည့်အပိုင်းများကို မသိမသာဖြင့် တမျိုး သိသိသာသာဖြင့် တသွယ် လိုက်လံစစ်ဆေးလျ က်ရှိသည်။ အဓိကမှာ ထိုလုပ်ငန်းများကို တာဝ န်ယူထားကြသည့် ပြည်ပကုန်သည်အစုအဖွဲ့မျာ ကို စောင့်ကြည့်လိုခြင်းဖြစ်သည်။
ဂိုဏ်းအသစ်တခု၏ လှုပ်ရှားမှုများ အံ့သြဖွယ် စီမံကိန်းများနှင့် ဧကရာဇ်ကျိုးယန်၏ မဂ်လာ သတင်း စသည့်အကြောင်းအရာများစွာမှာ လ တ်တလော ကျယ်ပြန်နေသည့် ခေါင်းစီးသတင်း များဖြစ်နေလေသည်။ ကျိုးယန်သည် မုရုံရှီတို့ ၏ အကူညီဖြင့် လျှို့ဝှက်သတင်း အချက်အလ က်များကို ရရှိနေခဲ့ကာ ထိုအထဲတွင် ဂိုဏ်းအသ စ်တခု၏ လှုပ်ရှားမှုများမှာ အံ့သြသင့်ဖွယ်ပါဝင် လာလေသည်။ ပို၍ထူးခြားသည်က ထိုတမန် တော်များအဖွဲ့ဂိုဏ်းသည် ပြည်ထောင်စုဆယ်ခု ကျော်၌ တပြိုင်နက်ပေါ်ထွက်လာခြင်းဖြစ်ပြီး အချိန်တိုအတွင်းမှာပင် အင်အားကောင်းလာခြ င်းဖြစ်ကာ ပြည်ထောင်စုတခုစီ၏ သက်ဆိုင်ရာ ဒေသကိုပင် ချူပ်ကိုင်စပြုလာနေသည်။
“ဘယ်လိုတောင် အင်အားကြီးနေလို့ ပြည်ထော င်စုဆယ်ခုကျော်မှာ တပြိုင်နက်ဂိုဏ်းခွဲ ၁၀၀၀ နီးပါးထိ ဖြန့်ကျက်နိုင်ရတာလဲ”
ကျိုးယန်သည် ထိုဂိုဏ်း၏ လှုပ်ရှားမှုများကို အလေးအနက်ထားရန် ဆုံးဖြတ်လိုက်သည်။ထို နောက် တောက်ချင်မှတဆင့် စီမံရေးဌာနရှိ တမ န်တော်များဂိုဏ်း၏ အချက်အလက်များကို ယူ ငင်စေသည်။ ထိုအချက်အလက်ထဲတွင် ဂိုဏ်းခွဲ ၏ တာဝန်ခံမှာ ပကတိရှင်သန်ခြင်းအထွဋ်အထိ ပ်၌ ရှိနေပြီး အကြီးအကဲများသည် ပကတိရှင် သန်ခြင်း အဆင့်မြင့်အဆင့်တွင် ရှိနေကာ ပညာ ရှင်အရေအတွက်သည် ရာဂဏန်းထိရှိနေလေ သည်။ သို့သော် ထိုစာရင်းကို ယုံ၍မရပေ။ ဖုံး ကွယ်ထားသည့် အင်အားအရေအတွက်ကို သူ တို့မသိနိုင်ပေ။
“အဖိုးဝူ သူတို့က ငရဲတမန်တော်တွေနဲ့ဆက်စပ် နေမယ်လို့ထင်လား ထူးထူးဆန်းဆန်းအမည်က လည်း တိုက်ဆိုင်နေတယ်”
“သိပ်တော့မသေချာဘူး သခင်လေးပြောဖူးတ ယ်မဟုတ်လား သူတို့က မတူညီတဲ့ ချီဓာတ်ကို အသုံးပြုကြတာဆိုတော့ ဖုံးကွယ်ဖို့ခက်ပါတယ် လက်ရှိဂိုဏ်းအသစ်ကို စောင့်ကြည့်ရသလော က် လူသားကျင့်ကြံသူတွေဖြစ်နေတယ်”
ကျိုးယန်လည်း အလေးအနက်တွေးမိသွားရသ ည်။ ငရဲတမန်တော်များသည် မရဏချီကိုအသုံး ပြုသောကြောင့် အသွင်ပြင်ကို ဖုံးကွယ်၍မရနို င်ပေ။ လက်ရှိ တမန်တော်များအဖွဲ့ဂိုဏ်းအသစ် သည် မသက်ာစရာ ကောင်းသော်လည်း ထိုမရ ဏချီနှင့်ဆက်စပ်သည့် အကြောင်းအရာများကို တော့ တစိုးတစိမျှ ရှာမတွေ့သေးချေ။
“နောက်ကွယ်မှာ ပါဝင်ပက်သက်နေတာလား”
ကျိုးယန်က တီးတိုးရေရွတ်လိုပ်သည်။ မိဖုရား ချန်ရှင်းကဲ့သို့ ငရဲတမန်တော်များက နောက်ကွ ယ်၌ ရှိနေသည်လား။ အလေးအနက်ထားရန်လို ပေသည်။ နန်းဆောင်၏ခန်းမထဲတွင် အဖိုးဝူ တောက်ချင် တပ်မှူးချင် စုယင် တို့ဖြင့်စကား ပြောနေစဥ် ကျိုးယင်ချင်းတယောက် ရုတ်တရ က် ဝင်ရောက်လာသည်။ သူမသည် ဧကရာဇ်အ သစ်၏ မိဖရားအဖြစ် လျာထားခြင်းခံထားရသူ ဖြစ်သောကြောင့် သူမကို တားဆီးဝံ့သူမရှိချေ။ ကျိုးယန်က သူမကိုတွေ့သည်နှင့် ယဥ်ယဥ်ကျေ ကျေးပင် နှုတ်ဆက်စကားဆိုလိုက်သည်။
“အစ်မတော် အရေးကြီးကိစ္စများရှိလို့လာ”
ကျိုးယင်ချင်းက နီးစပ်ရာနေရာတခုတွင်ထိုင် ပြီးနောက် ကျိုးယန်၏ မေးခွန်းကိုပြန်ဖြေသည် “အရေးကြီးတယ်လို့ ပြောရင်တော့ ရနိုင်တယ်”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ ပြီးနော က် အဖိုးဝူတို့နှင့် ပြောလက်စ စကားများကိုဆ က်လက်ဆွေးနွေးနေကြပြီး ခနအကြာတွင် အ ဆုံးသတ်လိုက်ကာ ကျိုးယင်ချင်း၏ကိစအပေါ် အာရုံစိုက်လိုက်သည်။
“အဖိုးဝူ နှလုံးမဲ့ ချောက်နက်ကို ကြားဖူးလား”
ကျိုးယင်ချင်းက အဖိုးဝူကိုမေးလိုက်သည်။သူ မ၏ မေးခွန်းကိုကြားလျင် အဖိုးဝူ၏မျက်နှာမှာ လေးနက်သွားသည်ကို တွေ့ရသည်။ သေချာသ ည်က တခုခု သိထားပုံရှိလေသည်။
“မှတ်တမ်းအချို့မှာတော့ ဖတ်ဖူးပါတယ် အခု ကိစ္စက ချောက်နက်နဲ့ပက်သက်နေတာလား”
“ဟုတ်ပါတယ် ချောက်နက် တောင်ပိုင်းဒေသရဲ့ အစွန်အဖျားမှာ ရှိနေပြီးတော့ အန္တရာယ်ဇုန်အ ဖြစ် ယခင် ဘိုးဘေးတွေရှိတည်းက သက်မှတ် ထားခဲ့တာ မဟုတ်လား ဒါကြောင့်လည်း ကျိုး ပြည်ထောင်စု က အစီရင်ပညာရှင်တွေစုစည်း ပြီး ကြီးမားသည့် အစီအရင်နဲ့ ပိတ်ဆိူ့ဖူးတယ် လို့ ကျမ ကြားဖူးတယ်”
ကျိုးယန်က မှတ်တမ်းများ မဖတ်ခဲ့ဖူး၍ ထို ချောက်နက်အကြောင်းမသိပေ။ ထိုအတွက် အဖိုးဝူနှင့် ကျိုးယင်ချင်းတို့ ပြောဆိုနေသည်ကို သာ နားထောင်နေရလေသည်။ကျိုးယန်က ဝင် ရောက်မေးမြန်းလိုက်သည်။
“အဲဒီချောက်နက်ထဲမှာ ဘာရှိလို့လဲ”
ကျိုးယန်၏ အမေးကို အဖိုးဝူက
“တခြားလောကတခုကို သွားတဲ့လမ်းကြောင်း”
ကျိုးယန် အံ့သြမှင်သက်သွားရသည်။ လေဟာ နယ်လမ်းကြောင်းတခုတဲ့လား။ ပြီးတော့ ထိုလ မ်းကြောင်းက တခြားလောကတခုကို ကူးပြော င်းစေနိုင်သေးသည် မဟုတ်လား။
“ဒါဆို ဘာအတွက် အန္တရာယ်ရှိမှာလဲ အဖိုးရဲ့”
ကျိုးယန်ကို စကားကိုကြားလျင် ကျိုးယင်ချင်း မှ သက်ပြင်းချ၍
“တလောက မောင်တော်ကျိုး ရင်ဆိုင်ခဲ့ရတဲ့ ငရဲ တမန်တော်တွေဆိုတာ အဲ့လမ်းကြောင်းကနေ ကူးလာတာ လို့ မှတ်တမ်းတွေမှာ ဖော်ပြထားတ ယ် အခု ချောက်နက်က မတည်ငြိမ်တဲ့ လက္ခဏ တွေ ပြသလာနေပြီ မကြာခင်မှာ ငရဲတမန်တော် တွေ အများအပြား ဝင်ရောက်လာမှာကို စိုးရိမ် ရတယ်”
ငရဲတမန်တော်တွေ ဟုတ်လား။ အဲ့ဒါက သူတို့ ဝင်ရောက်လာတဲ့ လမ်းကြောင်းလား။ မူလသူ ထင်သည်က အင်မော်တယ်လောက ကဲ့သို့အ ခြား လောကတခုခုသို့ ကူးပြောင်းစေသည့် အ ရာဟု သူတွက်ထားခြင်းဖြစ်သည်။ ယခုတော့ အမှန်တကယ် အန္တရာယ်ပေးနိုင်သည့် ငရဲတမန် တော်များ ဖြစ်နေလေသည်။ ထိုသို့ဆိုလျှင် သွေ စစ်သည်တော်များ ကကော မည်သည့်အရပ်မှ ဝင်ရောက်လာကြသနည်း။ ကျိုးယန်တယောက် စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရသည်။ ဂိုဏ်းအ သစ်၏ လှုပ်ရှားမှုများက စိပ်လာစဥ် ငရဲတမန် တော်၏ လမ်းစက ပေါ်လာပြန်သည်။ ထိုအရာ က ခြေနေကောင်းတခုတော့ မဟုတ်နိုင်ပေ။
“အစ်မတော်က အဲ့ကိစ္စနဲ့ပက်သက်ပြီး ဘာလုပ် မယ်လို့ တွေးထားလဲ”
ကျိုးယန်၏အမေးကို ကျိုးယင်ချင်းမှ
“လတ်တလောတော့ ချောက်နက်ပတ်ပတ်လည် ကို အစောင့်အရေတွက်များများ ချပြီးစောင့်ကြ ည့်နေတယ် အကောင်းဆုံးက အစီရင်ကိုပြန်လ ည်ပြုပြင်တာပဲ လက်ရှိ ဝိဉာဥ်မျိုးနွယ်နဲ့ တောင် ပိုင်းဒေသတခုလုံးမှာ ရှိတဲ့ အစီရင်ပညာရှင်အာ လုံးက ချောက်နက်က အစီရင်ကို မဖြေရှင်းနိုင် ကြဘူးလေ ဒါကြောင့် မောင်တော့်ဆီက ပညာ ရှင်တချို့ လာရောက်ငှားရမ်းတာပါ”
“ဒါက ကိစ္စမရှိပါဘူး လတ်တလော နန်းဆောင် မှာ ကျုပ်ကို ကူညီနေတဲ့ အစီရင်ပညာရှင်ကြီး အချို့ရှိထားတယ် နောက်ပြီး ကျုပ်လည်း အဲ့ ချောက်နက် ကိစ္စကို စိတ်ဝင်စားတယ် ဒါကြော င့် ကျုပ်ကိုယ်တိုင်လိုက်ခဲမယ် အဆင်ပြေလား”
“မဟုတ်တာပဲ ခုကိစ္စက ထိန်းချုပ်လို့ရပါသေး တယ် မောင်တော်လိုက်စရာမလိုသေးပါဘူး ပ ညာရှင်အချို့ ကူညီပေးရင်ရပါပြီ”
ကျိုးယင်ချင်း၏ စကားကို ကျိုးယန်က ခေါင်း ခါပြလိုက်သည်။ သူ့စိတ်ထဲတွင် ထိုအရာအတွ က် အလေးနက်ထားရန်လိုအပ်သည်ဟု ခံစား နေရသည်မဟုတ်လား။ ထို့အပြင် သူသည်လဲ အစီအရင် လေ့လာနေသည်ဖြစ်၍ ထိုအစီရင် ကြီးကို လေ့လာခြင်းမှ တဆင့် တစုံတရာများရ လာနိုင်မလားဟု မျှော်လင့်နေမိသည်။
“ကိစ္စမရှိဘူး ကျုပ်လည်း အချိန်ရတာပဲ လိုက် ခဲ့မယ် အစ်မတော်”
ကျိုးယန်၏ ပြတ်သားမှုကို ကြားလျင် ကျိုးယ င်ချင်းမှ ထပ်မံ မပြောတော့ပေ။ အမှန်က မဂ် လာကိစ္စကြောင့် ကျိုးယန်ကို မျက်နျာချင်းဆိုင် ရန် ရှက်ရွံနေခြင်းဖြစ်ကာ ချောက်နက်နှင့်ပက် သက်၍ အလုပ်တွဲလုပ်ရန် တုန့်ဆိုင်းနေခြင်းဖြ စ်သည်။ သူမက မထင်မှတ်ပဲ မိဖုရားအဖြစ် လျာထားခြင်းခံလိုက်ရပြီး သူမကဲ့သို့ ရည်မှန်း ချက်ကြီးသူအတွက် ကျေနပ်မိသော်လည်း တ ဖက်တွင် မည်သည့်အတွက်ကြောင့်မှန်းမသိ ကျိုးယန်ကို မျက်နှာချင်းမဆိုင်လိုပေ။ ထိုအရာက အဖေတူ အမေကွဲ သွေးသားချင်းလတ်ဆတ်မှုကြောင့်များလား မသိတော့ချေ။
ကျိုးယန်သည် ဆေးပညာသာမက အစီရင်ပညာကိုပါ လေ့လာထားသည်ကို သိရှိသည့်အတွက် ထပ်မံ ငြင်းပယ်ပါက အထင်လွဲလာနိုင်ချေ ရှိသောကြောင့် ကျိုးယင်ချင်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။ လက်တလောတွင် ကျို ယန်၏ အစီအစဥ်ဖြစ်သည့် ရုပ်သံမှတ်တမ်း ဖမ်းယူရန် လုပ်ဆောင်ပေးသည့် အစီရင်ကို လေ့လာနေကြသည့် ပညာရှင်များကိုပါ တပါတည်း ခေါ်ဆောင်သွားရန် ပြင်ဆင်တော့သည်။