← Chapters

တောင်ပိုင်းဒေသ

Vol. 10 Ch. 147

တောင်ပိုင်းဒေသ

Vol. 10 Ch. 147

ကျိုးယင်ချင်း၏ ခေါ်ဆောင်မှုဖြင့် ကျိုးယန်သ ည် အစီအရင်ဂိုဏ်းမှ ပညာရှင်အချို့နှင့်အတူ တောင်ပိုင်းဒေသသို့ လိုက်ပါသွားလေသည်။ထို မှတဆင့် နှလုံးမဲ့ ချောက်နက်ရှိရာသို့ ဆက်၍ သွားရောက်မည်ဖြစ်ပြီး ထိုချောက်နက်ကြီးရှိ အစီအရင်ကြီးကို ပြန်လည်ပြုပြင်ရန် ကြိုးစား မည်ဖြစ်သည်။

တောင်ပိုင်းဒေသသည် ဝိဉာဥ်မျိုးနွယ်မှ နှစ် ပေါင်းများစွာ ထိန်းချုပ်ထားသည့် ဒေသတခု ဖြစ်၍ ထိုဒေသတွင် လူသားမျိုးနွယ်များနည်း ပါးကာ ဝိဉာဥ်မျိုးနွယ်များ အများစုရှိနေလေသ ည်။ ထို့အပြင် လူသားယဥ်ကျေးမှုများကိုလည်း တားဆီးထားပြီး အများအားဖြင့် ဝိဉာဥ်မျိုးနွယ် ၏ ထုံးတမ်းစဥ်လာများကိုသာ အသိအမှတ်ပြု လေသည်။

ကျိုးယန်နှင့် အစီရင်သီးသန့် လေ့လာသည့်ဂိုဏ် တခုဖြစ်တဲ့ ကြယ်ကောင်းကင် ဂိုဏ်းမှ အကြီး အကဲချုပ် နှင့် သူ၏ တပည့်လက်ရင်းအချို့ပါ ဝင်သည်။ ထိုအစုအဖွဲ့ထဲတွင် အကြီးအကဲချုပ် သည့် အဆင့်၃ အဆင့်မြင့်အဆင့်သို့ နီးကပ်နေ ပြီး တပည့်လက်ရင်းများမှာမူ အဆင့်၂ အလ ယ်အလတ်သို့ ရောက်ရှိနေကြကာ ကျိုးယန်သ ည် အဆင့်၂ ၏ အစောပိုင်းအဆင့်တွင်သာ ရှိ သေးသည်။

ကျင်းတလျန်သည် ကျိုးယန်တို့အဖွဲ့ကို တလေး တစား ကြိုဆိုကာ နေရာချပေးသည်။ အဖွဲ့အ တွက် အိပ်ဆောင်ကို ခွဲခြမ်းပြီး ကျိုးယန်၏အိပ် ဆောင်ကိုမူ ကျိုးယင်ချင်၏ အနီးဆုံးနေရာ၌ စီ မံပေးလေသည်။ ထိုအရာအတွက် ကျိုးယန်က မည်သို့မှ မပြောဆိုတော့ချေ။ ကျိုးယင်ချင်နှင့် သူ့ကြားစီမံမှူများကို ရှောင်လွဲ၍ မရနိုင်မှန်းသိ သောကြောင့် လက်ခံထားလိုက်တော့သည်။

၃ရက်ခန့် ခရီးပြင်းနှင်ခဲ့ရသောကြောင့် အကြီး အကဲချုပ်နှင့် တပည့်လက်ရင်းများမှာ ပင်ပန်း နေသဖြင့် ခရီးရောက်မဆိုက်ပင် တန်း၍ အနား ယူကြတော့သည်။ ကျိုးယန်သည် လမ်းတလျှေ က်တွင် အစီရင်ကျမ်းကို လေ့လာနေခဲ့ပြီး တိုး တက်မှု ရှိမလာသည့် မှတ်တမ်းများဖမ်းယူသ ည့် အစီရင်ကို စိတ်ပျက်နေလေသည်။ ရုပ်သံ များဖမ်းယူပေးသည့် သလင်းကျောက်အချို့ရှိ သော်လည်း ထိုအရာက အလွန်တရာစျေးကြီး သည့်အပြင် ရှားပါးသည့်အတွက် အရေအတွပ် များများ လိုအပ်သည့် ကျိုးယန်အတွက် အဆင် မပြေနိုင်ပေ။ မှတ်တမ်းများကို ဖမ်းယူပြီး ထပ် မံလွှင့်ပေးရန်ပင် အဆင်မပြေလျင် တိုက်ရိုက် ဖမ်းယူတင်ဆက်သည့် ကိစ္စကပို၍ ခက်ခဲနိုင်သ ည်မဟုတ်လား။

တောင်ပိုင်းဒေသ သို့ရောက်ရှိချိန်တွင်တော့ ထို စိတ်ရှုပ်စရာများကို ပယ်ချကာ ဒေသအသစ်၏ အပြောင်းအလဲများကိုသာ အာရုံစိုက်လိုက်လေ သည်။

“သက်တမ်းအားဖြင့် ကျုပ်တို့မျိုးနွယ်က နှစ် ထောင်ဂဏန်းသာသာ ပဲရှိသေးတယ်ဆိုပေမယ့် တချို့ ပျောက်ကွယ်နေတဲ့ မှတ်တမ်းတွေမှာဘိုး ဘေးတွေက အဲ့ဒီထက်စောပြီး တည်ရှိခဲ့တယ် လို့ ဆိုထားတယ်”

ကျင်းတလျန်က စားသောက်ခန်းမတွင် ကျိုး ယန်နှင့်အတူ ညစာစားရင်း မျိုးနွယ်စုအကြောင် ရှင်းပြနေလေသည်။ ထိုညစာစားပွဲတွင် ကျင်း တလျန် ကျိုးယင်ချင် နှင့် ကျိုးယန်တို့အဖွဲ့သာ ရှိနေပြီး ကျိုးယန်လက်အောက်ရှိ မည်သူကို့မှ ခေါ်ဆေင်မလာခဲ့ပေ။

“ဒါနဲ့ ကျုပ်သိလိုတာ နတ်သူငယ်မျိုးနွယ်ဆိုတာ တကယ်ရှိလား”

ကျိုးယန်မှာ ဝိဉာဥ်မျိုးနွယ် မြွေမျိုးနွယ်နှင့် အ ခြားသားရဲမျိုးနွယ်အချို့ သိထားမြင်ထားပြီး ဖြစ်၍ နတ်သူငယ်မျိုးနွယ်များလည်း ရှိနိုင်သ ည်ဟု တွေးကာ မေးလိုက်ခြင်းဖြစ်သည်။ ကျိုး ယန်၏အမေးကို ကျင်းတလျန်က

“ရှိခဲ့ဖူးတယ် သူတို့ကလွန်ခဲ့တဲ့ နှစ်နရာဝန်းကျင် လောက်ထိ တောင်ပိုင်းဒေသရဲ့ အစွန်အဖျားနေ ရာအချို့တွေမှာ တွေ့တယ်လို့ ကျုပ်လူတွေဆီ က သတင်းပေးပို့ချက်တွေမှာ ပါတယ် ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်း မသိပဲ နောက်ပိုင်း သူတို့ကို မတွေ့ရတော့ဘူး တိုက်ဆိုင်တာလား တူညီတာလားမပြောတတ်ပေမယ့် သူတို့ကိုနော က်ဆုံး တွေ့ခဲ့တာ နှလုံးမဲ့ ချောက်နက်နဲ့အနီးဆုံး ဖြစ်တဲ့ နှလုံးမဲ့ သစ်တောပဲ”

ကျင်းတလျန်က ရှည်လျားစွာရှင်းပြသည်။ သူ့ သက်တမ်း တလျှောက် နတ်သူငယ်မျိုးနွယ်အ ချို့ တွေ့ဆုံဖူးသော်လည်း နတ်သူငယ်များသည် မောက်မာကာ အလွန်ဝင့်ကြွားတတ်သူများ ဖြစ် သည်။ ထို့အပြင် အသွင်အပြင်မှာလည်း ဝိဉာဥ် မျိုးနွယ်များကဲ့သို့ ချောမောပြီး ကြည့်ကောင်း သည့်ဟန်ပန်ရှိကာ ကျင့်ကြံဆင့်သည်လည်း မြ င့်မားပေသည်။ ထိုအတွက် နတ်သူငယ်မျိုးနွယ် မှလူများသည် လူသားများနှင့် အခြားမျိုးနွယ် များကို အထင်မကြီးတတ်ကြပေ။

“ ချောက်နက်ရဲ့ လက်ရှိခြေနေကိုပြောပါဦး”

ကျိုးယန်က သိလိုစွာမေးလိုက်သည်။

“ ချောက်နက်ပတ်ပတ်လည်မှာ မြူတွေရှိတယ် သူတို့က ပုံမှန်အားဖြင့် အထွဋ်အထိပ်မှာရှိတဲ့ ပညာရှင်ရဲ့ စိတ်ဝိဉာဥ်အာရုံခံမှုကိုတောင် တား ဆီးထားနိုင်လောက် အောက်ထူထပ်တယ် ဒါပေ မဲ့ လွန်ခဲ့တဲ့ လအချို့က ချောက်နက်ကမြူတွေ သိသိ သာသာပါးလျသွားပြီး လှုပ်ရှားမှုအချို့ တွေ့မြင်ရတယ်လို့ ကျုပ်လူတွေဆီက သတင်း ရလိုက်တယ် ပထမက ဒါနတ်သူငယ်မျိုးနွယ် တွေလို့ ထင်ပေမယ့် နောက်ပိုင်း သတင်းပို့ချက် တွေမှာ လူသားနဲ့မတူညီတဲ့ ပုံပန်းသွင်ပြင်လို့ ဖော်ပြထားပြီး နတ်သူငယ်ဆိုတာကလည်း ခန္ဓာ ကိုယ်တည်ဆောက်ပုံအရ လူသားမျိုးနွယ်နဲ့ ဆ င်တူနေတော့ ကျုပ်အထင် တခြားအရာတွေမျာ ဖြစ်နေမလား တွေးမိလို့ အရှင်မင်းကြီးဆီ အ ကြောင်းကြားလိုက်တာပါ”

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ ထူးဆန် တဲ့ မြူခိုးများပါးလျသွားကာ လူသားနှင့်မတူညီ သည့် အရာများ၏ လှုပ်ရှားမှု.ထိုအရာများက စိ တ်ဝင်စားဖို့ကောင်းသည်။ မည်သည့်အရာက ချောက်နက်ထဲ၌ လှုပ်ရှားနေသနည်း။ ငရဲတမန် တော်များလား။ မှတ်တမ်းများအရ ချောက်နက် ၏လမ်းကြောင်းမှ ငရဲတမန်တော်များ ဝင်ရော က်ခဲ့သည်ဟု ဆိုထားသောကြောင့် ဖြစ်နိုင်ချေမှ ထိုအရာများသာရှိပြီး အမှန်တကယ်ဖြစ်နေပါ က အနီးဆုံးနေရာဖြစ်သည့် တောင်ပိုင်းဒေသ ကိုအရင်ဆုံးထိ ခိုက်စေမည် ဖြစ်သည်။ ထို့အ တွက် ပေါ့ဆနေ၍ မရတော့ပေ။ အကြောင်းအ ရာကို သေချာစုံစမ်းရန် လိုအပ်လာပေသည်။

“ရက်အနည်းငယ် အတွင်း ချောက်နက်ရဲ့အနီး ဆုံးနေရာက ကျုပ်တို့ ကင်းစခန်းထိ သွားလို့ရ နိုင်တယ် လေ့လာချင်ရုံပဲဆို အဲ့လောက်က အ ဆင်ပြေမှာပါ”

ကျင်းတလျန်က အစီစဥ်ကို ပြောလာသည်။ ကျိုးယန်ကမူ ထိုမှတဆင့် ချောက်နက်ထဲထိ ဆင်းရန် စိတ်ကူးထားပြီး ထိုအချက်ကိုတော့ ထုတ်မပြောလိုက်ပေ။ စားသောက်ခန်းမှတဆင့် ညနက်သည်အထိ စကားပြောဆိုနေကာ အကြီး အကဲချုပ်နှင့် အဖွဲ့ကတော့ စောစီးစွာအနားယူ သွားခဲ့လေသည်။ ကျိုးယန်လည်း အချိန်တခု ကြာသည်အထိ ပြောဆိုပြီးနောက် ကျိုးယင်ချင် ၏ လိုက်ပါပို့ဆောင်မှုနှင့် နားနေရာသို့ရောက်ရှိ သွားလေသည်။ လမ်းတွင် ကျိုးယင်ချင်းမှ သူ့ ကိုမေးလာသည်။

“မောင်တော် ဧကရာဇ်က ချောက်နက်ထဲထိ သွားဖို့ စိတ်ကူးနေတာမဟုတ်လား”

ကျိုးယန်တယောက် မျက်ခုံးများပင့်သွားရသ ည်။ မိန်းမများ၏ အလိုလိုသိစိတ်က ကြောက် မက်ဖွယ်ကောင်းပေသည်။

“အင်း အခြေနေအရပါ ယတိပြတ်ဆုံးဖြတ်ထား တာမျိုးတော့ မဟုတ်ပါဘူး ဘာလို့လဲ”

ကျိုးယန်၏ စကားကိုကြားလျင် ကျိုးယင်ချင်း က ဖြေးညှင်းစွာပြောလာသည်။

“အရင်က မောင်ငယ်လေး တယောက်ဆိုပေမဲ့ အခု ဧကရာဇ်ဖြစ်နေပြီးဆိုတော့ မတားနိုင် တော့ပါဘူး ဒါပေမယ့် မောင်တော်ဧကရာဇ်ဆန္ဒ ရှိလို့ သွားမယ်ဆိုရင် ကျမလည်း လိုက်မယ်”

သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသည့် ခံစား ချက်များ ရှိနေပြီး စကားလုံးများ၏ အဓိပ္ပါယ် ကတော့ ရိုးစင်းပါသည်။ သူမ မှာနောင်တွင် ကျိုးယန်နှင့် လက်ထပ်ရမည် ဖြစ်၍ မိဖုရားတ ပါးဖြစ်လာမည် ဖြစ်သောကြောင့် ခံစားချက်မျာ ရှိခြင်း မရှိခြင်းထက် ခင်ပွန်လောင်း၏နောက် သို့ လိုက်ပါရန် တွေးလိုက်ပုံရပါသည်။ ထိုအရာ ကို ကျိုးယန်ကလည်း သတိပြုမိသောကြောင့် မငြင်းပယ်လိုက်ပေ။

“ကောင်းပြီ အခြေနေတခုကြောင့် သွားဖြစ်ရင် လိုက်ခဲ့လေ ဒါပေမယ့် အသက်အန္တရာယ်နီးကပ် တဲ့နေထား ရောက်ရင်တော့ စကားနားထောင်ရ လိမ့်မယ်”

“စိတ်ချပါ”

ကျိုးယင်ချင်းမှ ခေါင်းညိတ်ပြလိုက်သည်။ပြီး နောက် အချိန်နည်းငယ် စကားပြောဆိုရင်းဖြင့် ကျိုးယန်အနားယူသည့် အခန်းသို့ရောက်ရှိနေ သောကြောင့် ပြန်လည်ထွက်ခွာသွားတော့သည်

။

All Chapters