နှလုံးမဲ့ ချောက်နက်သို့ခရီး
Vol. 10 Ch. 148
နောက်တနေ့မနက်တွင်တော့ ကျိုးယန်တို့နှင့်အ တူ ကျိုးယင်ချင်း ကျင်းရှောင်တို့အဖွဲ့က လိုက် ပါလာကြလေသည်။ ကျင်းရှောင်သည် ကျိုးယ န်၏ လက်နက်ဆန်းများကို စိတ်ဝင်စားနေခဲ့သ ည့်အတွက် ဝိဉာဥ်မျိုးနွယ်မှ နည်းပညာများရရှိ ချိန်တွင် အထူးအာရုံစိုက်ကာ လေ့လာခဲ့သည်။ ထိုအပြင် ကျိုးယန်၏ ကြက်တောင်အားကစား သည်လည်း ဝိဉာဥ်မျိုးနွယ်စုကြားတွင် ကျော် ကြားသည့် ကစားနည်းတခုဖြစ်လာခဲ့ကာ ပြိုင် ပွဲများပါ ကျင်းပသည်ထိ တိုးတက်လာခဲ့သည်။
နှလုံးမဲ့ ချောက်နက်သည် နှလုံးမဲ့သစ်တောအနီး တွင် တည်ရှိပြီး ဝိဉာဥ်မျိုးနွယ်တည်ရှိသည့်နေ ရာမှ ကီလိုတထောင်ကျော် ဝေးကွာနေသေးသ ည်။ ထိုအရာက ကျိုးပြည်ထောင်စု၏ အကျယ် အဝန်းကို ဖော်ပြနေပြီး ပြည်ထောင်စု၏နေရာ တိုင်းကို ကျိုးယန်မသိနိုင်ဟု ဆိုလိုသည်။
“အနည်းဆုံး ၅ ရက်လောက်တော့ သွားရလိမ့် မယ်”
ကျင်းရှောင်က ခရီးစဥ်အကြောင်းကို ပြောပြ လာသည်။ ထိုလမ်းတလျှောက်တွင် ဝိဉာဥ်မျိုး နွယ်မှ အစောင့်များတည်ရှိနေပြီး နှလုံးမဲ့သစ် တောထိ ဖြန့်ကျက်ထားသည်။ ထိုအတွက် လမ် ခရီး၌ အနားယူရန်ကိစ္စမှာ မခက်ခဲတော့ပေ။
ပထမတရက်တွင် လမ်းကြောင်းက သက်တော င့်သက်သာရှိပြီး ရှုခင်းများကလည်း စိမ်းစို၍လှ ပနေသောကြောင့် ပင်ပန်းသည်ဟု မခံစားရပေ။ ကျိုးယန်သည် လမ်းတလျှောက်တွင် အကြီးအ ကဲချုပ်နှင့် အစီရင်အကြောင်း ဆွေးနွေးလာကာ လက်ရင်းတပည့်များကမူ ဧကရာဇ်တပါးနှင့်စ ကားပြောဆိုရန် မဝံ့ရဲ၍ထင် တိတ်ဆိတ်နေကြ သည်။
“အကြီးအကဲချုပ် မူလက ကျုပ်မှာထားတဲ့ ရုပ် ပုံဖမ်းယူတာနဲ့ပက်သက်ပြီး တိုးတက်မှုရှိလား”
ကျိုးယန်၏ အမေးကို အကြီးအကဲချုပ်မှ
“တိုးတက်မှု မရှိသေးပါဘူး အဓိကအားဖြင့် ပုံ ရိပ်တွေကို ဖမ်းယူတာက အခက်ခဲမရှိပေမယ့် တဆင့် ပြန်လွဲပြောင်းရမှာ အခက်ခဲတချို့ရှိနေ ပုံရပါတယ်”
ကျိုးယန်က ခေါင်းညိတ်ကာ သဘောတူလိုက် သည်။ ကမ္ဘာမြေမှ နည်းပညာများကဲ့သို့ မှတ် ဉာဏ်သိမ်းဆည်းမှုများ မတီထွင်နိုင်သရွေ့ ထို ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ကျိုးယ န်တို့ အပြန်အလှန်ပြောနေစဥ်တွင် ကျိုးယင်ချင် နှင့် ကျင်းရှောင်က ဘေးမှ တိတ်တဆိတ်နား ထောင်နေခဲ့လေသည်။
“ရုပ်ပုံဖမ်းယူပြီးတော့ ဘယ်နေရာမှာပြန်သုံးချင် တာလဲ”
ကျင်းရှောင်က သိလိုစွာဖြင့် မေးလာသည်။
“အဓိကအားဖြင့် ရုပ်ပုံတွေကိုသိမ်းပြီး ပြန်လည် ထုတ်လွှင့်တာကို စီးပွားရေးနဲ့အနုပညာဖျော်ဖြေ ရေးကဏ္ဍတွေမှာ သုံးလို့ရတယ် နောက်ပြီး ကျု ပ်တို့လက်ရှိ အသုံးပြုနေတဲ့ အသံပေးပို့ကိရိယာ က အသံတခုတည်းပေးပို့လို့ရပြီး အဲ့နည်းပညာ ကို ရုပ်သံဖမ်းယူတဲ့အစီအရင်နဲ့ ပေါင်းစပ်နိုင်ခဲ့ ရင် နောက်တချိန်မှာ လူတိုင်းက ဘယ်လောက် အကွာအဝေးမှာ ရှိနေပါစေ မျက်နှာချင်းဆိုင် စကားပြောနေသလိုမျိုး အသံလည်းကြားရမယ် ရုပ်ပုံကိုလည်း တိုက်ရိုက်မြင်နိုငိလာလိမ့်မယ်”
အကုန်လုံးက ကျိုးယန်ကို မှင်သက်စွာငေးကြ ည့်နေကြသည်။ ကျိုးယန်၏အတွေးက နတ်ဘု ရားဆန်နေသည်မဟုတ်လား။ ကီလိုမီတာပေါင်း များစွာ ဝေးကွာနေသည့်အရပ်က လူ၏ပုံရိပ်ကို ဖမ်းယူနိုင်သည်ဆိုတာက သာမန်ရတနာများဖြ င့် လုပ်ဆောင်၍ မရနိုင်ပေ။
“အဲ့နည်းစနစ်ကို မောင်တော်ဧကရာဇ်သာ သေ ချာပေါက် ပြုလုပ်နိုင်ခဲ့ရင် အရမ်းအကျိုးရှိမှာ သေချာသလောက်ပဲ”
ကျိုးယင်ချင်းက ထောက်ခံစကားဆိုလာသည်။ ကျိုးယန်က အနည်းငယ်ပြုံး၍ ယခင်ကမ္ဘာက တယ်လီဖုန်း နည်းပညာကိုသာ ချပြလိုက်လျင် ဒီလူများ မှင်သက်၍ နေရာတွင်ပင် အသက်ထွ က်သွားနိုင်လောက်ပေသည်။
ခနအကြာတွင် ကျိုးယန်က စနစ်၏စတိုးမှ ဆ က်သွယ်ရေးဆိုင်ရာ နည်းပညာတခုကို ဝယ်ယူ လိုက်သည်။ ထိုနည်းပညာမှာ ဖိုင်ဘာနည်းပညာ ကို ကျင့်ကြံရေးလောကနှင့် ကိုက်ညီအောင်ပြု လုပ်ထားသည့် အစီအရင် တမျိုးဖြစ်ပြီး ထိုအ စီအရင်ကိုသာ တတ်ကျွမ်းသွားပါက ဗဟိုအစီ အရင်တခု တည်ဆောက်ပြီး နေရာအများစု၌ ဆက်သွယ်ရေး တာဝါတိုင်များတည်ဆောက်သ ကဲ့သို့ အစီရင်ငယ်များထားရှိနိုင်သည်။ ထိုသို့ နည်းဖြင့် ဆက်သွယ်ရေးမိုဘိုင်းနည်းပညာကို ကျင့်ကြံရေးလောကတွင် အသက်သွင်းနိုင်မည် မဟုတ်လား။ ခက်သည်က ဗဟိုအစီရင်နည်းပ ညာကို လေ့လာရသည်က ကျိုးယန်အတွက်ပင် အခက်ခဲအပြည့် ဖြစ်နေသည်။
ကျိုးယန်က ဆက်သွယ်ရေး ဗဟိုအစီရင်ကို မြ င်သာအောင်ထုတ်ပြလိုက်သည်။ ပြီးနောက် ပုံ ရိပ်ဖမ်းယူသိမ်းဆည်းသည့် အစီရင်နှင့်တွဲဖက် ကာ လေ့လာတော့သည်။ အကြီးအကဲချုပ်နှင့် တပည့်များသည် အစီရင်ကို အလေးအနက်ပင် အာရုံစိုက်ထားကြသည်။ လက်ရင်းတပည့် ၃ဦး ပါဝင်ပြီး ၂ဦးမှာ ယောက်ကျားလေးများ ဖြစ်၍ ကျန်တဦးမှာ အမျိုးသမီးငယ်လေးဖြစ်သည်။ ကျိုးယန်သည် အစီရင်နှင့်ပက်သက်၍ သူမ၏ ပါရမီကို သတိပြုမိလေသည်။ ထိုအတွက်ကြေ င့်ပင် သူမကို အလေးထားကာ လေ့လာစေသည်
ခရီးစဥ်က ပထမတရက်၌ ချောမွေ့စွာ ဖြတ်သ န်းနေခဲ့သည်။ လမ်းတလျှောက် အစောင့်များက ဦးညွှတ်ကာ နှုတ်ဆက်ကြပြီး တနေ့တာပြီးဆုံး ၍ ညနေစောင်းသို့ ရောက်ရှိချိန်တွင်တော့ ကင်း စခန်း ၌ မနားတော့ပဲ ရွက်ဖျင်တဲများထိုးကာ သီးသန့် အနားယူရန် ပြင်ဆင်ကြတော့သည်။
ကျိုးယန်သည် စနစ်၏စတိုးမှ ခေတ်မီရွက်ဖျင် တဲအနည်းငယ်ကို ဝယ်ယူလိုက်သည်။ ကျိုးယန် ကံကောင်းသည်က စနစ်မှထိုအရာများ ဝယ်ယူ ခြင်းကို မတားမြစ်ပေ။
“ဒါက အဲ့လောက်ရိုးရှင်းပြီး လွယ်ကူတယ်တဲ့ လား ကြည့်ရတာလည်း ခိုင်ခံ့မယ့်ပုံရှိတယ်”
အကြီးအကဲချုပ်၏ တပည့်အမျိုးသမီးငယ် လေးက အံ့သြတကြီးဆိုသည်။ သူမ၏အမည် မှာ ဝူကျင်းဖြစ်သည်။ အခြားအမျိုးသားနှစ်ဦး သည် ညီအစ်ကိုများဖြစ်ကြပြီး ချင်မင်နှင့် ချင် ယန် တို့ဖြစ်သည်။ ကျိုးယန်သည် သူမတို့အတွ က် ရွက်ဖျင်တဲအချို့ ပေးကာ ပြုလုပ်နည်းများ ကို သင်ပြပေးလိုက်သည်။
သူမတို့သည် ကျိုးယန်၏ ပုံစံကိုကြည့်၍ ဧက ရာဇ်တပါး၏ မာန်မာနလုံးဝမရှိသည့် ကျိုးယန် ကို ရင်းနှီးစ ပြုလာသည်။ ညဘက်တွင်တော့ မီးပုံတခုပြုလုပ်ကာ ညစာအတွက် ကျင်းရှောင် မှ သူ၏လက်အောက်ခံအချို့နှင့် အတူပြင်ဆင် ပေးသည်။
“ဝိုင် သောက်မလား အစ်မတော်”
ကျိုးယန်က ကမ္ဘာမြေမှ ဝိုင်အမျိုးအစားအချို့ ကို စနစ်၏စတိုးမှ ဝယ်ယူလိုက်သည်။ ထိုဝိုင် အမျိုးစားသည် အယ်ကိုဟောပါဝင်မှုနည်းကာ အမျိုးသမီးများအတွက်လည်း သင့်လျော်ပေ သည်။ ကျိုးယင်ချင်းမှ ကျိုးယန်ကမ်းပေးသ ည့် ဝိုင်ခွက်ကို လှမ်းယူကာ တကျိုက်တည်း မော့ချလိုက်သည်။
“ဟိုးအိုး ဖြေးဖြေးသောက်ပါ ဝိုင်ကအရသာခံ သောက်ရတာ”
ကျိုးယန်က ရယ်ကျဲကျဲ ဖြင့် စနောက်သည်။ ကျိုးယင်ချင်းက အနည်းငယ် ရှုံ့မဲ့သွားသည့် သူမ၏ ပုံစံကို ပြင်ကာ ကျိုးယန်ကို မျက်စောင် ထိုးလိုက်သည်။
“ဒါနဲ့ ဧကရာဇ်က ဆက်သွယ်ရေးကို စီးပွားရေး နယ်ပယ်မှာ သုံးဖို့ စီစဥ်ထားတာလား”
ချင်မင်က မေးလာသည်။ အနည်းငယ်သောက် ထားပြီ ဖြစ်၍ နဂိုကဲ့သို့ ရှိန်မနေတော့ပေ။ကျိုး ယန်က ခေါင်းညိတ်၍
“ဟုတ်တယ် ပြည်ထောင်စုတခု တိုးတက်ရာမှာ လိုအပ်တာက လမ်းပန်း ဆက်သွယ်ရေးကအ ရေးကြီးဆုံး လိုအပ်ချက်ပဲ ဆက်သွယ်ရေးတခု ရှိထားရင် သတင်းအချက်အလက် ဖလှယ်တာ ကအစ စုံစမ်းထောက်လှမ်းတဲ့ ကိစ္စတွေမှာလဲ အကျိုးရှိရှိ သုံးနိုင်သေးတယ်”
အကုန်လုံးက ကျိုးယန်၏စကားကို ထောက်ခံ ဟန်ဖြင့် ခေါင်းညိတ်ကြသည်။ လမ်းခရီးကြမ်း တမ်းခြင်းကြောင့် ကုန်သည်များသည် ကုန်ပစ္စ ည်းများကို စျေးနှုန်းတိုးမြင့်ခြင်းများ လုပ်ဆော င်ကြပြီး နောက်ဆက်တွဲအနေဖြင့် ငွေကြေးခက် ခဲသည့် ကိစ္စရပ်များ ဖြစ်ပွားတတ်လေသည်။ သာမနိပြည်သူတဦးအတွက် လစဥ်ဝင်ငွေမှာ ကျိုးယန် မအုပ်ချုပ်ခင်က ရွေစ၃စ သာဖြစ်ခဲ့ သော်လည်း ယခုတွင်တော့ အနိမ့်ဆုံးလုပ်အား ခကိုပင် ရွှေစ ၁၀ သက်မှတ်ထားပေးသောကြေ င့် ဝင်ငွေ သုံးဆ တိုးလာပေသည်။ ထိုအချိန်၌ ကုန်ပစ္စည်းများကို စုံစုံလင်လင်ဖြင့် စျေးနှုန်း သင့်တင့်စွာ ဝယ်ယူနိုင်ပါက လူနေမှုအဆင့်အ တန်း မြင့်လာနိုင်ပြီး လူထု၏ အရင်းအမြစ်ကို အစိုးရသည် ပြည့်ဝစွာ ထုတ်ယူနိုင်ပေမည်။
ကျိုးယန်တို့သည် ညနက်သည်ထိ စကားပြော ဆိုကာ သောက်စားပြီးနောက် အသီးသီးအိပ်ရာ ဝင်သွားကြသည်။ တယောက်တည်းအိပ်ရသ ည့် ရွက်ဖျင်တဲက ကျယ်ဝန်းသောကြောင့် သက် တောင့်သက်သာရှိကာ ကျင်းရှောင်မှ လုံခြုံရေး ယူပေးသောကြောင့်လည်း ပို၍ အဆင်ပြေစေ သည်။ ကျိုးယန်အတွက်ကမူ သူအနှစ်သက်ဆုံး ဖြစ်သည့် အိပ်စက်ခြင်းကို မစွန့်လွတ်ခဲ့ပေ။
ညနက်မှ အိပ်ရာဝင်ခဲ့သော်လည်း နောက်တနေ့ မနက်တွင်တော့ အားလုံးထက်စောလျင်စွာ နိုး ထလာခဲ့သည်။ ကိုယ်လက်သန့်စင်ပြီးနောက် ကျင်းရှောင်တို့ စီစဥ်ပေးသည့် မနက်စာကိုစား သောက်ကြကာ ခရီးဆက်ရန်ပြင်ကြတော့သည်
“ ရှေ့လမ်းခရီးကတော့ တောနက်တွေထဲ ဖြတ် သန်းရဖို့ရှိတယ် ပြီးတော့ အရမ်းမြင့်တဲ့ တောင် တွေလည်း အပါအဝင်ပေါ့ တခုကောင်းတာက ဒီဒေသမှာတော့ သားရဲ အန္တရာယ်မရှိပါဘူး”
ကျင်းရှောင်က ရှင်းပြသည်။ တောင်ပိုင်းဒေသ သည် အနောက်ပိုင်းဒေသနှင့် ထိစပ်သည့် သား ရဲတောင်ကြောရှိသော်လည်း ယခုခရီးစဥ်က ထို သားရဲတောင်ကြောနှင့် ဆန့်ကျင်ဘက်သို့ သွား နေခြင်းဖြစ်သည်။ ထို့ကြောင့် သားရဲများနှင့် တွေ့ဆုံ ရန်မဖြစ်နိုင်ပေ။
တနေ့တာကို ပျင်းကိငြီးငွေ့စွာဖြင့် ထပ်မံကုန် ဆုံးသွားပြန်သည်။ လမ်းတလျှောက်တွင် အစီ အရင်ကိုသာ အာရုံစိုက်ထားသည့် ကျိုးယန်အ တွက်တော့ ပျင်းရိစရာကောင်းသည်ဟု မခံစား ရပေ။