← Chapters

ရုပ်သံဖမ်းယူခြင်း

Vol. 10 Ch. 149

ရုပ်သံဖမ်းယူခြင်း

Vol. 10 Ch. 149

၃ရက်ခန့် ခရီးနှင်ပြီးချိန်တွင်တော့ ကျိုးယန်တို့ အဖွဲ့သည် ရုပ်သံဖမ်းယူသည့် အစီရင်မူကြမ်း ကို နားလည်စပြုလာသည်။ ယခင်အချိန်အမျာ စုကို ထိုအတွက် လေ့လာခဲ့သည်ဖြစ်၍ အလွယ် တကူ နားလည်ခဲ့သည်တော့ မဟုတ်ချေ။

ကျိုးယန်က အစီရင်ပုံစံတခုကို မြေပြင်ပေါ်ရှိ မြေကွက်လပ်တခုပေါ်တွင် ဆွဲလိုက်သည်။ ပြီး နောက် သလင်းကျောက်တခုကို ယူကာ အစီရင် ငယ်တခု ထပ်ဆွဲလိုက်ပြီး မူလအစီရင်နှင့် ချိတ် ဆက်ကာ ရုပ်သံဖမ်းယူသည့် ပုံစံကို စတင်ကြိုး စားကြည့်သည်။

“ဒါက လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ဘယ်လောက် ကြာကြာ သိမ်းယူပေးနိုင်လဲမသိဘူး”

ကျိုးယန်က သလင်းကျောက်ကို ကိုင်ကာ စိတ် လှုပ်ရှားနေလေသည်။ ပထမဆုံးပြုလုပ်သည့် အစီရင်သာ အောင်မြင်သွားပါက နောက်ဆက် တွဲ၌ သူဆန္ဒရှိသည့် အရာအများစုကို ပြုလုပ် ရန် မကြာတော့ပေ။

“အစ်မတော် အဲ့နေရာလေးမှာ ဟိုဘက်ဒီဘက် လမ်းလျှောက်နေပေး အဆင်ပြေမလား”

ကျိုးယန်၏ စကားကြောင့် ကျိုးယင်ချင်းမှာအ နည်းငယ် ဆွံအသွားသည်။ သူမက မည်သည့် ကိစကြောင့် ကလေးကစားသလို လုပ်နေရမည် နည်း။ သူမ၏ မှင်သက်နေသည့် အမူအရာကို ကြည့်ကာ ကျိုးယန်မှ ရယ်ချင်စိတ်ကို ဖုံးဖိ၍

“လုပ်ပါ ဒီအစီရင်ပါတဲ့ သလင်းကျောက်တုံး လေးက အစ်မတော်ရဲ့ လှုပ်ရှားမှုတွေကို ဘယ် လောက်ကြာကြာ သိမ်းယူပေးနိုင်လဲဆိုတာကို ကျုပ်သိချင်လို့”

ကျိုးယင်ချင်က မည်သည့်အရာမှ ထပ်မမေး တော့ပေ။ ကျိုးယန်မှာသည့် အတိုင်းသာ သူမ ၏လက်နှစ်ဖက်ကို နောက်ပစ်၍ ဟိုဒီလျှောက် နေလေသည်။ ကျိုးယန်သည် သလင်းကျောက် တုံးကို ကိုင်ကာ ရုပ်ရှင် ရိုက်သကဲ့သို့ ဟိုဒီချိန်၍ ပုံရိပ်များကို ဖမ်းယူနေသည်။ မိနစ်သုံးဆယ်ခန့် အကြာတွင် မူလက ကြည်လင်နေသည့် သလင် ကျောက်မှာ နှောက်ကျိသွားပြီး သာမန်မျက်စိ ဖြင့်ပင် ပြောင်းလဲသွားမှုကို မြင်နိုင်ပေသည်။

ကျိုးယင်ချင်က သူ၏အနားသို့ ရောက်ရှိလာ သည်။ ပြီးနောက် ကျိုးယန်၏လက်ထဲမှ သလ င်းကျောက်ကို ဆွဲယူကာ ကြည့်ရှုလေသည်။

“ဟင် ဒါက ကျမပုံရိပ်လား လှုပ်ရှားနေတာကို ဖမ်းယူတာက ဟုတ်ပါပြီး ပုံရိပ်တွေက ဝါးနေ သလိုပဲ ဘာဖြစ်တာလဲ”

“ဒါက သလင်းကျောက်ရဲ့ အရည်သွေးနဲ့ဆိုင်ပါ လိမ့်မယ် မင်းသမီး”

သူမ၏အမေးကို အကြီးအကဲချုပ်မှ ဝင်ရောက် ဖြေဆိုလိုက်ခြင်းဖြစ်သည်။ ကျိုးယန်ကမူ မူလ အစီရင်ကြီးကို လေ့လာနေပြိီး လှုပ်ရှားမှု ပုံရိပ် များ မူလအစီရင်ကြီးထဲ၌ တည်ရှိနေခြင်း ရှိမရှိ ကြည့်ရှုနေလေသည်။

“ပုံရိပ်က ဝါးပေမယ့် မိနစ်သုံးဆယ်ဆိုတာက နည်းတော့ မနည်းလှဘူး ဒါပေမယ့် တိုက်ရိုက် ထုတ်လွှင့်ဖို့အတွက်တော့ မလုံလောက်သေးဘူး ဒီအတွက် နောက်တဆင့် ထပ်လေ့လာရမယ့်သ ဘောများလား”

ကျိုးယန်တယောက် အလေးအနက်တွေးနေသ ည်။ မှတ်ဉာဏ်များ သိမ်းဆည်းသည့် မန်မိုရီ နည်းပညာမျိုးကို အစီရင်ပုံစံဖြင့် ပြုလုပ်နိုင် သော်လည်း တိုက်ရိုက်တင်ဆက်သည့် ကိစမှာ တော့ မဖြစ်နိုင်သေးချေ။ ကျိုးယန်က သလင်း ကျောက် အများပြားကို ထပ်မံထုတ်ယူကာ ပ ထမ ပုံစံအတိုင်း အကြီူအကဲချုပ်၏ တပည့် များကို ပြုလုပ်စေကာ သူကတော့ ရှုထောင့် ပေါင်းစုံမှ လှုပ်ရှားမှုများကို ဖမ်းယူလေသည်။

ယခုအသုံးပြုသည့် သလင်းကျောက်ကတော့ ပို ၍ အဆင့်မြင့်သည့် အရာကို အသုံးပြုထားပြီး လှုပ်ရှားနေသည့် ပုံရိပ်များကို ကြည်လင်စွာဖမ်း ယူနိုင်လေသည်။

“ရပြီ.

ကျိုးယန်က ဝမ်းသာအားရဖြင့် ကျယ်လောင် စွာ အော်ဟစ်လိုက်သည်။ ကျိုးယန်၏လက်ထဲ တွင် ပုံရိပ်များ ဖမ်းယူထားသည့် သလင်းကျော က်များ ရှိကာ ထိုအရာများကို တခြားနေရာတခု ရှိ အစီရင်တွင် ထည့်၍ အစီရင်ချင်းချိတ်ဆက် ကာပုံရိပ်များကို ပြန်လည် ထုတ်ဖော်ရန်ကြိုးစာ ရမည်ဟု ဆုံးဖြတ်လိုက်သည်။

ကျိုးယန်သည် ပမာဏအဆင့် အောင်မြင်မှုအ တွက် ဝမ်းသာနေလေသည်။ သူသည် အဆင့် မြင့် သလင်းကျောက်ကို ကိုင်ကာ လှပသည့် နောက်ခံကို အမီပြု၍ ကျိုးယင်ချင်း၏ ပုံရိပ် များကို ဖမ်းယူပေးလေသည်။

“ဒါလေးက လှလိုက်တာ ပြီးတော့ ဒါကျ ကျမ မျက်နှာသိပ်မပေါ်ဘူး နောက်ပြီး ဒါ အရပ်ပိုပု သွားသလို ခံစားရစေတယ် အဆင်မပြေဘူး”

ကျိုးယင်ချင်းသည် သူမ၏ ပုံရိပ်များကို ကြည့် ရှုကာ ကမ္ဘာမြေမှ မိန်းခလေးများ ဓာတ်ပုံရိုက် လျင် ပြုမူသကဲ့သို့ ထပ်တူညီစွာ ပြုမူလာလေ သည်။ ကျိုးယန်သည် ခေါင်းကိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဟုတ်ပြီ အစ်မတော် နောက်ထပ် ရှုခင်းလှတာ တွေတွေ့ရင် ထပ်ရိုက်ပေးမယ် အဲ့ဒီခါကျ ဒီလို မဖြစ်စေရတော့ဘူး ဟုတ်ပြီလား”

ကျိုးယန်၏ စိတ်မရှည်သည့်အသံကို ကြားလျ င် ကျိုးယင်ချင်းက မျက်စောင်းထိုးလိုက်သည် တဖက်လူမှာ ဧကရာဇ်ဖြစ်သော်လည်း သူမ၏ မောင်တော်ဖြစ်နေပြီး တဖက်တွင် မကြာမီလက် ထပ်ထိမ်းမြား ရတော့မည်မို့ ကိန်းခန်းကြီးစွာ မဆက်ဆံတော့ပေ။

ထိုသို့ဖြင့် လမ်းခရီးတလျှောက် ပုံရိပ်များဖမ်း ယူသည့် အလုပ်ကြောင့် မပျင်းရိကြတော့ပေ။ ဝူကျင်းသည်လည်း ကျိုးယင်ချင်းကို ကူညီ၍ ရုပ်ပုံများ ရိုက်ကူးပေးလေတော့သည်။ ထိုအမျို သမီးနှစ်ဦးသည် တက်ကြွစွာပင် မိမိတို့၏ပုံရိပ် များကို ဖမ်းယူသိမ်းဆည်းနေကြပြီး ပြန်လည် ကြည့်ရှုကာ အမျိုးမျိုး မြည်တွန်တောက်တီးနေ တတ်သေးသည်။ ကျိုးယန်က သူမတို့ကိုကြည့် ကာ စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရပြီး ဦးခေါ င်းကိုသာ အဆတ်မပြတ် ခါရမ်းနေတော့သည်။

၄ရက်မြောက်နေ့တွင် နှလုံးမဲ့ သစ်တောနှင့် နီး စပ်လာသည်ကို သတိပြုမိသွားသည်။ လမ်းတ လျှောက်ရှိ ကင်းစခန်းများမှာလည်း ကျဲပါးသွာ ကာ ကျင်းရှောင်တို့ အဖွဲ့သည် ပို၍ သတိထား လာသည်ကို တွေ့ရသည်။

“နှလုံးမဲ့ သစ်တောက အန္တရာယ်များလို့လား”

ကျိုးယန်၏ အမေးကို ကျင်းရှောင်က ခေါင်းညိ တ်ပြကာ ပြန်ဖြေသည်။

“ သေချာပေါက်မဟုတ်ပေမယ့် ဒီသစ်တောက နတ်သူငယ် မျိုးနွယ်အချို့ အခြေချဖူးတယ်လို့ ကြားထားတယ် နောက်ပြီး အသားစား သစ်နွယ် ပင်လို့ သစ်ပင်မိစ္ဆာတွေလည်း ရှိတော့ ကျုပ်တို့ သတိထားမှရမယ်”

ကျင်းရှောင်၏ စကားဆုံးသည်နှင့် အကုန်လုံး ကအလေး အနက်ဖြစ်သွားတော့သည်။ သစ်ပင် မိစ္ဆာအများစုမှာ အဆင့်၃ ထိရှိတတ်ကြပြီး လူ ၏သွေးများကို ခမ်းခြောက်သည်ထိ စုပ်ယူတ တ်သည်။ ထို့အပြင် ဘီလူးပျားကဲ့သို့ သတ္တဝါင ယ်လေးများ၏ အန္တရာယ်ကိုလည်း ဂရုစိုက်ရန် လိုပေသည်။

All Chapters