နှလုံးမဲ့ သစ်တော
Vol. 10 Ch. 150
ကျိုးယန်တို့အဖွဲ့ တောအုပ်ထဲသို့ ခြေချချိန်တွင် ခရီးထွက်သည်က ၅ ရက်မြောက်သို့ ရောက်ရှိ နေခဲ့လေပြီ။ နှလုံးမဲ့ သစ်တောအုပ်သည် ပုံမှန် တောအုပ်များထက် ပိုမို တိတ်ဆိတ်နေပုံရှိပြီး မည်သည့်သားရဲ အသံများကိုမှ မကြားရပေ။
“ဒီထဲမှာ အန္တရာယ်ပေးနိုင်တာဆိုလို့ မူလက ကျုပ်ပြောဖူးတဲ့ သစ်ပင်မိစ္ဆာနဲ့ ဘီလူးပျားတွေ ပဲရှိတယ် ဒါကြောင့် ကျုပ်တို့ သတိထားရမယ်”
ကျင်းရှောင်၏ စကားကို အကုန်လုံးက သဘော တူစွာဖြင့် ခေါင်းညိတ်ပြကာ သတိအပြည့်ထား ၍ တောအုပ်ထဲသို့ ဝင်ကြတော့သည်။ တောအု ပ်သည် ကျေးငှက်အသံအချို့ပင် ထွက်ပေါ်လာ ခြင်းမရှိသောကြောင့် ချောက်ခြားစရာကောင်း စွာပင် ကျိုးယန်သာ ကမ္ဘာမြေမှ သာမန်လူတဦး အနေဖြင့် ရှိနေသေးပါက သွေးပျက်မိပေမည်။
ယခုတွင်တော့ အထွဋ်အထိပ် အဆင့်မှာ ရှိနေ သည့်အပြင် သတ်ဖြတ်ခြင်းအချို့ ကြုံဖူးထား ၍ အနည်းငယ် စိတ်ခြောက်ခြားခြင်း မဖြစ်နိုင် တော့ချေ။ ကျိုးယန်က စိတ်စွမ်းအင်ကို ဖြန့်ကျ က်လိုက်သည်။
ဟမ်.. ငါ့ရဲ့စိတ်စွမ်းအင်ကို တားဆီးထားတာတ ခုခုရှိနေတာများလား။
အဖွဲ့တွင် ကျိုးယန်က ကျင့်ကြံမှု အမြင့်ဆုံးဖြစ် ကာ ကျင်းရှောင်၏ ကိုယ်ရံတော်မှာလည်း ပက တိရှင်သန်ခြင်း အဆင့် ၇ သာရှိပေသည်။ ကျိုး ယန်သည် သူ၏စိတ်စွမ်းအင်ကို ထပ်မံ ဖြန့်ကျ က်ရန် ကြိုစစားကြသည်။ စိတ်စွမ်းအင် လှိုင်း များက မီတာ ဆယ်ဂဏန်းကိုပင် အတော်အား စိုက်ဖြန့်ကျက်နေရပြီး အကန့်သတ်က မီတာ ၂၀ ထက်ပင် မကျော်တော့ပေ။
ကျိုးယင်ချင်းသည် ကျိုးယန်အနားတွင်ရပ်၍ ကျိုးယန်၏ မျက်နှာအပြောင်းအလဲကို တွေ့သ ည့်အခါ မေးလိုက်သည်။
“တခုခု ထူးခြားလို့လား”
ကျိုးယန်မှ ခေါင်းညိတ်၍
“ကျုပ်ရဲ့ စိတ်စွမ်းအင်ကို မီတာ ၂၀ ထက်ပိုပြီး ဖြန့်ကျက်လို့မရဘူး တခုခုက တားဆီထားသ လိုမျိုး ခံစားရတယ်”
ကျင်းရှောင်က ကျိုးယန်ကိုကြည့်၍ အလေးအ နက်ပုံစံဖြင့် သတိပေးလာသည်။
“ဒါဆို ဒီအနီးအနားမှာ သစ်ပင်မိစ္ဆရှိနေတဲ့ သဘောပဲ သူတို့ရဲ့ စွမ်းအားတမျိုးက လူသား ကျင့်ကြံသူတွေရဲ့ စိတ်စွမ်းအင်ကို တားဆီးနိုင် ပြီး ထောက်လှမ်းတာကို ကာကွယ်ပေးတဲ့အတွ က် ပုန်းခိုနေနိုင်တာပဲ”
ကျိုးယန်သည် အနည်းငယ်လေးနက်သွားသည် စိတ်စွမ်းအင် ဖြင့် ထောက်လှမ်း၍ မရသော ကြောင့် လာမည့် အန္တရာယ်ကို ရင်ဆိုင်ရန်ပို၍ အားထုတ်ရတော့မည် ဖြစ်သည်။ ကျိုးယန်သ ည် ပတ်ဝန်းကျင်ရှိ သစ်ပင်များကို လိုက်လံကြ ည့်ရှုလိုက်သည်။ အချို့ အပင်များမှာ မီတာ ရာ ချီမြင့်မားပြီး ကြီးမားသည့် အကိုင်းအခတ်များ စွာဖြင့် ဖုံးအုပ်ထားကာ တောအုပ်အဝင်သည် တောင်အတက်ပိုင်းတခုတွင် ရှိနေသောကြောင့် လမ်းသည် တဖြေးဖြေး မက်စောက်သွားသည်။
“နတ်သူငယ်မျိုးနွယ် တွေကို တွေ့နိုင်လား”
ဝူကျင်း၏ အမေးကို အကြီးအကဲချုပ်မှခေါင်း ခါပြ၍
“ဖြစ်နိုင်ချေနည်းတယ် မှတ်တမ်းတွေအရ ကျိုး ပြည်ထောင်စုထဲမှာ နတ်သူငယ်မျိုးနွယ်တွေမရှိ တော့တာ ကြာပြီလေ”
ကျင်းရှောင်ကလည်း ထိုစကားကို ဝင်ရောက် ထောက်ခံလေသည်။
“ဟုတ်တယ် အများအားဖြင့် နတ်သူငယ်မျိုးနွ ယ်တွေက နှလုံးမဲ့ တောအုပ်ထဲမှာ အခြေချခဲ့ဖူး တယ်ဆိုပေမယ့် သူတို့အရေအတွက်က တက ယ်ကို နည်းပါတယ် ကျုပ်သိသလောက်အရဆို တထောင်တောင် မပြည့်လောက်ဘူး”
ထိုအရာက မျိုးနွယ်စုတခုအတွက် နည်းပါးသ ည့်အရေအတွက် ဖြစ်ကာ ကိုင်ရီရီ၏ မြွေမျိုးနွ ယ်စုတွင်ပင် ၅၀၀၀ ကျော်ရှိခဲ့ဖူးသည်မဟုတ် လား။ နတ်သူငယ်မျိုးနွယ်များသည် အဆင့်ဆ င့် ရွှေ့ပြောင်းခြင်းမှ မျိုးဆက်ပွားမှု နည်းပါး သွားခဲ့သည်လား မပြောတတ်တော့ပေ။
“သူ တို့က ပုံမှန်အားဖြင့် နတ်သူငယ်အမျိုးသမီး တဦးက ကလေးတဦးထက်ပိုပြီး မမွေးနိုင်ဘူး လို့ ဆိုတယ် ဒါ့အပြင် အမျိုးသားထက် အမျိုး သမီးအရေတွက်က ပိုများတော့ မျိုးဆက်ပွား ရာမှာ မျိုးနွယ်စုထဲက အမျိုးသားအရေတွက် ထက်ပိုပြီးလိုအပ်တယ် ပိုဆိုးတာက နတ်သူင ယ်မျိုးနွယ်တွေက သစ္စာရှိကြတယ် အိမ်ထောင် ထက်ကို အမျိုးသားတဦးထက်ပို မယူတတ်ကြ ဘူး ဒါကြောင့်ပဲ နတ်သူငယ်မလေး အများစုက တကိုယ်တည်း သက်တမ်းကုန်ဆုံးသွားလေ့ရှိ ပြီး မျိုးပွားဖို့ မစွမ်းသာကြတော့ဘူး”
ကျိုးယင်ချင်းက သူမဖတ်ဖူးသည့် မှတ်တမ်း များထဲမှ အချက်အလက်များကို ရှင်းပြလေသ ည်။ ထိုအထဲတွင် လေးစားစရာကောင်းသည်က နတ်သူငယ်မ များလိုပင် နတ်သူငယ်များသည် လည်း တဦးတယောက်ကိုသာ သစ္စာရှိသူများ ဖြစ်ကြပေသည်။ ကျင့်ကြံရေးသမားများသည် ကျင့်ကြံဆင့် မြင့်လာသည့်အခါ ကိုယ်ဝန်ဆော င်ရန် ခက်ခဲသွားကြပြီး ထိုကဲ့သို့ တစ်လင်တစ်မ ယားစနစ် ကျင့်သုံးသည့် ကျင့်ကြံသူ နတ်သူင ယ်များအတွက် ပို၍ ဆိုးပေသည်။
“အင်း နတ်သူငယ်တွေသာ လူသားမျိုးနွယ်ကို အယုံကြည်မကင်းမဲ့ပဲ လက်တွဲနေထိုင်မယ်ဆို ရင် ခုလိုပြဿနာတွေ ဖြစ်မှာမဟုတ်ဘူး”
အကြီးအကဲချုပ်က စိတ်မကောင်းသည့် ဟန် ဖြင့် ပြောလာသည်။ လူသားမျိုးနွယ်သည် ဉာ ဏ်ရည်အကောင်းဆုံးဖြစ်ကာ အကောက်ကျစ် ဆုံး မျိုးနွယ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် မူလက မြွေမျိုးနွယ်များ ကျိုးယန်အပေါ်အယုံ ကြည်ကင်းမဲ့ ခဲ့ခြင်းဖြစ်ဟန်တူသည်။
ကျိုးယန်သည် စိတ်စွမ်းအင်ကို ရသလောက် ဖြန့်ကျက်ကာ ရှေ့ဆက်နေလေသည်။ အချိန်က မနက်ခင်းပိုင်းသာ ရှိသော်လည်း ကြီးမားသည့် အပင်ကြီးများက နေရောင် တိုးမပေါက်အောင် ကာစီးထားသောကြောင့် အနည်းငယ် မှောင်ရိပ် သန်းနေသည်ဟု ခံစားရစေသည်။ ကျိုးယန်တို့ အဖွဲ့သည် တဦးနှင့် တဦး နီးကပ်စွာနေကာ ဆ က်၍ သွားလာနေကြသည်။ ထိုစဥ်
“အား ကယ်ကြပါဦး”
ကျယ်လောင်သည့် အသံတခုထွက်ပေါ်လာပြီး အနောက်ဆုံးရှိ ဝိဉာဥ်မျိုးနွယ်၏ စစ်သည်တဦး မှာ ကြီးမားသည့် နွယ်ပင်လက်တံတခု၏ ဆွဲယူ ပင့်မြှောက်ထားခြင်းကို ခံလိုက်ရသည်။ ထို့အ ပြင် အခြားလက်တံများစွာလည်း မြေကြီးထဲမှ တိုးထွက်လာကာ ထိုစစ်သည်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ကြိးစားလာတော့သည်။
“အရှင့်သား ကယ်ပါဥိီး”
ထိုစစ်သည်က ကျင်းရှောင်ထံအကူညီလှမ်း၍ တောင်းလေသည်။ ကျင်းရှောင်သည် လက်ထဲ မှဓားဖြင့် ဓားချက်အများအပြား ခုတ်ပိုင်းလိုက် သည်။ သို့သော် လက်တံများက ထူထဲပုံရှိပြီး ဓားချက်များကို အထိခိုက်မရှိ ကာကွယ်သွားပြီ တိုက်ခိုက်ခံရချိန်တွင် ပိုမို လှုပ်ရှားလာကာ အ ခြားလက်တံများက ကျိုးယန်တို့ရှိရာ တိုးဝင် လာတော့သည်။
ကျိုးယန်သည် အသူရာဓားချက်ဖြင့် စစ်သည် ကိုချုပ်ထားသည့် လက်တံများကို ခုတ်ပိုင်းလို က်သည်။
ရွှီး…
သွေးကဲ့သို့ နီရဲရဲ အရည်များ ဗြန်းကနဲ ပန်းထွ က်လာသည်။ ပြီးနောက် လက်တံအချို့ပြတ်ကျ သွားကာ ကျန်ရှိသည့် လက်တံများက စစ်သည် ၏ ကိုယ်ကို ထိုးဖောက်လိုက်တော့သည်။
အားးးးး
ထိတ်လန့်ဖွယ် အော်သံနှင့်အတူ စစ်သည်၏ခန္ဓ ကိုယ်က မြင်သာသည့်နှုန်းဖြင့် ခြောက်ခမ်းသွာ ကာ ရှုံ့တွဲနေသည့် ရုပ်အလောင်းတခု ဖြစ်သွား ရလေသည်။
တခြားတဖက်တွင် လက်တံများပို၍ ထွက်ပေါ် ဘာပြီး မူလက တိတ်ဆိတ်နေသည့် တောအုပ် ထဲ၌ ဓားဖြင့် ခုတ်ပိုင်းသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
“သစ်ပင်မိစ္ဆာပဲ သူ့ရဲ့ မူလခန္ဓာကိုယ်ကို ရှာပြီး သတ်ပစ်မှ ရမယ်”
ကျင်းရှောင်က ကျယ်လောင်စွာ အော်ဟစ်သတိ ပေးလိုက်သည်။ ကျိုးယန်သည် သူ့ရဲ့စိတ်စွမ်း အင်ကို ထပ်မံ ဖြန့်ကျက်ရန် ကြိုးစားကာ သစ် ပင်မိစ္ဆာ၏ ကိုယ်ထည်ကြီးကို ရှာဖွေတော့သည်
တိုက်ပွဲက ဆက်လက်ပြင်းထန်နေပြီး သာမန် ဓားချက်များက လက်တံများကို မဖြတ်တောက် နိုင်ပဲ ကိုယ်ရံတော်နှင့် ကျိုးယန်၏ တိုက်ခိုက်မှု များက ထိရောက်မှု ရှိနေလေသည်။
မိနစ်အတော်ကြာ ရှာဖွေပြီးချိန်တွင် မြေအော က်မီတာအနည်းငယ်တွင် ကြီးမားသည့် လူ့နှလုံး နှင့်တူညီသည့် အရာကြီးတခုကို တွေ့လိုက်ရပြီ ထိုအရာဆီမှ လက်တံများထွက်ပေါ်နေခြင်းဖြစ် သည်။
“ဒါက ဘာကြီးလဲ သစ်ပင်မိစ္ဆာက သစ်ပင်ကိုယ် ထည် ဖြစ်ရမှာမဟုတ်လား”
ကျိုးယန်၏ တီးတိုးရေရွတ်သံကိုကြားလျင် ကျင်းရှောင်က အံ့သြတကြီး ပြန်မေးလာသည်။
“လူ့နှလုံးပုံစံ အရာကြီးတခု ပြီးတော့ အဲ့ဒါကြီး က အသက်ဝင်နေသလို လှုပ်ရမ်းနေပြီး လက် တံတွေ ကို မြေပေါ်ထုတ်လွှတ်နေတာ”
“ဘာ”
ကျင်းရှောင်၏ ထိတ်လန့်တကြား အော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ၏ပုံစံ မှာ အလွန်ပင် ထိတ်လန့်နေဟန်ရှိပြီး မယုံနိုင်သည့်အသွင်ဖြင့် မျက်လုံးအစုံက ပြူးကျယ်နေ ကာ သူ၏ကိုယ်ရံတော်မှာလည်း ထိုအတူပင်။
ကျိုးယန်သည် ကျင်းရှောင်၏ အမူအရာကို ကြည့်ကာ စိတ်ထဲ အန္တရာယ်အချက်ပေးသံများ ကျယ်လောင်စွာ မြည်ဟည်းသွားရတော့သည်။