← Chapters

အခန်း (၉၈၃)

Vol. 66 Ch. 983

အခန်း (၉၈၃)

Vol. 66 Ch. 983

ကျွင်းချောင်ရှောင်းသည် သိုးသားရေပေါ်တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို သူ၏တပည့်များကို ပြသရန်အတွက် မီးဖြင့်ရှို့ခဲ့၏။ နောက်ဆုံးမှာတော့ ထိုသားရေပြားအား ဆုံးရှုံးခဲ့ရတော့သည်။ လက်ရှိအချိန် မှာတော့ ကျောက်တံခါးရှေ့၌ ထိုင်ပြီးအော်ငိုချင်စိတ်ပင် ပေါက်မိနေတော့သည်။ “အား.... ငါက စောက်ရူးပဲ”

စနစ်သည် ကျယ်လောင်စွာဖြင့် ပြောလိုက်၏။ “သိပ်မှန်တာပေါ့”

“ဟင်း....”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချပြီးသည့်နောက်မှာတော့ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ကျောက်တံခါး၏ရှေ့တွင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်တော့သည်။ “သိုးအရေခွံ မရှိတော့လည်း ကိစ္စမရှိဘူး၊ ငါ့ကို ဒါမျိုးလာလုပ်လို့ ဘယ်ရပါ့မလဲ”

ဟူး ဟူး

အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ညာဘက်လက်သီးတွင် စုဝေးလာ၏။ ပြီးသည့်နောက်မှာတော့ အလွန်အားကောင်းလှသော လက်သီးချက်ကြီးကို ထုတ်ဖော်လိုက်တော့၏။ ဤတိုက်ခိုက်ချက်သည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိပ်တိုက်ရင်ဆိုင်၍ မရနိုင်လောက်သည့် အားအင်မျိုးပင် ဖြစ်၏။

ဘုန်း

ဘောင်း ဘောင်း ဘောင်း

သူ၏ ညာဘက်လက်သီးသည် ကျောက်တံခါးပေါ်သို့ ထိုးနှက်ပြီးသည့်နောက်မှာ နောက်ဘက်သို့ ကန်ထွက်သွား ခဲ့၏။ သူသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားတော့သည်။

စနစ်သည် အလုံးစုံ ငြိမ်သက်လျက်ရှိနေ၏။ အချက်အလက်အားဖြင့် ဤကျောက်တံခါးကြီးမှာ အထူးအချက်အလက်များဖြင့် ဖန်တီးထားခြင်းဖြစ်သောကြောင့် ချိုးဖြတ်ရန် မလွယ်ကူလှကြောင်း သတိပေးချင်မိ၏။ သို့ပေမဲ့ အရင်အချိန်တုန်းက ထိုကဲ့သို့ ပြောဆိုပြီးသည်နှင့် လက်ခံသူသည် ချိုးဖြတ်မှုကို ပြုလုပ်သွားခဲ့သည်ချည်းဖြစ်၏။ ထို့ကြောင့် သူသည် ခပ်မဆိတ်သာ နေထိုင်နေခြင်း ဖြစ်၏။ ရင်ဝကို ဆောင့်ကန်ခံရသလို အဖြစ်အပျက်မျိုးက ကြုံပါများနေပြီ မဟုတ်ပါလား။

“ဒါက နည်းနည်းမာတာပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့် နောက်မှာတော့ သူ၏ ညာဘက်လက်ကို ကွေးချည်ဆန့်ချည် ပြုလုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ စက်အတောင်ပံသည် အသက်ဝင်သွားခဲ့တော့၏။ စက်အတောင်ပံ၏ တိုက်ခိုက်မှုပုံစံကို အသက်သွင်းပြီးသည့်နောက် မှာတော့ သူ၏ ညာဘက်လက်သီးပေါ်တွင် စတီးကဲ့သို့အရာများ ဖုံးလွှမ်းသွားခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် အရှိန်ယူပြီးသည့်နောက် ကျောက်တံခါးကြီး ၏ရှေ့သို့ အားရပါးရပြေးကာဖြင့် ညာဘက်လက်သီးနှင့် ထိုးနှက်လိုက်တော့၏။ “ချိုးဖြတ်စမ်း”

ဘုန်း

မြေပြင်တစ်ခုလုံးသည် ချက်ချင်းပဲ တုန်ခါသွားတော့၏။

ဒင် ဒင် ဒင် ဒင်

ဘုတ်

ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ ပြန်ကန်သွားပြီးသည့်နောက်မှာတော့ မြေပေါ်သို့ ပြုတ်ကျသွား ခဲ့တော့သည်။ သူသည် ဖင်ထိုင်ကျလုမတတ် ဖြစ်သွားသည်။

“ဒါတကယ့်ကို မာတာပဲ၊ ငါမယုံနိုင်ဘူး၊ ကောင်းကင်နီဓား ခုတ်ပိုင်းချက်”

ဘုန်း ဘုန်း

သက်တန့်ရောင်စဉ်ကျမ်း

ဘုန်း ဘုန်း

ကျွင်းချောင်ရှောင်းသည် သူ၏ လက်သီးကို ထပ်မံကာ အသုံးမပြုတော့ချေ။ ထိုအစား တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်ကာ အဝေးဆီမှ တိုက်ခိုက်မှုများကို ပြုလုပ်တော့သည်။ သို့ပေမဲ့ ထိုစွမ်းအင်များ အားလုံးသည် အနောက်ဘက်သို့ ပြန်ကန်လာတော့သည်။

စနစ်သည် နောက်ဆုံးတွင်တော့ မည်သို့မှ မနေနိုင်တော့ဘဲ ပြောလိုက်မိ၏။ “ဒီကျောက်တံခါးကြီးက သာမန်ထက် ပိုတယ်လေ၊ လက်ခံသူအနေနဲ့ လက်သီးတွေ၊ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ ချိုးဖြတ်လို့ရမှာ မဟုတ်ဘူး”

“နားလည်ပြီ”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျန်းယန်ဝတ်စုံကို ဝတ်ဆင် လိုက်တော့သည်။ သူသည် ဘယ်ဘက်လက်တွင် ကျန်းယန်ဓားကို ကိုင်ဆောင်ပြီး ညာဘက်လက်တွင် ကောင်းကင်နဂါးဓားကို ကိုင်ဆောင်ထားခဲ့၏။ အနောက်ဘက်တွင် စက်အတောင်ပံ၏ ထောက်ပံ့ပေးမှုနှင့်အတူ သူသည် အလုံးစုံသော အားအင်အဆင့်များကို ထုတ်ဖော်နိုင်ပြီ ဖြစ်တော့၏။ ရှိသမျှ အကုန်ထုတ်ခြင်းပင်ဖြစ်၏။

စနစ် “...”

ဆွစ် ဆွစ်

ဒင် ဒင် ဒင် ဒင်

များပြားလှသော ဓားအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။ များပြားလှသော ဓားချီများသည် ကျောက်တံခါးကို ထိမှန်ခဲ့သည်ဆိုသော်လည်း ကျောက်တံခါးမှာမူ တုပ်တုပ်ပင် မလှုပ်ခဲ့ချေ။

ဘုတ်

တစ်နာရီလောက်ကြာပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် မြေပေါ်တွင် ပက်လက်လန်လျက် ရှိနေ၏။ သူသည် မောပန်းစွာဖြင့် ပြောလိုက်မိ၏။ “အချိန်ကိုပြန်ပြီးနောက်ပြန်ဆုတ်လို့ရတဲ့ ပစ္စည်းမျိုး စတိုးထဲမှာ ရှိလား၊ ငါ အချိန်ကို နောက်ပြန်သွားပြီးတော့ ရူးကြောင်ကြောင် လုပ်ခဲ့တဲ့ အပြုအမူကို သွားပြီး တားဆီးရမယ်”

“မရှိဘူး” စနစ်က ပြောလိုက်သည်။

“အား...”

ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကိုဆုပ်ကိုင်ကာဖြင့် အော်လိုက်မိသည်။ “ငါဘာလို့ အဲတာကို မီးနဲ့ရှို့ လိုက်မိတာလဲ”

ဒွီ

ခဏလောက် ကြာပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ အလင်းအတားအဆီးကြီးသည် ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ ဖျက်ဆီး၍ မရနိုင်သော ကျောက်တံခါးကြီးသည်လည်း ပျောက်ကွယ်သွားတော့သည်။ အပြင်ဘက်တွင်တော့ မှောင်မှောင်မဲလျက် ရှိနေပြီဖြစ်၏။

စနစ်က ပြောလိုက်သည်။ “ဒီပုံစံကို ကြည့်ရတာ နေဝင်ရီတရော အချိန်မျိုးမှာပဲ ဖွင့်လို့ရမယ့် အခြေအနေမျိုး ရှိတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏နဖူးပေါ်မှ ကျဆင်းလာသော ချွေးများကို သုတ်ကာ ပြောလိုက်မိ၏။ “ဒါဆိုရင် ဟောခန်းသခင်ကျိနဲ့ အဘိုးကြီးတင်းကို မနက်ဖြန် ခေါ်လိုက်မယ်၊ ဒီလူတွေ ကျောက်တံခါးကြီးကို မချိုးဖြတ်နိုင်ဘူးဆိုတာ ငါလုံးဝ မယုံဘူး”

အမွေအနှစ်များကို အမြဲတမ်း ရှာလျက်ရှိသောသူသည် ယနေ့မှာတော့ အကြီးအကျယ် ခံစားခဲ့ရတော့၏။ ထို့ကြောင့် ဤနေရာကို မဖြစ်မနေ ချိုးဖြတ်ပစ်မည်ဟု သန္နိဋ္ဌာန်ချထားမိ၏။

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်ဘုရင်နှင့် အဘိုးကြီး တင်းရှင်းဝမ်ကို လှမ်း၍ခေါ်လိုက်သည်။ နေဝင်ရီတရောအချိန်တွင် အလင်း၏ အကာအကွယ်သည် အသက်ဝင်လာခဲ့တော့သည်။

“ဒီတံခါးကြီးကို ချိုးဖြတ်လိုက်တော့”

“ကောင်းပါပြီ” တင်းရှင်းဝမ်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းရန် ပြင်ဆင်လိုက်၏။

သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် သူ၏လက်ကိုမြှောက်ကာဖြင့် အနောက်သို့ဆုတ်ရန် အချက်ပြလိုက်သည်။ ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ်တာဝန် ထားလိုက်တော့”

အထက်နယ်မြေမှ ဆင်းသက်လာသော မွန်းစတားဖြစ်ပြီး လျှိုဝမ်ရှစ်၏ ထမင်းကြော်ကို စားသုံးခဲ့သည့် လူတစ်ယောက် ဖြစ်သည်မို့ အလွန်အားကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်နိုင်စွမ်းရှိနေသည်မှာ သဘာဝပင်။

ဘုန်း ဘုန်း

ကြောက်မက်ဖွယ်ရာကောင်းသော မွန်းစတားချီများသည် အစီအရင်ထဲတွင် ပျံ့လွင့်လာ၏။ ခဏလောက်ကြာပြီးသည့်နောက် ဟောခန်းသခင်ကျိသည် အဝေးတစ်နေရာတွင် ပက်လက်လန်လျက် ရှိ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အတွင်းခံတစ်ထည်သာရှိပြီး တစ်ကိုယ်လုံးလည်း ချွေးများ တပြိုက်ပြိုက် ကျလျက်ရှိ၏။ ကျောက်တံခါးကြီးမှာတော့ ဘာတစ်ခုမှ မဖြစ်ချေ။

“အဘိုးကြီးတင်း”

ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။ “သွားပြီး စမ်းကြည့်လိုက်အုံး”

တင်းရှင်းဝမ်၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ ဟောခန်းသခင်ကျိကဲ့သို့ အလွန်တရာ ကြမ်းရမ်းလှသောသူတစ်ယောက်ပင်လျှင် ထိုတံခါးကြီးကို မချိုးဖျက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်က အမိန့်ပေးနေသည်ဆိုမှတော့ သူ့အနေနှင့် ရှေ့သို့လျှောက်သွားပြီး ကျောက်တံခါးကြီးရှေ့တွင် မတ်တပ်ရပ်လိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ပြီးသည့်နောက်မှာတော့ လက်သီးဖြင့် ထိုးရန်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ သူသည် ရုတ်တရက် ခေါင်းကိုလှည့်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ် ... ဒီတံခါးပေါ်မှာရှိတဲ့ လေးထောင့်ဆိုတဲ့ စကားလုံးက နည်းနည်း ထူးဆန်းနေသလိုပဲ”

“ထူးဆန်းတယ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ရှေ့သို့ရောက်လာပြီး လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ ထိုစာလုံးသည် တခြားသော စာလုံးများထက် အနည်းငယ် မဲမှောင်နေသလို ဖြစ်လို့နေ၏။ တစ်ချက်ကြည့်လိုက်မည်ဆိုပါက သတိပြုမိလိမ့်မည် မဟုတ်ချေ။ အဘိုးကြီးတင်းသည် သူ၏ လက်ချောင်းများကို မြှောက်ကာဖြင့် ထိုစာလုံးကို လက်ညိုးနဲ့ ထိုးကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ တင်းတင်းပိတ်လျက်ရှိသော ကျောက်တံခါးကြီးသည် ဝုန်းခနဲ မြည်သံနှင့်အတူ ပွင့်သွား.တော့သည်။

“..........” ဂိုဏ်းချုပ်ကျွင်းသည် တည်နေရာမှာပဲ ကြက်သေသေကာ ရပ်နေမိ၏။

အဝေးတစ်နေရာတွင် လှဲလျက်ရှိနေသော ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်နေသည်။ “သောက်ကျိုးနည်းပါလား”

များပြားလှသော တိုက်ခိုက်ရေးနည်းစနစ်များ၊ လက်သီးချက်များ၊ လက်နက်များနှင့် ချိုးဖြတ်ခဲ့သော်လည်း ဘာတစ်ခုမှ မဖြစ်လောက်အောင် မာကျောခဲ့သော တံခါးကြီးသည် ခလုတ် တစ်ချက်နှိပ်လိုက်သည်ဆိုသည်နှင့် ပွင့်သွားခဲ့တော့သည်။ တင်းရှင်းဝမ်သည် အရိုးရှင်းဆုံး နည်းလမ်းကို တွေ့ရှိခဲ့ခြင်းပင် ဖြစ်တော့သည်။

“ငါ့ရဲ့ ချောမောလှတဲ့ မျက်နှာကတော့ ပျက်ယွင်းရပြီပဲ” ဂိုဏ်းချုပ်ကျွင်းသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက် ရှိနေ၏။

“ဂိုဏ်းချုပ်”

တင်းရှင်းဝမ်က ပြောလိုက်သည်။ “အထဲကို ဝင်ချင်လား”

“ဝင်ရမှာပေါ့” ကျွင်းချောင်ရှောင်းသည် အထဲသို့ လှမ်းဝင်လိုက်၏။ ခရမ်းရောင်ဘုရင်နှင့် တင်းရှင်းဝမ်တို့ ရှိနေသည် ဆိုမှတော့ သူ့အနေနှင့် ကျိန်းသေပေါက် ဝင်ကြည့်မှ ဖြစ်ပေလိမ့်မည်။

ကျောက်တံခါးကြီး၏ တခြားတစ်ဖက်မှာတော့ အဆုံးအစမဲ့လှသော ဥမင်လှိုဏ်ခေါင်းကြီးတစ်ခုရှိနေ၏။ ၎င်းတို့သုံးယောက်သည် အထဲသို့ ဝင်ရောက်လိုက်သည်ဆိုသည်နှင့် အလွန်တရာ ခမ်းနားပြီး ရှေးကျလွန်းသော အော်ရာများ ထွက်ပေါ်နေသည်ကို ခံစားမိလိုက်ကြသည်။

“ဂိုဏ်းချုပ်”

တင်းရှင်းဝမ်က ပြောလိုက်သည်။ “ကျုပ်အထင်အရဆိုရင် တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ရတနာ မျိုးတွေ ရှိနေတာဖြစ်မယ်”

နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့်လူတစ်ယောက် ဖြစ်သည်မို့ သူသည် အားကောင်းလွန်းလှသော အော်ရာများကို ခံစားမိနေတော့၏။ ထို့ကြောင့် ဤကဲ့သို့သော ရတနာများသည် တခြားနေရာတွင် မရှိနိုင်သော ရတနာမျိုးဖြစ်သည်ဟု ကောင်းကောင်း နားလည်မိနေတော့သည်။

“ဒီလိုပဲ မျှော်လင့်ရတာပဲ” ကျွင်းချောင်ရှောင်းသည် သတိအပြည့်ဖြင့် ပြောလိုက်မိသည်။ ဤကဲ့သို့သော နေရာမျိုးသည် ပိုမိုကာ အန္တရာယ်များလွန်းလှသည် မဟုတ်ပါလား။

“ဟောခန်းသခင်ကျိ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အရှေ့က သွားလိုက်တော့”

သူ့အနေနှင့် နောက်မှလိုက်မှ ဖြစ်ပေလိမ့်မည်။ ဟောခန်းသခင်ကျိသည် အလွန်တရာ အားကောင်းလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူဖြစ်သောကြောင့် အရှေ့ဆုံးမှ ဦးဆောင်၍ သွားမည်ဆိုလျှင် ၎င်းတို့အတွက် အန္တရာယ်ကင်းပေလိမ့်မည်။

...................

မကြာခင်မှာပဲ ၎င်းတို့သုံးယောက်သည် နေ့ကဲ့သို့လင်းထိန်လျက်ရှိသော လှိုဏ်ဂူကြီးအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ အရှေ့မှလျှောက်လျက်ရှိသော ခရမ်းရောင်ဘုရင်၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များပွလျက် ရှိနေ၏။ လှိုဏ်ခေါင်းထဲတွင် ရှိနေသော များပြားလှသည့် ထောင်ချောက်များသည် ခရမ်းရောင်ဘုရင် အား ပစ်မှတ်ထားတာ တိုက်ခိုက်ခဲ့ကြ၏။

သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်မိ၏။ “အားလုံး ကျုပ်ကို ဒီထောင်ချောက်ကလေးတွေက ဘာလုပ်နိုင်မှာလဲ”

သို့ပေမဲ့ သေချာကြည့်ရှုမည်ဆိုလျှင် ခရမ်းရောင်ဘုရင်၏ ကျောကုန်းတွင် မြားတစ်စင်းက စိုက်ဝင်လျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဆက်၍ မကြည့်ရှုနိုင်တော့ချေ။ မျက်နှာပင် လွှဲလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ လှိုက်ခေါင်းကြီးကို သေသေချာချာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ ထူးဆန်းသည့် အပင်တစ်ခုသည် အလယ်တည်နေရာတွင် ရှိနေကြောင်း မြင်လိုက်ရ၏။

“ဂိုဏ်းချုပ်” တင်းရှင်းဝမ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “ဒါက ကျိန်းသေပေါက် အဆင့်မြင့် ကောင်းကင်ရတနာတစ်ခုပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် စိတ်ပျက်မှုများ ဖြစ်ပေါ်လာခဲ့၏။ သူသည် ပစ္စည်း သို့မဟုတ် လက်နက် များကို ရှာတွေ့နိုင်မည်ဟု မျှော်လင့်ထားမိ၏။ ကောင်းကင်ရတနာအဆင့်ဖြစ်သော အပင်ဆိုသည်မှာ ကောင်းမွန်လွန်းလှသည်။ သို့ပေမဲ့ ချက်ချင်းအသုံးပြု၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

“ဒါက”

ခရမ်းရောင်ဘုရင်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင်ပဲ”

All Chapters