← Chapters

မိသားစုအားနှုတ်ဆက်ခြင်း

Vol. 010 Ch. 904

မိသားစုအားနှုတ်ဆက်ခြင်း

Vol. 010 Ch. 904

ရှီမာယူယူ မဟုတ်မမှန်ခံစားရပြီး ထိုလူများကိုတွေ့ချင်သော်လည်း တစ်ချိန်တည်းမှာပင် ကြောက်မိသည်။

ရှီမန်ဖန်သည် သူမလက်ကိုတစ်ချိန်လုံးကိုင်ထားကာ သတ္တိပေးထား သည်။

သို့သော် ဝူလင်းယူသည် သူမ လက်ကိုသူ့လက်ထဲမှ ဆွဲဖယ်လိုက်ချင် သဖြင့် သူ့လက်ကိုတစ်ချိန်လုံးကြည့်နေသည်။ သို့သော် ရှီမာယူယူသည် တစ်ချိန်လုံး စိတ်မချမ်းမြေ့နေသည်ကိုမြင်သောအခါ သူမလုပ်ရက်ပေ။

အရင်တုန်းက သူမအတွက် သူမရှိပေးနိုင်သည်ဟု ခံစားရသော်လည်း အခု သူမဘေးတွင် သူရှိနေပြီ။ သို့ပေမဲ့ သူပေးနိုင်သော အင်အားမှာ သူမနှင့် နှစ်ပေါင်းရာချီနေခဲ့သော မောင်လေးဖြစ်သူရှီမန်ဖန်နှင့် မယှဉ်နိုင်ပေ။

ထိုအကြောင်းစဉ်းစားမိသောအခါ ထိုင်းမှိုင်းသွားကာ မွန်းကြပ်သွား သည်။

ဟာစွန်သည် ရှီမာယူယူ အပြစ်မကင်းဖြစ်နသည်ကို ခံစားမိရင်း ရှီမာယူယူတို့ကိုတင်ကာ ဂျီမြို့တော်၏ အရှေ့တောင် ဘက်တွင်ရှိသော တောင်တန်းများဆီသို့ပျံသွားလိုက်သည်။ သူမ မြန်မြန်ဖြေရှင်းရန်အလို့ငှာ သူ သက်ပြင်းချကာ အရှိန်မြင့်လိုက်သည်။

သို့သော် သူ အရှိန်မြင့်သည်ကိုပင် ရှီမာယူယူ သတိမထားမိပေ။

“ရောက်ပြီ” ရှင်းမို၏ အသံသည် သူမ၏ အတွေးများကို ပြန်ဆွဲခေါ် လိုက်သည်။

ရှီမာယူယူသည် စီတန်းနေသော အစိမ်းရောင်တောင်တန်းများကို ကြည့်လိုက်သည် “အဲလောက်မြန်လား”

“နေ့တစ်ဝက်တောင်ပျံလာပြီ” ရှင်းမို ဆက်ပြောလေသည် “သူတို့က အရှေ့ကတောင်ကြားမှာရှိတယ်”

“မင်း ဝိညာဉ်အတားအဆီးလုပ်ထားတာလား” ရှီမာယူယူသည် မည်သူ့ ကိုမှမမြင်မိသောအခါ မေးလေသည်။

“အင်း ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကလူတွေက ဂျီမြို့တော်မှာ ရှိသေးတယ်၊ ပြဿနာတွေရှောင်ဖို့အတွက် ဝိညာဉ်အတားအဆီးလုပ်ထား တယ်”

“အဲလောက်ကြီးတဲ့ဝိညာဉ်အတားအဆီးကို…. အားအများကြီးသုံးလိုက် ရတော့မှာပဲ၊ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြောလေသည်။

သူမ မိသားစုကိုကာကွယ်ရန် သူ အရင်းအမြစ်များစွာသုံးလိုက်ရသည်။ သူမသည် ယဉ်ကျေးမှုမပြခဲ့ပေ။ သူမသာ ထိုသို့လုပ်ခဲ့ပါက သူတို့ ဆက်ဆံ ရေးကို ပျက်စီးသွားစေမည်။ သူမသည် ထိုမေတ္တာကို စိတ်ထဲတွင်သာ ထည့် ထားသည်။

“မင်း ငါ့ကိုအများကြီးကူညီပေးခဲ့တာပဲ၊ မင်း ငါ့ကိုကူညီပေးတာနဲ့ုယှဉ် ရင် ဘာမှမဟုတ်ပါဘူး” ရှင်းမို ပြုံးပြီးပြောလိုက်သည် “သွားရအောင် မင်း ပြန် လာတာကိုသူတို့တွေ့ရင် ပျော်ကြမှာပဲ”

ရှီမာယူယူ ခေါင်းညိတ်လေသည်။ သူတို့ ဒီကိုရောက်လာမှတော့ ရှောင်တိမ်းရန် အကြောင်းအရင်းမရှိတော့ပေ။ ထိုကိစ္စများသည် သူမ ဖြေရှင်း ရမည့် ကိစ္စများဖြစ်သည်။

ထို့အပြင် ဘယ်သူတွေအသက်ရှင်နေသေးလဲဆိုသည်ကို သူမ သိချင် သည်။

သူမ… သူတို့ကို အရမ်းလွမ်းသည်။

ရှင်းမိုသည် သူမအား တောင်ကြားသို့ခေါ်သွားသည်။ သူတို့သည် ဝိညာဉ်အတားအဆီးကိုဖျက်ပြီးနောက် မတူညီသော မြင်ကွင်းပေါ်လာသည်။ ကောင်းကင်ပေါ်မှကြည့်ရာ ဝိညာဉ်တစ်ခုမှပင်မတွေ့ရပေ။ သို့သော် သူတို့ ဝင်သွားချိန်တွင် ခြံဝန်းအချို့နှင့် အုတ်ဂူများကိုတွေ့လေသည်။

သူတို့ ဝိညာဉ်အတားအဆီးထဲသို့ ခြေချလိုက်ချိန်တွင် တောင်ကြားတွင် ရှိနေသူများသည် ရှင်းမို၏ မိသားစုဝင်များဟုထင်ကာ ဘယ်သူဘယ်ဝါများ ဖြစ်သည်ကို ကြည့်ရန်ထွက်လာကြသည်။ အားလုံးသည် ရှင်းမိုကိုတွေ့ရာ ပျော်ရွှင်ကြလေသည်။ သူတို့ သူ့ကို မနှုတ်ဆက်ခင်တွင် သူ့ဘေးတွင်ရပ်နေ သော ရှီမန်ဖန်ကိုမြင်သောအခါ အားလုံး မှင်တက်သွားကြလေသည်။

“ဖန် ဖန်လေးလား” ထူထဲသောအဝတ်ကိုကိုင်ထားသော လူကြီး၏ လက်ထဲမှ အဝတ်များသည် မြေပေါ်သို့ကျသွားလေသည်။

“ဦးလေးချီ” ဖန်လေးသည် ထိုလူကြီးကိုချက်ချင်းပင် မှတ်မိသည်။ ထိုသူသည် အမျိုးဝေးသော ဦးလေးရှီမန်ချီဖြစ်သည်။

ရှီမန်ချီပြေးသွားပြီး ရှီမန်ဖန်၏ ပခုံးကိုကိုင်ကာ “ဖန်လေး မင်းကို..ထင် ခဲ့တာ… ဘယ်လိုအသက်ရှင်ခဲ့တာလဲ”

“ဦးလေးချီ ကျွန်တော်….” ရှီမန်ဖျန်သည် အလွန်စိတ်ခံစားချက် ပြင်းထန်ကာ ဘာမှပြောမထွက်ပေ။

“သခင်ပဲ သခင်ဖန်နြပ်လာပြီ သခင်ဖန် အသက်ရှင်သေးတယ်”

တခြားသူများသည် သူ့အနားဝိုင်းလာကာ သူ အလယ်ရောက်သွား သည်။ အားလုံးသည် ခံစားချက်များပြင်းထန်ကာ မျက်ရည်များပင် ကျလေ သည်။

“အန်တီယိ၊ ဦးလေး၉၊ အကုန်လုံးအသက်ရှင်တာပဲ” ရှီမန်ဖန်သည် သူတို့ကိုတွေ့ရသည်ကို ပျော်ရွှင်ကာ သူတို့ကို ဖက်ထားလေသည်။

သိတဲ့အတိုင်းပင် ထိုအဖြစ်အပျက်များအပြီးတွင် ကုန်တောင်ကြားမှ လူများ သူ့ကိုကုသပြီးသည့်နောက်တွင် သူ့သတင်းကို မပေါက်ကြားအောင် နေခဲ့သည်။ သူ၏ အကျင့်မှာအေးစက်သွားပြီးနောက် အခုချိန်တွင် သူမဟုတ် သလိုပင် ခံစားချက်များကိုပြသနေသည်။

သူတို့ရှေ့တွင် သူသည် အရင်ကသူဖြစ်နေသည့်ပုံပင်။

ထိုအချိန်တွင် မိန်းကလေးတစ်ယောက်သည် ခြံထဲမှပြေးထွက်လာကာ ရှီမန်ဖန်ကိုမြင်သေအခါ သူမသည် ကြောင်စီစွာရပ်နေလေသည်။

“အစ်ကို၂….” သူမ ပြောလိုက်သည်နှင့် မျက်ရည်များစီးကျလာသည်။

သူမ အသံသည်နူးညံ့နေသော်လည်း ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် မှင်တက်သွားကာ သူမကို မယုံကြည်စွာကြည့်လိုက်ကြသည်။

“လီလေးလား” ရှီမန်ဖန်သည် သူမကို မြင်လိုက်သည့်အခိုက်အတန့် တွင် မျက်လုံးများရဲတက်လာကာ ပုံမှန်ထက်ပင် စိတ်ခံစားချက်ပြင်းထန်လာ သည်။

အနောက်တွင်ရပ်နေသော ရှီမာယူယူသည် ချက်ချင်းပင် မျက်ရည်ကျ လာကာ သူမနာမည်ကို ရေရွတ်လိုက်သည်။

“လီလေး…”

“အစ်ကို၂” ရှီမန်လီသည် ခြံဝန်းတံခါးဝမှ ပြေးထွက်လာပြီးနောက် ရှီမန်ဖန်၏ ရင်ခွင်ထဲပြေးဝင်လိုက်ပြီး အော်လေသည် “အစ်ကို၂ ဒီဘဝတော့ အစ်ကို့ကိုထပ်မတွေ့ရတော့ဘူးထင်နေတာ… ညီမကို ပစ်ထားပြီး ထွက်သွား ပြီထင်နေတာ ရွှတ် ရွှတ် အစ်ကို၂…”

“လီလေး အဲနေ့က အဲမှာရှိနေတာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး လွတ်လာတာလဲ” ရှီမန်ဖန်သည် သူမအား တင်းကြပ်စွာဖက်ထားပြီး မလွှတ် ပေ။

“အဲလိုတွေဖြစ်တော့ ညီမက အကြီးအကဲ၁၀ရဲ့ လျှို့ဝှက်အခန်းထဲမှာ ရောက်နေတာ” ရှီမန်လီ ငိုလေသည် “ညီမခန္ဓာကိုယ်ကို အကြီးအကဲက ချိပ် ပိတ်ထားတော့ ထွက်မရခဲ့ဘူး၊ အပြင်က အော်သံတွေကိုပဲကြားခဲ့တယ်၊ ညီမ အရမ်းကြောက်နေခဲ့တာ၊ ဒါပေမဲ့မထွက်နိုင်ခဲ့ဘူး၊ သူတို့ကို ညီမ မကယ်နိုင်ခဲ့ ဘူး၊ အစ်ကို၂ အစ်ကို၂ ညီမအရမ်းကြောက်တယ်၊ အစ်ကိုတို့ကိုလည်း အရမ်း လွမ်းတယ်”

“မကြောက်နဲ့ အစ်ကို၂ ပြန်လာပြီ အစ်ကို၂က ညီမလေးကိုကာကွယ် ပေးမယ်” ရှီမန်ဖန်သည် သူမ နောက်ကျောကိုပုတ်ပေးလေသည်။

အားလုံးသည် ငိုနေသည့်မြင်ကွင်းဖြစ်သဖြင့် ရှောင်ချီသည်လည်း ငိုချင် သည့် ခံစားချက်ဖြစ်လာသည်။ ရှီမာယူယူသည် ရှီမန်လီကိုမြင်သောအခါ မျက်ရည်များ အဆုံးမရှိကျလာသည်ကိုမြင်သောအခါ ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုဆွဲလိုက်သည်။

“ယူယူ လီလေးက ဘယ်သူလဲ” သူမ မေးလိုက်သ်ည။

“သူမက ငါတို့ညီမအငယ်ဆုံးပဲ အဲဒါတွေဖြစ်တော့ သူမက ၁၅နှစ်ပဲရှိ သေးတာ” ရှီမာယူယူ၏ အသံသည် ငိုသံများစွက်နေသည်။

“အစ်ကို၂ အဖေနဲ့အမေတို့မရှိတော့ဘူး အစ်မကြီးရောပဲ” ရှီမန်လီ ငိုလေသည် “အစ်မကြီးရဲ့အလောင်း…. ညီမတို့ရတုန်းက… မစုံတော့ဘူး၊ ဖေဖေ မေမေနဲ့ ညီမတို့ကြားကဆက်သွယ်မှုကြောင့်သာမဟုတ်ရင် သူတို့ကို ညီမ မှတ်မိမှာတောင်မဟုတ်ဘူး၊ သူတို့အားလုံး… တူးခြစ်နေခဲ့တာ”

“လီလေး ခဏလေး အစ်မကြီးအသက်ရှင်သေးတယ်” ရှီမန်ဖန်သည် ပြောလိုက်သည်။

“အစ်မကြီးက အသက်ရှင်နေသေးတာလား” ရှီမန်လီသည် သူ့လက်မောင်းများကို ဖယ်ထုတ်ပြီး တအံ့တသြကြည့်လေသည်။

“သခင်မလေးက အသက်ရှင်သေးတာလား တကယ်လား”

“သခင်မလေးရဲ့ အလောင်းကိုပြန်ယူလာတယ်လေ ဘယ်လိုလုပ် အသက်ရှင်မှာလဲ”

“သခင်မလေးဘယ်မှာလဲ ဘာလို့အတူလိုက်မလာတာလဲ”

သူမ အသက်ရှင်နေသေးသည်ဟု ကြားသောအခါ အာလုံးသည် မေးခွန်းများ စတင်မေးတော့သည်။

“သခင်မလေးက အားလုံးကို သူမကြောင့်ဖြစ်တယ်ဆိုပြီး သူမကိုယ် သူမ အပြစ်တင်နေတယ်…”

“သခင်မလေးက စိတ်မကောင်းလို့ ကျွန်တော်တို့ကိုမတွေ့ချင်ဘူးတဲ့ လား”

“ဖန်လေး ယူယူစိတ်မကောင်းဖြစ်လို့ ငါတို့ကိုတကယ်မတွေ့ချင်ဘူးတဲ့ လား” ရှီမန်ချီ ပြောလိုက်သည်။

ရှီမန်ဖန်သည် တိတ်ဆိတ်သွားသည်။ သူသည် ယူယူ၏ အကြောင်းကို ရှင်းပြရန် နည်းလမ်းကိုစဉ်းစားနေသော်လည်း သူ၏ တိတ်ဆိတ်မှုကို ဝန်ခံ သည်ဟု အားလုံးက ယူဆလိုက်ကြသည်။

“သခင် ဖြစ်ခဲ့တာတွေက သခင်မလေးရဲ့အမှားမှမဟုတ်တာ ဘယ်လို လုပ် သူမကိုယ်သူမ အပြစ်တင်ရမှာလဲ”

“ဟုတ်သားပဲ အဲဒါတွေက ကျုံကျန်းမျိုးနွယ်က ကြိုတင်စီစဉ်ထားတာ လေ မမလေးကို အမှောင်ထဲမှာထားတာ၊ ဘာလို့သူမကိုအပြစ်တင်ရမှာလဲ”

ရှီမန်ဖန်သည် အားလုံးကိုရှင်းချင်သော်လည်း စိတ်ပြောင်းသွားကာ မေးလေသည် “တကယ်ပဲစိတ်မဆိုးဘူးလား”

ရှီမန်ချီ သက်ပြင်းချကာ “ငါတို့ ဘယ်တုန်းကမှ သခင်မလေးကို အပြစ် မတင်ဖူးဘူး၊ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှထင်ကြတာမဟုတ်ဘူး၊ သူမက ငါတို့ကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပေးခဲ့တယ် ဘာလို့သူမကို အပြစ်တင်ရမှာလဲ”

“ဟုတ်တယ် သခင်မလေးကိုတွေ့ချင်တယ်”

ရှီမန်ဖန်သည် လူအုပ်ထဲမှ မျက်ရည်များစီးကျနေသော ရှီမာယူယူ အားကြည့်လိုက်သည်။

ရှီမန်လီသည် မျက်မှောင်ကြုတ်လိုက်သည် “အစ်ကို ညီမခံစားလို့ရ တယ် အဲခန္ဓာကိုယ်က အစ်မကြီးရဲ့ဝိညာဉ်ပဲ ဘယ်လိုဖြစ်ပြီး…”

***

All Chapters