← Chapters

မိတ်ဆွေ​ဟောင်း​နှင့်​တွေ့ဆုံ​ခြင်း (၂)

Vol. 6 Ch. 112

မိတ်ဆွေ​ဟောင်း​နှင့်​တွေ့ဆုံ​ခြင်း (၂)

Vol. 6 Ch. 112

ဤလက်နက်၏ထူးခြား​ချက်​မှာ မြန်​ဆန်​ခြင်း​ဖြစ်​သည်။ ကျန်​အပိုင်း​များ​တွင်​တော့​ ထူးခြား​ခြင်း​မရှိ​ပါ။ ရှန်း​ရူယန်​ထံတွင် အဆင့် ၃ ဓမ္မ​ရတနာဖြစ်သည့် လျှပ်​စီး​ငါးပါး မသေမျိုး​လက်နက် ဟုခေါ်​သည့် ဓားပျံတစ်စင်းရှိသလို လျှပ်​စီး​ဓာတ်​အခြေခံ​ ကိုယ်ဖော့နည်းစနစ်များ၊ ရွေ့လျား​ခြင်း​နည်းစနစ်​များ​လည်း​ ရှိ​ထား​ပြီး​ဖြစ်၍ ရှန်းရူယန်၏ အားသာချက်မှာ လျင်​မြန်​မှုဟု သတ်​မှတ်​နိုင်​သည်။

ထို့​ကြောင့်​ သည်လွန်းပျံလက်နက်သည် ရှန်းရူယန်​အတွက်​ အသုံး​မဝင်သလို လှံတံလက်နက်​တစ်ခု​ဖြစ်​သည့်​အကုသိုလ်​၇ပါး ရတနာ​လှံလည်း ရှိနှင့်ပြီးဖြစ်သည်။ လှံနှစ်ချောင်းလုံးမှာ အရည်အသွေး​တူ ဓမ္မ​လက်နက်​များ ဖြစ်ကြ၍ အများ​ကြီးမလိုအပ်ပါ။ သို့​သော်​ ကောင်း​ကင်​ဘုံ​အလင်း​ထီး​ ဟုခေါ်​သည့် လက်​နက်​ကိုတော့ ရှန်းရူယန်​ အနည်းငယ်​စိတ်​ဝင်စား​မိသည်။ ကာကွယ်​ရေး​လက်နက်​တစ်ခု​ဖြစ်​ပြီး အသုံးပြု​လိုက်​လျှင် ပတ်​ဝန်းကျင်​တစ်ခုလုံး​ကို မီး​ခိုး​တိမ်တိုက်​များဖြင့် ဖုံး​လွှမ်း​လိုက်မည်ဖြစ်ပြီး ခံစစ်အတွက်သာမက၊ အာရုံ​လွှဲခြင်း၊ ပုန်း​ခို​ခြင်း​တို့အတွက်​ပါ အသုံးပြု​နိုင်​သည်ဖြစ်၍ အဆင့်​၃ အနိမ့်စား​ ဓမ္မ​ရတနာ​တစ်ခုအတွက်တော့ မဆိုး လှဟု ဆိုရ​မည်။ ကျန်ပစ္စည်းများမှာ အဆင့်​၃ ခရမ်းရောင်​ အဆီအနှစ်ဆေးလုံး၊ အဆင့် ၃ နေကိုးစင်း သစ်သား​နှင့် မိုး​ကြိုး​ခရမ်း​ရွှေသား တို့​ဖြစ်ကြ​သည်။

ခရမ်းရောင်​အဆီအနှစ်​ဆေးလုံး​သည် ကျီဖုအဆင့် ​ကျင့်ကြံသူ​တစ်ဦး၏ ဓမ္မ​စွမ်းအင်​ကို​ ပြန်လည်​ဖြည့်​တင်း​ပေးသည့် ဆေး​ဝါး​တစ်မျိုး​ဖြစ်​ပြီး နေကိုးစင်း​သစ်သားမှာ သစ်သား​ဓာတ်​အခြေခံ​ ဓမ္မ​ရတနာ​များကို​ သန့်စင်​ရာတွင်​ အသုံးပြု​သည့် ကုန်ကြမ်းပစ္စည်းဖြစ်သည်။ မိုး​ကြိုး​ခရမ်း​ရွှေသားကိုတော့ အဆင့်​၃ လျှပ်​စစ်ဓာတ်အခြေခံ​ မန္တန်​များ ကျင့်ကြံရာတွင် တွဲဖက်​အသုံးပြု​ကြသည်။

သို့သော်​ အဘိုး​ကြီး​ဖန်း ယူလာ​သောပစ္စည်းများထဲတွင် ကျန်း​ချန်​ရွှမ်​လိုအပ်​နေ​သော ဗလာ​ကောင်းကင်​ကျောက်တုံး ပါဝင်​ခြင်း​မရှိ၍ ရှန်းရူယန်​က

“ဒီဆိုင်​မှာ အဆင့်​၃ ဗလာ​ကောင်းကင် ​ကျောက်တုံးက တစ်ခု​တလေတောင် မရှိတာလား”

အဘိုး​ကြီး​ဖန်း​က သက်​ပြင်းချလျက် ခေါင်း​ခါ​သည်။

“စီနီယာ​ခင်ဗျား​ လောလောဆယ်​ ကျွန်တော်​တို့​ဆီမှာ ဗလာကောင်းကင်ကျောက်တွေ ရနိုင်​မှာ မဟုတ်​ပါဘူး​”

ရှားပါး​ပစ္စည်း​ဟု သတ်​မှတ်​နိုင်​သည့်​ ဗလာ​ကောင်းကင်​ ကျောက်တုံးများကို ပုံမှန်စျေးမြို့များတွင် အများအားဖြင့်​ တွေ့ရလေ့မရှိဘဲ လေလံ​ပွဲ အကြီး​စားများနှင့် ရတနာ​ပစ္စည်း​ဖလှယ်​ပွဲ​တို့တွင်သာ တွေ့ရ​တတ်ခြင်းဖြစ်သည်။ ရှန်းရူယန်​ကိုယ်​တိုင်​လည်း ထိုအချက်​ကို​ သိရှိ​ပြီး​ဖြစ်၍ အနည်းငယ်​စိတ်ပျက်​သွားသည်။ အထူး​သဖြင့်​ အဆိုပါ​ကျောက်တုံး​များကို​ မဖြစ်​မနေ​လိုအပ်​နေသည့်​ ကျန်း​ချန်​ရွှမ်​မှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ စိတ်​ပျက်​လက်​ပျက် သက်​ပြင်း​ချလိုက်​မိ​သည်။

ထိုစဉ် အဘိုး​ကြီး​ဖန်း​က တစ်ခုခု​စဉ်စား​မိဟန်နှင့်

“ဒါပေမဲ့​ စီနီယာတို့အတွက် ရနိုင်​တဲ့ အခွင့်အရေး​တစ်​ခု​ရှိပါတယ်။ နောက်တစ်လနှစ်လကြာရင် ပိုင်​ယွင်​ဂိုဏ်း​က ကြီး​မှူးပြီး ကျီဖုအဆင့်​ ရတနာ​ဖလှယ်ပွဲတစ်ပွဲ ကျင်း​ပဖို့ရှိတယ်။ အဲဒီ​ပွဲမှာ​ စီနီယာ​တို့​အလို​ရှိ​နေတဲ့ ပစ္စည်း​တွေ ရှိနိုင်ပါလိမ့်မယ်​”

အဘိုး​ကြီးဖန်း၏စကားကိုကြားပြီးနောက် ကျန်း​ချန်​ရွှမ်​တစ်ယောက် ထခုန်မိမတတ် ဝမ်းမြောက်​သွားတော့သည်။ အဆိုပါ​ဖလှယ်​ပွဲ​ကို ကျီဖုအဆင့်​ ကျင့်ကြံသူ​များသာ တက်ရောက်​ကြမည်​ဖြစ်ပြီး​ လဲလှယ်​ရောင်း​ဝယ်သည့် ရတနာ​ပစ္စည်း​များ​သည်​လည်း​ အဆင့်​၃ နှင့်​ အထက်​သာဖြစ်ကြသည်။ အဆိုပါ​ပြပွဲမျိုးတွင် ရှန်း​ရူယန်​နှင့်​ ကျန်း​ချန်​ရွှမ် အလိုရှိသည့် ဗလာ​ကောင်းကင်​ကျောက်တုံး​များ ရှိနေ​ဖို့ အလားအလာ​များပါသည်။

သို့​နှင့်​ ကျန်း​ချန်​ရွှမ်​တို့ နှစ်ဦးလည်း လာမည့်လ​အနည်းငယ်​အတွင်း​ ကျင်း​ပမည့် အဆိုပါ​ရတနာ​ဖလှယ်​ပွဲတွင် ပါဝင်​ဆင်​နွှဲ​ရန် ဆုံးဖြတ်​လိုက်​သည်။ ကျန်း​ချန်​ရွှမ်မှာ ကျီဖုအဆင့်ကို မရောက်​ရှိ​သေးသော်လည်း တာအို​ကျင့်​ကြံ​ဖက်ဖြစ်သူ ရှန်းရူယန်သည် ကျီဖုအဆင့်ကျင့်ကြံသူဖြစ်နေ၍ ပိုင်​ယွင်​ဂိုဏ်း​အနေနှင့်​ ကျန်း​ချန်​ရွှမ်ကို ပြပွဲဝင်ခွင့်ပေးရမည်ဖြစ်သည်။

ထို့နောက်​ ရှန်းရူယန်​လည်း​ အဘိုး​ကြီး​ဖန်း​ထံမှ အဆင့်​၃ အခြေခံ​ဝိညာဉ်​ဆေး​ဝါး​များ​နှင့်​ ဝိညာဉ်​ရတနာ​အချို့​ဝယ်​ယူလိုက်သည်။ ဥပမာ​ မိုး​ကြိုး​ခရမ်း​ရွှေသား​နှင့် ခရမ်းရောင်အဆီအနှစ် ဆေးလုံး​များဖြစ်​ပြီး ဝိညာဉ်​ကျောက်​တုံး​ တစ်​သိန်း​ခန့် ကုန်ကျသည်။ ထို့​အပြင်​ ရှန်းရူယန်​သည်​ ကျန်း​ချန်​ရွှမ်​အတွက်​လည်း လက်နက်သန့်စင်ရာတွင်​အသုံးပြု​သည့် ကုန်ကြမ်း​ပစ္စည်း​များ​နှင့်​ ဝိညာဉ်ကျောက်စိမ်းအဝါတို့ကိုလည်း ဝယ်​ယူလိုက်သေးသည်။

ထို့နောက်​ ကျန်း​ချန်​ရွှမ်၏ ကိုယ်​ခန္ဓာ​မွမ်း​မံ​ခြင်း ကျင့်စဉ်အတွက်​ လိုအပ်​သော ဓာတ်ငါးပါး​ဝိညာဉ်​ပစ္စည်း​များ​ကို ဆက်​လက်​ဝယ်​ယူသည်။ သို့​သော်​ အဘိုး​ကြီး​ဖန်း၏ဆိုင်တွင် ဓာတ်​ငါးပါးအနက် မီး၊သတ္တု​နှင့် ရေဓာတ်အခြေခံ ပစ္စည်း​များ​သာရှိပြီး သစ်သား​ဓာတ်​နှင့် မြေ​ဓာတ်​ပစ္စည်း​များ​ လုံး​ဝရှိမနေပါ။ ကျန်း​ချန်း​ရွှမ်တို့​အနေနှင့်​ အဆိုပါပစ္စည်း​များကို ဝယ်​ယူ​ခွင့်​ရရန် ရတနာ​ဖလှယ်​ပွဲကျင်းပ​ချိန်ကိုသာ စောင့်မျှော်ရတော့​မည်​ဖြစ်သည်။

နောက်ဆုံး​အနေ​နှင့်​ ရှန်းရူယန်သည် ကောင်း​ကင်ဘုံ အလင်း​ထီးကို ဝိညာဉ်​ကျောက်တုံး ငါး​သောင်း​ပေးချေ၍ ဝယ်​ယူလိုက်တော့သည်။ စုစုပေါင်း​ကုန်​ကျစရိတ်မှာ တစ်သိန်းဝန်းကျင်ရှိပြီး အဆိုပါ​ပမာဏ​သည် ကျီဖုအဆင့်​ကျင့်ကြံသူ​များ​အတွက်​ပင် အတော်​အတန် များ​ပြား​သော​ပမာဏ​ဖြစ်​သည်။

ထို့နောက်​ ကျန်း​ချန် ရွှမ်နှင့် ရှန်းရူယန်​တို့လည်း​ မြောက်​ပိုင်း​မျှော်စင်​ အ​ရောင်း​ဆိုင်​မှ ထွက်​ခွာ​လာ​ပြီး ပိုင်​ယွင်စျေးတစ်နေရာရှိ အဆင့် ၃ ဂူ​ဗိမာန်​တစ်ဆောင်ကို ငှားရမ်းလိုက်သည်။ ရတနာ​ဖလှယ်​ပွဲ မကျင်းပမီ ​ ကာလအတောအတွင်း​ ဤဂူမှာပင် ခေတ္တတည်းခိုရမည်​ဖြစ်သည်။

ထို​အတောအတွင်း​ ရှန်း​ရူယန်​အနေနှင့် ဖွံ့ဖြိုး​စ ကျီဖု​နယ်​ပယ်ကို အခြေ​ခိုင်​ရန် ဆက်လက်ကျင့်ကြံ​ရဦးမည်ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​အတွက်​မူ ဇနီး​ဖြစ်သူ​ ဝယ်ပေးထားသော ကုန်ကြမ်း​များ​ကို​ အသုံးပြု၍ လက်​နက်​သွန်းလုပ်သန့်စင်ခြင်း စွမ်းရည်​ကို မြှင့်​တင်​ရမည်​ဖြစ်သလို​ တစ်ချိန်​တည်း​တွင်​ အခြေခံ​တည်ဆောက်​ခြင်း​ နဝမအဆင့်ရှိ အဆီအနှစ်​စွမ်းအင်​များကို ပြန်လည်​သန့်စင်ခြင်းဖြင့် အခြေခံတည်ဆောက်မှု​နယ်ပယ်​၏ ပြီး​ပြည့်စုံ​သော အဆင့်​ကို အချိန်​တို​အတွင်း​ ရောက်ရှိရန်​ အားထုတ်​ရမည်​ဖြစ်သည်။

မကြာ​မီ လ အနည်းငယ်​ ကုန်​လွန်​သွား​ပြန်​သည်။ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ အဆင့် ၃ အနိမ့်စား လက်​နက်​ပစ္စည်း​တစ်ခု​ကို အောင်​မြင်​စွာ​ သန့်​စင်နိုင်​ခဲ့ပြီ​ဖြစ်သည်။ ထိုအချိန်မှာပင် သူရှိနေသော အခန်း​အပြင်​ရှိ ကန့်သတ်​အစီအရင်​မှာ အသက်​ဝင်​သွားသည်။ ထိုအခါ​ သူတို့​ဇနီး​မောင်နှံ​ စောင့်​မျှော်နေသော ရတနာ​ဖလှယ်​ပွဲ​မှာ ယနေ့​ကျင်းပမည်ဖြစ်ကြောင်း သတိရ​လိုက်တော့သည်။ ထို့ကြောင့်​ ကျန်း​ချန်​ရွှမ်​လည်း အခန်းပြင်သို့ ခပ်သုတ်သုတ်ထွက်လာရာ အချိန်​အတန်​ကြာ စောင့်​ဆိုင်း​နေခဲ့ဟန်တူသည့် ဇနီး​ဖြစ်သူ​ရှန်း​ရူယန်က သူ့အား ဆီးကြို​လျက်ရှိ​သည်ကို တွေ့ရ​တော့သည်။ ရှန်း​ရူယန်က ပြုံးလျက်

“ယောက်ျား​ရေ အချိန်​ကျပြီ။ ပြပွဲသွားရအောင်”

ပြော​ပြောဆို​ဆိုနှင့် နှစ်ဦးသား နေထိုင်​ရာ ဂူ​ဗိမာန်​အပြင်သို့ ထွက်​လာကြ​တော့​သည်။

***

All Chapters