← Chapters

ပြန်လာပြီ

Vol. 010 Ch. 905

ပြန်လာပြီ

Vol. 010 Ch. 905

“ခန္ဓာကိုယ်ထဲမှာ အသက်ရှိနေတာ အဲပိုင်ရှင်မဟုတ်ဘူး၊ သူမရဲ့ ဝိညာဉ်ပဲ”

ရှီမန်ဖန်၏ စကားလုံးများသည် အားလုံးကိုအံ့သြသွားစေသည်။

“ဝိညာဉ်ဟုတ်လား သခင် အဲဒါဘာပြောတာလဲ” တစ်စုံတစ်ယောက် မေးလေသည်။

“အင် ဖန် အားလုံးရှုပ်ကုန်ပြီ ခန္ဓာကိုယ်ကသေသွားပြီးတော့ ဝိညာဉ်က ဘယ်လိုဖြစ်ပြီး အသက်ရှင်နေတာလဲ”

“သခင် ရူးသွားတာတော့မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား”

“သခင်က ရိုးလွန်းတယ် ကြားတာကို အကုန်လုံးယုံနေတယ်”

“ဟား…”

သူတို့ပြောလိုက်သည့်စကားများကို ရှောင်ချီကြားသောအခါ ရယ်မော လိုက်သည်။ သူမသည် ရှီမန်ဖန်နှင့် ခဏကြာအောင်ရှိခဲ့တာကို သူ ရိုးသား တယ်ဆိုတာကို သူမ ဘာလို့မသိခဲ့တာလဲ။

“အမှန်ပဲ” ရှီမန်ဖန်သည် စကားဖြတ်ပြောလေသည် “သူမက အစ်မကြီး ပဲ”

“အစ်ကို၂ ညီမရဲ့ ဆက်သွယ်တဲ့အရည်အချင်းကိုသိတယ်မလား၊ အစ်မကြီးက တကယ်ပဲသေသွားပြီ” ရှီမန်လီ ပြောလိုက်သည်။

ရှီမန်ဖန် ခေါင်းရမ်းလိုက်သည် “မင်းတို့ သူမကိုတွေ့ရင် ငါပြေတာကို ယုံလိမ့်မယ်”

“ဒါဆို သူမ ဘယ်မှာလဲ”

သူတို့ သူမကိုတွေ့တဲ့အထိစောင့်လိုက်၊ သူမရဲ့ သရုပ်မှန်ကို ဖော်ပြ မယ်၊ ဘယ်လိုဖြစ်ပြီး သူတို့ရဲ့သခင်လေးကိုလိမ်ရဲတာလဲ။ သူက ဖြူစင်ပြီး လူတွေကို အလွယ်တကူယုံတတ်လို့လား။

“သူမပဲ”

ရှီမန်ဖန်သည် ရှီမာယူယူရှိရာဘက်သို့ကြည့်လိုက်သည်။ ရှီမာယူယူ သည် ပါးစပ်ကိုလက်ဖြင့်အုပ်ကာငိုနေလေသည်။

“သူမ လာတာလား”

အားလုံးသည် လှည့်ပြီးအနောက်ကိုကြည့်လိုက်ရာ ရှင်းမိုမဟုတ်ပဲ ထို အဘိုးအိုကိုလည်း အရင်ကမြင်ဖူးသည်။ သူမလည်းမဟုတ်ဘူးလေ။ ကျန်တဲ့ သူတွေက ရှီမာယူယူ၊ ဝူလင်းယူနဲ့ ရှောင်ချီတို့ပဲ။

ဝူလင်းယူနှင့် ရှောင်ချီတို့သည် သူတို့ကိုထူးဆန်းစွာကြည့်နေရာ သူတို့ လည်းမဖြစ်နိုင်ဘူး၊ အဲတော့ကျန်နေတာက မျက်ရည်တွေ ရေစီးနေသလိုစီး နေတဲ့ ရှီမာယူယူတစ်ယောက်သာကျန်သည်။

အားလုံးသည် သူမ၏ မျက်နှာအမူအရာကိုကြည့်ပြီး ရှီမန်ဖန် ပြောသည့် သူဆိုသည်ကို သိသွားကြသည်။

“မင်းက သခင်မလေးလား ဒီလောက်ငယ်တဲ့သူကလေ”

အားလုံးသည် မယုံကြပေ။

“အစ်မကြီး ဘယ်သူမှ အစ်မကိုအပြစ်မတင်ဘူး၊ ဒီကိုလာပြီး အားလုံးနဲ့ တွေ့လိုက်လေ” ရှီမန်ဖန် သူမကိုကြည့်လိုက်သည်။

သူမ ကြောင်စီစွာလျှောက်သွားရာ အားလုံး သူမနားဝိုင်းလာသည်။

“လီလေး” သူမသည် ရှီမန်လီကိုကြည့်ပြီး ငိုလေသည် “လီလေးတောင် အရွယ်ရောက်လာပြီ”

ရှီမန်လီသည် ရှီမာယူယူကိုကြည့်ရာ သူမအသံသည် အစ်မကြီး၏ လေသံအတိုင်းပင်။ ဒါပေမဲ့ သူမသည် သူမအရွယ်တူဖြစ်နေတာကို ဘယ်လို လုပ်အစ်မကြီးဖြစ်နိုင်မှာလဲ။

“သခင် သူမက သခင်မလေးဆို လူငယ်လေးတစ်ယောက်ကလေ”

“ဦးလေးချီ” ရှီမာယူယူသည် ရှီမန်ချီကိုကြည့်လိုက်သည် “သမီးလေ သမီးပြန်လာပါပြီ သမီးပေးဆပ်ဖို့အတွက်ပြန်လာပြီ”

“အစ်မကြီးကအဲတုန်းက သေချာပေါက် သေသွားခဲ့တယ်၊ သူမဝိညာဉ် က အနိမ့်တိုင်းပြည်က ဒီခန္ဓာကိုယ်ထဲမှာပြန်မွေးဖွားခဲ့တာ သူမက တကယ်ပဲ အစ်မကြီးပဲ” ရှီမန်ဖန် ရှင်းပြလေသည်။

“ပြန်မွေးဖွားတာလား”

“သခင် ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ယုံရတာလဲ”

“ဖန်လေး ငါ ပြန်မွေးဖွားတာကိုကြားဖူးပေမယ့် အရင်ကတစ်ခါမှမမြင်ဖူး ဘူး၊ ဒီနှစ်ထောင်ချီနေတာကို ဘယ်သူမှမလုပ်နိုင်ကြဘူး၊ သူမက မင်းကို ယုံ လို့ပြောတာနဲ့ ဒီအတိုင်းယုံလိုက်တာလား”

ရှီမာယူယူသည် ကျောက်ဖန်လုံးကိုထုတ်ပြီး ရှီမန်လီကို ပေးကာ ပြော လိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က မင်းကိုကတိပေးခဲ့တယ်၊ မင်းအတွက် သက်တန့်ဖန်ကျောက်လုံးအကုန်လုံးကို ရှာပေးမယ်ဆိုတာလေ၊ ငါ ညီမလေး အတွက် သုံးလုံးရှာပေးခဲ့တယ်၊ ဒါက ၄လုံးမြောက်ပဲ”

“သခင် မြင်တယ်မလား၊ သူက ရှီမန်မျိုးနွယ်အကြောင်းကို သေချာ ပေါက်သိပြီး အယောင်ဆောင်နေတာ” တစ်ယောက်ကပြောလိုက်သည် “သခင်မလေးက မမလေး၉အတွက် ဖန်ကျောက်တွေရှာပေးနေတယ်ဆိုတာ ရှီမန်မျိုးနွယ်က လူတိုင်းသိကြတယ်၊ အဲဒါက လျှို့ဝှက်ချက်မှမဟုတ်တာ၊ အပြင်လူသိတယ်ဆိုတာ သဘာဝပဲ၊ ဒါပေမဲ့ ဘယ်လောက်သိထားလဲ၊ သခင် မလေးက မမလေး၉အတွက် ၂လုံးပဲတွေ့ထားတာ၊ သူမသာ သခင်မလေး ဆိုရင် ဘယ်လိုလုပ် မသိရတာလဲ”

ထိုနှစ်က ရှီမန်ယူယူသည် ရှီမန်လီအတွက် ဖန်ကျောက်၂လုံးသာ တွေ့ ခဲ့သည်ကို အားလုံးသိကြသည်။

ရှီမန်လီ တစ်ယောက်သည် သူမလက်ထဲက ဖန်ကျောက်ကို ကြောင်စီ စွာကြည့်ပြီး မျက်ရည်များသည် မထိန်းနိုင်မသိမ်းနိုင်ကျလာလေသည်။ သူမသည် ရှီမန်ဖန်၏ လက်ထဲမှထွက်ကာ သူမအား ခုန်ဖက်လိုက်သည် “အစ်မကြီး တကယ်ပဲပြန်လာပြီပဲ လီလေး အရမ်းလွမ်းနေတာ”

ရှီမာယူယူသည် ရှီမန်လီကိုဖက်ထားရင်း မျက်ရည်များ ကျလေသည်။

“မမလေး၉ ဘာက…”

“လီလေး ဒါက ၄လုံးမြောက်ဖန်လုံးလို့ သူ ပြောလိုက်တာလေ”

ရှီမန်လီသည် ရှီမာယူယူအား တင်းကြပ်စွာဖက်ထားပြီး “မင်းတို့အားလုံး မသိကြလို့ အဲည ကံဆိုးမိုးမှောင်ကျတုန်းက အစ်မကြီးက ငါ့အခန်းကိုလာပြီး ဖန်ကျောက်နောက်တစ်လုံးပေးခဲ့တယ်၊ ဧည့်သည်တစ်ယောက်ဆီက ရခဲ့တာ တဲ့ သူမ ငါ့ကိုပေးပြီးတော့ ထွက်သွားပြီးမကြာခင်မှာပဲ အဲဒါတွေဖြစ်ခဲ့တာ၊ ၃လုံးမြောက်ဖန်လုံးအကြောင်းကို ဘယ်သူမှမသိလိုက်ဘူး၊ အစ်ကို၂တောင် မသိဘူး”

ရှီမန်ဖန်သည် ထိုအကြောင်းကိုမသိလိုက်ပေ။ သူက ရှီမာယူယူကို ပြောခဲ့သည်မှာ ပိုမဖြစ်နိုင်ပေ။

ထို့ကြောင့် တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ယူယူပြန်လာခြင်းပေ။

“ဒါက…”

အားလုံးသည် တစ်ယောက်နှင့်တစ်ယောက်လက်မှိုင်ချကြည့်ကာ သူမ ကို ယုံသင့်မယုံသင့်မသေချာဖြစ်နေသည်။

ရှီမာယူယူသည် သူတို့ကို ထပ်ပြီးမရှင်းပြပေ။ ဒီမိန်းကလေးသည် သူမ ထက် ပိုယုံရသည်ကို သူမ သိသည်။

“ဟိန်းသံလေး အဲဒီကနေ အော်မနေနဲ့တော့ မင်း သူတို့ကိုလွမ်းရင် ထွက်ခဲ့လိုက်”

သူမသည် ဝိညာဉ်စေတီအတွင်းမှ ဟိန်းသံလေးကိုဆင့်ခေါ်လိုက်သည်။ သူထွက်လာသည်နှင့် အားလုံးသည် တစ်ဝက်ယုံသွားကြသည်။

“ဝါး တကယ်ပဲ လီလေးပဲ လီလေးတောင် ဒီလောက်ကြီးလာပြီ” ဟိန်းသံလေးသည် ရှီမန်လီ၏ ရင်ခွင်ထဲပြေးခုန်ကာ သူမ၏ ကြီးမားသော ရင်သားကို ပွတ်သပ်ချင်သော်လည်း ရှီမာယူယူက ပစ်ထုတ်လိုက်ရာ ရှီမန်ချီ ၏လက်ထဲကျသွားလေသည်။

“ဝါး ဦးလေးချီ ဦးလေးရဲ့ရင်ဘတ်ကြွက်သွားတွေက သန်မာတယ်၊ ဦးလေးရဲ့ ခန္ဓာကိုယ်ပျိုးထောင်မှု နည်းစနစ်က ပိုသန်မာလာတယ်၊ ဦးလေးဆီကျတာ ဟိန်းသံလေးရဲ့ ကြွက်သားတွေတောင်နာသွားတယ်”

ရှီမန်ချီသည် ကြောင်စီစွာရပ်နေလေသည်။ ထိုအချိန်က ဟိန်းသံလေး သည် သူ့ကို ထိုအရာကြောင့်ပင် မနှစ်သက်ခဲ့ပေ။ ရှီမန်မျိုးနွယ်မှလူများ ထိုအကြောင်းကို သိကြသဖြင့် အားလုံးရယ်မောကြလေသည်။

တူညီသော လှုပ်ရှားမှု တူညီသော အရာများကိုထပ်မံတွေ့လိုက်ရ သဖြင့် သူတို့သည် ရှီမာယူယူ၏ သရုပ်မှန်ကိုယုံသွားကြသည်။

သို့သော် ဒါက ထူးဆန်းနေတုန်းပဲ။

“တကယ်ပဲ ဟိန်းသံလေးပဲ”

“ဟိန်းသံလေးနဲ့ သခင်မလေးတို့က ဝိညာဉ်စာချုပ်ရှိကြတယ်၊ အဲတော့ သူမက တကယ်ပဲ သခင်မလေးလား”

“ဘုရားရေ မယုံနိုင်စရာပဲ”

“ပြန်မွေးဖွြးတယ် အဲဒါကိုတကယ်ဖြစ်မယ်လို့ မထင်ထားဘူး”

ရှီမန်လီသည် ရှီမာယူယူ၏ ပခုံးပေါ်တွင်မှီကာ ငိုရာ မျက်ရည်များသည် သူမအဝတ်တွင် စိုရွဲသွားလေသည်။

“အစ်မကြီး ပြန်လာပြီပဲ ကောင်းတယ်”

ရှီမာယူယူသည် အရင်တုန်းကကဲ့သို့ပင် ရှီမန်လီ၏ ကျောကိုပုတ် ပေးလိုက်သည်။

“ဖန်လေး ယူလေးကိုဘယ်လိုရှာတွေ့တာလဲ” ရှီမန်ချီသည် ဟိန်းသံလေးကို ပွေ့ထားရင်း မေးလေသည်။

ရှီမန်ဖန်သည် ခေါင်းရမ်းလိုက်သည် “ကျွန်တော်သူမကို ရှာတွေ့တာ မဟုတ်ဘူး၊ သူမ ကျွန်တော့်ကိုတွေ့တာ”

“ဘာတွေဖြစ်ခဲ့တာလဲ၊ သူမက အနိမ့်တိုင်းပြည်မှာ ပြန်မွေးဖွားတယ်လို့ ပြောခဲ့တယ်မလား”

“ဟုတ်တယ် ဒါပေမဲ့ ကျွန်တော် အစ်မကြီးကိုအပြင်ပိုင်းဒေသမှာတွေ့ခဲ့ တာ” ရှီမန်ဖန် ပြောလေသည်။

“သခင်မလေးက အနိမ့်ပိုင်းတိုင်းပြည်ကနေလာတာ၊ ခရီးကကြမ်းမှာပဲ”

“သခင်မလေး အများကြီးခံစားခဲ့ရမှာပဲ”

“အမှန်ပဲ အနိမ့်ပိုင်းကနေခရီးက အရမ်းအန္တရာယ်များပြီး ခက်ခဲတယ် သခင်၊ အဲအကြောင်းကို ဘာမှမသိဘူးလား”

“အစ်မကြီးရဲ့ကိစ္စကတော့ သူမကိုယ်တိုင်ပြောတာ ပိုကောင်းပါလိမ့် မယ်” ရှီမန်ဖန် ရယ်မောလေသည် “အစ်မကြီးပြန်လာပြီဆိုတော့ အားလုံးနဲ့ အချိန်ဖြုန်းဖို့ အချိန်တွေများပါတယ်”

ရှီမာယူယူသည် ရင်ထဲနွေးထွေးသွားသည်။ အားလုံးမှာ သူမ မျိုးနွယ် ဖြစ်ကြပြီး သူတို့၏ စိုးရိမ်မှုကြောင့် ရင်ထဲထိသည်။

ရှင်းမိလျှောက်လာပြီး ပြောလေသည် “အားလုံးက တစ်ယောက်နဲ့ တစ်ယောက် အသိအမှတ်ပြုမှတော့ အထဲဝင်ပြီး စကားပြောရအောင်”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒီမှာဘာလို့ရပ်နေကြတာလဲ၊ အိမ်ထဲဝင်ပြီးစကားပြောရအောင်” ရှီမန်ချီသည် မျက်လုံးထောင့်မှ မျက်ရည် များကိုသုတ်ပြီး ရှီမာယူယူကို ခြံဝန်းဘေးသို့ခေါ်သွားလေသည်။

ရှီမာယူယူသည် ရှီမန်လီကိုလက်ဆွဲထားပြီး အားလုံးဝင်လိုက်ကြသည်။ သူမတွင်လည်း သူတို့ကိုမေးရန် မေးခွန်းများစွာရှိသည်။

***

All Chapters