← Chapters

ဆွေးနွေးမှု

Vol. 010 Ch. 906

ဆွေးနွေးမှု

Vol. 010 Ch. 906

ခြံဝန်းဆီသို့ပြန်သွားရခြင်းမှာ လူများသဖြင့် ထိုနေရာရှိဧည့်ခန်းမှာသေး သောကြောင့် အားလုံးသည် ခြံဝန်းတွင်ထိုင်ကာ စကားပြောကြလေသည်။

“အစ်မကြီး ဘယ်လိုဖြစ်ပြီးပြန်လာတာလဲ မြန်မြန်ပြောပြဦး” ရှီမန်လီ သည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး သူမဘေးတွင်ထိုင်လိုက်သည်။

ရှီမာယူယူသည် သူမလက်များကိုပုတ်လိုက်သည် “ငါ့အကြောင်းက စောင့်လို့ရတယ် မင်းတို့ကိုမေးစရာတွေရှိတယ်”

“အစ်မကြီး မေးပါ”

“မင်းတို့အားလုံး… လူဘယ်နယောက်လောက် အသက်ရှင်လဲ”

“အဲညက ညီမတစ်ယောက်တည်းအသက်ရှင်ခဲ့တာ” ရှီမန်လီ ပြောလေ သည် “အခုတောင်ကြားထဲမှာတော့ လူတစ်ရာကျော်တယ်၊ အများစုက တပ်သားတွေပဲ၊ သူတို့က အဲညက ဦးလေးချီနဲ့ အန်တီယိတို့အပြင်သွားတာ ကို လိုက်သွားလို့ အသက်ရှင်နေခဲ့ကြတာ”

“တစ်ရာကျော်လောက်ပဲ…” ရှီမာယူယူ၏ ရင်ထဲတွင် နာကျင်မှုများဖြစ် ပေါ်သွားသည်။ ကြီးမားသော ရှီမန်မိသားစုတစ်ခုသည် အခုတော့ လူတစ်ရာ သာကျန်တော့သည်။ “ငါက အပြစ်ရှိတာပါ အဲဒီဟာကိုသာပြန်မယူလာခဲ့ရင်..”

“အစ်မကြီး အဲဒါအစ်မအမှားမှမဟုတ်တာ၊ အစ်မရဲ့မွေးနေ့ကြီးမှာ ကျုံကျန်းမျိုးနွယ်က ညီမတို့ကို ထိခိုက်အောင်လုပ်မယ်လို့မထင်မိဘူးလေ၊ အပြစ်တင်ရမယ်ဆိုရင် ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော် အဲဝံပုလွေတွေ ကိုပဲ အပြစ်တင်ရမှာ”

“ဟုတ်တယ် ယူလေး သမီးအမှားမဟုတ်ဘူး” ရှီမန်ချီ ဆက်ပြောလေ သည် “ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့တော့”

“ယူလေး မျိုးနွယ်ထဲကလူတွေက သမီးကိုအပြစ်မတင်ကြပါဘူး” အဒေါ်ယိသည် သူမအား မေတ္တာအပြည့်ဖြင့် ကြည့်လေသည် “ကိုယ့်ကိုယ် အပြစ်တင်မယ့်အစား ကောင်းကောင်းနေသွားဖို့ကိုပဲ အဒေါ်တို့ မျှော်လင့် တယ်”

“ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော်တို့ကို သွေးကိုသွေးနဲ့ ပြန်ပေးဆပ် အောင် သေချာပေါက်လုပ်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“အစ်မကြီး အစ်မအကြောင်းကို ပြောပြပါဦး” ရှီမန်လီ ဆက်ပြောလေ သည် “ဘယ်လိုဖြစ်ပြီး အနိမ့်တိုင်းပြည်မှာ ပြန်မွေးဖွားလာတာလဲ ပြီးတော့ ကမ္ဘာဦးနယ်မြေကိုဘယ်လိုလာခဲ့တာလဲ”

ရှီမန်လီ၏ စပ်စုသောမျက်လုံးများကိုမြင်သောအခါ ရှီမာယူယူ၏ အမုန်း တရားများသည် အရည်ပျော်သွားလေသည်။

“ကောင်းပြီ ဒါဆို ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြမယ်….”

သူမသည် ကောင်းနိုးရာရာလေးများကို ထုတ်နှုတ်ပြောရင်း တစ်ချိန် တည်းမှာပဲ သူတို့၏ မေးခွန်းများကိုဖြေရာ နေ့တစ်ဝက်စာစကားပြောကြလေ သည်။

“အစ်မကြီး ပြန်မွေးဖွားပြီးတဲ့နောက် ဒီလောက်အများကြီးကြုံတွေ့ခဲ့ရ မယ်လို့ ထင်မထားဘူး” ရှီမန်လီသည် အားကျမှုနှင့်အတူ စိတ်မကောင်းဖြစ်မိ သည်။

“ယူလေး အများကြီးခံစားခဲ့ရမှာပဲ” အဒေါ်ယိသည် စိတ်မကောင်းပေ “အခု သမီးပြန်လာပြီဆိုတော့ ဒီမှာနေလို့ရတယ်”

“မဟုတ်ဘူး သမီး လက်စားချေချင်တယ်” ရှီမာယူယူ ဆက်ပြောလေ သည် “သမီးကျိန်ထားတယ် သူတို့ကို သွေးကိုသွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်”

“ဒါပေမဲ့ယူလေး သမီးရဲ့ လက်ရှိအားနဲ့ဆိုရင် လက်စားချေတာက ကျောက်တုံးကို ကြက်ဥနဲ့ပေါက်သလိုပဲ” ရှီမန်ချီ ပြောလေသည်။

“သမီးသိပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒါကြောင့် အခု လက်စားချေမယ်လို့ မပြောဘူးလေ”

“အစ်မကြီး ဘာလုပ်မယ်လို့စိတ်ကူးထားလဲ” ရှီမန်လီ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဘာလဲဆိုတာ ပြောပြမယ် ဖန်လေး နဲ့ ငါနဲ့ ဆွေးနွေးပြီးပြီ၊ အစ်မတို့ဂိုဏ်းတစ်ခုတည်ထောင်ချင်တယ်၊ အလယ် ပိုင်းဒေသကိုလာရတဲ့အကြောင်းက နေရာရွေးချင်လို့ပဲ”

“အင်အားကြီးထောင်မယ်ဟုတ်လား” အားလုံးသည် အံ့သြသွားကြ သည်။

“ယူလေး အင်အားကြီးတစ်ခုထောင်ဖို့က ဘယ်လောက်ခက်လဲဆိုတာ သိလား” ရှီမန်ချီ မေးလိုက်သ်ည။

“သိပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အရင်းအမြစ်တွေက တော့ ဖြေရှင်းပြီးသွားပြီ အခုနေရာရွေးပြီး တပ်သားစုဆောင်းဖို့ပဲကျန်တော့ တယ် သြော် ဟုတ်သားပဲ အဒေါ်၃လည်း အသက်ရှင်သေးတယ်”

“အဒေါ်၃က အသက်ရှင်သေးတယ်ဟုတ်လား သူမဘယ်မှာလဲ”

“အင်း သူမက ပြီးခဲ့တဲ့တစ်ခေါက်က ပန်းထိုးတဲ့မိန်းကလေးကိုရှာနေ တာ၊ အခုတော့ သမီးတို့နဲ့မရှိဘူး” ရှီမာယူယူ ဆက်ပြောလေသည် “အင်အား ကြီးထောင်တာကတော့ အချိန်ဇယားဆွဲပြီးပြီ၊ အင်အားကြီးထောင်ပြီးတာနဲ့ လက်စားချေဖို့ သူတို့ကိုသွားရှာမယ်၊ သူတို့ကိုသတ်မယ် လက်စားချေရမယ်”

ဆူးငြောင့်များဖြင့်ပြည့်နေသော လမ်းဖြစ်စေကာမူ သူမ လျှောက်လို သည်။

“ဟုတ်တယ် ငါတို့သူတို့ကိုသတ်ကိုသတ်ရမယ် ငါတို့မမေ့ဘူး၊ သူတို့ ငါတို့ကိုဘာတွေလုပ်ခဲ့လဲ လုပ်ခဲ့တဲ့အတိုင်း နှစ်ဆပြန်လုပ်မယ်” ရှီမန်ဖန် ပြော လေသည်။

အားလုံးသည် ခံစားချက်များလွှမ်းမိုးကာ ရှုပ်ထွေးနေသည်။

သူတို့ လက်စားချေခြင်းမလုပ်ချင်၍ မဟုတ်ပေ။ သူတို့သည် လက်တွေ့ ကို ရင်ဆိုင်ရမည်။ သူတို့သည် ရှင်းမို၏ ကာကွယ်မှုအောက်ရောက်နေလို့သာ အသက်ရှင်ခြင်းဖြစ်သည်။

အခု မျှော်လင့်ချက်ရှိလာပြီဖြစ်ရာ သူတို့၏ တိုက်ခိုက်မှု စိတ်မှာလည်း မီးမွှေးလိုက်သလိုပင်။ သူတို့သည် လက်သီးဆုပ်ကာ “ငါတို့ သခင်မလေး နောက်ကိုလိုက်မယ်၊ ငါတို့မျိုးနွယ်အတွက် လက်စားချေမယ်”

“ယူလေး အင်အားကြီးတစ်ခုတည်ထောင်ဖို့ အရင်းအမြစ်တွေက နည်း တဲ့ပမာဏမဟုတ်ဘူးနော်” ရှီမန်ချီဆက်ပြောလေသည် “စီးပွားရေးလုပ်ရင်း ရလာတဲ့ပိုက်ဆံဆိုရင် ရပ်သင့်တယ်၊ အကောင်းဆုံးက သတ္တုတွင်းမဟုတ် ရင် သတ္တုကြောရမှ အထိုင်ကျမှာ”

“သမီးသိပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “သမီးမှာ သတ္တု ကြောတစ်ခုရှိပါတယ် တော်တော်ကောင်းပါတယ်”

“သတ္တုကြောတွေ့ထားတာလား ဘယ်မှာလဲ”

ရှီမာယူယူသည် အတွေးတစ်ချက်ဖြင့် အားလုံးကို ကြာပန်းနက်လောက အသေးသို့ အားလုံးကိုခေါ်သွားလိုက်သည်။

ကြာပန်းနက်လောကအသေးကို တိုးတက်အောင်လုပ်ပြီးနောက်တွင် သတ္တုကြောကို ထိုနေရာသို့ ပြောင်းရွှေ့ခဲ့သည်။

အားလုံးသည် လောကအသေးကိုမြင်သောအခါ အံ့အားသင့်ကြသည်။

“ဒါက သမီးရထားတဲ့ လောကအသေးပဲ၊ အရင်တစ်ခေါက်က သတ္တု ကြောတစ်ခုရလာလို့ ဒီကိုပြောင်းထားတာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီတစ်ခုပဲ”

အားလုံး၏ အကြည့်များသည် မိုးပြာရောင်ကောင်းကင်အောက်မှ သတ္တုကြောကြီးကို ကြည့်နေကြသည်။

“ရှည်လိုက်တဲ့ သတ္တုကြောကြီးပဲ”

“ဒီလောက်ရှည်တဲ့ သတ္တုကြောနဲ့ဆိုရင် မျိုးနွယ်တွေကို နှစ်ပေါင်းများစွာ ကျွေးထားနိုင်တာပဲ”

“သတ္တုကြောတင်မဟုတ်ပဲ လောကအသေးလဲကြီးတယ် ယူလေး ဒီ လောကအသေးကို ဘယ်လိုရလာတာလဲ”

ရှီမာယူယူသည် ပြီးခဲ့သည့်တစ်ခေါက်က အကြောင်းကို ပြောပြသည်။ သို့သော် သူမနှင့် ကြာပန်းနက်တို့ကြားမှ ဆက်သွယ်မှုကိုတော့ ချန်လှပ်ထား လိုက်သည်။

“သမီးတင်မဟုတ်ဘူး အဒေါ်၃မှာလည်း လောကအသေးရှိတယ် ဒီလောက်မကြီးတာပဲရှိတယ်” ရှီမာယူယူ ဆက်ပြောလေသည် “သမီး အသည်းကွဲတောင်ကြားက ပြဿနာကိုဖြေရှင်းပြီးတဲ့အထိ စောင့်ပေးပါ၊ ပြီးရင် သတ္တုကြောကိုရွေ့လို့ရပြီ”

“မဆိုးဘူး”

“အစ်မကြီး အသည်းကွဲတောင်ကြားက ဘာပြဿနာလဲ” ရှီမန်လီ မေး လေသည်။

“အသည်းကွဲတောင်ကြားမှာ ဂိုဏ်းတစ်ခုထောင်ဖို့ စီစဉ်ထားတယ်၊ သဘာဝကျောက်ဆောင်တွေကို အကာအကွယ်အနေနဲ့သုံးမလို့” ရှီမာယူယူ ပြောလိုက် သည်။

“အသည်းကွဲတောင်ကြားမှာ ဆောက်မှာလား၊ အဲနေရာက အဆိပ်မြေ ၃ခုထဲက တစ်ခုပဲ အဲအထဲကိုဝင်သွားတဲ့လူဆိုရင် သေမှာပဲ ဘယ်လိုလုပ် အဲဒီမှာ အင်အားကြီးထောင်မှာလဲ” ရှီမန်ချီသည် သိချင်စိတ်ဖြင့် မေးလေ သည်။

“ဒီတစ်ခေါက်လာတာက ပြဿနာရှင်းဖို့ပဲ” ရှီမာယူယူ ဆက်ပြောလေ သည် “အထဲကကျောက်ဆောင်တွေကို ကြည့်ဖို့ဆင်းကြည့်ပြီးသွားပြီ၊ အဲ ဗျူဟာက ကာကွယ်ဖို့လွယ်ပြီး အဆင်ပြေတယ်၊ အင်အားကြီးတည်ထောင်ဖို့ ကိုက်ညီတယ် အဆိပ်အတားအဆီးနဲ့ အဆိပ်အကောင်တွေက သမီးတို့ အတွက် အကာအကွယ်ဖြစ်လာမှာပဲ”

“ဒါပေမဲ့ ငါတို့အရင်အသက်ရှင်ရမယ်လေ”

“အဆိပ်အတားအဆီးနဲ့ အဆိပ်အကောင်တွေရဲ့ ပြဿနာကိုရှင်းပြီး တာနဲ့ အဆင်ပြေသွားမှာပါ” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒါကို သမီး ကိုသာအပ်ထားလိုက်ပါ အဲပြဿနာနှစ်ခုဖြေရှင်းပြီးတဲ့အထိစောင့်ပေး ပြီးရင် ဦးလေးတို့အားလုံး အဲဒီကိုရွေ့လို့ရတယ်”

“အစ်မကြီး အသည်းကွဲတောင်ကြားက အရမ်းအန္တရာယ်များတယ်၊ ဆင်းသွားတော့ ဘာမှမဖြစ်ဘူးလား” ရှီမန်လီသည် သူမလက်မောင်းအား ကိုင်ကာ စိုးရိမ်တကြီးမေးလေသည်။

“ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ ပြောလေသည် “အဲအဆိပ်အကောင်တွေ က အစ်မအတွက် အလုပ်မဖြစ်ဘူး”

“ဒါပေမဲ့ အဆိပ်အတားအဆီးနဲ့ အဆိပ်ကောင်တွေပြဿနာကိုရှင်းဖို့က မလွယ်ဘူး” ရှီမန်ချီ ဆက်ပြောလေသည် “သာမာန်လူတစ်ယောက်ဝင်သွား ရင် သေမှာပဲ၊ သူတို့နည်းလမ်းနဲ့ သူတို့ရှိရင်တောင်မှ အနီးပဲသွားနိုင်တယ် အနက်ထဲအထိ မသွားနိုင်ဘူး၊ အထဲကအခြေအနေ ဘယ်လောက်ဆိုးလဲဆို တာ အဲဒါသာကြည့်တော့”

“ဟုတ်ပါတယ် အဲဒါကြောင့် သမီးတို့ သဘာဝအကာအကွယ်ကို သုံးသင့်တာ” ရှီမာယူယူ ဆက်ပြောလေသည် “သမီးကိုကူညီမယ့် လူတစ် ယောက်ကိုတွေ့ထားတယ်၊ သူက အဆိပ်သခင်ပဲ၊ သူက သမီးနဲ့အတူ ဒီ အဆိပ်အတားအဆီးပြဿနာကိုဖြေရှင်းနိုင်မှာပါ၊ ဒါကိုရှင်းပြီးတာနဲ့ အဆိပ် အကောင်က ပြဿနာမဟုတ်တော့ဘူး”

“ယုံကြည်ချက်ရှိလား၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် မလုပ်ပါနဲ့” အဒေါ်ယိ ပြောလေသည်။

“တကယ်တော့ သမီးတစ်ယောက်တည်းသာဆိုရင် အချိန်ကြာမှာ၊ အခု သူ့အကူအညီနဲပဆိုတော့ အချိန်မကြာပါဘူး” ရှီမာယူယူ ပြောလေသည်။

“အဲဒါဘယ်သူလဲ ယုံရရဲ့လား”

“သူက အတွင်းဒေသက အင်အားကြီးတစ်ယောက်ပါ၊ ပြောဖို့ခက်ပေ မယ့် ဒီကိစ္စလောက်ကတော့ တခြားသူကို သူမပြောပါဘူး” ရှီမာယူယူသည် ထိုအရာအတွက်တော့ ရှီချန်းကျိကို အာမခံနိုင်သည်။

***

All Chapters