← Chapters

အဖေနှင့်အမေအား ဂါရဝပြုခြင်း

Vol. 010 Ch. 907

အဖေနှင့်အမေအား ဂါရဝပြုခြင်း

Vol. 010 Ch. 907

“ဦးလေးချီ အဒေါ်ယိ အဲအကြောင်းကိုအရမ်းစိတ်ပူဖို့မလိုပါဘူး အစ်မကြီး ဖြေရှင်းပါလိမ့်မယ်” ရှီမန်ဖန် ပြောလေသည်။

“အင်း ယူလေးက အမြဲတမ်းဗျူဟာကျတယ်” ရှီမန်ချီ ပြောလေသည်။

“သမီး အစ်မကြီးကိုယုံတယ်” ရှီမန်လီသည် ယူယူအား မှီရင်းပြောလေ သည်။

“အခုကြည့်ပြီးပြီဆိုတော့ ထွက်ရအောင်” ရှီမာယူယူ ပြောလေသည်။

“အင်း”

လောကအသေးမှ ထွက်ရင်းနှင့်ရှီမာယူယူ မေးလိုက်သည် “ဦးလေးချီ အဖေနဲ့အမေဂူကဘယ်မှာလဲ သမီးသူတို့ဆီသွားလည်ချင်တယ်”

“သမီးအသက်ရှင်လျက်ပြန်လာမှတော့ သူတို့ဆီသွားလည်ရမှာပေါ့” ရှီမန်ချီ ပြောလိုက်သည် “သူတို့က အနောက်ကတောင်ထိပ်မှာ၊ သမီးကို အဲဒီ ကိုခေါ်သွားမယ် မင်းတို့အားလုံးပြန်လိုက်ကြတော့”

ရှီမန်ချီသည် ထိုနေရာတွင် လေးစားရသောသူတစ်ယောက်ဖြစ်သဖြင့် သူ အမိန့်ပေးလိုက်သည်နှင့် တခြားသူများသည် လိုက်နာကြကာ သူတို့၏ ခြံဝန်းသို့ပြန်ကြလေသည်။

ရှီမန်ချီနှင့် အဒေါ်ယိတို့သည် ယူယူနှင့်မောင်နှမတစ်စုကို ခြံအနောက်ရှိ တောင်သို့ခေါ်သွားလေသည်။ ရှောင်ချီနှင့် ဝူလင်းယူတို့နေခဲ့ကြလေသည်။

“ယူယူက သူမမိသားစုကိုတွေ့တာနဲ့ ရှောင်ချီတို့ကို ဂရုမစိုက်တော့ဘူး လို့ ဘာလို့ခံစားနေရတာလဲ” ရှောင်ချီ နှုတ်ခမ်းဆူလေသည်။

“သူမက အခုမှမိသားစုကိုပြန်တွေ့တာလေ၊ စိတ်လှုပ်ရှားတာဖြစ်သင့် တယ်၊ ငါတောင် စိတ်ထဲမထားတာ မင်းကဘာလို့စိတ်ကောက်နေတာလဲ” ဝူလင်းယူသည် ခုံတစ်ခုံတွေ့ရာထိုင်ပြီး အနောက်ကိုမှီလိုက်သည်။

“ဒါပေါ့ ပြောရမှာပဲ” ရှောင်ချီ ဆက်ပြောလေသည် “ခင်ဗျားက ခင်ဗျား ရှောင်ချီက ရှောင်ချီပဲ ယူယူက ခင်ဗျားဟာမှမဟုတ်တာ”

“ဖြစ်လာမှာ နောက်ကျရင်” ဝူလင်းယူသည် ယုံကြည်ချက်ရှိရှိ ပြောပြီး နောက်တွင် မျက်လုံးမှိတ်ကာ တရေးတမောအိပ်လေသည်။

“ဟင်း” ရှောင်ချီသည် သူ့ကိုလျစ်လျူရှုကာ ခြံဝန်းအား သူမဘာသာ ပတ်လျှောက်နေလိုက်သည်။

ရှီမာယူယူသည် ရှီမန်ချီခေါ်သွားသော အနောက်ဘက်တောင်များဆီ သို့လိုက်သွားသည်။ သို့သော် ကျောက်ဆောင်တစ်ခုကိုသာတွေ့ကာ ထိုအပေါ်တွင် ကမ္မည်းရေးထိုးထားသည်။

“အကုန်လုံးမီးလောင်ထားကြတော့ ဘယ်သူက ဘယ်သူမှန်းမသိတာနဲ့ အတူတူမြှုပ်ထားပေးတယ်” ရှီမန်ချီ ရှင်းပြလေသည်။

ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် လျှောက်လာကြကာ ကျောက်ဆောင် ရှေ့တွင် ဒူးထောက်ကာ ပြောလေသည် “အဖေ အမေ အဘိုး အဘွား ပြီးတော့ မျိုးနွယ်ကလူတွေအကုန်လုံး မလိမ္မာတဲ့သမီးပြန်လာပါပြီ”

“ဖန်လေးလည်း ပြန်လာပါပြီ”

သူတို့ပြောပြီးသည်နှင့် အတူကန်တော့ကြလေသည်။

ရှီမန်ဖန် ထလိုက်သော်လည်း ရှီမာယူယူ၏ ခေါင်းသည် မြေပေါ်တွင် ရှိ နေသေးသည်။

“အစ်မ…”

“ငါ့ကိုနေခွင့်ပေး ဖန်လေး” ရှီမာယူယူ၏ နှာခေါင်းသံပေါက်နေသော အသံသည် အနည်းငယ်လေးနေကာ ထပ်ငိုတော့မည့်ပုံပင်။

ရှီမန်ချီနှင့် အဒေါ်ယိတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ “ဒါဆို ငါတို့အရင်သွားနှင့်မယ် သမီးတို့ ဂါရဝပြုပြီးတာနဲ့ ပြန်လာခဲ့တော့ လီအာ သွားကြမယ်”

ရှီမန်လီသည် ရှီမာယူယူအားကြည့်ပြီး ခေါင်းရမ်းလိုက်သည် “သမီး အစ်မကြီးနဲ့ အစ်ကို၂တို့ကို အဖော်ပြုပေးချင်တယ်”

ရှီမာယူယူ မြေပေါ်တွင် မှောက်ကာငိုနေသည်ကိုတွေ့သောအခါ ရှီမန်ဖန်၏ မျက်လုံးများသည်နီရဲလာသည်။ သူမကို ဝမ်းမနည်းရန် သူ နှစ်သိမ့် ပေးချင်သော်လည်း သူကိုယ်တိုင်ပင်မလုပ်နိုင်သဖြင့် အပြစ်မကင်းဖြစ်နေ သော သူမကို တစ်ယောက်တည်းလွှတ်ထားလိုက်သည်။

ရှီမာယူယူ ခေတ္တမျှငိုပြီးနောက်တွင် ထကာ ပြောလိုက်သည် “အဖေ အမေ ပြီးတော့ မျိုးနွယ်ကလူတွေအားလုံးပဲ သမီး ရှီမာယူယူက အကုန်လုံးရဲ့ ဂူရှေ့မှာ ကန်တော့ပြီးပါပြီ၊ အဖေတို့အတွက် ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန် နန်းတော်တို့ကို သေချာပေါက် ဖျက်ဆီးပစ်ပြီး လက်စားချေပေးပါမယ်”

သို့သော် သူမ ထိုလူများကိုသတ်လိုက်လျှင်တောင် သူတို့သည် အသက်ပြန်ရှင်မလာပေ။ ထိုအကြောင်းအားတွေးမိသောအခါ သူမ ပိုငိုကြွေး မိသည်။

သူမ ရင်ကွဲနာကျနေသည်ကိုကြည့်ပြီး ရှီမန်လီလည်း မျက်ရည်များကျ လာသည်။

ရှီမန်ဖန်သည် သူ၏ ဝမ်းနည်းမှုကို ဖုံးကွယ်မနေတော့ပဲ မျက်ရည်များကို ပါးပြင်သို့ကျဆင်းခွင့်ပြုလိုက်သည်။

မောင်နှမသုံးယောက်သည် တစ်နာရီကျော်ငိုပြီးနောက်တွင် တဖြည်းဖြည်း စိတ်ငြိမ်ကာပြီး ရှီမန်ဖန်သည် သူတို့ကိုထူလိုက်သည်။

“အစ်မကြီး ထပ်မငိုတော့နဲ့ အစ်မဝမ်းနည်းနေတာကို အဖေနဲ့အမေ လည်းမြင်ချင်မှာမဟုတ်ဘူး၊ သူတို့ရှိတုန်းက အစ်မကိုအချစ်ဆုံးပဲ အစ်မ ဒီလို ငိုနေတာတွေ့ရင် သူတို့လည်းဝမ်းနည်းနေလိမ့်မယ်” ရှီမန်လီသည် သူမကို နှစ်သိမ့်လေသည်။

ပြောရင်းနှင့် သူမ မျက်နှာတွင် မျက်ရည်များစိုစွတ်နေဆဲပင်။

ရှီမာယူယူသည် သူမမျက်ရည်များကိုသုတ်ပေးကာ “အစ်မ မငိုတော့ ဘူး မင်းတို့လည်းမငိုကြတော့နဲ့၊ ဒါက အတိတ်ကအမှားတွေပဲ နောက်တစ်ခါ ကိုသူတို့ကိုလက်စားချေဖို့ စဉ်းစားရမယ်”

“အင်း မျိုးနွယ်အတွက် လက်စားချေမယ် ငါတို့လုပ်နိုင်တယ်”

“ပြန်ရအောင် မဟုတ်ရင် အဒေါ်ယိတို့ စိတ်ပူနေလိမ့်မယ်” ရှီမန်ဖန် သည် တောင်အောက်မှ အရိပ်နှစ်ခုကိုကြည့်ရင်း ပြောလေသည်။

“ကောင်းပြီ”

သူတို့ပို့ပြီးသည်နှင့် ထွက်မသွားပဲ တောင်အောက်တွင်စောင့်နေသည် ကို ထိုအခါမှပင် ရှီမာယူယူသတိထားမိတော့သည်။

ခြံအနောက်တွင် ရှောင်ချီထခုန်လေသည် “ယူယူ မျက်လုံးတွေဘာဖြစ် ထားတာလဲ ထပ်ငိုနေရင် မျက်လုံးကန်းတော့မယ်”

“အစ်မကြီး ဒါက…” ရှောင်ချီသည် ချစ်စရာကောင်းပြီး တက်ကြွ သည်ကို ရှီမန်လီ သဘောကျသည်။

ရှီမာယူယူသည် ရှောင်ချီ၏လက်ကိုဆွဲပြီး သူတို့ကိုဧည့်ခန်းသို့ခေါ်သွား လေသည် “အခုကို သေချာမိတ်မဆက်ပေးရသေးဘူး၊ ဒါက ပညာရှိ စံအိမ်တော်ရဲ့ မြင့်မြတ်သောသားတော် အစ်မရဲ့ စီနီယာ အစ်ကို ဝူလင်းယူ၊ ဒါက ရှောင်ချီ”

ထို့နောက် သူမသည် ရှီမန်ချီကိုကြည့်ကာ “ဦးလေးချီက အဘိုး၃ရဲ့ သားပဲ အဖေရဲ့ဝမ်းကွဲပဲ အဒေါ်ယိကလည်း နောက်ဦးလေးတစ်ယောက်ရဲ့ ဇနီးပဲ”

သူတို့သည် ပညာရှိစံအိမ်တော်၏မြင့်မြတ်သောသားတော်ဖြစ်သော ဝူလင်းယူ၏ သရုပ်မှန်ကို သံသယဝင်သော်လည်း နှစ်ဖက်လုံးသည် ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်ကြသည်။

“အစ်မကြီး အစ်မရဲ့ပုံစံပြောင်းသွားတော့ အစ်မလို့ခေါ်တာ အသား မကျတော့ဘူး” ရှီမန်လီ ဆက်ပြောလေသည် “အစ်ကိုလို့ခေါ်ရင်ရော”

ရှီမာယူယူ ရယ်မောလိုက်သည်။ သူမသည် လက်စွပ်လှည့်လိုက်ရာ မိန်းကလေးတစ်ယောက်ဖြစ်သွားလေသည်။

“ဒါက ဒါက…”

“ငါက မိန်းကလေးပဲ ထင်ယောင်ထင်မှားလက်စွပ်ကြောင့် ယောက်ျား လေးလို့မြင်နေတာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အပြင်မှာဆိုရင် တော့ ငါ့ကိုအစ်ကိုလို့ခေါ်ပါ”

“အင်း အစ်ကိုကြီး” ရှီမန်လီသည် ရယ်မောကာ ရှောင်ချီအား ကြည့်ရင်း နှင့် မနေသာတော့ပဲ သူမ၏ ပါးပြင်ကိုဆိတ်လိုက်သည် “ရှောင်ချီက ချစ်စရာ ကောင်းလိုက်တာ”

ယူယူ့ကြောင့်နှင့် ရှောင်ချီသည် သူမကိုမရိုက်သော်လည်း သူမလက်ကို ပုတ်ထုတ်ကာ ဆိတ်ခွင့်မပေးပေ။

“ဒီကလေးက ခေါင်းမာလိုက်တာ” ရှီမန်ချီ ပြောလေသည်။

“ရှောင်ချီ့ကိုကလေးလို့မမြင်နဲ့၊ သူမ တိုက်ခိုက်မှုအားက မနည်းဘူး သူမက အကြမ်းဖက်သမားပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဦးလေးချီ မယုံရင် စမ်းကြည့်လို့ရတယ် ဒါပေမဲ့ သမီးသတိမပေးဘူးလို့မပြောနဲ့နော်… ဦးလေး သူမကိုသေချာပေါက်မနိုင်ဘူး”

“ငါက ခန္ဓာကိုယ်ပျိုးထောင်ထားတာ၊ သူမက အရုပ်ကလေးလိုပဲ သေးသေးလေး၊ ငါမလုပ်ရက်ပါဘူး” ရှီမန်ချီ ပြောလေသည်။

“ဦးလေးချီ ကြွက်သားနဲ့အရိုးတွေဖြေလျော့အောင် ကူညီပေးလိုက်ပါဦး” ရှီမာယူယူသည် ရှောင်ချီကိုလွှတ်ပေးလိုက်သည်။

သူမကို ကလေးတစ်ယောက်ဟု ပြောသောလူအတွက် ရှောင်ချီသည် သူနှင့်ရှင်းချင်မိသည်။ ယူယူ၏ အမိန့်ကိုကြားပြီးသည်နှင့် သူမသည် ရှီမန်ချီ ဆီသို့ ပြေးထွက်ကာ ခြံဝန်းသို့ခေါ်သွားပြီး စတင်တိုက်ခိုက်ကြလေသည်။ ခဏအကြာ ခြံဝန်းထဲမှ ဝုန်းဒိုင်းအသံများထွက်လာပြီးနောက်တွင် အော်သံ များထွက်လာသည်။

“ယူယူ သူတို့ဒီအတိုင်းတိုက်နေတာ အဆင်ပြေပါ့မလား” အဒေါ်ယိ သည် စိတ်ပူနေလေသည်။

“ဦးလေးချီက အားမသုံးတာအတော်ကြာနေပြီ သူကြန့်ကြာနေပြီ သူ့ကြွက်သားနဲ့ အရိုးတွေပျော့အောင် ရှောင်ချီ့ကို လုပ်ခိုင်းလိုက်ပါ၊ ဘယ်သူ သိမလဲ ကြန့်ကြာနေတာကနေ လွတ်သွားမလားဆိုတာ” ရှီမာယူယူ ဆက် ပြောလေသည် “အဒေါ်ယိ မစိုးရိမ်ပါနဲ့ ရှောင်ချီက သူမ အကန့်အသက်ကို သူမ သိပါတယ်၊ အများဆုံးဖြစ်မှ ဦးလေးချီ ရက်နည်းနည်းလောက်နာမှာ၊ သူ ရလာမယ့် အကျိုးကတော့ အရိုက်ခံရတာကို ဘယ်တော့မှနောင်တရမှာ မဟုတ်ဘူး”

“တကယ်လား” အဒေါ်ယိသည် အနည်းငယ်စိုးရိမ်နေတုန်းပင် “ပြီးတော့ သူက ကလေးပဲရှိသေးတာ”

ရှီမာယူယူ ရယ်မောလိုက်သည် “ရှောင်ချီက လူသားမဟုတ်ဘူး သူမ အသက်နဲ့ဆိုရင် သမီးတို့အကုန်ပေါင်းတာထက်တောင် အသက်ကြီးသေး တယ် ဘာလုပ်ရမလဲဆိုတာ သူမ သိပါတယ်”

“ဝါး”

ရှီမန်လီသည် အစောကတည်းကပင်ကြည့်နေရာ ရှောင်ချီ၏ တိုက်ခိုက် မှုအားသည် သူမလက်များကို အလိုလိုပြန်ရုတ်စေလေသည်။ သူမသည် ဒီအတိုင်းပဲ ပါးကိုဆွဲလိုက်တာက သူမကိုလည်း ရိုက်ချင်သွားသလားမသိဘူး။

ရှီမန်ချီ၏ အားသည်လည်း မဆိုးလှပေ။ သူသည် ရှောင်ချီကြောင် တောင်တောင်လုပ်နေစဉ်တွင် နာရီဝက်လောက် ကြိုးစားလုပ်ဆောင်သည်။ နောက်ဆုံးတွင် သူ့မျက်နှာမှလွဲပြီး နေရာတိုင်းပင် ဆိုးဝါးစွာအရိုက်ခံရလေသည်။

***

All Chapters