← Chapters

ခန္ဓာကိုယ်အတွင်းရှိ ပြင်ပပစ္စည်း

Vol. 010 Ch. 908

ခန္ဓာကိုယ်အတွင်းရှိ ပြင်ပပစ္စည်း

Vol. 010 Ch. 908

နာရီဝက်အကြာတွင် ရှောင်ချီသည် လက်ကိုနောက်ပစ်ကာ မေးမော့ပြီး အောင်နိုင်သည့် ကြက်ဖသဖွယ်လျှောက်လာလေသည်။ တစ်ခုလိုအပ်နေ သည်မှာ ကြက်ဖတွန်သံဖြစ်သည်။

အဒေါ်ယိသည် ထွက်လာပြီး ရှီမန်ချီ၏ အခြေအနေကို စစ်ကြည့်လေ သည်။ ကြောင်တောင်တောင်အပြုံးနှင့် မြေကြီးပေါ်တွင် ဝပ်နေသော ရှီမန်ချီ ကိုတွေ့လိုက်သည်။ သူမ လျှောက်သွားကာ ပြောလိုက်သည် “ရှင် အရိုက်ခံ ရပြီး ရူးသွားတာလား”

ရှီမန်ချီသည် သူမအား ကြည့်ပြီး သွားဖြဲပြလေသည် “အဲကလေးက တကယ်ပဲ ကြမ်းတာပဲ၊ အရိုက်ခံရပြီး သက်တောင့်သက်သာဖြစ်တာ ဒါ ပထမ ဆုံးပဲ”

“အရိုက်ခံရတာကို ရှင်ပျော်နေတဲ့ပုံပဲ” အဒေါ်ယူသည် သူ့ကိုကန်လိုက် သည်။

“အာ မကန်နဲ့ နာတယ်” ရှီမန်ချီ အော်လေသည်။

“ဟင်း ထနိုင်လား” အဒေါ်ယိသည် သူ့ကို ထပ်ကန်ပြန်သည်။

“အား မကန်နဲ့လို့” ရှီမန်ချီသည် ထပ်အော်ပြန်သည်။

“ဒီလောက်အာရွှင်နိုင်သေးတာ ထနိုင်တယ်ဆိုတဲ့သဘောပဲ” အဒေါ်ယိ ပြောလိုက်သည် “လီအာ အထဲဝင်ရအောင်”

“အာ အာ အာ မသွားနဲ့လေ ငါထမရဘူး” ရှီမန်ချီ အော်လေသည်။

ရှီမာယူယူသည် သူတို့ကို တံခါးမှကြည့်နေလေသည်။ သူမ နှုတ်ခမ်းများ တွင် အပြုံးဖျော့ဖျော့ပေါ်လာသည်။

“အဒေါ်ယိ အဲဒါက ဦးလေးချီ လှုပ်လို့အဆင်ပြေမှာမဟုတ်ဘူးလို့ ရှောင်ချီ ပြောတယ်၊ သူ့ကိုတွဲပြီးခေါ်ခဲ့တာပိုကောင်းမယ်” သူမ သွားပြီး ရှီမန်ချီကို ဆေးကျွေးလိုက်သည်။

“ကောင်းပြီ ငါ တစ်ယောက်ယောက်ကိုခေါ်လိုက်မယ်” အဒေါ်ယိသည် ပြောပြီးသည်နှင့်မကြာခင်တွင် လူနှစ်ယောက်နှင့်ပြန်လာပြီး ထမ်းစင်ပါယူ လာလေသည်။

လူနှစ်ယောက်သည် ရှီမန်ချီကို ထမ်းစင်ပေါ်တင်ကာ သူ့ခြံဝန်းဆီသို့ ခေါ်သွားလေသည်။

“အစ်မကြီး ဦးလေးချီ အဆင်ပြေပါ့မလား” ရှီမန်လီသည် သူ အရိုက်ခံ ရသည်ကို မျက်မြင်တွေ့ထားသဖြင့် မေးလေသည်။

“နှစ်ရက်နေရင် အဆင်ပြေသွားလိမ့်မယ်” ရှီမာယူယူ ပြန်ဖြေလေ သည်။ “လာခဲ့ မင်းခန္ဓာကိုယ်ကိုစမ်းကြည့်ရအောင်”

“ညီမ…” သူမ ခန္ဓာကိုယ်ကို စမ်းသပ်မည်ဟုကြားသည်နှင့် သူမ စိတ်လှုပ်ရှားသွားသည်။

“သူမ အဆင်ပြေနေတာကို ဘာစစ်ဖို့လိုလို့လဲ” ရှောင်ချီသည် မနားမလည်စွာမေးလေသည်။

“အမေ လီအာကို ကိုယ်ဝန်လွယ်ထားတုန်းက ငါ သူတို့ကို ပြုစုပေးခဲ့ တယ်၊ လီအာမွေးတော့ သူမက အံ့ဖွယ်အဆင့်ပဲ” ရှီမာယူယူ ရှင်းပြလေသည် “ဒါပေမဲ့ ဒီလောက်နှစ်တွေကြာနေတာကို သူမက အံ့ဖွယ်အဆင့်နိမ့်ပဲရှိသေး တယ်၊ သူမက အရည်အချင်းရှိတာကို ဒီလောက်နှစ်တွေအကြာကြီးအဆင့် မတက်ခဲ့ဘူး”

“အံ့ဖွယ်အဆင့်နဲ့မွေးတယ်ဟုတ်လား” ရှောင်ချီသည် ပင့်သက်ရှိုက်ကာ ရှီမန်လီအား လောကအသစ်တစ်ခုကြည့်သလိုကြည့်လေသည်။

“သူမ ဒီလောက်နှစ်တွေကြာတာကို အဆင့်မတက်တာ တကယ် ထူးဆန်းတယ်” ရှီမန်ဖန် ပြောလေသည် “လီအာ မင်း ကျင့်ကြံတုန်းကို တစ်ခုခုမှားနေတာကို ရှာတွေ့လား”

ရှီမန်လီသည် ခေါင်းရမ်းလိုက်သည် “မရှိပါဘူး ဒါပေမဲ့ ညီမ ဝိညာဉ် စွမ်းအင်ကို စုပ်ယူတော့ သူတို့ဘယ်သွားလဲဆိုတာ မသိဘူး”

“အဲလောက်ထူးဆန်းလား” ရှောင်ချီသည် သူမကိုစိုက်ကြည့်လိုက် သည် “ခန္ဓာကိုယ်ထဲမှာ အပေါက်များရှိနေသလား”

“အာ…”

ရှီမန်လီ၏ မျက်နှာမှာ မည်းသွားသည်။ သူမ ခန္ဓာကိုယ်မှာ အပေါက်ရှိ တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ လူသားခန္ဓာကိုယ်မှာ ဘယ်လိုလုပ် အပေါက် ရှိရမှာလဲ။

“ငါစမ်းကြည့်မယ်၊ ပြဿနာကိုစောစောရှင်းထားတာကောင်းတယ်” ရှီမာယူယူသည် အရင်က အဆိပ်မိထားခြင်းကြောင့် သူမ မကျင့်ကြံ နိုင်သည့်အကြောင်းကို ပြန်တွေးလိုက်သည်။ သူမသာ ပြန်မွေးဖွားလာခြင်း မရှိခဲ့ပါက သူမ တစ်ဘဝလုံးကို အလဟသဖြစ်ကာ နေသွားပေမည်။

သူမသာ ကျင့်ကြံခြင်းမရှိပါက ချိပ်ပိတ်ထားသော သူမ၏ အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်သည် ပွင့်လာမည်မဟုတ်ပေ။ အနည်းဆုံးတော့သူမ ဒီလိုဖြစ်မနေပေ။ သူမခန္ဓာကိုယ် ဘယ်အချိန်ပေါက်ကွဲမလဲဆိုသည်ကို စိုးရိမ် နေရမည်မဟုတ်ပေ။

“လီအာ အစ်မကြီးစမ်းခိုင်းလိုက်” ရှီမန်ဖန် ပြောလေသည်။

“အင်း”

သူမ ပျင်းရိသည့်အတွက် သူတို့ငေါက်ငမ်းမည်ကို ရှီမန်လီကြောက်နေ သည်။ အခု သူတို့သည် သူမကိုမငေါက်သည်ကိုမြင်သောအခါ စိတ်မလှုပ်ရှား တော့ပေ။

ရှီမာယူယူသည် သူမခန္ဓာကိုယ်ကို စမ်းသပ်ကြည့်ရာ ပြဿနာမရှိသည် ကိုတွေ့လိုက်ရသည်။ ထို့နောက်တွင် သူမသည် စစ်ဆေးရင်းနှင့် ကျင့်ကြံခိုင်း သည်။ ခဏအကြာတွင် သူမကိုရပ်ခိုင်းလိုက်သည်။

“အစ်မ ပြဿနာရှာတွေ့လား” ရှီမန်ဖန် မေးလိုက်သည်။

ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် “လီအာရဲ့ ခန္ဓာကိုယ်က အရမ်း ထူးဆန်းတယ်၊ ပြဿနာကမရှိဘူး၊ ဒါပေမဲ့ သူမပြောသလိုဆိုရင် သူမခန္ဓာ ကိုယ်ထဲဝင်တဲ့ ဝိညာဉ်စွမ်းအင်တွေက ပျောက်သွားတယ်၊ တစ်ခုခုက စုပ်ယူ လိုက်သလိုပဲ”

“စုပ်ယူတယ်ဟုတ်လား” အခန်းထဲမှ အကုန်လုံး မျက်မှောင်ကြုတ်လိုက် သည်။

“ဝိညာဉ်စွမ်းအားတွေက နေရာတစ်ခုတည်းကိုသွားတာလား” ဝူလင်းယူ မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလေသည် “ဝိညာဉ်စွမ်းအင်က သူမ သွေးကြောတွေကိုမရောက်ပဲနဲ့ ခန္ဓာကိုယ်ထဲရောက်တာနဲ့ ပျောက်သွားတယ် တစ်နေရာတည်းမှာ ပျောက်သွားကြတာ၊ စီနီယာအစ်ကို ဘာတွေဖြစ်နေလဲ ဆိုတာ သိလား”

“ငါ ပညာရှိစံအိမ်တော်မှာတုန်းက စာအုပ်တစ်အုပ်ဖတ်ဖူးတယ်၊ မင်း ပြောသလိုနဲ့ ဆင်တယ်”

“ဘာပြောထားလဲ”

“ယိုပေါက်… အများစုကတော့ သူတို့ခန္ဓာကိုယ်ထဲမှာ တိုင်းတစ်ပါး ပစ္စည်းပါနေတာပဲ” ဝူလင်းယူ ပြောလေသည်။

“လီအာရဲ့ခန္ဓာကိုယ်ထဲမှာ ပြင်ပပစ္စည်းရှိနေတယ်လို့ ပြောလိုက် တာလား၊ လီအာရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူတာ အဲဒါဖြစ်မလား” ရှီမန်ဖန် မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒါခန့်မှန်းချက်ပဲရှိသေးတယ်” ဝူလင်းယူ ပြောလိုက်သည် “အမှန် ဟုတ် မဟုတ်ကို မင်းညီမကိုမေးကြည့်လိုက်လေ”

“ထပ်စမ်းကြည့်မယ်” ရှီမာယူယူ ပြောလိုက်သည် “လီလေး ထပ်လုပ် ကြည့်”

“အင်း” ရှီမန်လီသည် ခေါင်းညိတ်ကာ ကျင့်စဉ်ကိုထပ်လုပ်ကာ ရှီမာယူယူ၏ အံ့ဖွယ်အာရုံကို သူမခန္ဓာကိုယ်ထဲဝင်စေလိုက်သည်။

ရှီမာယူယူ၏ အံ့ဖွယ်အာရုံသည် လူတစ်ယောက်အသွင်ပြောင်းကာ သူမ၏ ဝိညာဉ်စွမ်းအားကို သွေးကြောထဲဆင်းသွားသည့်နောက်လိုက်သွား လေသည်။ သူမ ပင်မအကြောနားရောက်သောအခါ သူမကိုစုပ်ယူလိုက်သလို ခံစားရကာ ဝိညာဉ်စွမ်းအင်လည်း ထိုနေရာသို့ရောက်သွားလေသည်။

သူမ မတန့်ပြန်ခင်မှာပင် အမှောင်နေရာတစ်ခုသို့ စုပ်ယူခံသွားရလေ သည်။

“လီအာရဲ့ခန္ဓာကိုယ်ထဲမှာ ဘာလို့ဒီလိုနေရာရှိနေတာလဲ” သူမ ရေရွတ် လိုက်သည်။

“ဝူး….”

ထူးဆန်းသောအသံတစ်ခုသည် သူမ၏ အာရုံကိုဖမ်းစားလိုက်သည်။ သူမသည် အသံနောက်လိုက်သွားရာ ဝိညာဉ်စွမ်းအားသည် အဖြူရောင်မြူ ကဲ့သို့အရာတစ်မျိုးဆီသို့ ုစုပ်ယူခံလိုက်ရလေသည်။

လုံးဝန်းသောအလုံးသည် နှာခေါင်းမရှိ၊ ပါးစပ်မရှိ၊ နားရွက်မရှိ၊ မျက်လုံး တစ်စုံသာ မျက်တောင်ခတ်နေသည်….

ရပြီ… ဒီမှာပဲ ပြင်ပပစ္စည်းဆိုတာ…

ရှီမာယူယူသည် အံ့သြသွားသည်။ ဒီလိုပြင်ပပစ္စည်းက လူတစ်ယောက် ရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုရှိနေတာလဲ။

“အာ….”

ရှီမာယူယူ ထိုအလုံးကိုမြင်သောအခါ ထိုအရာသည် ကြောက်ရွံ့သည့် အလား ရုတ်တရက်အော်လေသည်။ မျက်နှာပုံစံသည် မျက်နှာပြင်တွင် ပေါ် လာကာ ရှီမာယူယူ၏ အံ့ဖွယ်အာရုံအသွင်ပြောင်းထားသည့် လူလေးကို ကြည့်လေသည်။

“ဘယ်သူ ဘယ်သူလဲ ဘယ်လိုဖြစ်ပြီးဒီကိုလာတာလဲ”

“မင်းက စကားပြောနိုင်တာလား” ရှီမာယူယူ လျှောက်သွားသော်လည်း တစ်မီတာအကွာလောက်တွင် တစ်စုံတစ်ခုသည် သူမကို တားဆီးထားလေ သည်။ “မင်းကဘာလဲ ဘယ်လိုဖြစ်ပြီး ငါ့ညီမခန္ဓာကိုယ်ထဲရောက်နေတာလဲ”

“အာ… မလာနဲ့” အလုံးသည် အော်လေသည် “ခန္ဓာကိုယ်ပိုင်ရှင်က မဝင်နိုင်ဘူး မင်းဘယ်လိုဝင်လာတာလဲ”

ရှီမာယူယူသည် ထိုအော်နေသောအရာကို စစ်းဆေးလုကိသည်။ အသံ မှာချစ်စရာကောင်းသော်လည်း သူ့ပုံစံကြောင့် ရှုပ်ထွေးသွား၍မဖြစ်ပေ။

ခန္ဓာကိုယ်ထဲမှာ တခြားသူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူတတ်တဲ့ တွယ်ကပ်နေတဲ့အရာတစ်ခုက ကောင်းတဲ့အရာတော့မဟုတ် ဘူး။

“မင်းငါ့မေးခွန်းကိုအရင်ဖြေ၊ ဘာလို့ဒီကိုရောက်နေတာလဲ” ရှီမာယူယူ မေးလိုက်သည် “မပြောဘူးဆိုရင် ချက်ချင်းပဲ မင်းကိုဖျက်ဆီးလိုက်မယ်”

“ငါ ငါ မသိဘူး၊ ငါနိုးလာတော့ ဒီရော်ကနေတာပဲ” အလုံးကပြန်ဖြေလေ သည်။

“မင်းက ဘယ်လိုပစ္စုည်းလဲ” ရှီမာယူယူ မေးလေသည်။

“ငါက ပစ္စည်းမဟုတ်ဘူး၊ မင်းကမှ ပစ္စည်းပဲ” အလုံးသည် တစ်ခုခုမှား နေသည့်အလား အလိုလို ပြန်ချေပလေသည်။ သူသည် စိတ်ဆိုးစွာ မျက်လုံး ပြူးပြလေသည်။

ရှီမာယူယူ၏ နှုတ်ခမ်းများတွန့်သွားသည်။ ဒီကောင်မှာ စိုးရိမ်စရာ ကိစ္စ ရှိနေတာလား။ အစက သူ့ကို ကြမ်းမောင်းဖို့မဟုတ်ဘူးလေ။

“မင်းက ဘာလဲဆိုတာ ငါ့ကိုပြောပြ၊ ဘာလို့ငါ့ညီမရဲ့ ဝိညာဉ်စွမ်းအင် တွေကို စုပ်ယူနေတာလဲ၊ မင်းသေပြီးမှ သနားသလိုလုပ်လို့ရတယ်၊ ယုံယုံ မယုံယုံ ငါမင်းကိုသေအောင် မီးရှို့လို့ရတယ်”

သူမသည် ကြက်သွေးရောင်မီးတော်ကိုဆင့်ခေါ်ပြီး အလုံးကို စိုက်ကြည့် လေသည်။

***

All Chapters