အလုံးလေး
Vol. 010 Ch. 909
အလုံးလေးသည် ရှီမာယူယူလက်ထဲမှ မီးတော်ကိုမြင်သောအခါ အော်လေသည်။ အာ… သူ့ခန္ဓာကိုယ်နှင့် မျက်နှာသည် အနောက်သို့တွန့်သွား ကာ အလုံးအဖြစ် လုံးဝပြောင်းသွားလေသည်။
“ပုန်းတာလား မင်းငါ့ကိုမပြောရင် ချက်ချင်းပဲ မင်းကို သေအောင် မီးရှို့ ပစ်မယ်” ရှီမာယူယူ ခြိမ်းခြောက်လေသည်။
“ငါ့ကိုမီးမရှို့ရင် ပြောပြမယ်” အလုံးလေး တုန်ယင်နေသည်။
“မင်း အရင်ထွက်လာခဲ့”
“မီးတော်ကိုအရင်သိမ်း” အလုံးလေးသည် ငြင်းဆန်လေသည်။
ထိုမီးတော်ကိုကြည့်ရင်းနှင့် ကြောက်ရွံ့မှုများပိုတိုးလာကာ ထိုမီးတောက်သည် သူ့ကို တကယ်ပင်သတ်နိုင်သည်ဟု ပြောနေသလိုပင်။
ရှီမာယူယူ ခံစားချက်ကင်းမဲ့နေသည်ကိုကြည့်ပြီး အလုံးလေး ဆက် ပြောလေသည် “ငါက မင်းညီမလေးနဲ့ စာချုပ်ချုပ်ပြီးနေပြီ၊ ငါသေရင် သူမလည်းသေမှာပဲ”
“စာချုပ်ဟုတ်လား မင်းက စာချုပ်ချုပ်ထားရင် ငါ့ညီမကအဲအကြောင်း ဘာလို့မသိတာလဲ” ရှီမာယူယူသည် သူ့စကားများကို သံသယဝင်လေသည်။
“ငါက ဘယ်သူ့ခန္ဓာကိုယ်ထဲသွားသွား သူတို့က လက်ခံသူဖြစ်နေတာ ငါက ပုံစံမှမရှိသေးတာ သူမ ဘယ်သိမလဲ” အလုံးလေး ဆက်ပြောလေသည် “မင်းမီးတောက်ကို မြန်မြန်သိမ်းလိုက်”
သူကြောက်ပြီးတုန်နေသည်ကို ရှီမာယူယူမြင်ပြီးနောက် သူမကို မဖီဆန်ရဲဟု တွေးပြီး မီးတောက်ကိုသိမ်းလိုက်သည် “ဆက်ပြော”
အလုံးလေးသည် မီးတောက်အပူပျောက်ကွယ်သွားပြီဟု ခံစားရသည် နှင့် မျက်လုံးထွက်လာကာ ဘာအန္တရာယ်မှမရှိသည်ဟု သေချာသည်နှင့် မျက်နှာပုံစံပေါ်လာပြီး မေးလေသည် “မင်းကိုဘာပြောပြရမှာလဲ”
“….” ရှီမာယူယူသည် နှုတ်ခမ်းထောင့်ကို တွန့်ချိုးလိုက်သည်။ သူမ သည် ထိုအရာကိုရိုက်ချင်စိတ်ဖြစ်မိသည် “ငါမင်းကိုမေးနေတာ ငါ့ညီမ ခန္ဓာ ကိုယ်ထဲဘာလို့ရောက်နေတာလဲ”
“ငါပြောပြီးပြီလေ မသိဘူးလို့ ငါနိုးလာတော့ ဒီကိုရောက်နေပြီလို့” အလုံးလေးသည် အပြစ်မရှိသလိုကြည့်သေလည်။
“ဘယ်လိုမျိုး…” သူမသည် အရာဆိုသည်ကို ပြောချင်သော်လည်း စဉ်းစားကြည့်ပြီးနောက် ပြောင်းမေးလိုက်သည် “မင်းကဝိညာဉ်သားရဲလား”
“ဟုတ်တယ်”
“ဘယ်လိုဝိညာဉ်သားရဲအမျိုးအစားလဲ”
“ငါက ပုံစံတောင်မပေါ်သေးဘူး ဘာအမွေမှလည်းမရထားဘူး၊ အဲတော့ အခုထိမသိသေးဘူး”
“ဘာလို့ ငါ့ညီမရဲ့ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူတာလဲ”
“သူမက ငါ့ရဲ့လက်ခံသူဖြစ်နေလို့လား၊ သူမခန္ဓာကိုယ်ကနေပဲ ငါ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တယ်”
စကားလုံးများသည် မထီမဲ့မြင်သံများပါနေသည်။ ဒီလိုတုံးတဲ့မေးခွန်းကို ဘယ်လိုမေးနိုင်ရတာလဲ။
ရှီမာယူယူသည် သူ့ကိုရိုက်ပစ်ချင်သည့် ဒေါသကိုထိန်းချုပ်ကာ မေး လိုက်သည် “မင်းက ငါ့ညီမနဲ့ စာချုပ်ချုပ်ထားတယ်လိုှ့ပြောတယ် ဘယ်လို သက်သေပြမှာလဲ၊ ငါ့ညီမက မခံစားနိုင်သေးလို့ ပုံစံဖော်လို့မရသေးတာလို့ ငါ့ကို မပြောနဲ့ အဲအကြောင်းပြချက်က ဘောင်မဝင်ဘူး”
“အဲဒါက အကြောင်းပြချက်ပဲလေ” အလုံးလေး ပြောလေသည်။
“တကယ်လား”
“ဒါပေါ့”
“မင်းနဲ့ သူမကြားက ဆက်သွယ်မှုက အားနည်းနေလို့ သူမ ခံစားလို့မရ တာလေ၊ ဒါဆို ငါ မင်းကိုသတ်သင့်တယ်လို့ထင်တယ်၊ မဟုတ်လည်း သူမ အဆင်ပြေမှာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “သူမ ဒဏ်ရာရင်တောင် သူမကို ကုပေးဖို့ ငါ့မှာယုံကြည်ချက်ရှိတယ်”
“မင်း….”
“မင်းငါ့ကိုမယုံရင် စမ်းကြည့်လိုက်လေ” ရှီမာယူယူသည် သူမ လက်ချောင်းကို လှုပ်လိုက်ပြီး မီးတောက်ထပ်ထုတ်မည့်ပုံလုပ်လေသည်။ အလုံးလေးသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့လာသည်။
“မဟုတ်ဘူး မဟုတ်ဘူး သူမ ခံစားလို့ရအောင် ငါ့မှာနည်းလမ်းရှိတယ်” အလုံးလေးသည် အော်လေသည်။
“သြော် ရှိတာလား”
“တကယ်ရှိတယ် ငါ့အားတော့ကုန်မှာ” အလုံးလေး မလိုလားစွာ ပြော လေသည်။
“မြန်မြန်လုပ်လိုက်” ရှီမာယူယူ ပြောလိုက်သည်။
အလုံးလေးသည် လှည့်လိုက်သည်။ ဘာလုပ်မှန်းတော့မသိသော်လည်း ခဏအကြာတွင်ပြောလေသည် “ပြီးပြီ ငါတို့ကြားက အဆက်အသွယ်ကို သူမ ခံစားလို့ရပြီ”
ရှီမာယူယူသည် အတည်ပြုရန်မလောပေ။ နောက်မှ လီအာကို မေးလျှင် သိပေမည်။
“ဒီနှစ်တွေမှာ လီအာ စုပ်ယူတဲ့ဝိညာဉ်စွမ်းအားတွေကို မင်းအကုန်စုပ်ယူ ထားတာလား” ရှီမာယူယူ မေးလေသည်။
“…. အင်း” အလုံးလေးသည် အားမရှိစွာ ဖြေလေသည်။
“ထင်ထားတဲ့အတိုင်းပဲ ဝိညာဉ်စွမ်းအင်တွေကို မင်းကစားသွားတာပဲ အဲဒါကြောင့် ဒီလောက်နှစ်တွေကြာတောင် သူမက မတိုးတက်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
အလုံးလေးသည် ထိုအရာအားကြားပြီးနောက်တွင် လက်ခံသူကို အားနာသွားသည်။ သူလှုပ်လိုက်ရာ သူ၏ မျက်နှာပြန်ပေါ်လာသည်။
“မင်း ဘယ်လောက်ကြာအောင် စုပ်ယူမလို့လဲ” ရှီမာယူယူ မေးလိုက် သည် “သူမ မသိတဲ့သူအတွက် တစ်သက်လုံးကျွေးသွားရမှာလား၊ အဲလိုဆို ရင်တော့ မင်းတည်ရှိမှုကို လိုအပ်တယ်လို့မထင်ဘူးပဲ…”
ပြောရင်းနှင့် သူမ မီ်းတောက်ထပ်ထုတ်ပြန်သည်။
“မလိုဘူး မလိုဘူး အများဆုံး ၃နှစ် ၅နှစ်ကနေ ၁၀နှစ်ပဲ” အလုံးလေး သည် လျင်မြန်စွာပြောလေသည် “ငါက အားကြီးတယ် ငါ့ကိုသတ်ရင် အလဟသဖြစ်သွားလိမ့်မယ်”
အလုံးလေးသည် ထိခိုက်သလိုခံစားရကာ သူတည်ရှိမှု၏ ရည်ရွယ်ချက် ကို လျင်မြန်စွာသက်သေ ပြလေသည်။
ဒီမိန်းကလေးက လက်ခံသူထက်တောင် ညှိနှိုင်းရတာပိုခက်သေးတယ်။ သူမ ခန္ဓာကိုယ်သာဆိုလို့ကတော့ ခဏလေးနဲ့ ရှာတွေ့မှာပဲ။ ပြီးတော့ ဒီမိန်းကလေးက နှလုံးသားမဲ့လွန်းတယ်။ ငါ့ကို တကယ်ပဲသတ်တော့မယ့်ပုံနဲ့။
ငါကို လက်ခံတဲ့ပိုင်ရှင်က နူးညံ့တဲ့နှလုံးသားရှိသေးတယ်။
“၃ ၅နှစ်ကနေ ၁၀နှစ်ကကြာလွန်းတယ်” ရှီမာယူယူ ပြောလိုက်သည် “အခုက သူမကျင့်ကြံရမယ့်အချိန်ပဲ သူမက မင်းအတွက်နဲ့အချိန်ကုန်သွား ရင် အချည်းနှီးဖြစ်သွားမှာ”
“ဒါပေမဲ့ ပုံစံပေါ်အောင်လုပ်ပြီးသွားရင် ငါက အားကောင်းလာမှာ” အလုံးလေးသည် သူ၏ ရည်ရွယ်ချက်ကို ခိုင်မာစွာ ခွဲခြမ်းပြလေသည်။
“အဲလိုဖြစ်ဖို့ကို မင်းအသက်ဆက်ရဦးမယ်လေ” ရှီမာယူယူ ပြောလေ သည်။
“မင်းငါ့ကိုမသတ်မှာ ငါအသက်ရှင်မှာ”
“ဒါပေမဲ့ မင်းက ငါ့ညီမရဲ့ အချိန်တွေကို နှစ်တွေအများကြီးကုန်တောင် လုပ်ထားတာ၊ မင်းကိုနေခွင့်မပေးနိုင်ဘူး”
“မင်းက နှလုံးသားမဲ့တဲ့လူပဲ၊ မင်းညီမအတွက် လုံးဝမစသ်းစားဘူး၊ ပြီးတော့ မင်းကို သူမလွမ်းတာက အလကားပဲ၊ သူမက မင်းကြောင့်နဲ့ မကြာ ခဏငိုတာကို” အလုံးလေး အော်လေသည် “မင်း ငါ့ကိုသတ်ရင် သူမ ဒဏ်ရာ ရမှာပဲ သူမ ထိခိုက်လိမ့်မယ်”
“ငါ သူမကိုကုနိုင်တယ်” ရှီမာယူယူ စိတ်မဝင်စားစွာပြောလေသည်။
“သူမ ဝမ်းနည်းသွားမှာပဲ”
“သူမက မင်းကိုမှမသိတာ၊ ဝမ်းမနည်းပါဘူး”
အလုံးလေးသည် ဘာပြောရမှန်းမသိကာ သန်မာသည်ကိုပင် ထပ်ပြော လေသည် “ငါ အားကောင်းတယ် ငါက အားကောင်းတယ်”
“ငါမမြင်မိပါဘူး မင်းက သူမဝိညာဉ်စွမ်းအင်ကိုခိုးတာပဲတွေ့ရတယ်၊ သူမ အားထုတ်ထားတာတွေက မင်းကြောင့် အလဟသဖြစ်သွားတာပဲ”
“ငါ ပုံစံဖြစ်ပြီးသွားရင် အားအကုန်လုံးကို သူမကိုပြန်ပေးမှာ၊ နှစ်ဆ” အလုံးလေးသည် ပြောရင်းနှင့် စိတ်မြူးလာကာ “ဟုတ်တယ် အဲကျရင် သူမကို အားနှစ်ဆပြန်ပေးမှာ၊ အဲဒါကြောင့် အခု သူမ အားထုတ်တာက အလကားမဖြစ်ဘူး”
ရှီမာယူယူသည် မျက်မှောင်ကြုတ်လေသည်။ ဒီလိုမျိုးရှိသေးတာလား။
“ငါက မင်းကိုဘာလို့ယုံရမှာလဲ”
“မဟုတ်လည်း ငါအခုပြောတာကို မင်းမှမယုံတာ၊ ဒါပေမဲ့ တကယ် အဲလိုပဲ” အလုံးလေး ပြောလေသည်။
“တခြားနည်းလမ်းရှိသေးလား” ရှီမာယူယူ ရုတ်တရက်မေးလေသည်။
“ဘာနည်းလမ်းလဲ သက်သေပြဖို့လား” အလုံးလေး မေးလေသည် “ဘာနည်းလမ်းမှမရှိဘူး ငါပုံစံပြောင်းပြီးရင် တွေ့လိမ့်မယ်”
“ငါပြောတာက မင်းစောစောပုံစံပေါ်အောင်လုပ်ဖို့ တခြားနည်းလမ်းကို ပြောတာ” ရှီမာယူယူ ဆက်ပြောလေသည် “မင်း အားပဲလိုတာမလား၊ ငါ မင်းကို အားပေးနိုင်တယ်၊ ပုံစံပြောင်းသင့်တယ်မလား”
အလုံးလေးသည် စဉ်းစားပြီးနောက် ပြောလေသည် “အဲလိုထင်တယ် ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာ ငါမသိဘူး”
“ဘာလုပ်ရမလဲ ငါသိတယ်” ရှီမာယူယူ ဆက်ပြောလေသည် “မင်း စောစောပုံစံပြောင်းဖို့ နည်းလမ်းကိုငါစဉ်းစားမယ်၊ ဒါပေမဲ့ မင်းလိမ်မယ်ဆိုရင် တော့ ငါ့မီးတောက်အရသာကို မင်းကိုပေးစမ်းမယ်၊ စမ်းကြည့်ချင်လား”
“မစမ်းချင်ဘူး” အလုံးလေးသည် မစဉ်းစားပဲ ငြင်းဆန်လိုက်သည်။
“မစမ်းချင်မှတော့ ငါ့ကိုမလိမ်တာကောင်းမယ် ငါ့ကိုလိမ်မယ်ဆိုရင် တော့…” ရှီမာယူယူသည် မင်းသိသွားမယ်ဆိုသည့် အဓိပ္ပာယ်နှင့် ကြည့်လေ သည်။
“မလိမ်ဘူး မလိမ်ဘူး ငါမင်းကိုမလိမ်ဘူး” အလုံးလေး ကတိပေးလေ သည်။
“မလိမ်ဖို့မျှော်လင့်ပါတယ် ငါထွက်ပြီး လီအာကိုမေးမယ် သူမ စာချုပ်ကို မခံစားရဘူးဆိုရင် မင်းကိုပြန်လာရှာမယ်”
သူမပြောပြီးနောက်တွင် သူမ၏ အံ့ဖွယ်အာရုံသည် ပျောက်ကွယ်သွား ကာ သူ့ရှေ့မှ ပျောက်သွားလေသည်။
အလုံးလေးသည် သူမထွက်သွားသည်ကို သေချာအောင်လုပ်ပြီးနောက် တွင် သက်ပြင်းရှည်ချကာ နစ်နာသလိုခံစား၇လေသည်။
ဒီမိန်းကလေးက စိတ်ခက်ထန်လိုက်တာ၊ ကြောက်လို့သေတော့မယ် ဟူး ဟူး…
ထိုအရာသည် ပုံစံမပြောင်းခင်ကတည်းကပင် ရှီမာယူယူကို ကြောက်ရွံ့ ခဲ့သဖြင့် အလုံး၏ရင်ထဲတွင် အရိပ်ကျန်နေခဲ့ကာ ပုံစံပြောင်းလိုက်လျှင်တောင် သူမကို ကြောက်ရွံ့မည်ဖြစ်သည်။
သူ့ရင်ထဲတွင် ယူယူသည် တစ်ဘဝလုံးစာ စာရင်းမည်းတွင် ဝင်သွားလေပြီ။
***