← Chapters

အလုံးလေး (၂)

Vol. 010 Ch. 910

အလုံးလေး (၂)

Vol. 010 Ch. 910

သူမ၏ အံ့ဖွယ်အာရုံသည် ရှီမန်လီ၏ခန္ဓာကိုယ်မှထွက်ခွာချိန်တွင် ရှီမာယူယူ မျက်လုံးများဖွင့်လိုက်သည်။

“အကြောင်းအရင်းကိုရှာတွေ့လား” ရှီမန်ဖန် မေးလိုက်သည်။

ရှီမာယူူယူ ခေါင်းညိတ်လိုက်သည် “လီလေးနိုးလာပြီးရင် ငါတို့ဆွေးနွေး လို့ရတယ်”

ပုံမှန်အခြေအနေများတွင် ကျင့်ကြံရာတွင် တခြားသောအခြေအနေသို့ ဝင်ရခြင်းကြောင့် ဝိညာဉ်သခင်များသည် တခြားသူများရှေ့တွင် မကျင့်ကြံနိုင် ကြပေ။ အနှောင့်ယှက်ခံရလျှင်လည်း ကျင့်ကြံမှုဖြစ်စဉ်မှာ အန္တရာယ်ပိုများ သည်။

ရှီမန်လီသည် ရှီမာယူယူနှင့် ရှီမန်ဖန်တို့ကို စိတ်ချသဖြင့် သူတို့ရှေ့တွင် ပင် ကျင့်ကြံမှုအဆင့်သို့ဝင်သည်။

ရှီမာယူယူ၏ စကားဆုံးသည်နှင့် ရှီမန်လီ နိုးလာသည်။

သူမသည် ယူယူ၏ အံ့ဖွယ်အာရုံပျောက်ကွယ်သွားသည်ကို ခံစားမိ သည်။ သို့သော် သူမသည် လက်စသတ်နေသဖြင့် အနည်းငယ်နောက်ကျ လေသည်။

“အစ်မကြီး” သူမသည် ရှီမာယူယူအား ကြည့်လိုက်သည်။

“လီအာ ညီမလေးခန္ဓာကိုယ်ထဲမှာ စာချုပ်သားရဲတစ်ကောင်ရှိနေတာ ခံစားမိလား” ရှီမာယူယူ မေးလိုက်သည်။

“စာချုပ်ဟုတ်လား လီလေးက ဘယ်တုန်းကစာချုပ်သားရဲရှိသွားတာလဲ”

သူမ မေးလိုက်ချိန်တွင် ဝူလင်းယူနှင့် တခြားသူများသည် အများကြီး မတွေးမိပေ။ သို့သော် အဒေါ်ယိသည် အံ့သြစွာအော်ရင်းဝင်လာသည်။

ရှီမန်လီ ခေါင်းညိတ်လိုက်သည် “ဝိညာဉ်သားရဲနဲ့ ထူးခြားတဲ့ဆက်သွယ် မှုတစ်ခုရှိတာကို တကယ်ခံစားမိတယ်”

“ယူအာ ဘာတွေဖြစ်နေတာလဲ၊ လီအာရဲ့ခန္ဓာကိုယ်မှာ ဘာလို့စာချုပ် သားရဲရှိနေတာလဲ”

“လီအာရဲ့အားက ဒီလောက်နှစ်တွေအများကြီးမှာမတိုးတက်ခဲ့ဘူး အဲဒါ ကြောင့် သူမ ခန္ဓာကိုယ်ကိုစမ်းသပ်ကြည့်တာ” ရှီမာယူယူ ရှင်းပြလေသည် “သူမခန္ဓာကိုယ်ထဲမှာ အလုံးတစ်ခုရှိတာက အခုလေးတင် သမီးတွေ့လိုက် တယ်၊ သူက လီအာနဲ့စာချုပ်ရှိတယ်လို့ သမီးကိုပြေတာယ်၊ ခန္ဓာကိုယ်ထဲ ဝင်တဲ့ ဝိညာဉ်စွမ်းအားတွေကို အဲအလုံးကစုပ်ယူသွားလို့ပဲ သူမက မတိုးတက် တာ”

“တကယ်ပဲ တစ်ခုခုရှိနေတာပဲ” ရှောင်ချီ အော်လေသည်။

ရှီမာယူယူ ခေါင်းညိတ်လေသည်။

“အကြောင်းအရင်းကိုရှာတွေ့မှတော့ အခု ဖြေရှင်းဖို့လွယ်သွားပါပြီ” ရှီမန်ဖန် ပြောလေသည် “ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ စာချုပ်သားရဲ တစ်ယောက်က ဘယ်လိုအရာမျိုးပါလိမ့်”

လီအာ၏ခန္ဓာကိုယ်ထဲမှ အလုံးလေးသည် မျက်လုံးလှန်မိသည်။ ဒီမောင်နှမနှစ်ယောက်လုံးက သူ့ကို အရာဝတ္ထုလို့ခေါ်လိုက်တာလား။

“သူက ပုံစံမပေါ်သေးဘူးလို့ပြောတယ်၊ ပြီးတော့ သူ့မှာအမွေဆက်ခံ ထားတာမရှိတော့ ဘယ်လိုဝိညာဉ်သားရဲအမျိုးအစားလဲဆိုတာမသိသေးဘူး” ရှီမာယူယူ ပြောလေသည် “ပုံစံမပေါ်သေးတော့ အဲဒါရှိနေတာကို လီအာ ခံစားလို့မရတာ”

“အလုံးက လီအာရဲ့ဝိညာဉ်စွမ်းအားကိုစုပ်ယူပြီး အင်အားတွေရနေတာ ပဲ… အဲလိုဆိုရင်…. လီအာဘာလုပ်ရမလဲ” အဒေါ်ယိ ပြောလေသည်။

ရှီမာယူယူသည် သူမ ရခဲ့သောအချက်အလက်များအားလုံးကို ပြောပြ လိုက်သည်။ အမြဲတမ်းရှိသွားမည်မဟုတ်သည်ကို သိလိုက်သောအခါ အားလုံး စိတ်အေးသွားရသည်။

“အချိန်လိုတယ်ဆိုပေမယ့် မျှော်လင့်ချက်ရှိသေးတယ်” အဒေါ်ယိ မှတ်ချက်ပေးလေသည်။ “ပြီးတော့ နောက်ကို နှစ်ဆပြန်ပေးမှာဆိုတော့ အခု ကျင့်ကြံတာရဲ့ နှစ်ဆနဲ့ညီမျှတယ်”

“အလုံးက လီအာရဲ့ဝိညာဉ်စွမ်းအားကို စုပ်ယူထားတော့ တခြား နည်းလမ်းတွေလုပ်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျင့်ကြံတာကို အထောက်အကူပြုတဲ့ ဆေးမဟုတ်ရင် ဝိညာဉ်ကျောက်လိုမျိုးသုံးလို့ရတယ်”

သူမတွင် ထိုအရာများ ချို့တဲ့ခြင်းမရှိပေ။

“စမ်းကြည့်ကြတာပေါ့” ရှီမန်ဖန် ပြောလိုက်သည်။

“အင်း”

ရှီမာယူယူသည် ရှီမန်လီလက်ထဲသို့ ဝိညာဉ်ကျောက်တုံးပေးလိုက်ပြီး ထိုကျောက်တုံးနှင့် စမ်းပြီးကျင့်ကြံစေသည်။

ရှီမန်လီသည် ဝိညာဉ်ကျောက်တုံးယူကာ ပါဝင်သောဝိညာဉ်စွမ်းအား များကို စတင်စုပ်ယူလသေည်။ သူမ၏ သွေးကြောအနီးသို့ ဝိညာဉ်စွမ်းအင် ရောက်သည်နှင့် ခံစားမိလေသည်။ သူမ ကျင့်ကြံမှုကိုရပ်ကာ ပျော်ရွှင်စွာ ပြောလေသည် “အလုပ်ဖြစ်တယ်”

“ဒါဆို ဒါကိုစမ်းကြည့်” ရှီမာယူယူသည် သူမကို ဆေးတစ်လုံးပေးလိုက် သည်။

ရှီမန်လီသည် ဆေးကိုသောက်ပြီး မျက်လုံးမှိတ်ကာ ကျင့်ကြံလေသည်။ အကျိုးကိုခံစားရလေသည်။

“အကုန်အလုပ်ဖြစ်တဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါဆို ဒါကရှင်းဖို့လွယ်သွားပါပြီ”

“ဘယ်လိုစာချုပ်သားရဲဖြစ်မလဲမသိဘူး” ရှောင်ချီသည် စားပွဲပေါ်တွင် လက်တင်ကာ စပ်စုစွာပြောလေသည်။

“ပုံစံပေါ်လာရင် သိရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ရှောင်ချီသိချင်လိုက်တာ စောစောကိုသိချင်တာ” ရှောင်ချီ ပြောလေ သည်။

“ငါလည်းသိချင်တယ်” အဒေါ်ယိသည် ရှီမန်လီကိုကြည့်လေသည်။ ထိုနှစ်ပေါင်းများစွာကြာပြီးသည့်တိုင် သူမခန္ဓာကိုယ်ထဲတွင် စာချုပ်သားရဲရှိ နေသည်ကို သူတို့မသိခဲ့ကြပေ။

သူမ အဆင့်တက်ရန် ပြဿနာမရှိတော့သည်ဟုသိသည်နှင့် ရှီမန်လီ သည် ပျော်ရွှင်ကာ တစ်နေကုန်ပြုံးနေလေသည်။

ကိစ္စတချို့ကြောင့် ရှီမာယူယူသည် တောင်ကြားတွင် ရက်အနည်းငယ် နေခဲ့သည်။ ပြီးနောက် အသည်းကွဲတောင်ကြားကိစ္စဖြေရှင်းရမည်ဟု ပြောပြီး ထွက်ခဲ့ကြသည်။

သူမသည် ရှီမန်လီကိုပါ ခေါ်ပြီးမှထွက်ခဲ့သည်။

ရှောင်ချီသည် သူမ၏ မူလပုံစံအတိုင်းဖြစ်သည်။ ဝူလင်းယူနှင့် ရှီမန်ဖန် တို့သည် တခြားသူများ သူတို့၏ မူလပုံစံကိုမမှတ်မိရန် ရုပ်ပြောင်းကြသည်။

ဝူလင်းယူ ရုပ်ပြောင်းရခြင်းရည်ရွယ်ချက်မှာ သူ့သရုပ်မှန်ကို သိသွားကြ ပါက ပြဿနာများတက်နိုင်ခြင်းကြောင့်ဖြစ်သည်။ ရှီမန်ဖန်၏ ရည်ရွယ်ချက် မှာ ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်တို့ အမြင်မှရှောင်တိမ်းရန်ဖြစ် သည်။

လမ်းတွင် ရှီမာယူယူသည် အားလုံးကို ဝိညာဉ်စေတီအတွင်းထည့်ခေါ် လာခဲ့သည်။

အစပိုင်းတွင် ရှီမန်လီသည် မြင်ကွင်းပြောင်းသွားသည်ကို မြင်သောအခါ ကြာပန်းနက်လောကအသေးသို့ဝင်သွားသည်ဟု ထင်ခဲ့သည်။ သို့သော် သူမ အနီးကပ်ကြည့်သောအခါ လောကအသေးနှင့် ကွာခြားသည်ကို တွေ့လိုက်ရ သည်။

“အစ်မကြီး ဒါကဘယ်လဲ” သူမသည် ဝိညာဉ်စေတီအတွင်းမှ အရင်းအမြစ်များကိုမြင်သောအခါ တအံ့တသြမေးလေသည်။

“ဒါက ဝိညာဉ်စေတီပဲ အစ်မနေရာပဲ” ရှီမာယူယူ ပြန်ဖြေလေသည်။ “ဒီမှာ ဝိညာဉ်စွမ်းအားပိုများပြီး အချိန်သွားနှုန်းကလည်းမြန်တယ် အပြင်မှာ ၁ရက်က ဒီမှာ၁၀ရက်ကြာတယ်၊ ဒီမှာကျင့်ကြံရင် တစ်ဝက်လောက်အားစိုက် ပေမယ့် ရလဒ်ကနှစ်ဆရမှာ၊ ပြီးတော့ ညီမလိုချင်တာကို ဝိညာဉ်လေးက ထောက်ပံ့ပေးလိမ့်မယ် ပိုအဆင်ပြေမှာပါ”

“ဝိညာဉ်လေးဟုတ်လား”

ရှီမန်လီသည် ဝိညာဉ်လေးက ဘယ်သူဖြစ်ကြောင်းကို မေးချင် သော်လည်း သူမ မမေးခင်တွင် အရုပ်ကလေးတစ်ရုပ်သည် သူတို့ရှေ့တွင် ပေါ်လာသည်။ ရှီမာယူယူ ပြောလိုက်သည် “ဝိညာဉ်လေး လီအာက ဒီမှာ ကျင့်ကြံလိမ့်မယ် သူမအခြေအနေကို စောင့်ကြည့်ပေး”

“ကောင်းပါပြီ ယူယူ” ဝိညာဉ်လေး ပြောလိုက်သည်။

ရှီမန်လီ၏ သိချင်စိတ်ပြင်းပြနေသော မျက်လုံးများကို ကြည့်ပြီး ယူယူ ရှင်းပြလေသည် “ဝိညာဉ်လေးက ဝိညာဉ်စေတီရဲ့ ဝိညာဉ်ပဲ၊ သူက ဘာမဆို ကူညီပေးနိုင်တယ်”

“ရှေးဟောင်းဝိညာဉ်ရှိသေးတာလား”

“ဝိညာဉ်စေတီရဲ့ အံ့အားသင့်စရာတွေကတော့ တဖြည်းဖြည်းပေါ်လာ ဦးမှာ၊ ဘာပဲဖြစ်ဖြစ် အဲဒါတွေက နောက်မှပါ” ရှီမာယူယူ ပြုံးလိုက်သည် “ဒီမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ လူတချို့လည်းရှိကြတယ်၊ နောက်မှ အခွင့်အရေးရ ရင် သူတို့ကိုတွေ့လိုက်ပေါ့ သူတို့က အစ်မရဲ့လူကြီးတွေ”

“ညီမ သူတို့ကို သွားမနှောင့်ယှက်တော့ပါဘူး” ရှီမန်လီ ပြောလေသည်။

ရှီမာယူယူသည် သူမကို ဝိညာဉ်စေတီအတွင်း လှည့်ပတ်ပြသပြီး အခြေချပြီးနောက်တွင် ထွက်သွားလေသည်။

သူတို့ဂျီမြို့တော်သို့ပြန်ပြီးနောက်တွင် အမှတ်တရစားသောက်ဆိုင်သို့ သွားကြလေသည်။ ရှင်းမိုသည် ဆိုင်တာဝန်ခံနှင့် သူမ တွေ့ရန်ခေါ်သွားလေ သည်။ နောက်ဆိုလျှင် သူမသည် ဂျီမြို့တော်အတွင်းရှိ ကိစ္စရပ်များအတွက် သူတို့ကို အားကိုးရမည်။ သူတို့ကိုသိထားပါက အမိန့်ပေးရန် သူမအတွက် ပို လွယ်သွားမည်။

“ဒီနားမြို့တွေက တခြားဆိုင်တာဝန်ခံတွေကိုပါ ခေါ်ပေးရမလား” ရှင်းမို မေးလေသည်။

“မလိုပါဘူး ငါ ဒီအတိုင်းကြည့်ကြည့်မယ်၊ မင်းအလုပ်များနေတာကို ငါ့ အတွက်နဲ့ ဒီလောက်ရက်အများကြီးနေပေးတာ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ငြင်းဆန်လေသည်။

“ရက်နည်းနည်းကုန်သွားတာက ကိစ္စမရှိဘူး၊ မင်းဒီမှာ ဂိုဏ်းထောင်ချင် တယ်ဆိုရင် နောက်ကို သူတို့ကိုလုပ်ခိုင်းရမှာတွေများလိမ့်မယ်” ရှင်းမိသည် အမှတ်တရစားသောက်ဆိုင်မှ တာဝန်ခံများကိုခေါ်ရန် လူတစ်ယောက်ကို ပြောလိုက်လေသည်။

ရှီမာယူယူသည် အစပိုင်းတွင် ရှီချန်းကျိကိုခေါ်ကာ အသည်းကွဲတောင် ကြားသို့သွားရန်ဖြစ်သည်။ မထင်မှတ်စွာပင် သူမနှင့် အမှတ်တရစားသောက် ဆိုင်တာဝန်ခံများ၏ အစည်းအဝေးပွဲဖြစ်သွားရသည်။ သူတို့နှင့်တွေ့ပြီး ရက် များစွာကုန်ပြီးနောက်တွင် အသည်းကွဲတောင်ကြားသို့သွားလေသည်။

ရှင်းမိုသည် ပြန်သွားသည်။ သူသည် သူမနောက်လိုက်ပြီး အသည်းကွဲ တောင်ကြား၏ပြဿာနာကိုဖြေရှင်းပေးလိုသော်လည်း ရှင်းမိသားစုသည် ပြဿနာတစ်ခုနှင့်ရင်ဆိုင်နေရသည်။ လုပ်စရာများနေသဖြင့် သူ ပြန်သွားရ မည်။

ရှီမာယူယူသည် သူ့ကိုပို့ပြီးနောက် ရှီချန်းကျိနှင့် အသည်းကွဲ တောင်ကြား သို့သွားလေသည်။

***

All Chapters