ပထမဆုံးပြဿနာကိုဖြေရှင်းခြင်း
Vol. 010 Ch. 911
အသည်းကွဲတောင်ကြားသို့နောက်တစ်ခေါက်ပြန်ရာ ရှီမာယူယူ၏ ခံစားချက်သည် အရင်တစ်ခေါက်နှင့် လုံးဝကွာခြားနေလေသည်။
အရင်တစ်ခေါက်က သူမခံစားချက်မှာ လေးလံကာ အပြစ်မကင်းသလို ခံစားရလေသည်။ သူမ ဒီတစ်ခေါက်ပြန်လာရာတွင် ထိုပြဿနာအပေါ် အာရုံ စိုက်ထားသည်။ သူမ မိသားစုလက်စားချေရန်အတွက် ဂိုဏ်းတည်ထောင်ရန် အားလုံး အတူကြိုးစားရမည်။
ရှီချန်ကျိသည် အဆိပ်များစုဆောင်းရန် ထိုနေရာကို အရင်ကရောက်ဖူး သည်။ ထို့ကြောင့် သူထိုနေရာနှင့် ရင်းနှီးပြီးသားဖြစ်သည်။
“အောက်ဆင်းပြီးကြည့်ကြမယ်” ရှီမာယူယူ ပြောလိုက်သည်။
ရှီချန်းကျိ ခေါင်းညိတ်လေသည်။ ထိုနေရာသည် အစဉ်အမြဲပြောင်းလဲ နေသောကြောင့် နောက်ထပ်စစ်ဆေးရန် လိုသည်။ ထို့အပြင် ထိုနေရာသည် အလွန်အန္တရာယ်များလာသည်။
“အဆိပ်ဖြေဆေးထုတ်မယ်ဆိုရင် ဆင်းတာအကေားင်းဆုံးပဲ”
“ကျွန်တော်လည်းအဲလိုထင်တယ်” ရှီမာယူယူ သဘောတူလေသည် “ဖန်လေး မင်းဆင်းစရာမလိုဘူး”
ရှီမန်ဖန် ခေါင်းညိတ်လေသည်။ သူသာ ဆင်းပါက သူတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်သွားနိုင်သည်။ အပေါ်တွင် သူတို့ကိုစောင့်ခြင်းက ပိုကောင်းမည်။
“ဒါနဲ့ အဒေါ်၃ ကိစ္စရှင်းတာ ဘယ်လိုလဲဆိုတာ သွားကြည့်လိုက်ဦး၊ အောင်မြင်တယ်ဆိုရင် သူမကို ဒီကိုခေါ်ခဲ့လိုက်၊ ဒီမှာ သူမအတွက် ပစ္စည်း ကောင်းတွေရှိတယ်” ရှီမာယူယူ ထပ်လောင်းပြောလိုက်သည်။
“နှင်းပိုးကောင်အုံကိုပြောတာလား” ရှီမန်ဖန် မေးလေသည်။
“အသည်းကွဲတောင်ကြားမှာ နှင်းပိုးကောင်အုံရှိတယ်လို့ သူမပြောခဲ့ တယ်မလား၊ ငါတို့ဆင်းသွားလို့ အချိန်ရရင် ရှာကြည့်မယ်” ရှီမာယူယူ ပြော လိုက်သည်။
“အင်း ငါအဒေါ်၃ကိုသွားရှာလိုက်မယ်”
“ချက်ချင်း အလောတကြီးပြန်လာစရာမလိုဘူး ငါတို့အဲလောက်မမြန် ဘူး”
“ငါသိပါတယ်”
ရှီမန်ဖန်သည် ပြန်ဖြေပြီးနောက် လှည့်ထွက်သွားလေသည်။
“ဖန်လေး ခဏလေး” ရှီမာယူယူ ခေါ်လိုက်သည် “ငှက်လေးကိုခေါ်သွား”
ရှီမာယူယူသည် ငှက်လေးကိုဆင့်ခေါ်ကာ သူ့နောက်လိုက်သွားရန် အမိန့်ပေးလိုက်သည်။
ထိုနေရာသည် ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်တို့နှင့် မဝေးလှ ပေ။ အန္တရာယ်တစ်စုံတစ်ရာဖြစ်လာပါက ငှက်လေးသည် အကူအညီခေါ်နိုင် ပြီး သူမကို စာချုပ်ကတစ်ဆင့် ဆက်သွယ်နိုင်သည်။
ရှီမန်ဖန်သည် မငြင်းဆန်ပေ။ သူမကို စိတ်အေးစေပါက သူလုပ်ရန် ဆန္ဒ ရှိသည်။
ရှီချန်းကျိသည် ငှက်လေး၏ ကျောပြင်ကိုကြည့်နေသည်။ “ဒါကဂဠုန်ဘ ဘုရင်မလား လွှမ်းမိုးမှုကြီးတယ်လေ”
ရှီမာယူယူသည် သူ့ကိုတစ်ချက်ကြည့်လိက်ပြီး “သူ လွှမ်းမိုးမှုရှိလား မရှိဘားစမ်းကြည့်လေ”
“အင်း မလိုပါဘူး” ရှီချန်းကျိသည် လျင်မြန်စွာပင် ခေါင်းရမ်းလေသည်။
လက်ရှိဂဠုန်ဘုရင်သည် အလွန်အားကောင်းလှသည်မဟုတ် သော်လည်း ငှက်မျိုးနွယ် အုပ်လိုက်တွေ့ပါက သူက ဘယ်လိုလုပ် သူတို့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။
“သွားရအောင်” ဝူလင်းယူ လောလေသည်။
သူတို့လေးယောက်သည် ကမ်းပါးမှဆင်းသွားပြီး ပြီးခဲ့သည့်တစ်ခေါက် ဆင်းခဲ့သည့်နေရာတွင်ပင် ဆင်းသက်လိုက်ကြသည်။ သူတို့သည် အပြင်ဘက်နှင့် အတွင်းပိုင်းများ၏ မြေမျက်နှာသွင်ပြင်ကို လှည့်ပတ်ကြည့် ကြသည်။
သူတို့ရေပေါက်ကိုဖြတ်သွားချိန်တွင် ဖားပြုတ်သည် ထွက်လာရန် ကြောက်လွန်းသဖြင့် ကန်အောက်ခြေတွင်သာနေနေလေသည်။
လှည့်ပတ်လျှောက်ပြီးနောက်တွင် ရှီချန်းကျိသည် သူမ လိုအပ်သည့် အရာကို ယေဘုယျနားလည်သွားသည်။
“အတွင်းပိုင်းတွေကိုမသွားဘူးလား” သူ မေးလေသည်။
“မသွားဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “အတွင်းပိုင်းက အဆိပ် အဆင့်က မြင့်လွန်းတယ်၊ ကျွန်တော်တို့အချိန်ကလည်း အများကြီးမရဘူး၊ အပြင်ဘက်နဲ့ အလယ်ပိုင်းကို ဖြတ်သွားဖို့ပဲလိုတာ၊ အတွင်းပိုင်းဒေသတွေက ကျ နောက်ထပ် အချိန်ထပ်စောင့်နေရမယ်”
“ဒါဆို ဖြေရှင်းဖို့လွယ်ပါတယ်” ရှီချန်းကျိ ပြောလေသည် “ငါက အတွင်း ပိုင်းက အဆိပ်တွေကို မလေ့လာဖူးဘူး၊ အဲဒါလုပ်ဖို့ဆို ၁နှစ်ကနေ ၂နှစ်ကြာ နိုင်တယ်”
“သိပြီ အဲနေရာကို အရှေ့ကနေဖြတ်သွားဖို့ပဲလိုတာ” ရှီမာယူယူ ပြော လိုက်သည်။
“ငါ အရင်က အတွင်းပိုင်းနဲ့အလယ်ပိုင်းက အဆိပ်တွေကို လေ့လာဖူး တယ်၊ မင်းဘာတွေလိုတာလဲ” ရှီချန်းကျိ မေးလေသည်။
“ရိုးရိုးရှင်းရှင်းထိန်းသိမ်းလို့ရတာဆိုကောင်းမယ်၊ အနံ့အသက်တစ်ခု ချင်းစီအတွက် ဖြေဆေးမလိုချင်ဘူး၊ ဖြေဆေးသောက်ရတာကို ဒုက္ခရောက် လိမ့်မယ်” ရှီမာယူယူ ပြောလေသည်။
“အဲလောက်အများကြီးကို တစ်ခုတည်းနဲ့လုပ်ဖို့ မဖြစ်နိုင်ဘူး” ရှီချန်းကျိ ပြောလေသည် “ငါတို့ ဧရိယာတွေကို အမျိုးမျိုးခွဲပြီး ခန့်မှန်းဖို့လိုတယ်”
“အမျိုးမျိုးကတော့ရပါတယ် မများရင်ပေါ့” ရှီမာယူယူ ပြောလေသည် “ပဋိပက္ခမဖြစ်စေတဲ့ ဆေးမျိုးဆိုအကောင်းဆုံးပဲ၊ ဥပမာဆိုရင် ဘာနဲ့မဆို တွဲ စားလို့ရတဲ့ဆေးမျိုး”
“အဲဒါက ခက်တာပဲ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး အချိန်ပို ကြာလိမ့်မယ်” ရှီချန်ကျိ ပြောလေသည် “စောင့်နိုင်တယ်ဆိုရင်တော စောင့်လို့ ရတယ်”
“ဘယ်လောက်ကြာမှာလဲ”
“ငါတစ်ယောက်တည်းဆို ၁နှစ်တော့ကြာလိမ့်မယ်” ရှီချန်းကျိ ပြန်ဖြေ လေသည် “မင်းပါ ပါမယ်ဆိုရင် နှစ်ယောက်အား ရလဒ်တော့ ရလောက်ပါ တယ်”
သူမတွင် အဆိပ်များနှင့်ပတ်သတ်ပြီး အတွေ့အကြုံရှိသည်ဟု ကျန်းကျူရှန့်ပြောဖူးသည်။ သူ့အသံကိုနားထောင်ရသလောက်တော့ သူ၏ အဆိပ်အရည်အချင်းမှာလည်း မနိမ့်ပေ။
သူမသည် အချိန်ကိုတွက်ချက်ကာ “ကျွန်တော့်မှာ အချိန် ၁၀လရှိတယ်၊ ကိစ္စတွေလုပ်ဖို့ တစ်လလိုတယ် အများဆုံးတော့ ကျွန်တော့်မှာ ၉လအချိန်ရှိ တယ် မဟုတ်ရင်လည်း ခင်ဗျားတစ်ယောက်တည်း ကိုယ့်ဘာသာလုပ်ပေါ့”
ရှီချန်းကျိသည် သူမအားကြည့်လိုက်သည်။ သူက စွန့်ပစ်ခံရသလို ဘာလို့ခံစားမိသွားတာလဲ။
“ဒါဆို ဘယ်တော့စကြမလဲ”
“အခုပဲစလို့ရတယ်၊ ငါပစ္စည်းအကုန်ယူခဲ့တယ်” ရှီချန်းကျိ ပြန်ဖြေလေ သည် “မင်းမှာအချိန်ရရဲ့လား”
“ဒါဆို အခုပဲစမယ်”
ရှီမာယူယူလည်း စောစီးစွာ စတင်ချင်သည်။ အတွေ့အကြုံရှိသူမှ ဦးဆောင်သဖြင့် ထိုပြဿနာကိုဖြေရှင်းရန် မခက်လောက်ပေ။
အခြေအနေ တိုးတက်မှုမှာ သူမထင်ထားသည့်အတိုင်းပင်။ ရှီချန်းကျိ၏ အဆိပ်အရည်အချင်းမှာ ကောင်းလွန်းသည်။ ထပ်ပေါင်းရလျှင် သူသည် ထိုနေရာတွင် လေ့လာမှုတချို့ပါလုပ်လိုက်ကာ သူမပါပေါင်းလုပ်ရသဖြင့် ၁နှစ်ကြာမည့် လေ့လာမှုမှာ နှစ်တစ်ဝက်နှင့် ဖြေရှင်းပြီးလေသည်။
ယာယီစမ်းသပ်ခန်းအတွင်းတွင် အရွယ်အစား၊ အရောင်အမျိုးမျိုးဖြင့် အဆိပ်ဖြေဆေး၈မျိုးတို့ကို စားပွဲအလယ်တွင် တင်ထားသည်။
“ဒီမှာ အခု ဧရိယာ၈ခုအတွက် ဖြေဆေး ၈မျိုးပဲ၊ အဲဒါတွေကို ထပ်ပြီး ပေါင်းချင်ရင် ပေါင်းလို့ရတယ်” ရှီချန်းကျိသည် ဖြေဆေးများကိုကြည့်လိုက် သည်။
ဖြေဆေးကို စမ်းသပ်ရာတွင် ဒီလောက်မြန်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် ရှီချန်းကျိ၏ လုပ်နိုင်စွမ်းကို လေးစားသွားသည်။
“ဒါဆို ပေါင်းကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “နောက်တစ်လ အတွင်း ကျွန်တော်တို့်အောင်မြင်ရင် ဖြေဆေးကို တစ်ဝက်လောက်လျော့လို့ ရမယ်၊ မဟုတ်ရင် ၈ခုလည်းရတာပဲ”
ရှီချန်းကျိသည်လည်း ဖြစ်နိုင်သည်ဟု တွေးသည်။ သို့သော် သူတို့သည် ဂိုဏ်းတည်ထောင်မည်ဟု တွေးလိုက်ရာ လူများမည်ဖြစ်သဖြင့် လိုအပ်မည့် ဖြေဆေးပမာဏမှာ ပြဿနာတစ်ခုဖြစ်လာနိုင်သည်။
သူမ တောင်းဆိုသဖြင့် သူလုပ်ပေးရန်သာရှိသည်။
ဖြေဆေးများပေါင်းစပ်ရခြင်းသည် မတူညီသောဧရိယာမှ ဖြေဆေးများ ကိုလေ့လာရသည်ထက် ပိုခက်ခဲသည်။ အကြောင်းမှာ ဆေးအာနိသင် ပဋိပက္ခများ ပါဝင်လာသည်။ တစ်ယောက်တွင် တာဝန်ကိုယ်စီဖြင့် လတစ်ဝက်အတွင်းတွင် ဖြေဆေး၈လုံးမှ ၄လုံးအထိ လျော့ချနိုင်လေသည်။
ရှီမာယူယူသည် ရလဒ်ကိုအလွန်ကျေနပ်လေသည်။ သူမသည် ရှီချန်းကျိကို ကျေးဇူးတင်စွာကြည့်ကာ “ကျေးဇူးတင်ပါတယ် ခင်ဗျားကြောင့် သာမဟုတ်ရင် ဖြေဆေးပြဿနာကိုဒီလောက်မြန်မြန်ရှင်းနိုင်မှာမဟုတ်ဘူး”
“ရပါတယ် မင်းငါ့ကို တကယ်ပဲကျေးဇူးတင်ချင်ရင် နောက်ကို ငါ မင်းနဲ့ အဆိပ်တွေအကြောင်းလေ့လာချင်ရင် ငါ့ကိုဂိုဏ်းအပြင်မှာသာ ပိတ်မထားနဲ့” ရှီချန်းကျိ ပြောလိုက်သည်။
“ဟီး ဟီး အချိန်ရရင် ကျွန်တော်မငြင်းပါဘူး”
“မငြင်းဘူး မေ့ပစ်မှာ” ရှီမာယူယူသည် စိတ်ထဲမှ စကားတစ်ခွန်းထပ် ပြောလိုက်သည်။
“မင်းအပြုံးက မရိုးသားဘူး” ရှီချန်းကျိ ပြောလေသည် “ဖြေဆေး ပြဿနာရှင်းပြီးပြီဆိုတော့ နောက်ပိုင်းတွေ ငါဝင်မပါတော့ဘူး၊ ငါ အဆိပ် တချို့စုပြီးတာနဲ့ အတွင်းပိုင်းဒေသကိုပြန်မယ်”
“ကောင်းပါပြီ” ရှီမာယူယူသည် သူ့ကို ဆွဲမထားချင်ပေ။ သူမတွင် လုပ်စရာများစွာရှိသေးသည်။ သူဘေးတွင်ရှိနေပါက လုပ်ရန်မလွယ်ကူပေ။
“နှုတ်ဆက်ပါတယ်”
“ခဏလေး” ရှီမာယူယူ သူ့ကိုတားလိုက်သည်။
“ဘာကိစ္စရှိသေးလို့လဲ” ရှီချန်းကျိ မေးလိုက်သည်။
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ခင်ဗျားတို့ ဂိုဏ်းခေါင်းဆောင်က ခင်ဗျားရဲ့ဆရာဖြစ်သလို ချူးရှောင်ရဲ့အဖေဖြစ်နေ တော့ ကျွန်တော် ပြောလိုက်မယ်၊ ကောင်းကင်ခွဲနတ်ဆိုးဓားက ထိန်းချုပ်ဖို့ မလွယ်ဘူး၊ အခု သူ့ရဲ့နတ်ဆိုးအကျင့်စရိုက်က ပြန်ဝင်လာပြီ၊ ခင်ဗျားဆရာက နတ်ဆိုးဓားရဲ့ နတ်ဆိုးအကျင့်ကို မထိန်းနိုင်ဘူးဆိုရင် သူက လူသတ်တဲ့စက် ဖြစ်လာမှာပဲ၊ ကျွန်တော်တို့် သဘောတူထားတဲ့အချိန်တစ်ခုအတွင်းတော့ ဒီ အကြောင်းကိုမဖော်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားအဲဒါကို ဂိုဏ်းအတွင်းမှာမထားသင့် ဘူး၊ ဂိုဏ်းပျက်စီးမယ့်လမ်းကြောင်းကို မသွားပါနဲ့”
***