ဘောလုံးကစားခြင်း
Vol. 010 Ch. 912
ရှီချန်းကျိသည် ရှီမာယူယူ၏ မျက်လုံးများကိုကြည့်လိုက်သည်။ ထိုအကြောင်းကြောင့် သူမ သူ့ကိုတားလိမ့်မည်ဟု မထင်ထားပေ။
“အဲစကားတွေကိုပြောပေးပါမယ်”
သူ၏ တုန့်ပြန်ချက်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို ရှီမာယူယူ နားလည်သည်။ သူသည် သူမစကားများကို အလေးအနက်မထားပေ။
သို့သော် အခုချိန်တွင် သူမသည် ဘာမှမလုပ်နိုင်ပေ။ ကောင်းကင်ခွဲပေါ် လာကာ သူမသည် လင်းလုံ၏ စွမ်းအားအပြည့်ကို မဖော်ပြနိုင်သေးပေ။ လင်းလုံ သူမလက်ထဲရှိနေသည်ကို လူများသိသွားပါက တရားမျှတမှုရှာဖွေ သူများဟု ခေါ်ကြသည့်လူများ စစ်ပွဲအတွက်တရားမျှတမှုဟု ဆိုကြကာ လင်းလုံနှင့် သူမကြားမှ စာချုပ်ဖျက်ကာ လင်းလုံအားခေါ်သွားကြပြီး သူမ နောက်အမဲလိုက်မည်ကို ကြောက်မိသည်။
ကောင်းကင်ခွဲ၏ သွေးဆောင်ဖြားယောင်းမှုမှာ အားကောင်းလှသည်။ တပ်မက်သည့်မည်သူမဆို မခံနိုင်ကြပေ။ ထို့ကြောင့် သူမ မတတ်သာပဲ လက်လျော့ရန် သူတို့ကို ဖိအားပေးရသည်။
“ကျွန်တော်က အကြံပဲပေးတာပါ”
“မင်းက ကောင်းစေချင်လို့ပြောတာနားလည်ပါတယ် ကျေးဇူးပဲ နှုတ်ဆက်ပါတယ်”
ရှီချန်းကျိသည် လှည့်ထွက်ပြီး အတွင်းပိုင်းဒေသများသို့ ပျံသွားလေ သည်။
သူထွက်သွားသည်အထိ ရှီမာယူယူစောင့်ပြီး အဆိပ်ဖြေဆေးများဆီသို့ အာရုံစိုက်လိုက်သည်။ ခေတ္တမျှစဉ်းစားပြီးနောက်တွင် သူမ ဖြေဆေးများကိုယူ ပြီး ဝိညာဉ်စေတီအတွင်းဝင်လေသည်။
လတစ်ဝက်အကြာ သူမထွက်လာချိန်တွင် ဖြေဆေး၄မျိုးသည် ၁မျိုး တည်းဖြစ်သွားလေပြီ။
သူမသည် မိခင်ကျောက်တုံးထုတ်ကာ ဝူလင်းယူကို ဆက်သွယ်လိုက် သည်။ မကြာမီတွင် သူနှင့်ရှောင်ချီတို့ အတူရောက်လာကြသည်။
“ယူယူ ရှောင်ချီတို့ပြန်တော့မှာလား” ရှောင်ချီသည် တဲလိုက်ကာကိုဖွင့် ရင်းပြေးဝင်လာသည် “ရှီချန်းကျိ ထွက်သွားပြီလား”
“အင်း”
“ဖြေဆေးတွေ့ပြီလား”
“ထုတ်ပြီးသွားပြီ ဒါပေမဲ့ သက်ရောက်မှုကိုစမ်းဖို့ လူရှာရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ငါစမ်းကြည့်မယ်” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “အစ်ကို့ရဲ့ ခန္ဓာကိုယ်မှာ နတ်ဆိုး မျိုးနွယ်ရဲ့ စရိုက်တွေရှိသေးတယ် အဲဒါကြောင့် မရဘူး”
“ရှောင်ချီ….”
“မင်းလည်းမရဘူး” ရှီမာယူယူသည် ရှောင်ချီုကိုကြည့်ပြီး ပြောလေ သည် “မင်းခန္ဓာကိုယ်ကိုမပြောနဲ့ မင်းက ဘာဖြေဆေးမှမသောက်ပဲနဲ့ကို တစ်ချိန်လုံး တောင်တစ်ခုလုံးကိုပြေးလွှားနေတာ မင်းကိုဖြေဆေးပေးတာ ဖြုန်းတီးတာပဲ”
ရှောင်ချီသည် နှာခေါင်းကိုပွတ်လိုက်သည်။ အာ… သူမ ပြောတာမှန် တာပဲ။
“ဒါဆို ဖြေဆေးစမ်းဖို့လူတစ်ယောက်ရှာရမှာပဲ”
“ယေဘုယျပြောရမယ်ဆိုရင် ဒီဖြေဆေးကအဆင်ပြေတယ်၊ ဒါပေမဲ့ သေချာအောင်လုပ်ဖို့ဆိုရင် လူရှာပြီးစမ်းခိုင်းတာပိုကောင်းမယ်၊ ဖန်ခိုင်တို့ပြန် လာရင် ကျုံကျန်းမျိုးနွယ်ကလူတစ်ယောက်ကို ဖမ်းခိုင်းရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကောင်းတယ်” ရှောင်ချီသည် သဘောတွေ့စွာ လက်ခုတ်တီး လိုက်သည်။
ရှီမာယူယူသည် ဖန်ခိုင်တို့ကိုဆက်သွယ်ကာ ပြန်လာရန်နှင့် လူတစ် ယောက်ဖမ်းလာရန် ပြောလိုက်သည်။
နီကာမြို့တော်သည် ထိုနေရာမှ မဝေးကွာလှပေ။ သူတို့သည် တစ်ရက် အကြာတွင် အဖြူရောင်ဝတ်ထားသောလူတစ်ယောက်နှင့်ပြန်လာသည်။
ထိုလူသည် သတိမေ့နေကာ ကြက်တစ်ကောင်လို အသယ်ခံလာရ သည်။
ရှီမာယူယူသည် သူ့ကိုမြင်လိုက်ချိန်တွင် မျက်အိမ်လှုပ်သွားသည်။
“သခင်လေး သူ့ကိုသိလို့လား” နီအန်းယီ မေးလိုက်သည်။
“ကျုံကျန်းမျိုးနွယ်မှာ ငါမသိတဲ့လူမများဘူး” ရှီမာယူယူ ပြန်ဖြေလိုက် သည် “သူက ကျုံကျန်းမျိုးနွယ်သခင်လေးရဲ့ အပေါင်းအပါ ကျုံးကျန်လော့ပဲ သူလည်းအဲညက အဲမှာရှိခဲ့တယ်”
“ကျွတ် တကယ့်ရန်သူကိုမှဖမ်းမိလာတာပဲ” နီအန်းယီ အော်လေသည် “သခင်လေး သူ့ကိုဘာလို့ဖမ်းခိုင်းတာလဲ”
“ဆေးစမ်းဖို့” ရှီမာယူယူ ပြန်ဖြေလေသည် “သူ့ကိုနှိုးလိုက်”
ကုန်ရန်သည် ဖြေဆေးတစ်ပုလင်းယူကာ ကျုံကျန်းလော့ကို ရှုခိုင်းလိုက် သည်။ သူနှာခေါင်းရှုံ့ကာ မျက်ခုံးတွန့်ရင်း နိုးလာသည်။
သူ သတိပြန်ရလာသည်နှင့် သူ အိမ်မှထွက်လာကာ လမ်းကြားကျဉ်း တစ်ခုသို့ချိုးလိုက်သည်နှင့် သူ့ရှေ့တွင် လူတစ်ယောက်ပိတ်ရပ်လိုက်သည်ကို ကျုံကျန်းလော့ မှတ်မိလိုက်သည်။ နောက်တော့… နောက်တော့ သူ သတိမေ့ သွားသည်။
အခု သူသည် နေရာစိမ်းတစ်ခုတွင်ရောက်နေသည်။ သူတို့က သူ့ကို ခေါ်လာတာဖြစ်ရမယ်။
သူသည် မြေပေါ်မှ လူးလိမ့်ထကာ သူစိမ်းများကိုကြည့်လိုက်သည်။ သူ မေးလိုက်သည် “မင်းတို့ဘယ်သူတွေလဲ၊ ဒီသခင်လေးကိုဘာလို့ဒီကိုခေါ်လာ တာလဲ၊ သတိထားနေ ဒီသခင်လေးက မင်းတို့ခေါင်းကိုဖြတ်ပစ်မယ်”
နီအန်းယီသည် သူ့ကိုကန်လိုက်ရာ ပျံတက်သွားပြီး မြေပေါ်သို့ ပြင်းထန် စွာကျသွားလေသည်။
“မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ၊ ငါတို့ခေါင်းကိုဖြတ်ဖို့ မင်းမှာ အရည်အချင်းရှိတယ်လို့ တကယ်ထင်နေတာလား၊ ဟင် ငါ့ဓားချက်ခုတ်တာ ကို ယုံရင်တော့ မင်းလက်မောင်းနဲ့သက်သေပြလို့ရတယ်”
“အာ နာလိုက်တာ” ကျုံကျန်းလော့သည် မတ်တတ်ရပ်ကာ ဗိုက်ကိုဖိ ထားလေသည်။ သူ သူတို့ကိုကြည့်လိုက်သည်။ တစ်ယောက်ချင်းစီတွင် လူသတ်မည့် အရိပ်အယောင်များတွေ့ရသည်။ သူ ခက်ခဲစွာပြောလိုက်သည် “မင်းတို့နဲ့ ငါဘာရန်ကြွေးမှမရှိဘူး၊ ငါ့ကိုဘာလို့ဖမ်းလာတာလဲ၊ မင်းတို့ဘာလို ချင်တာလဲ ငါတို့ဆွေးနွေးလို့…”
ထိုကန်ချက်နှင့်အတူ သူ့ကိုယ်သူ သခင်လေးဟု မခေါ်နိုင်တော့ပဲ အပြောချိုလာသည်။
“ကျုံကျန်းလော့ မင်းက အရင်အတိုင်းပဲ၊ အားနည်းတဲ့သူတွေကို အနိုင် ကျင့်တုန်းပဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းဘယ်သူလဲ ငါ မင်းကိုမသိဘူး” ကျုံကျန်းလော့သည် ရှီမာယူယူ အားကြည့်လိုက်သည်။ သူသည် ပြန်တွေးရန်ကြိုးစားသော်လည်း ဒီလူကို တွေ့ဖူးသည်ကို မမှတ်မိပေ။
“တကယ်လား ငါ့ကိုမသိတာက ကိစ္စမရှိပါဘူး၊ ငါ မင်းကိုသိနေတယ်ဆို ရပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ငါ့ကိုဘာလို့ဖမ်းလာတာလဲ၊ မင်းဘာလိုချင်တာလဲ ငါတို့ ကျုံကျန်း မျိုးနွယ်မှာ ပိုက်ဆံရှိတယ်” ကျုံကျန်းလော့ မေးလေသည်။
“မမြင်ဘူးလား” ရှီမာယူယူသည် သူ့ကိုနှာမှုတ်ပြလေသည် “ငါ မင်းတို့ မိသားစုက ပိုက်ဆံကိုစိတ်မဝင်စားဘူး မင်းအသက်ကိုပဲ စိတ်ဝင်စားတယ်”
ကျုံကျန်းလော့သည် ရင်ဘတ်တွင် ပြင်းထန်စွာထိထားသည်။ သူ အမြဲ အံကြိတ်ထားသည် “ငါတို့ တစ်ယောက်နဲ့တစ်ယောက်မသိကြဘူး ငါတို့မှာ ဘာရန်ငြိုးမှရှိဘူး ငါ့အသက်ကိုဘာလို့လိုချင်ရတာလဲ ဟုတ်တယ်မလား”
“ဒါဆို မင်းမှာ ရှီမန်မိသားစုနဲ့ပတ်သတ်ပြီး ဘာရန်ငြိုးမှမရှိဘူးပေါ့၊ အဲမိသားစုကို ဘာလို့ထုတ်မပြောလဲ” ရှီမာယူယူ၏ ပုံရိပ်သည် ဖျတ်လတ် သည်။ သူမသည် သူ့ရှေ့သို့ ဖျက်ခနဲရောက်သွားသည်။ သူမသည် သူ့ပခုံးကို ဆုပ်ကိုင်ကာ ဗိုက်ကိုထိုးပြီး ဒူးထောက်စေသည်။
“အင့်”
ကျုံကျန်းလော့သည် အော်လေသည်။ ရှီမာယူယူ သူ့ကိုထပ်ပစ်ပေါက် ချိန်တွင် သူ တုန့်ပြန်ရန်နောက်ကျခဲ့သည်။
ရှောင်ချီပျံလာပြီး သူ့ကိုဝူလင်းယူဆီသို့ ကန်လိုက်သည်။
“ဖမ်းလိုက်”
ဝူလင်းယူသည် ထိုကဲ့သို့ပျင်းစရာကောင်းသော ကစားပွဲကို ဝင်မပါချင် ပေ။ သို့သော် ထိုလူသည် ရှီမန်မိသားစုကိုသတ်ရာတွင် ပါဝင်သည်ဟု တွေး လိုက်သည်နှင့် ယူယူ၏ နီရဲသောမျက်လုံးများကိုမြင်ယောင်ကာ ထိုလူကို မသတ်နိုင်သော်လည်း ဒေါသဖြင့် ကန်လိုက်လေသည်။
ထိုလူပျံသွားချိန်တွင် သူကန်လိုက်ကာ ထိုလူသည် ရှီချန်းဆီသို့ ပျံသွား လေသည်။
ရှီချန်း၏မျက်လုံးများသည် ဒေါသများပြည့်နေသည်။ သူတို့ သတင်းများ စုစည်းချိန်က ကျုံကျန်းမျိုးနွယ်သည် ရှီမန်မိသားစုကို မည်သို့ပြုလုပ်ခဲ့သည့် အကြောင်းများကိုတွေ့ခဲ့သည်။ ယူယူနှင့် ရှီမန်မိသားစုကြားတွင် မည်သို့ ဆက်နွယ်မှုရှိသည်ကို သူ မသိသော်ငြား သူမ၏ ဆက်ဆံပုံကိုကြည့်ရသည် မှာ သူတို့ဆက်နွယ်မှုမှာ အားမနည်းပေ။
ရှီမန်မိသားစုသည် လုံးဝသုတ်သင်ခံလိုက်ရကာ ကျုံကျန်းမျိုးနွယ်သည် တိုက်ရိုက်ပင် ထိုအပေါ်မှ တိုးတက်ခဲ့သည်။ ဒီလူကတော့…. သေသင့်တယ်။
ထိုအကြောင်းစဉ်းစားမိသည်နှင့် ထိုလူအား ချက်ချင်းမကန်ပေ။ သူ သည် ထိုလူ၏ ညာဘက်လက်ကောက်ဝတ်ကိုကိုင်ပြီး ချိုးလိုက်သည်။
“အာ… ငါ့လက်” ကျုံကျန်းလော့သည် အော်သော်လည်း သူ စကား မဆုံးခင်မှာပင် အပစ်ခံလိုက်ရလေသည်။
သူတို့ ဘောလုံးကစားနည်းကစားရလိမ့်မည်ဟု ရှီမာယူယူမထင်မှတ် ထားပေ။ ထို့အပြင် ရှီချန်းကဲ့သို့ တိတ်ဆိတ်ပြီး နူးညံ့သည့်လူတစ်ယောက်က ဒီလိုအပြုအမူမျိုးလုပ်လိမ့်မည်ဟု မထင်ထားပေ။
ညီအစ်ကို၁၀ယောက်တွင် နူးညံ့သောနှလုံးသားရှိသည့်သူ မပါပေ။ သူတို့တွင် ထိုသို့စိတ်မျိုးရှိပါက တစ်လောကလုံး အမဲလိုက်ရာမှ အသက်ရှင် နိုင်မည်မဟုတ်ပေ။
“ငါ လာပြီ” နီအန်းယီသည် အော်လေသည်။ သူ လေထဲသို့ပျံသွားပြီး ကျုံကျန်းလော့ကို ဆုတ်ကိုင်ပြီး နောက်လက်တစ်ဖက်ကိုချိုးကာ ပစ်ချလိုက် သည်။
“ဝါး ဝါး မင်းတို့တကယ်ဆိုးတာပဲ ငါနဲ့မတိုင်ပင်ပဲ သူ့ကို ချိုးပစ်လိုက် တယ်၊ ငါလည်းလုပ်ကြည့်မယ် ဒီတစ်ခေါက် သူ့နံရိုးနှစ်ချောင်းချိုးပစ်မယ်” ရှောင်ချီ ပျံလာသည်။
သနားစရာကောင်းသော ကျုံကျန်းလော့သည် ဘာမှမသိလိုက်ခင်မှာ ပင် နံရိုးများ အရိုးများကျိုးသွားပြီး ဘောလုံးတစ်လုံးလို အကန်ခံရလေသည်။
***