ငါကငရဲကတက်လာတဲ့ နတ်ဆိုးပဲ
Vol. 010 Ch. 913
အစမှအဆုံးထိ ရှီမာယူယူသည် ဘေးမှကြည့်နေကာ သူမ၏ ဒေါသ ထွက်ပေါက်အနေနှင့် ကြည့်နေခဲ့သည်။ ကျုံကျန်းလော့ နှာခေါင်းသွေးများကျ ပြီး မျက်နှာဖူးယောင်သည်အထိ အရိုက်ခံရသည်ကို ကြည့်နေလေသည်။
ဝူလင်းယူသည် သူမဘေးတွင်ရပ်ကာ သူမကြည့်နေသည်ကို အဖော်ပြု ပေးနေသည်။
သူမ သူတို့ကိုတားသည့်အချိန်မှာ အတော်ကြာမှဖြစ်သည်။ အားလုံး စိတ်ထွက်ပေါက်ပေးပြီးနောက်တွင် ကျုံကျန်းလော့သည် အသက်မြော့မြော့ သာကျန်တော့သည်။
ရှီမာယူယူသည် စိတ်ငြိမ်ငြိမ်ထားကာ ခေါင်းရမ်းလိုက်သည် “မင်းတို့ သူ့ကိုဒီလိုရိုက်နေရင် သူ့ကိုကုဖို့ဆေးအလကားသုံးနေရလိမ့်မယ်”
“အသက်တော့ရှိသေးတယ်မလား၊ သူ့ကိုဆေးပေးပြီး ပစ်ချလိုက်” ရှောင်ချီ ပြောလိုက်သည်။
“ဆေးသောက်ပြီး အောက်မှာ ရက်နည်းနည်းလောက်နေခိုင်းမှ ပြဿနာမရှိတာကို သေချာမှာလေ” ရှီမာယူယူ ပြောလေသည် “ဒါပေမဲ့ သူ အခုလိုပုံအတိုင်းဆိုရင် နှစ်ရက်တောင်မခံနိုင်မှာစိုးတယ်၊ ငါ့ ကုသမယ့် ဆေး တွေအလဟသမဖြစ်သွားဘူးလား”
“ဟီးဟီး ငါတို့ အလောတကြီးရိုက်မိသွားတယ်” နီအန်းယိသည် ရှီမာယူယူအား ပြုံးပြလေသည်။ အစောကမြင်ခဲ့သော ခက်ထန်မှုမှာ ပျောက်ကွယ်သွားလေပြီ။
ရှီမာယူယူသည် ပြုံးပြီး ခေါင်းရမ်းလိုက်သည်။ သူမလျှောက်သွားကာ သူ့ပါးစပ်ထဲသို့ ဆေးတစ်လုံးထည့်လိုက်သည်။
ကျုံကျန်းလော့သည် သတိမေ့နေကာ ဆေးကိုဝါးချိန်တွင် မသိစိတ်မှ ကုသသည့်ဆေးအနံ့ကိုရလိုက်သည်။
ရှီမာယူယူ သူ့ကိုပေးသောဆေးမှာ အရည်အသွေးမကောင်းဆုံးဖြစ် သည်။ သို့သော် သက်ရောက်မှုတော့ရှိသေးသည်။
ကျုံကျန်းလော့ ဆေးသောက်ပြီးနောက်တွင် လျင်မြန်စွာပင် နိုးလာ သည်။ သူ့ခန္ဓာကိုယ်သည် နာကျင်နေသေးသော်လည်း သက်သာလာသည်။
သူသည် သူ့ရှေ့တွင် ဖိနပ်တစ်စုံကိုတွေ့လိုက်သည်။ သူသည် ကြည့် လိုက်ရာ ရှီမာယူယူ၏ လူသတ်မည့်အကြည့်ကို တွေ့လိုက်သည်။
“မင်းဘယ်သူလဲ ငါ့ကိုဘာလို့ဒီလိုဆက်ဆံတာလဲ” သူ နားမလည်ပေ။
ရှီမာယူယူ ဆောင့်ကြောင့်ထိုင်လိုက်သည် “မင်းကို အခုလေးတင် ပြော လိုက်တယ်မလား မင်းက လူတွေကို အကြောင်းမရှိပဲ သတ်ခဲ့တယ် ငါတို့ လည်းအဲလိုလုပ်နိုင်တာပဲ”
ကျုံကျန်းလော့၏ မျက်အိမ်များ လှုပ်ခါသွားသည်။ သူမသည် သူ့ကို တကယ်ပဲသတ်မလို့ပဲ။
“မလုပ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့၊ မင်းလိုချင်တာ ဘာမဆိုပေးပါမယ်၊ တကယ်ပါ ငါတို့ကျုံကျန်းမျိုးနွယ်က အားတောင့်ပါတယ်”
“ကျုံကျန်းမျိုးနွယ်ရဲ့ ပစ္စည်းတွေကို ငါဂရုစိုက်မယ်ထင်နေလား” ရှီမာယူယူ ပြန်ချေပလေသည် “မင်းတို့ ရှီမန်မိသားစုကနေ လုထားတဲ့ဟာ တွေနဲ့ ဘယ်လောက်တောင် ပျော်မွေ့ပြီးနေပြီလဲ”
“မင်းက ရှီမန်မိသားစုကလား မင်းဘယ်သူလဲ ငါမင်းကိုမသိဘူး” ကျုံကျန်းလော့ ပြောလေသည်။
“ရှီမန်မိသားစုက လူဘယ်နယောက်မင်းတွေ့ဖူးလဲ၊ ပြီးတော့ မင်းက ရှီမန်မိသားစုနောက်လိုက်ပြီး မြေတွေကိုသွားလည်ဖူးတာပဲ အဲလိုပြောတော့ လည်း ငါတို့က မိတ်ဆွေဟောင်းတွေပဲ”
မိတ်ဆွေဟောင်းတွေဟုတ်လား။
ကျုံကျန်းလော့သည် စဉ်းစားသည့်အနေနှင့် မျက်လုံးများကျဉ်းသွား သည် “မဖြစ်နိုင်တာ ငါမင်းကိုအရင်ကတစ်ခါမှမမြင်ဖူးဘူး မင်းဘယ်သူလဲ”
“ငါဘယ်သူလဲ မင်းမသေခင်တော့ ငါမင်းကိုပြောပြရမှာပေါ့” ရှီမာယူယူ သည် သူ့ဘက်သို့တိမ်းညွှတ်ကာ နှာမှုတ်လေသည်။ ထို့နောက် သူမ လေသံ ဖြင့် ပြောလိုက်သည် “မင်းအခုလောက်ဆို သက်သာလောက်ပါပြီ”
ကျုံကျန်းလောသည် ရေခဲတမျှအေးခဲသော သူမ၏ အပြုံးကိုတွေ့လိုက် သည်။ သူသည် သေမင်းတမန်ကိုတွေ့လိုက်ရသလို ခံစားရလေသည်။ သူမ ပတ်ပတ်လည်တွင် သန်မာသောသေဆုံးခြင်းရောင်ဝါများ ဝိုင်းနေသည်။
“မလုပ်နဲ့ မလုပ်နဲ့ ငါ့ကိုမသတ်နဲ့ မင်းငါ့ကိုသတ်ရင် ငါ့မိသားစုက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”
သူသည် အော်သော်လည်း သူ့ကိုအားလုံးက လျစ်လျူရှုထားကြသည်။
ရှီမာယူယူသည် သူ့ပါးစပ်ထဲသို့ ဖြေဆေးထည့်လိုက်သည်။ သူမ မတ်တပ်ရပ်ကာ ပြောလိုက်သည် “ဆင်းရအောင်”
နီအန်းယိသည် ရှေ့တိုးလာကာ သူ့အဝတ်များကို ဆုပ်ကိုင်ပြီး မ,လိုက် သည် “ငါ သူ့ကိုပစ်ချချင်တယ်”
ကျုံကျန်းလော့၏ မျက်နှာသည် ဖျော့တော့နေသည်။
ထိုနေရာသည် နီကာမြို့တော်နှင့် မဝေးပေ။ သူအခု ဘယ်ရောက်နေ သည်ကို သူသိသည်။ သူသာ ပစ်ချခံရပါက ကျ၍မသေလျှင် အဆိပ်ကြောင့် သေလိမ့်မည်။
“သူ့ကိုမသေခိုင်းနဲ့ သခင်လေးအတွက် အသုံးဝင်သေးတယ်” ရှီချန်း သတိပေးလိုက်သည်။
“သိပါတယ် ဒီအတိုင်းပြောလိုက်တာပါ” နီအန်းယီ ပြန်ဖြေလေသည်။
“ဖြေဆေးကို မစမ်းသပ်ရသေးဘူး၊ အဲဒါကြောင့် အပေါ်မှာစောင့်နေ”
ဝူလင်းယူသည် ကျုံကျန်းလော့ကိုကိုင်ကာ ရှီမာယူယူတို့ သုံးယောက် သည် ပျံဆင်းသွားလေသည်။
“အာ…”
ကျုံကျန်းလော့သည် အဆိပ်အတားအဆီးနှင့် တွေ့ချိန်တွင် စတင် အော်လေသည်။ သို့သော် အဆိပ်အတားအဆီးကိုဖြတ်ချိန်တွင် အဆိပ်မိ သည့် လက္ခဏာမတွေ့ပေ။
သူတို့သည် သူ့ကို အတွင်းဒေသများနှင့် မျက်နှာသွင်ပြင်များကိုခေါ် သွားလေသည်။ ထို့နောက် သူတို့သည် ကျပန်းနေရာတွင် ရပ်လိုက်ကြသည်။ ၃ရက်ကြာပြီးနောက်တွင် သူ အသက်ရှင်နေသေးသည်။ ကုသဆေးကြောင့် ပင် သူ၏ဒဏ်ရာများအားလုံး ပျောက်သွားလေသည်။
အသည်းကွဲတောင်ကြားတွင် ရက်ပေါင်းများစွာ နေပြီးတာတောင်မှ အသက်ရှင်နေသေးမည်ဟု ကျုံကျန်းလော့ မထင်မိပေ။ သူသည် တိတ်တဆိတ် ပျော်နေလေသည်။ သူတို့၏ ဖြေဆေးအတွေ့အကြုံနှင့်ဆိုလျှင် ဖြေဆေးသည် အလုပ်ဖြစ်သည်ဟု သူ ခန့်မှန်းနေသည်။
အသည်းကွဲတောင်ကြား၏ အနံ့အသက်များကို ကုသရန်ဖြေဆေးကို တစ်ယောက်ယောက်က ဖော်နိုင်မည်ဟု သူ မထင်ထားပေ။
ရှီမာယူယူတို့ သုံးယောက် စကားပြောနေသည်ကိုတွေ့သောအခါ သူ ခိုးပြေးရန်ပြင်လေသည်။ သို့သော် သူ ပျံသည်မှာ၂မီတာအရောက်တွင် သူ့ ခြေထောက်မှ နာကျင်မှုဖြစ်လေသည်။
“အာ…”
သူအော်ကာ ကျသွားသည်။ သူ၏ ညာဘက်ခြေထောက်သည် ပြာဖြစ် သွားသည်။
မီးတောက်တစ်ခုသည် သူ၏ ညာဘက်ခြေထောက်ကို တဖြည်းဖြည်း လောင်ကျွမ်းနေသည်။
နာကျင်မှုကြောင့် ဟန်ချက်ပျက်သွားကာ လေထဲမှကျသွားလေသည်။ ရှီမာယူယူသည် အပြေးလာကာ လက်ထဲမှမီးတောက်နှင့် ကစားနေလေ သည်။
“ဘာလို့မပြေးတာလဲ” သူမသည် အသံဖျော့ဖျော့ဖြင့် မေးလိုက်သည်။
ကျုံကျန်းလော့သည် သူ့ခြေထောက်တိုတိုသွားသည်ကို ကြောက်လန့် တကြားကြည့်နေရသည်။ သူသည် မီးတောက်ပျောက်သွားစေရန် သူ၏ ဝိညာဉ်စွမ်းအင်ကို သုံးရန်ကြိုးစားသော်လည်း လောင်ကျွမ်းမှုမှာ မြန်လာ သည်။
“အာ… မင်းဘယ်သူလဲ ငါ့ကိုဘာလို့ ဒီလိုတွေလုပ်နေတာလဲ”
ရှီမာယူယူ နှာမှုတ်လိုက်သည် “ငါတို့က မိတ်ဆွေဟောင်းတွေလို့ ပြောခဲ့ တယ်မလား၊ ငါ မင်းကိုမှတ်မိသေးတယ်၊ မင်းကငါ့ကိုဘာလို့မသိရတာလဲ”
“မဖြစ်နိုင်တာ၊ ငါမင်းကို မသိနိုင်ဘူး ရှီမန်မိသားစုအားလုံးသေကုန်ပြီ မင်းက ဘယ်သူလဲ မင်းကဘယ်လိုနတ်ဆိုးလဲ” ကျုံကျန်းလော့သည် နာကျင် လွန်းသဖြင့် စကားမပြောနိုင်တော့ပေ။
“နတ်ဆိုးဟုတ်လား” ရှီမာယူယူသည် စကားလုံးကိုပြန်ရွတ်ပြီးနောက် ပြုံးလိုက်သည် “ဟုတ်တယ် ငါက နတ်ဆိုးပဲ လက်စားချေတတ်တဲ့ နတ်ဆိုး.. ငါကနတ်ဆိုးဆိုမှတော့ ငရဲကနေတက်လာရမှာပေါ့”
မီ်းတောက်သည် သူ၏ညာဘက်ခြေထောက်ကိုလောင်ကျွမ်းနေသည်။ ရှီမာယူယူသည် သူမလက်ကိုကြည့်နေပြီး မီးတောက်သည် သူ၏ ဘယ်ဘက် ခြေထောက်ဘက်ကူးသွားကာ အပေါ်သို့တဖြည်းဖြည်းတက်သွားသည်ကို ကြည့်နေလသည်။
ကျုံကျန်းလော့သည် အလောင်းဖြစ်တော့မည်။
ဘာကြောင့်လဲ ဘာလို့ ဒီလူက သူ့ကိုဒီလိုတွေလုပ်နေတာလဲ။
“ဘာလို့လဲလို့ ထင်လဲ” ရှီမာယူယူ သူ့ဘေးတွင်ထိုင်လိုက်သည် “ကျုံကျန်းလော့ ငါ မင်းကို သတိပေးလိုက်မယ်၊ ငါက မင်းတို့အမြဲအထင်သေး ခဲ့တဲ့သူ မင်းတို့သတ်ချင်နေတဲ့သူ၊ ငါ မင်းတို့ကျုံကျန်းမျိုးနွယ်ကိုသွားတော့ မင်း ငါ့ကို စိန်ခေါ်ခဲ့တယ်၊ ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးတော့ ငါ့ မင်း ခြေထောက်ကိုချိုးခဲ့တယ်”
ကျုံကျန်းလော့သည် သူမပြောသည့်စကားကိုစဉ်းစားပြီး အရင်ကိစ္စများ ကိုပြန်တွေးလိုက်သည်။ ကျုံကျန်းမျိုးနွယ်မှာ သူ့ခြေထောက်ကိုချိုးလိုက်တဲ့ တစ်ယောက်….
သူသည် ရှီမာယူယူအား စူးရှစွာကြည့်လိုက်သည်။ သူ သူမကို မယုံကြည်နိုင်ပေ “မင်း မင်း မင်းက… ရှီမန်ယူယူ”
“ငါမင်းကို ပေးလိုက်တဲ့မှတ်ဉာဏ်က စွဲသွားတဲ့ပုံပဲ” ရှီမာယူယူ ပြော လိုက်သည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး၊ မင်းကသေသွားပြီလေ ဘာလို့ အသက်ရှင် နေသေးတာလဲ” ကျုံကျန်းလော့သည် သူမသည် ရှီမန်ယူယူဖြစ်သည်ကို မယုံကြည်စွာဖြင့် သူ့ခေါင်းကိုအဆက်မပြတ်ခါရမ်းလေသည်။
“ဟုတ်တယ် ငါကသေသွားပြီ၊ ငါငရဲကိုသွားခဲ့တယ် အဲဒါကြောင့် ငါက ငရဲကတက်လာတယ်လို့ပြောတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“မင်းအဓိပ္ပာယ်မရှိတာမပြောနဲ့ ရှီမန်ယူယူရဲ့ ဝိညာဉ်က ပျက်စီးသွားပြီ မင်းကဘယ်သူလဲ”
ရှီမာယူယူနှာမှုတ်လိုက်သည်။
“ဝိညာဉ်ကပျက်စီးသွားတယ်ဟုတ်လား ဟားဟားဟား ဟုတ်တယ် ငါ့ ဝိညာဉ်ကပျက်စီးလုနီးပါးဖြစ်သွားတယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းတို့ မိသားစုက ပါရမီရှင်က မအောင်မြင်ခဲ့ဘူး၊ သူမက ငါ့ဝိညာဉ်နဲ့ပေါင်းချင် ပေမယ့် ငါ့ဝိညာဉ်ကို ပြန်မွေးဖွားအောင်လုပ်လိုက်တယ်၊ ဖြစ်နိုင်တာက ငါ အလောင်းတစ်ခုကို ငှားပြီး လက်စားလာချေစေချင်တာနေမှာပေါ့၊ အဲဒါက လည်း သူမရဲ့ အံ့ဖွယ်အရည်အချင်းကြောင့်လေ ပြောဦး ငါ သူမကို ကျေးဇူး တင်သင့်သလား”
***