သူမအတွက်ဒုတိယပြဿနာကိုဖြေရှင်းပေးခြင်း
Vol. 010 Ch. 914
ကျုံကျန်းလော့သည် အံ့သြကာ စကားပင်မပြောနိုင်ပေ။
ကျုံကျန်းဟန်ယွဲ့သည် ဝိညာဉ်ပိတ်မီးအိမ်ကိုသုံးကာ ရှီမာယူယူ၏ ဝိညာဉ်ကိုပေါင်းစပ်ခဲ့သည်ကို ကျုံကျန်းမျိုးနွယ်တစ်ခုလုံးသိကြသော်လည်း ထိုသည်မှာ ကျုံကျန်းမျိုးနွယ်၏ လျှို့ဝှက်ချက်ဖြစ်ပြီး တခြားသူများလုံးဝ မသိ နိုင်ပေ။
အသုံးမဝင်သည့်အပြင်…. ရှီမန်ယူယူ ပါလာပြီပဲ။
ဒီလူက တကယ်ပဲရှီမန်ယူယူပဲ။
“ရယ်စရာပဲ ကျုံကျန်းမျိုးနွယ်နဲ့ ရှီမန်မျိုးနွယ်တို့ တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေဖြစ်လာတာကြာပြီပဲ၊ ဒါပေမဲ့ ငါနဲ့ သူမနဲ့ ကံတရားကြောင့်တွေ့ပြီး ငါတို့ရဲ့ ညီအစ်မသံယောဇဉ်ကိုအစစ်လို့ ငါက ရူးလို့ယုံခဲ့တာ၊ သူမက မင်းတို့ မျိုးနွယ်က တခြားသူတွေနဲ့မတူဘူးလို့ ငါအမြဲထင်ခဲ့တာ၊ ငါတို့ကတော့ တကယ် သူငယ်ချင်းဖြစ်နိုင်တယ်ပေါ့၊ တစ်ယောက်ရဲ့ အရည်အချင်းကို တစ်ယောက်လေးစားပြီးတော့ ပြောဆိုခဲ့ကြတယ်၊ ငါကိုက ရူးတာ ရိုးသား လွန်းခဲ့တာ၊ ပြီးတော့ ငါတကယ်ပဲ သူမရဲ့လက်ဆောင်ကို လက်ခံခဲ့တာ… ကမ္ဘာပေါ်မှာ ရန်ငြိုးအထားဆုံးလက်ဆောင်တစ်ခုကိုပေါ့”
ကျုံကျန်းလော့သည် ရှီမာယူယူ၏ မျက်နှာမှအပြုံးကိုကြည့်လိုက်သည်။ သူမပုံစံသည် သူ၏ မျိုးနွယ်တစ်ခုလုံးကိုဖျက်ဆီးပစ်မည့် နတ်ဆိုးတစ်ကောင် ကိုကြည့်ရသလိုပင်။ သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို လျစ်လျူရှုပြီး သူ့ မျက်လုံးထဲမှ အကြောက်တရားသည် ကျယ်လာသည်။
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ အကြောက်တရားကိုကြည့်ပြီး ကျေနပ် စွာပြောလေသည် “ငါပြန်လာတာ အဲလောက်အံ့သြစရာလား ဟီးဟီး မစိုးရိမ် ပါနဲ့ မင်းတို့ထင်ထားသလိုပဲ ငါ့ရဲ့ခရီးကို လက်စားချေတာနဲ့စမယ်၊ မင်းက ငါ သတ်မယ့်ပထမဆုံး ရန်သူပဲ ဝမ်းနည်းမသွားနဲ့ မင်းရဲ့မိသားစုကိုလည်း မကြာခင်တွေ့ရတော့မှာ၊ သူတို့လည်း ဆင်းပြီး မင်းနောက်လိုက်လာလိမ့်မယ်”
“မင်း…” ကျုံကျန်းလော့သည် ပါးစပ်ဟလိုက်သော်လည်း မည်သည့် စကားလုံးမှထွက်မလာပေ။
အံ့သြလွန်း.. ကြောက်လွန်းကာ သူသည် သူမမျက်နှာကိုကြည့်ပြီး သူမ စကားလုံးများကို ယုံကြည်သည်။
သူမ လက်စားချေဖို့လာနေပြီ။
“အခု မင်းအမှန်တရားကိုသိသွားတော့ အေးအေးချမ်းချမ်းသေလို့ရ သွားတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ မင်းက အမှန်ကိုသိ သွားမှတော့ တစ္ဆေလောကကိုသွားလို့မရဘူး ကောင်းကင်ဘုံကိုသွားပြီး မင်း မျိုးနွယ်ပျက်စီးတာကိုကြည့်နေလိုက်”
“မင်းဘာကိုဆိုလိုတာလဲ”
“ဘာကိုဆိုလိုတာလဲဆိုတော့ မင်းမကြာခင်နားလည်လာလိမ့်မယ်” ရှီမာယူယူ တောက်ပစွာပြုံးလိုက်သော်လည်း ကျုံကျန်းလော့သည် အေးစက် မှုကိုခံစားလိုက်ရသည်။
ယူယူသည် မီးတောက်အရှိန်ကိုမထိန်းတော့သဖြင့် စက္ကန့်အနည်းငယ် အတွင်းပင် သူသည် ပြာဖြစ်သွားလေသည်။
သူ့ဝိညာဉ် မီ်းတောက်တွင် နစ်မြုပ်သွားချိန်တွင် ရှီမာယူယူ စကား၏ အဓိပ္ပာယ်ကိုနားလည်လိုက်သည်။ သူမဆိုလိုသည်မှာ သူ့ပြာသည် ပြိုကွဲသွား ပြီး မီးခိုးနှင့်အတူ ကွယ်ပျောက်ကာ တစ္ဆေလောကသို့သွားရန် အခွင့်အရေး ပင် မပေးပေ။
“ကြက်သွေးရောင်မီးတောက်ရဲ့ မီးတောက်က ဝိညာဉ်တွေပါ လောင် ကျွမ်းစေလိမ့်မယ်လို့ ရှောင်ချီမထင်မိဘူးပဲ” ရှောင်ချီသည်မျက်တောင်ခတ် လေသည်။
“အမြဲတမ်းဖြစ်နိုင်တယ်၊ ငါက အရင်ကမသုံးလို့သာလေ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါကပထမဆုံးပဲ၊ ငါ ရက်စက်တယ်လို့ ထင်လား”
ရှောင်ချီ ခေါင်းရမ်းလိုက်သည် “သူတို့ ယူယူ့အပေါ်လုပ်ခဲ့တာကသာ ရက်စက်တာ၊ ယူယူ ဖြေဆေးကိစ္စရှင်းပြီးပြီ်ဆိုတော့ သူတို့ကို ပြောပြရ အောင်လေ”
“အင်း သူတို့ကို ဆင်းခိုင်းပြီးကြည့်ခိုင်းလိုက်၊ ငါ ဖြေဆေးတချို့သွား ဖော်လိုက်ဦးမယ်”
ရှီမာယူယူသည် ပြောပြီးသည်နှင့် ဝိညာဉ်စေတီအတွင်းသွားကာ ၁၀ရက်အကြာ ဖြေဆေး၁၀၀ကျော်ကို ဖော်လေသည်။
သူတို့အပေါ်ပြန်တက်လာပြီး ဖန်ခိုင်နှင့် တခြားသူများဆီ ဆေးပေး လိုက်ပြီးနောက် အတူဆင်းလာကြကာ ဂိုဏ်းအတွက် နေရာကို အဆုံးသတ် ဆုံးဖြတ်ကြလေသည်။
ဖန်ခိုင်နှင့် တခြားသူများသည် အသည်းကွဲတောင်ကြားကို ပထမဆုံး လာခြင်းဖြစ်သည်။ အရင်က ထိုနေရာ၏ သတင်းကိုသာကြားဖူးကြကာ တစ်ခါမှ မလာဖူးကြပေ။
“အနံ့အသက်တိုင်းတွက် ဖြေဆေးလုပ်ရတာ အခက်ဆုံးမဟုတ်ဘူး” ကုန်ရန် ဆက်ပြောသေလည် “အခက်ဆုံးအပိုင်းက အဆိပ်ပေါင်းရာချီတာ အတွက် ဖြေဆေးစမ်းသပ်ရတာပဲ”
သူတို့သည် ဖြေဆေးတစ်လုံးသာသောက်ကြပြီး လှည့်ပတ်သွားကြ သည်။ ဆိုလိုသည်မှာ ဖြေဆေးသည် အနံ့အသက်အားလုံးအတွက် အလုပ် ဖြစ်သည်။
ရှီမာယူယူသည် သူတို့ကို ခေါ်သွားပြီးနောက် ပြောလေသည် “အတွင်း ပိုင်းဒေသက အဆိပ်တွေက ပိုအားကောင်းတယ် ဖြိုဖျက်ဖို့မလွယ်ဘူး၊ အဲဒါ ကြောင့် ငါတို့ဂိုဏ်းကို အလယ်ပိုင်းဒေသလောက်မှာ ဆောက်ရမယ်”
“ပုံမှန်ဆို အလယ်ပိုင်းဒေသဆိုရင်ကို လူတွေမလာကြဘူး” ကုန်ရန် ဆက်ပြောလေသည် “ပုံမှန်လူ အနီးနားလာတာနဲ့ သေမှာပဲ၊ အဆိပ်သခင် တွေကကျ အပြင်ပိုင်းဒေသတွေမှာပဲ ပတ်သွားကြတာ၊ အလယ်ပိုင်းဒေသကို လာနိုင်တဲ့သူရှားတယ်”
“ဟုတ်တယ် အလယ်ပိုင်းဒေသလောက်ဆိုလုံလောက်ပြီ” ရှီချန်း ဆက် ပြောလေသည် “ငါတို့ ယာယီ လုံခြုံမှုလိုချင်ခဲ့တာ၊ အခုတော့ ငါတို့သန်မာ လာလို့ တခြားသူတွေ ငါတို့ကိုသိသွားရင်လည်း ဘာမှလုပ်ရဲမှာမဟုတ်ဘူး”
“ဂိုဏ်းထောင်ပြီးရင် အပြင်ဘက်ကိုတော့ ကာဖို့တည်ဆောက်မှုကို သုံး ရမယ်၊ အဲလူတွေ အသည်းကွဲတောင်ကြားရဲ့ သဘာဝအတားအဆီးကို ဖြိုဖျက်နိုင်ရင် အနည်းဆုံးတော့ တည်ဆောက်မှုနဲ့ ကာကွယ်ပြီးသားဖြစ်တာ ပေါ့” ဖန်ခိုင် ပြာလေသည်။
“အားလုံးက ဘာမှမကန့်ကွက်ကြတော့ နောက်ဆုံးနေရာကို ဆုံးဖြတ် လိုက်ပြီနော်” ရှီမာယူယူ ပြောလေသည်။
“လုပ်မယ့်နေရာတစ်ခုကိုပဲ ရွေးလိုက်ပါ၊ ဘာလို့ထပ်ရွေးနေဦးမှာလဲ” ရှောင်ချီသည် လမ်းပျောက်သွားသည်။
“ငါတို့ ပိုပြီးသင့်တော်တဲ့အပြင်အဆင်အတွက် ကျောက်ဆောင်တွေ၊ မြေအနေအထားတွေကို သုံးပြီးပြင်ဆင်ရမယ်၊ ကျယ်ပြီးပြန့်တဲ့နေရာကို ရွေးတာက အိမ်တွေဆောက်ဖို့သင့်တော်လိမ့်မယ်၊ တည်ဆောက်မှုတွေ ဖြန့် ဖို့သင့်တော်တဲ့နေရာတစ်ခုလည်း ရွေးရလိမ့်မယ်” ရှီမာယူယူ ရှင်းပြလေ သည်။
“သြော် ဟုတ်သားပဲ ဒါဆိုရင် ရှောင်ချီတို့နောက်တစ်ပတ် ပတ်လျှောက် ရမှာပေါ့” ရှောင်ချီ ပြောလေသည်။
“သခင်လေး စိတ်ထဲမှာနေရာရှိပြီးသားမလား” ယူရှီ ပြောလေသည်။
“နေရာတချို့တော့ရှိတယ် ဒါပေမဲ့ နောက်ဆုံးနှိုင်းယှဉ်ကြည့်တာတော့ မပြီးသေးဘူး” ရှီမာယူယူ ပြောလေသည်။
“ဒါဆိုရင် ကျွန်တော်တို့သွားကြည့်ကြတာပေါ့”
အားလုံးသည် နောက်တစ်ပတ်ပတ်ကြည့်ပြီးနောက် တောင်ကြားကြီး တစ်ခုကို သူတို့ဂိုဏ်းနေရာအတွက် ဆုံးဖြတ်လိုက်သည်။
“အင်” ဖန်ကျိသည် သံသယဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာဖြစ်လို့လဲ အစ်ကိုကြီး”
ဖန်ကျိသည် ရှီမာယူယူကိုကြည့်ကာ မေးလိုက်သည် “သခင်လေး ကျွန်တော်တို့် အလယ်ပိုင်းဒေသကိုပတ်နေတာ အကြိမ်ပေါင်းများစွာရှိပြီ ဘာလို့ အဆိပ်သတ္တဝါတစ်ကောင်မှမတွေ့တာလဲ၊ ဒီပြဿနာကိုလည်းရှင်း လိုက်တာလား”
ရှီမာယူယူသည် ထိုအချိန်မှပင် သတိထားမိသည်။ သူတို့ဆင်းလာ ကတည်းကပင် အားကောင်းသည် အဆိပ်သတ္တဝါတစ်ကောင်တစ်လေမှ ဖြတ်သွားသည်ကို မတွေ့ရပေ။
သူမသည် ဝူလင်းယူဘက်လှည့်ကြည့်ရာ ဝူလင်းယူ ပြောလိုက်သည် “မင်းနဲ့ ရှီချန်းကျိတို့ ဖြေဆေးလေ့လာတာ အရမ်းကြာတယ်၊ ရှောင်ချီနဲ့ ငါက ဘာမှလုပ်စရာမရှိလို့ အလယ်ပိုင်းဒေသတွေကို လျှောက်သွားခဲ့တယ်”
“အဲတော့…”
“ယူယူ ရှောင်ချီတို့ အဆိပ်သတ္တဝါတွေကို ရှင်းပြီးပြီ ရှောင်ချီတို့ သူတို့နဲ့ သဘောတူညီချက်ရပြီးပြီ၊ ရှောင်ချီတို့က ဒီမှာဂိုဏ်းတစ်ခုထောင်မယ်၊ သူတို့ ကို မျက်စိကျယ်ကျယ်ဖွင့်ပြီး ရှောင်ချီတို့လူတွေကို ထိခိုက်အောင်မလုပ်နဲ့လို့ ပြောထားတယ်၊ သူတို့လည်း သဘောတူကြတယ်” ရှောင်ချီ ရယ်မောလေ သည်။
“မင်းတို့တကယ်ပဲ ဒါကို တိတ်တဆိတ်ဖြေရှင်းလိုက်တာလား” ရှီမာယူယူသည် ဖြေဆေးလေ့လာစဉ်က သူတို့ကို အာရုံမစိုက်ခဲ့ပေ။ သူတို့ သည် အဆိပ်သတ္တဝါကိစ္စကိုဖြေရှင်းထားလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
“ရှောင်ချီတို့ အတွင်းပိုင်းဒေသကိုတောင်သွားခဲ့တယ်” ရှောင်ချီ ဆက် ပြောလေသည် “အတွင်းပိုင်းဒေသက အဆိပ်သတ္တဝါတွေက သန်မာကြတယ် ဒါပေမဲ့ သူတို့က အစ်ကိုလင်းယူနဲ့ ရှောင်ချီကိုမနိုင်ကြဘူး နှစ်ယောက်ပေါင်း တိုက်တော့ ရှောင်ချီတို့နိုင်သွားတယ်”
ပြီးသွားလျှင်တောင် သူမကိုယ်သူမ ချီးကျူးရန်မမေ့ပေ။
“အတွင်းပိုင်းဒေသတွေမှာ ခက်ထန်ပြီး ရက်စက်တဲ့အကောင်တွေရှိ တယ်၊ သူတို့ပြောတာတော့ ငါတို့အဖွဲ့ဝင်တွေက သူတို့ကိုရန်မစရင် သူတို့လည်း မတိုက်ဘူးဆိုပြီးပြောတယ်” ဝူလင်းယူ ထပ်ပြောလေသည်။
“နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်” ခေါင်းကိုက်စေသော ပြဿနာ တစ်ခုသည် ထိုအတိုင်းပင် ဖြေရှင်းပြီးသွားလေပြီ။ ရှီမာယူယူ ခံစားချက် ကောင်းသွားသည် “အဲဒီအဆိပ်သတ္တဝါတွေကိုရှာဖို့ နှစ်ယောက်သား ဘယ်လိုလုပ်စဉ်းစားမိသွားတာလဲ”
“အစ်ကိုလင်ယူ ပြောတာ” ရှောင်ချီဆက်ပြောလေသည် “ယူယူက အဆိပ်အတားအဆီးကိစ္စကိုဖြေရှင်းရင် ရှောင်ချီတိုပက အဆိပ်သတ္တဝါကို ဖြေရှင်းမယ်လို့ပြောတယ်၊ အဲဒါမှ ဖြေဆေးလေ့လာပြီးရင် ဒီပြဿနာကို ရှင်း စရာမလိုတော့မှာလေ”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” ရှီမာယူယူသည် ဝူလင်းယူအား ကျေးဇူးတင်စွာကြည့်လေသည်။
“ငါ့ကိုကျေးဇူးတင်ဖို့လိုသေးလို့လား” ဝူလင်းယူ ပြောလေသည်။
ရှီမာယူယူရယ်မောလိုက်သည်။ ထိုပြဿနာအား စိတ်ပူရန်မလိုတော့ ကာ ဖန်ခိုင်နှင့် တခြားသူများကို ပြောလိုက်သည် “မင်းတို့ ဒီမှာ ရက်နည်း နည်းလောက် အိမ်တချို့ဆောက်ရမယ်၊ ငါ လူတချို့သွားခေါ်ဖို့လိုတယ် နောက်တစ်ခါကျရင် ငါတို့အတူနေလို့ရအောင်လို့”
“ဟုတ်ကဲ့ပါ သခင်လေး”
“ကောင်းပါပြီ သခင်လေး”
***