ကိုယ်ပိုင်နယ်ပယ်အသီးသီးမှကျွမ်းကျင်သူများ
Vol. 010 Ch. 915
အသည်းကွဲတောင်ကြားတွင် အဆိပ်ရှိသည့် မြက်ပင်များပန်းများစွာ ရှိသော်လည်း သာမာန်သစ်ပင်များလည်းရှိသည်။ သူတို့ အိမ်ဆောက်ချင်ပါ က မခက်ခဲလှပေ။
ဝိညာဉ်သားရဲများဆင့်ခေါ်ခံရပြီး လူ၁၀ယောက်ကျော်ကိုကူညီကြ သည်။ သူတို့သည် သစ်ပင်များကိုခုတ်လှဲကြသည့်သူများက ခုတ်လှဲ၊ ကျောက်တုံးများကို ထွင်းထုသူများက ထွင်းထုကြ၊ ပြင်စရာရှိသူများက ပြင်ဆင်ကြနှင့် အားလုံးသည် အလုပ်ရှုပ်နေကြသည်။
ရှီချန်းနှင့် ဖန်ခိုင်တို့သည် တောင်ကြားအခြေတွင်ထိုင်ကာ နားနေရင်း စကားပြောကြလေသည်။
“အခြေကျမယ့်နေ့မျိုးရောက်လာလိမ့်မယ်လို့ မထင်ထားဘူးပဲ” ဖန်ခိုင် သက်ပြင်းချလေသည်။
အိမ်များဆောက်ရန် အုတ်မြစ်ချခြင်းအတွက်မြေတူးခြင်း၊ အစက သစ်သားများ ကျောက်တုံးများပြည့်နေသော တောင်သည် သစ်ပင်များ ခုတ်လှဲရွေ့ပြောင်းထားသဖြင့် ကျိုးတို့ကျဲတဲဖြစ်ကာ တောင်ကြားတစ်ခုလုံး သည် ရှုပ်ပွနေသည်။
သို့သော် ထိုမြင်ကွင်းသည် သူတို့အတွက် နွေးထွေးစေသည်။
သူတို့သည် သွားလာရင်းနှင့်ပင် သွေးစွန်းသော တိုက်ခိုက်မှုများဖြင့် နေ့ရက်များကိုဖြတ်သန်းခဲ့သည်။ သူတို့ အခြေကျမည်အပြုတွင် သူတို့ကို သတ်ချင်သည့်သူများ ရှာတွေ့ရာ သူတို့လက်တွင် သွေးများစွန်းခြင်းဖြင့်ပင် အဆုံးသတ်ခဲ့သည်။
နောက်ပိုင်းတွင် အခြေကျနေထိုင်မည့် အကြံကိုစွန့်လွှတ်ကာ မတူညီသော မြို့များ တောများသို့ ရွေ့ပြောင်းခဲ့သည်။
ဒီနေ့တော့ သူတို့သည် အခြေချနိုင်တော့မည်။
“ဟုတ်တယ် ကျွန်တော်လည်း အဲလိုမထင်ထားဘူးပဲ” ရှီချန်းပြောလေ သည်။
အားလုံးကို အစွဲချွတ်မည်ဟု သူတွေးခဲ့ဖူးသည်။ သို့သော် ထိုလမ်းမှာ ခက်ခဲလှသည်။ ခက်ခဲလှသဖြင့် ဘာလုပ်ရမည်ကိုပင် သူမသိခဲ့ပေ။ ရှီမာယူယူ သူ့ကိုပြောခဲ့သောစကားကို သူ အခုထိ မှတ်မိသေးသည်။
သူမ ပြောခဲ့သည်မှာ “ဒီတိုင်းပြည်မှာ အစွဲချွတ်တာက အလုပ်မဖြစ်ဘူး၊ ဒီတိုင်းပြည်မှာ သတ်ဖြတ်မှုတွေ ပိုပြီးသန်မာလာမှုတွေပဲရှိတယ်၊ ဘယ်သူမှ မထိရဲလောက်တဲ့ သန်မာသူဖြစ်လာမယ်ဆိုရင် အဲလူတွေ မလာနိုင်တော့ဘူး သန်မာလာတာတစ်ခုတည်းကပဲ ခင်ဗျားတို့နေချင်သလို ဘဝကိုနေလို့ရမယ်”
သူမ ပြောခဲ့သေးသည် “လူတစ်ယောက်ရဲ့အားက မသန်မာဘူးဆိုရင် အင်အားရဖို့အတွက် လူတစ်စုကိုစုစည်းရမယ် ရေတွေစုလိုက်ရင် သမုဒ္ဒရာ ဖြစ်လာနိုင်တယ်”
စဉ်းစားကြည့်ရာ သူမ၏ အတွေးအခေါ်သည် လက်တွေ့ကျသည်။
“မစဉ်းစားခဲ့ဖူးတာတွေ အများကြီးရှိသေးတယ်” ယူရှီ လျှောက်လာ သည် “ကျွန်တော်တို့က လူတစ်ယောက်ရဲ့ဆွဲဆောင်မှုကိုခံရပြီး ကိုယ့်ထက် ငယ်တဲ့သူကို အထက်လူကြီးလို့ခေါ်ရမယ်လို့ တစ်ခါမှမထင်ခဲ့ဘူး၊ ဒါပေမဲ့ အခု အဲလိုဖြစ်နေပြီ”
“အခုရက်တွေကို မဆိုးဘူးလို့ ကျွန်တော်တော့ထင်တယ်” နီအန်းယီ သည် ဝိညာဉ်သားရဲကို ကျောက်တုံးကိုဘေးသို့ထားရန် အမိန့်ပေးရင်းနှင့် သူတို့ပြောသည်များကိုကြားသောအခါ ဖြတ်ပြောလေသည် “အရင်တုန်းက ကျွန်တော်တို့ ဘဝတွေရည်မှန်းချက်မရှိတုန်းက သတ်ပြီးခုခံတာကလွဲရင် သူတို့ဆီကနေ ပုန်းရှောင်နေခဲ့တယ်၊ ပြန်စဉ်းစားကြည့်ရင် ဒီအတိုင်းခံနေရ တာပဲ၊ အခုကျွန်တော်တို့ အခြေကျပြီဆိုတော့ အားလုံးကျင့်ကြံဖို့အတွက် အချိန်ပိုရသွြးပြီ”
“ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ဒီလိုနေဖို့ကို ကျေနပ်နေတဲ့ ပုံပဲ” ဖန်ကျိ ဆက်ပြောလေသည် “အနည်းဆုံးတော့ ငါတို့်ဆုံးဖြတ်ချက်ကမှန် ပါတယ်”
“ဒါပေမဲ့ တစ်ခါတစ်လေ သခင်လေးကိုတွေးကြည့်ရင် ရင်မောတာတွေ ရှိတယ်” ဟုန်ဝူ ပြောလေသည် “သူက တကယ့်ကိုပါရမီရှင်ပဲ၊ အတွင်းပိုင်း ဒေသတွေမှာတောင် သူ့ကိုနိုင်နိုင်မယ့် ပညာရှင်တွေမရှိလောက်ဘူးလို့ လောင်းရဲတယ်”
“သခင်လေးက တခြားသူတွေမရှိတဲ့ အခွင့်အရေးတွေရှိတာတော့ အမှန်ပဲ၊ မဟုတ်ရင် သူ့အသက်အရွယ်နဲ့ ဒီလိုမျိုးတွေအောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဖန်ကျိ ဆက်ပြောလေသည် “ဒါပေမဲ့ သူက သူ့ကိုယ်သူ ရက်စက်လွန်းတယ်၊ အဲတုန်းက အမှောင်တောမှာ သူ့ကိုဖိနှိပ်တဲ့ သန်မာတဲ့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေဒီလောက်များခဲ့တာ၊ ငါတို့သာဆိုရင်တော့ ပြန်တိုက်ဖို့အခွင့်အရေးတောင်ရလိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ သူက မဖျန်ဖြေ ပဲနဲ့ အားလုံးကို ငရဲကိုအတူတူခေါ်သွားခဲ့တာပဲ”
“အဲဒါကိုပြောရင် သခင်လေးနောက်လိုက်ရတာ ကောင်းတယ်လို့ ခံစား ရတယ်” နီအန်းယီဆက်ပြောလေသည် “သူက သူ့သူငယ်ချင်းတွေကို ကာကွယ်ချင်လို့ လုပ်ခဲ့တာ၊ အဲဒါက သခင်လေးက သစ္စာရှိပြီး ဖြောင့်မတ်တဲ့ သူဆိုတာကို ပြနေတာပဲ”
“ဟုတ်တယ် ငါလည်းသဘောတူတယ်” ဒိုင်ယိလည်း ထိုသို့တွေးသည်။
“သခင်လေးက ကျုံကျန်းမျိုးနွယ်၊ ရှီမန်မျိုးနွယ်နဲ့ ဘယ်လိုပတ်သတ်လဲ ဆိုတာ သိချင်တယ်၊ သခင်လေးမှာ လျှို့ဝှက်ချက်တွေများတယ်လို့ ငါ အမြဲ ခံစားရတယ်”
“သခင်လေးက ပြောချင်ရင် ငါတို့ကိုပြောလာပါလိမ့်မယ်” ရှီချန်း ဆက် ပြောလေသည် “သခင်လေးမှာ လျှို့ဝှက်ချက်တစ်ခုထက်ပိုရှိတယ်လို့ ငါ ထင် တယ်”
“သခင်လေးက လျှို့ဝှက်ချက်တွေအများကြီးရှိတာ ပြဿနာမဟုတ်ပါ ဘူး၊ သူ့ရဲ့ ကျူးကျော်တတ်တဲ့ဘက်အခြမ်းကို ထောက်ခံတုန်းပဲ၊ သူ့ဆီကနေ လာတဲ့ ဝမ်းနည်းမှုကိုမြင်ရတာတော့ နာကျင်စရာပဲ” နီယန်းယီ ပြောလေ သည်။
“ကိစ္စတွေသာမဖြစ်ခဲ့ရင် သခင်လေးလည်း ဒီလောက် ခက်ခက်ခဲခဲ လုပ်မှာမဟုတ်ဘူး” ဟုန်ဝူ ပြောလေသည်။
“ငါတို့ သူ့နောက်လိုက်မှတော့ သူ့ကိုကောင်းကောင်းသိလာပါလိမ့်မယ်” ဖန်ခိုင် ပြောလေသည်။
“သခင်လေးနဲ့ တခြားသူတွေက တစ်ယောက်ယောက်ကိုသွားခေါ်မယ် လို့ပြောတာ အဲဒါဘယ်သူလဲ”
“သူတို့ပြန်လာရင် သိရမှာပေါ့”
“နှစ်ရက် သုံးရက်လောက်ကြာမယ်ပြောသွားတော့ မကြာခင် သူတို့ပြန် လာမှာပါ”
“လုပ်ရအောင် သခင်လေးနဲ့ တခြားသူတွေပြန်လာရင် ဒီပုံစံအတိုင်း မြင် ရအောင်မလုပ်နဲ့”
“အင်း လုပ်ကြမယ်”
ရှီမာယူယူ ပြန်လာချိန်တွင် အားလုံး အလုပ်များနေသည်ကို တွေ့လိုက် ရသည်။
“သခင်မ..သခင်လေး ဒါက အသည်းကွဲတောင်ကြားရဲ့ အလယ်ပိုင်း ဒေသလား”
လူတန်းတစ်ခုသည် လေဟာပြင်ပေါက်မှထွက်လာကြသည်။ သူတို့ သည် ဖြေဆေးစားထားကြသဖြင့် မသက်မသာမဖြစ်ကြပေ။
“ဟုတ်တယ် ဒီနေရာက နောက်ဆိုရင် အားလုံးနေဖို့နေရာဖြစ်လာလိမ့် မယ်” ရှီမာယူယူ ဆက်ပြောလေသည် “အိမ်တွေတော့ ဆောက်လို့မပြီးသေး ဘူး၊ အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် ကူညီနေကြတာပဲ”
အားလုံးသည် ကြည့်ကြရာ ရှုပ်ပွနေသော တောင်ကြားကိုသာ တွေ့ကာ အိမ်တစ်လုံးပင် ဆောက်မပြီးသေးပေ။
ရှီမာယူယူ ဆင်းလျှောက်ရာ နေရာတိုင်းတွင် မြေပေါက်များကိုတွေ့ရာ ဖန်ခိုင်သည် သူ့ကို နေရခက်စွာကြည့်လေသည်။
“ဘာဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အဲဒါက အိမ်ကိုဘယ်လိုဆောက်မရလဲဆိုတာ ငါတို့မသိတာနဲ့ ပစ္စည်း တွေပဲဒီကိုရွေ့ပြီး အုတ်မြစ်ပဲလုပ်ထားတာ” ရှီချန်းသည် ရှက်ရွံ့စွာပြောလေ သည်။
“ဟား”
ရှောင်ချီရယ်မောကာ “ခင်ဗျားတို့ကို တန်ခိုးတော်နဲ့ပြည့်စုံတယ်ထင်နေ တာ၊ ဒီလိုကိစ္စလေးကို ကြံရခက်နေတာကိုး”
“မင်းရော ဘယ်လိုဆောက်ရမလဲသိလား”
“အာ….” ရှောင်ချီသည် ရယ်မောနေရာမှရပ်သွားကာ ရိုးသားစွာဖြေ လေသည် “မသိဘူး”
ရှီမာယူယူ ပြုံးလိုက်သည် “ဖန်ခိုင်နဲ့ တခြားသူတွေက သန်မာတဲ့ စွမ်းရည်တွေရှိကြတယ်၊ ဒါပေမဲ့ သူ့နယ်ပယ်မှာ ကျွမ်းကျင်သူတွေပဲ ဘယ်လို ဆောက်ရမလဲဆိုတာ ဘယ်သိပါ့မလဲ”
“ဟုတ်တယ် ဟတု်တယ် သခင်လေးပြောတာမှန်တယ်” နီအန်းယိသည် သဘောတူစွာ ခေါင်းညိမ့်လေသည်။
ထိုစကားမှာ မှန်လွန်းသည်။ သူတို့သည် ကိုယ်ပိုင်နယ်ပယ်တွင် ကျွမ်းကျင်သူများဖြစ်ကြသည်။ အိမ်ဆောက်သည့် ပညာကို မည်သူမှ မလေ့လာခဲ့ပေ။
ရှီမာယူယူ ဆက်ပြောလေသည် “အိမ်ဆောက်ဖို့အကြောင်းကို နောက်မှ ပြောကြတာပေါ့ မိတ်ဆက်ပေးဦးမယ် ဒါကဦးလေးချီ အဒေါ်ယိ… သူတို့က ရှီမန်မျိုးနွယ်ကလူတွေပဲ သူတို့က ဖန်အာနဲ့ ကျွန်တော့်အမျိုးတွေပဲ၊ ဦးလေးချီ ဒါကဖန်ကျိ၊ ဖန်ခိုင်၊…. သူတို့သတင်းကိုတော့ ဦးလေးတို့ကြားဖူးမှာပေါ့၊ ကမ္ဘာ ဦးနယ်မြေရဲ့ ကျော်ကြားတဲ့ လူဆိုးကြီး၁၀ယောက်လေ”
နှစ်ဖက်လုံးသည် အသိအမှတ်ပြုကာ ခေါင်းညိတ်ကြလေသည်။
ရှီမန်ချီသည် သံသယဝင်နေသေးသည်။ ရှီမာယူယူသည် ဘယ်လို ကြောင့် လူဆိုးကြီး၁၀ယောက်နှင့် အတူရှိနေသည်ကို သူ မသေချာတော့ပေ။ သို့သော် သူတို့သည် တစ်ဖွဲ့တည်းဟု သူမပြောသဖြင့် သူတို့နှစ်ယောက် တည်းရှိသည့်အချိန်မှပင် သူ့သံသယကိုရှင်းပစ်ရမည်။
ရှီမာယူယူသည် သူ၏ မျက်နှာအမူအရာကိုမြင်သောအခါ သူ စဉ်းစား နေသည်ကို သူမ ချက်ချင်းသိလိုက်သည်။ အရင်က ရှီမန်မျိုးနွယ်သည် ဖြောင့်မတ်သော သြဇာဂုဏ်ရှိကာ အကျင့်စာရိတ္တဖောက်ပြန်သောသူများနှင့် အလုပ်တွဲမလုပ်ခဲ့ပေ။ အခု ဖန်ခိုင်နှင့် တခြားသူများကိုကြည့်ပြီး ချက်ချင်း လက်ခံရန်ခက်နေသည်။
“ဦးလေးချီ ဖန်ခိုင်တို့က လူကောင်းတွေပါ၊ သူတို့နဲ့ရင်းနှီးသွားရင် သိ လာပါလိမ့်မယ်” ရှီမာယူူယူ ဆက်ပြောလေသည် “နောက်ဆိုရင် ကျွန်တော် တို့ ဂိုဏ်းက ဂုဏ်သိက္ခာရှိတဲ့လူတွေကိုပဲ စုဆောင်းသွားမှာမဟုတ်ဘူး၊ တကယ့် လူဆိုးတွေကိုလည်း ခေါ်သွားမှာ”
“ယူအာ ဘာလို့….” ရှီမန်ချီသည် အံ့သြသွားသည်။ သူမသည် ထိုအကြောင်းကို အရင်ကမပြောခဲ့ပေ။
“ဦးလေးချီ အခုတော့ လက်မခံနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အကြောင်းပြချက်ရှိပါတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ဦးလေးတို့ ကျွန်တော့်ကိုယုံရမယ်၊ ကျွန်တော်က သာမာန်လူတွေကို အန္တရာယ်ဖြစ်စေမယ့် လူဆိုးဂိုဏ်းတည်ထောင်မှာမဟုတ်ပါဘူး”
***