← Chapters

မှင်စာဂိုဏ်း

Vol. 010 Ch. 916

မှင်စာဂိုဏ်း

Vol. 010 Ch. 916

“ယူအာ သားက မကောင်းတာမလုပ်ဘူးဆိုတာ ဦးလေးယုံပါတယ်၊ ဒါပေမဲ့ နောက်တစ်ချိန်ကို ဂိုဏ်းမှာ လူဆိုးတပည့်တွေရှိလာရင် သူတို့က ဂိုဏ်းရဲ့ စည်းမျဉ်းတွေ စည်းကမ်းတွေကိုချိုးဖောက်ပြီး ပြစ်မှုတွေလုပ်မှာ စိုးရ တယ်” ရှီမန်ချီ ပြောလေသည်။

“သူတို့မဝင်ခင်ကို ကျွန်တော် သစ္စာဆိုခိုင်းမှာပါ၊ သူတို့ကို ကျွန်တော် မတားနိုင်ရင်တောင် ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေတွေက တားနိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒီနည်းလမ်းကအလုပ်ဖြစ်ရင်ဖြစ်လိမ့်မယ် ဒါပေမဲ့ လာဝင်တဲ့လူတွေက လုပ်ချင်ပါ့မလား” အဒေါ်ယိ မေးလေသည်။

ဝိညာဉ်သခင်များသည် ဘဝင်မြင့်သောလူများဖြစ်ကြသည်။ သူတို့သည် သစ္စာဆိုခိုင်းလျှင် ဆိုကြမည့်သူများမဟုတ်ကြသည်မှာ သေချာသည်။

“ကျွန်တော် သူတို့ကိုတခြားဟာတွေ သစ္စာမဆိုခိုင်းပါဘူး၊ တခြားသူ တွေဆီက မလုယက်ဖို့နဲ့ရယ် သူတို့ဘာသာ မကောင်းတာတွေမလုပ်ဖို့ရယ်ပဲ ပြောမှာပါ” ရှီမာယူယူ ဆက်ပြောလေသည် “မလုပ်ချင်တဲ့ဘယ်သူမဆို မလုပ် ခိုင်းဘူး၊ တကယ်တော့ သူတို့ဘာသာဆိုရင် မကောင်းတာမလုပ်ချင်တဲ့သူ တွေအများကြီးရှိပါတယ်၊ တချို့က ဖိအားပေးခံရတယ်၊ တချို့က မလုပ်ချင်ပဲ နဲ့လုပ်ရတယ်”

“အဲဒါကို သားဖြေရှင်းနိုင်မယ်လို့ယုံပါတယ်” ရှီမန်ချီ ပြောလေသည်။

“အစ်မကြီးအရင်က တစ်ခါပြောဖူးတယ်၊ နောက်တစ်ခါ သမီးတို့ လက်စားချေမယ်ဆိုရင် တခြားသူတွေကို မဆွဲချချင်ဘူး၊ ဝင်လာတဲ့သူတွေက နောက်ကို စစ်ဖြစ်မယ်ဆိုတာကို သိလို့ မဝင်ချင်ဘူးဆိုရင် သူတို့ရဲ့ ဆုံးဖြတ် ချက်တွေကို လေးစားမယ်တဲ့” ရှီမန်လီ ပြောလေသည်။

ရှီမာယူယူ ပြန်လာချိန်မျှစ၍ သူမသည် ရှီမန်လီကိုခေါ်ထုတ်ခဲ့သည်။ ကျင့်ကြံသည့်တစ်ချိန်လုံးတွင် အလုံးလေး၏ အားတိုးလသည်ကို သူမ ခံစား မိသည်။

“ယူအာရဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နည်းလမ်းက သားနဲ့ပဲဆိုင်ပါတယ်” အဒေါ်ယိ ပြောလေသည်။

“ဟုတ်သားပဲ အစ်ကိုကြီး အစ်ကို၂ရော” ရှီမန်လီသည် ရှီမန်ဖန်အား ပတ်ကြည့်ပြီးနောက် မေးလိုက်သည်။

သူမ ပြန်လာချိန်တွင် ရှီမန်ဖန်သည် နေခဲ့ပြီး အိမ်ဆောက်နေလိမ့်မည် ဟု ထင်ထားခဲ့သည်။ သို့သော် သူ့ကို ထိုနေရာတွင် မတွေ့ရပေ။

“ဖန်အာက အဒေါ်၃ကို ရှာဖို့သွားတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ငါ ငှက်လေးနဲ့ ခုနကပဲဆက်သွယ်ခဲ့တယ်၊ သူတို့အမြန်ပြန်လာပြီလို့ ပြောတယ်၊ သူတို့ မကြာခင်ရောက်လာမှာပါ”

“သမီးတို့ အဒေါ်၃ကိုမကြာခင်တွေ့ရတော့မှာပေါ့” ရှီမန်လီသည် စိတ်လှုပ်ရှားစွာ ရှီမာယူယူ၏ လက်ကိုကိုင်လေသည် “သမီး အဒေါ်၃ကို မတွေ့ရတာ နှစ်တွေကြာနေပြီ သူမကိုအရမ်းလွမ်းတယ်”

“ငါလည်းလွမ်းမယ်” ဟိန်းသံလေးသည် သူမရင်ခွင်အတွင်းမှ ခေါင်းဆန့်ထုတ်ကာ လုံးဝန်းသောမျက်လုံးများဖြင့် ကြည့်လေသည်။

အလှလေး သူမကိုမတွေ့ရတာတောင် ကြာနေပြီ။

ဟိန်းသံလေး၏ နှာဗူးထသော အကျင့်စရိုက်ကို ရှီမာယူယူမြင်သည်နှင့် ရှီမန်လီ၏ ရင်ခွင်ထဲမှ ဆွဲထုတ်ကာ အနောက်သို့ပစ်လိုက်သည်။ သူမသည် အမှန်တကယ်ပင် သူ့ကိုမကြည့်ချင်ပေ။ အမြင်ကတ်စရာကြီး။

“ဒီတစ်ခေါက် အဒေါ်၃က ပန်းထိုးတဲ့မိန်းကလေးတွေနဲ့ပြန်လာမှာ နောက်တစ်ခါဆိုရင် ဝိညာဉ်အဝတ်လုပ်ငန်းက ကျွန်တော်တို့် ပင်မလုပ်ငန်း ဖြစ်လာမှာ” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့ တခြားကျွမ်းကျင်သခင်တွေလည်း စုဆောင်းရမယ်” ရှီမန်ချီ ဆက်ပြောလေသည် “ဂိုဏ်းတစ်ခုထောင်ချင်ရင် လုပ်ငန်းပိုလိုတယ်”

“ကျွန်တော်တို့မှာ အဂ္ဂရိတ်ပညာရှင်၊ လက်နက်သခင်၊ တည်ဆောက်မှု သခင် သားရဲထိန်းကျောင်းသူတွေ ဝိညာဉ်ရှာဖွေသူတွေရှိပါတယ်၊ အရည်အတွက်နည်းပေမယ့် အခုမှစတာဆိုတော့ တောင်းဆိုတာလည်း မမြင့် ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အခုအရေးကြီးဆုံးက ဒီအိမ်တွေဆောက်ပြီးဖို့ပဲလို့ ခံစားနေရတယ်” ရှောင်ချီ ပြောလေသည်။

“အဘိုးနဲ့တခြားသူတွေထွက်လာပြီး ကူဖို့ပြောလိုက်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “လူများတော့ အင်အားများတာပေါ့”

“အိမ်ဆောက်တာကိုပြောရင်းနဲ့ အကောင်းဆုံးဗိသုကာပညာရှင်က မှင်စာဂိုဏ်းမှာရှိတယ်” ဝူလင်းယူ ဆက်ပြောလေသည် “သူတို့ဆောက်တဲ့ အိမ်တွေက အလုံခြုံဆုံးနဲ့ အခိုင်ခံ့ဆုံးပဲ”

“မှင်စာမျိုးနွယ်… လက်နက်နဲ့ ဆောက်လုပ်မှုမှာ အရည်အချင်းအရှိဆုံး ဂိုဏ်ပဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လေသည် “သူတို့က ဒဏ္ဍာရီထဲက သူတွေမလား၊ လူမျိုးစုသေးသေးလေး ဟုတ်တယ်မလား၊ ဒါပေမဲ့ အခုတော့ သူတို့လူမျိုးစုက ပျောက်ကွယ်သွားပြီ”

“ဘယ်သူပြောလဲ” ဝူလင်းယူ ရယ်မောလေသည် “ဒဏ္ဍာရီလာဆိုပေ မယ့်၊ သူတို့ရှိတယ်ဆိုတာက တချို့ကမပျောက်ကွယ်သွားလို့ပေါ့၊ လက်ဆင့် ကမ်းလာတဲ့သူတချို့ရှိလို့လေ”

“တကယ်လား သူတို့ကို အစ်ကိုအရင်ကမြင်ဖူးလား သူတို့ကဘယ်လိုပုံ လဲ” ရှီမန်လီသည် သူ့အား စပ်စုစွာကြည့်လေသည်။

ဝူလင်းယူသည် သူ၏ အနာဂတ်ခယ်မလောင်းအနေနှင့် လေးစားကာ စိတ်ရှည်စွာ ရှင်းပြလေသည် “သူတို့က ငါတို့နဲ့အရမ်းမကွာဘူး၊ သူတို့မှာ မျက်လုံးတွေ၊ နှာခေါင်းတွေနဲ့နားတွေရှိတာပဲ၊ သူတို့ခန္ဓာကိုယ်က ငါတို့ထက် သေးပြီးပုတာပဲရှိတာ၊ သူတို့လက်ဖဝါးတွေက ပိုထူတယ်”

“မှင်စာမျိုးနွယ်တကယ်ပဲရှိတယ်ဆိုရင် သူတို့ကိုရှာလို့ရတာပဲ၊ သူတို့က မွေးရာပါ ပါရမီရှင် လက်နက်ပညာရှင်တွေလို့ကြးတယ်၊ သူတို့ထုလုပ်တဲ့ လက်နက်တွေက နှစ်လိုဖွယ်ကောင်းပြီး သန်မာတယ်” ရှီမာယူယူ ပြောလေ သည်။

သန်မာသည်ဟု ပြောလိုက်သည်နှင့် သူမ စိတ်ထဲတွင် အတွေးတစ်ခု ဝင်သွားသည်။

“ယူယူ လိုချင်လို့လား” ဝူလင်းယူ မေးလေသည်။

“ဘယ်မှာလဲဆိုတာသိလား” ရှီမာယူယူ၏ မျက်လုံးများသည် တောက်ပ စွာလက်သွားသည်။

ဝူလင်းယူသည် သူမ၏ တောက်ပသောအမူအရာကိုကြည့်ရသည်ကို နှစ်သက်ကာ သူ့နှလုံးသားပါ တောက်ပသွားလေသည်။

“အင်း မင်းလိုချင်ရင် အသက်ရှင်ကျန်တဲ့သူတွေရှိတဲ့နေရာကို ငါသိ တယ် ကြိုးစားလို့ရတယ်၊ ဒါပေမဲ့ ခေါ်နိုင်ပါ့မလားတော့ ကတိမပေးနိုင်ဘူး” ဝူလင်းယူ ပြောလေသည်။

အသက်ရှင်ကျန်သူများ…

“အချိန်ရှိရင်တော့ သူတို့ကိုရှာကြည့်ကြတာပေါ့” ရှီမာယူယူ ဆက်ပြော လေသည် “အခုတော့ မေ့ထားလိုက်ဦး၊ အိမ်ကိုအရင်ဆုံးဆောက်သင့်တယ်၊ ဦးလေးချီ အိမ်ဘယ်လိုဆောက်ရမလဲဆိုတာ သိလား”

“အင်း ပြဿနာကြီးမဟုတ်ပါဘူး” ရှီမန်ချီ ပြောလေသည်။

ရှီမာယူယူသည် ရှီမာလိုင်၊ ရင်လန်နှင့် ရှီမန်မိသားစုဝင်များကို ခေါ် လိုက်သည်။ သူတို့ကို လောကအသေးတွင် ထားရှိသည်ဟု တခြားသူများ ထင်လိုက်သဖြင့် မအံ့သြတော့ပေ။

ထိုအစား ဖန်ခိုင်နှင့် တခြားသူများသည် အံ့သြသွားကြသည်။ ရှီမာယူယူတွင် လောကအသေးရှိသည်ဟု သိသည်နှင့် သူတို့ပိုအံ့သြကြ သည်။

သူတို့တစ်ယောက်နှင့် တစ်ယောက်မိတ်ဆက်ပြီးနောက်တွင် အိမ်များ စတင်ဆောက်ကြလေသည်။

ရှီမာလိုင်နှင့် တခြားသူများသည် အရင်က ဝိညာဉ်စေတီအတွင်းတွင် အိမ်ဆောက်ဖူးသဖြင့် သူတို့အတွက် ဖြေရှင်းရမည်မှာ ပိုလွယ်ကူနေသည်။ ရှီမန်မျိုးနွယ်မှ တပ်သားများသည် တောင်ကြားတွင် အိမ်များဆောက်လေ့ရှိ သဖြင့် သူတို့လည်း အတွေ့အကြုံရှိကြသည်။

အဆင်သင့်ဖြစ်နေသော ပစ္စည်းများထပ်ပေါင်းလိုက်သောအခါ တောင် အနားတွင် ခြံဝန်းအနည်းငယ်ဆောက်လုပ်ပြီးစီးသွားလသည်။

အားလုံးသည် အိမ်အသီးသီးရွေးကြကာ ရွေ့ပြောင်းကြသည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တည်ဆောက်မှု ဆောက်လုပ်ရန်သွားကြ လေသည်။

ရှီမာလိုင်နှင့် ရှီမန်ချီတို့သည် တစ်ယောက်နှင့်တစ်ယောက်သိသွားပြီး နောက် အိမ်အတူတကွဆောက်ကြရာ မိတ်ဆွေများဖြစ်သွားကြလေသည်။ အိမ်ဆောက်ပြီးသောအခါ နှစ်ယောက်စုပြီး သောက်ရင်းနှင့် စကားပြောကြ လေသည်။

“ယူယူ့ကိုပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမန်ချီသည် ကျေးဇူးတင်စွာပြောလေသည် “သူမသာ မရှိရင် ယူယူရဲ့ပြန်မွေးဖွားတာက ဖြစ်လာမှာမဟုတ်ဘူး”

“ယူယူက လိမ္မာတဲ့ကလေးူပါ၊ သူမက ငါ့ရဲ့ မြေးမအရင်းမဟုတ်ပေမယ့် တကယ့်သွေးသားလိုဆက်ဆံပေးခဲ့တယ်” ရှီမာလိုင်သည် သေရည်မော့ရင်း ပြောလိုက်သည်။

“ဝိညာဉ်လဲပြီးတော့ အဲအချိန်တုန်းက ဝမ်းနည်းသွားမှာပဲ” ရှီမာလိုင် သည် သွေးသွားရင်းမြေးမ၏ ဝိညာဉ်ဆုံးရှုံးရခြင်းကို တွေးနေသည်ဟု ထင် သဖြင့် ရှီမန်ချီ မေးလိုက်သည်။

သူ ရှီမာလိုင်၏ ခံစားချက်ကိုနားလည်သည်။ မြေးမတစ်ယောက်ကို တစ်စုံတစ်ယောက်မျက်စိအောက်တွင် ၁၀နှစ်ကျော်ပျိုးထောင်လာခဲ့သဖြင့် ထိုခံစားချက်ကို သိနိုင်သည်။

“အစတုန်းက ဝိညာဉ်ပြောင်းသွားတာကိုမသိကြဘူး၊ သူမ ရင့်ကျက်လာ ပြီး ကြိုးစားတယ်လို့ပဲထင်ခဲ့ကြတာ၊ သူမ ဒီလိုဖြစ်သွားတာကို လက်ခံပြီးတဲ့ နောက်တော့ သူမက အမှန်ကိုပြောပြခဲ့တယ်၊ အစတုန်း သူမက ယူယူမဟုတ် တော့တာကိုသိပြီးတဲ့နောက်ကို ထူးဆန်းတယ်လို့ခံစားရတယ် ဒါပေမဲ့ လက်ခံ လိုက်ပါတယ်” ရှီမာလိုင် ဆက်ပြောလေသည် “သူမရဲ့ သွေးသားရင်းမိဘက သိသွားရင် ဘယ်လိုစဉ်းစားမလဲလို့သိချင်မိတယ်”

“သူမက ခင်ဗျားရဲ့သွေးသားမဟုတ်ဘူးလား” ရှီမန်ချီသည် သိချင်စိတ် ဖြင့် မေးလေသည်။

“မဟုတ်ဘူး သူမက ကျွန်တော့်ကျေးဇူးရှင်ထားသွားတာ ကျွန်တော်က ပျိုးထောင်ခဲ့တာ” ရှီမာလိုင် ပြောလေသည် “ကျွန်တော်မှန်းတာမှန်မယ်ဆိုရင် သူမက ကမ္ဘာဦးနယ်မြေက အားကြီးတဲ့ ဂိုဏ်းတစ်ခုကဖြစ်မယ်၊ အဲဒီမျိုးနွယ် မိသားစုနာမည်ကလည်း ရှီမာပဲ”

ပိုပြီးအားကောင်းတဲ့ ရှီမာမျိုးနွယ်… ရှီမန်ချီသည် ချက်ချင်းပင် အတွင်း ပိုင်းဒေသမှ မျိုးနွယ်ကို တွေးမိလေသည်။

***

All Chapters