← Chapters

အကြီးမြင့်ဆုံးနတ်ဆိုးမှ စိတ်လှုပ်ရှားခြင်

Vol. 010 Ch. 917

အကြီးမြင့်ဆုံးနတ်ဆိုးမှ စိတ်လှုပ်ရှားခြင်

Vol. 010 Ch. 917

ရှီမာယူယူသည် ရှီမာမိသားစု၏ကိစ္စများကို ရှီမာလိုင်အား မပြောပြခဲ့ ပေ။ အတွင်းပိုင်းဒေသများမှ မိသားစုကြီးတစ်ခုဟုသာ သူမ ပြောခဲ့သည်။ ထို့ကြောင့် ကမ္ဘာဦးနယ်မြေတွင် လွှမ်းမိုးနိုင်သောမျိုးနွယ်တစ်ခုဟုသာ ရှီမာလိုင်သိပြီး မည်မျှလွှမ်းမိုးနိုင်သည်ကိုတော့ မသိပေ။

သို့သော် ရှီမန်ချီမှာ မတူပေ။ သူသည် မျိုးနွယ်သခင်မှားနှင့် အပြင်ထွက် လေ့ရှိကာ အပြင်လောကမှ လူများနှင့်အဆက်အသွယ်ကြောင့် လွှမ်းမိုးမှု မည်မျှရှိကြောင်းကို ကြားဖူးသည်။

ရှီမာယူယူသာ ထိုမျိုးနွယ်မှ အမှန်တကယ်ဖြစ်ခဲ့ပါက…

သူသည် အကျိုးသက်ရောက်မှုကိုတွေးပင်မတွေးရပေ။ အနည်းဆုံး တော့ အခက်အခဲများရှိမည်။

“အဘိုး ဦးလေးချီ” ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အပြင်ပြန်လာကာ လျှောက်ရင်း သူတို့ တောင်ဘေးတွင်သောက်နေကြသည်ကိုတွေ့သောအခါ နှုတ်ဆက်လိုက်ကြသည်။

“တည်ဆောက်မှုလုပ်ပြီးသွားကြပြီလား” ရှီမာလိုင် မေးလေသည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့ သောက်နေသည်ကို တွေ့သောအခါ ပြောလိုက်သည် “အဘိုးတို့နှစ်ယောက်သောက်ပြီးစကား ပြောကြမှာကို ဘာလို့သူတို့ကိုမချက်ပြုတ်ခိုင်းရတာလဲ”

“ဟီးဟီး အဘိုးက သမီးလက်ရာကိုစားပြီးတော့ တခြားသူတွေလက်ရာ စားရတာအရသာမရှိတော့ဘူး” ရှီမာလိုင် ဆက်ပြောလေသည် “အရသာမရှိ မှတော့ ဒီအတိုင်းပဲသောက်ရမှာပဲ”

ရှီမာယူယူ ပြုံးကာ ရှီမာလိုင်ဘေးထိုင်ပြီး သူ့လက်မောင်းကို တွယ်ချိတ် ကာ ပြောလေသည် “အဘိုး ယူယူက အဘိုးတွက် ချက်ပြုတ်မပေးဘူးလို့ ပြောလိုက်တာလား”

“အမှန်ပဲ မစားရတောင်ကြာနေပြီ” ရှီမာလိုင်သည် မငြင်းပေ။

သူမသည် ရှီမာလိုင်အတွက် အစားကောင်းများမချက်ပြုတ်ရသည်မှာ ကြာပြီဟု ရှီမာယူယူလည်းခံစားရသည်။ သူမသည် ဒီနေ့ခံစားချက်ကောင်း သဖြင့် ရှီမာလိုင်၏ ပခုံးကိုပွတ်ပြီး မေးလိုက်သည် “အဘိုးဘာစားချင်ချင် ယူယူက ချက်ပေးမှာပေါ့”

“သမီးဘာပဲချက်ချက် အဘိုးက အဆင်ပြေပြီးသားပဲ” ရှီမာလိုင်သည် ပြုံးပြီးပြောလေသည်။

ရှီမာယူယူသည် ခေါင်းလှည့်ပြီး ရှီမန်ချီကိုကြည့်လိုက်သည် “ဦးလေးချီ ရော”

“ဦးလေးလည်းအဆင်ပြေတယ်” ဦးလေးချီ ဆက်ပြောလေသည် “သမီး လက်ရာကိုစားဖူးတာ အတော်ကြာနေပြီ သမီးချက်တတ်တယ်ဆိုတာတောင် မေ့နေပြီ”

“ဒါဆို ခါတိုင်းလိုပဲချက်လိုက်တော့မယ်” ရှီမာယူယူ မတ်တတ်ရပ်ကာ ဟင်းချက်ပစ္စည်းများထုတ်ကာ စတင်ချက်ပြုတ်လေသည်။

ရှီမာလိုင်နှင့် ရှီမန်ချီတို့နှစ်ယောက်လုံးသည် အစပ်ဟင်းလျာများ နှစ်သက်သဖြင့် အစပ်ဟင်းလျာတချို့ချက်ပြီး ပေါ့ပေါ့ပါးပါးနှစ်မျိုးချက်လိုက် သည်။

ရှောင်ချီသည် ပထမဟင်းလျာမပြီးခင်ပင် အပြေးရောက်လာသည်။ သူမသည် ရှီမာယူယူ ဟင်းချက်နေသည်ကိုမြင်သောအခါ ပျော်ရွှင်နေသည်။ သူမ စကားမပြောရသေးခင်မှာပင် ရှီမာယူယူသည် ရှီမန်လီနှင့် အဒေါ်ယိကို ခေါ်ရန် သူမကို အမိန့်ပေးလေသည်။

ရှီမာလိုင်နှင့် ရှီမန်ချီတို့သည် နေရာယူပြီးကြပြီ။ ရှီမန်လီနှင့် အဒေါ်ယိ တို့ရောက်လာသောအခါ ရှီမာယူယူ ချက်ပြုတ်နေသည်ကိုမြင်သောအခါ ပျော်ရွှင်စွာ အတူတကွထိုင်ကြလေသည်။

ရှီမာယူယူ နောက်ဆုံးဟင်းပွဲချက်မပြီးခင်မှာပဲ တစ်ဖက်တွင် စားသောက်ပွဲစတင်နေလေပြီ။

ဝူလင်းယူသည် သောက်ရန် အဆွဲခံလိုက်ရသဖြင့် ရှီမာလိုင်ဘေး တွင်ထိုင်လိုက်သည်။

“လင်းယူ ငါတို့ယူယူ့ကိုပိုးနေတာလား” ရှီမာလိုင်သည် ရုတ်တရက် မေး လေသည်။

ခွက်ကိုင်ထားသော ဝူလင်းယူ၏လက်များသည် တုန်ယင်လာကာ အရက်များပင် ဖိတ်စင်ထွက်သွားသည်။

ထူးဆန်းလိုက်တာ ငါဘာလို့စိတ်လှုပ်ရှားနေတာလဲ။ ဒါက ဒဏ္ဍာရီလာ မိဘတွေ့ဆုံတာမျိုးလား။

“အဘိုး ကျွန်တော်…”

ရှီမာလိုင်သည် ခွက်ကိုမော့လိုက်ပြီး ပြောလေသည် “ငါ မမြင်ဘူးလို့ မထင်နဲ့၊ မင်းမျက်လုံးတွေက ယူယူ့ဆီမှာ တစ်ချိန်လုံးကပ်နေတာ အဲအကြည့် တွေက ငါ့ဇနီးကိုကြည့်ခဲ့တဲ့အကြည့်တွေနဲ့ တစ်ထပ်တည်းပဲ”

ဝူလင်းယူသည် သူပြောလိုက်သည့်စကားကြောင့် မငြင်းတော့ပဲ တက်ကြွသောအသံဖြင့် ပြောလိုက်သည် “ဟုတ်ပါတယ် ကျွန်တော် ယူယူ့ကို သဘောကျပါတယ်”

“ဟား ငါသိသားပဲ မင်းက ယူယူ့နောက်ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လိုက်နေတာပဲ” သူဝန်ခံလိုက်သောအခါ ရှီမာလိုင်သည် ရန်လိုပုံပေါက်လာ သည်။ သူသည် အေးစက်စွာ ညည်းညူလေသည် “ငါတို့ယူယူက ရဖို့မလွယ် ဘူး၊ တခြားသူတွေဆိုလို့ကတော့ အကုန်နှင်ထုတ်ပစ်မှာ၊ ဒါပေမဲ့ မင်းကိုတော့ အခက်တွေ့အောင်မလုပ်ပါဘူး၊ ပြီးတော့ မင်းက သူမအတွက်အများကြီးလုပ် ပေးခဲ့တယ်၊ ဒါပေမဲ့…”

သူ ရန်လိုလာသည်ကိုကြည့်ပြီး ဝူလင်းယူ စိတ်မငြိမ်ဖြစ်လာသည်။ သို့သော် သူ့ကိုနှင်မထုတ်ဟု ကြားပြီးနောက်တွင် စိတ်လှုပ်ရှားမှုလျော့နည်း လာကာ မကြာခင်မှာပင် ပြန်စိတ်လှုပ်ရှားရပြန်သည်။

သူသည် အရင်ကဒီလိုမျိုး ရိုလာကိုစတာစီးသလို ခံစားချက်မျိုးမဖြစ်ဖူး ပေ။

သူ ဝူလင်းယူဖြစ်စဉ်ကအချိန်ကိုပြန်တွေးကြည့်လျှင် သူသည် လူမျိုးစုံ ကိုတွေ့ခဲ့သည်။ အားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင်ရှိကာ အတက် အကျဖြစ်သည့်အချိန်ဟူ၍မရှိခဲ့ပေ။ သူ မိုရှားဖြစ်ခဲ့စဉ်က အင်အားကြီးတပ် တစ်ခုကိုရင်ဆိုင်လျှင်တောင်မှ ဒီလိုမျိုးမခံစားခဲ့ရဖူးပေ။

သူမ၏ မိသားစုတစ်ခုတည်းကပင် စကားတစ်ခွန်းတည်းနှင့်ပင် သူ့ကို ဒီလိုခံစားချက်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။

ဘာကိုမှဂရုမစိုက်တတ်သောလူတစ်ယောက်အတွက် တခြားသူများ သူ့ကိုဘယ်လိုစဉ်းစားမလဲဆိုသည်ကို တွေးပူနေရမည့် နေ့ရောက်လာမည်ဟု သူဘယ်တုန်းကမှမထင်ခဲ့ပေ။

ရှီမာလိုင်သည် နောက်တစ်ခွက်မော့ကာ ဆက်ပြောလေသည် “ငါ မင်းတို့နှစ်ယောက် ကိစ္စကိုဂရုမစိုက်ပါဘူး ဒါပေမဲ့ သူမကို နည်းနည်းလောက် ပဲ ဝမ်းနည်းအောင်လုပ်ရင်ကို မင်းကိုလွှတ်မထားဘူး၊ နားလည်လား”

“အဘိုး မစိုးရိမ်ပါနဲ့ အဲလိုမျိုးအဖြစ်မခံပါဘူး” ဝူလင်းယူ ကတိပေးလေ သည်။

သူသည် ကတိပေးရသောအရာများကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ ထိုကတိများသည် အတုအယောင်များဟု ခံစားရသောကြောင့်ပင်။ အခု လုပ် သည်မှာ အစစ်အမှန်ဖြစ်သည်။ သို့သော သူမ မိသားစုဝင်များနှင့် ရင်ဆိုင်ရာ တွင် သူတို့မစိုးရိမ်စေရန် ကတိပေးရမည်ကို သူ သိသည်။

ရှီမန်လီသည် ဝူလင်းယူအားကြည့်ပြီး ပြောလေသည် “ဝါး ညီမက ခဲအို ရတော့မှာလား”

ရှီမာယူယူသည် သူမအနောက်မှ ဟင်းများကိုချပေးရင်း ပြောလေသည် “ခဲအိုရမရတော့မသိဘူး မကြာခင်တော့ ယောက်မရတော့မယ်”

“ယောက်မလား အစ်ကို၂မှာ ကြိုက်တဲ့သူရှိနေပြီလား” ရှီမန်လီ မေး လေသည်။

“ဟုတ်တယ် သူမက မိန်းမကောင်းလေးလို့ကြားတယ်” ရှီမာယူယူ ပြော လိုက်သည်။

“ဝါး အစ်ကို၂နဲ့ အစ်မကြီးနှစ်ယောက်လုံးမှာ ထူးခြားတဲ့သူတွေရှိနေပြီ ညီမတစ်ယောက်တည်း ဘယ်သူမှမရှိသေးတာ” ရှီမန်လီ ဆက်ပြောလေ သည် “အစ်မကြီး ညီမရဲ့ အနာဂတ်ယောက်မလောင်းကိုမြင်ဖူးလား၊ သူမက လှလား၊ ဆက်ဆံရတာရောလွယ်လား၊ အစ်ကို့ကိုဘယ်လိုများ ကြွေသွားတာ လဲ”

ရှီမန်လီသည် မေးခွန်းများစွာမေးလေသည်။ ရှီမာယူယူသည် သူမ၏ ပထမဆုံးစကားကို လျစ်လျူရှုလိုက်သည်။ နှစ်ယောက်လုံးမှာ တစ်ယောက်စီ ရှိနေကြပြီ…

“ငါ သူမကိုအရင်ကမြင်ဖူးတယ် တော်တော်လှတယ်ပြီးတော့ ပေါင်းရ တာလည်း အဆင်ပြေတယ် သူမအကျင့်က တည့်တိုးပဲ၊ ဒါပေမဲ့ အဆင်ပြေပါ တယ်၊ သူမကို တွေ့ရင် ညီမလေးလည်း သဘောကျမှာပဲ” သူမပြုံးပြီး ဆက် ပြောလေသည် “အဲဒါပြောရင်းနဲ့ သူမကို ကျေးဇူးတင်မိတယ်၊ ဒီနှစ်တွေမှာ ဖန်အာအတွက် ခက်ခဲခဲ့တယ်၊ သူမကပဲ သူ့ဘေးမှာ တစ်ချိန်လုံးရှိနေပေးခဲ့ တာ၊ သူမကြောင့်သာမဟုတ်ရင် ဖန်အာအတွက် ပြီးခဲ့တဲ့နှစ်တွေက ခက်ခဲခဲ့ မှာ”

“အစ်ကို၂ဘေးမှာ ဘယ်သူမှမနေပေးခဲ့ဘူးလား” ရှီမန်လီသည် နာကျင် မှုကိုခံစားလိုက်ရသည်။

“မရှိဘူး” ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် “အတိအကျပြောရ မယ်ဆိုရင် ဖန်အာက သူ့နားကိုဘယ်သူ့ကိုမှအကပ်မခံခဲ့တာ၊ ကုန်ယိက သူ့ကို တွယ်ကပ်ခဲ့လို့ သူ့ရင်ထဲရောက်သွားတာ”

“အစ်ကို၂က ပြီးခဲ့တဲ့အချိန်တွေမှာ ဘယ်သူ့ကိုမှ အကပ်မခံခဲ့ဘူးလား” ရှီမန်လီ ပြောလေသည်။

ရှီမာယူယူ ရှီမန်ဖန်ကိုတွေ့ဆုံခဲ့သည့် အကြောင်းများကိုပြောပြရာ ရှီမန်လီ၏ မျက်လုံးများသည် နီရဲလာသည်။

“အစ်ကို၂က အဲလောက်အခက်အခဲတွေတွေ့ခဲ့ရမယ်လို့ ညီမ မသိခဲ့ ဘူး အစ်ကို၂က အမြဲသူ့ကြည့်ကောင်းတဲ့ရုပ်ကြောင့် အရှက်မဲ့တာမျိုးမဖြစ်ခဲ့ ဖူးဘူး ပုံပျက်သွာေးတာ့ ဘယ်လောက်တောင် စိတ်ညစ်သွားမလဲ…” သူမသည် ရှီမန်ဖန်၏ အခြေအနေကိုတွေးကြည့်ပြီး သူ့အတွက် စိတ် မကောင်းဖြစ်သွားသည် “သူ့ဘေးမှာအစ်မကုန်ယိရှိနေလို့ ကံကောင်းတယ်၊ မဟုတ်ရင် သူအုံ့ပုန်းနေတော့မှာ”

“အဲဒါကြောင့် အစ်မတို့ သူမကိုကျေးဇူးတင်ရမယ်” ရှီမာယူယူ ပြော လိုက်သည်။ သူမ၏ မျက်နှာအမူအရာပြောင်းကာ ပြုံးပြီးပြောလိုက်သည် “သူတို့အကြောင်းပြောရင်းနဲ့ ပြန်လာကြပြီပဲ၊ ငှက်လေးက အသည်းကွဲတောင် ကြားအပြင်ဘက်ရောက်နေပြီ ငါ သူတို့ကိုသွားကြိုလိုက်မယ်”

“ငါ မင်းနဲ့လိုက်ခဲ့မယ်” ဝူလင်းယူသည် သူမနှင့်အတူ မတ်တတ်ရပ်လေ သည်။

“ရပါတယ် အစ်ကိုက အဘိုးနဲ့အဖော်ပြုပြီး သောက်လိုက်ပါဦး” ရှီမာယူယူသည် သူ့ကိုထိုင်ခိုင်းပြီး လှည့်ထွက်ကာ အပြင်သို့ပျံလာလိုက် သည်။

***

All Chapters