← Chapters

မိသားစုတွေ့ဆုံပွဲ

Vol. 010 Ch. 918

မိသားစုတွေ့ဆုံပွဲ

Vol. 010 Ch. 918

ရှီမာယူယူသည် ကမ်းပါးသို့လာရာ ရှီမန်ဖန်၊ အဒေါ်၃၊ ဝူလေးနှင့် ငှက်လေးတို့ စကားပြောနေသည်ကိုတွေ့လိုက်ရသည်။

သူတို့အနောက်တွင် အမည်မသိသော မိန်းကလေးတချို့ရှိရာ သူတို့ သည် ခေါ်လာသော ချည်ထိုးမည့်မိန်းကလေးများဖြစ်တန်ရာသည်။

“အစ်ကိုယူယူ” ဝူလေးသည် ရှီမာယူယူကို မြင်သည်နှင့် လက်ရမ်းပြ လေသည်။

“အခုပဲ ဦးလေးချီနဲ့ လီအာတို့နဲ့ မင်းတို့အကြောင်းပြောနေတာ၊ အခုပြန် လာတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဖြေဆေးအရင်စားလိုက် ပြီးရင် အကုန်လုံးကိုခေါ်သွားပေးမယ်”

သူမသည် အားလုံးကို ဖြေဆေးဝေပေးပြီးနောက် တောင်ကြားသို့ခေါ် သွားလေသည်။

“ရှီချန်း သူတို့က ချည်ထိုးမယ့်မိန်းကလေးတွေပဲ သူတို့နေမယ့် နေရာ ရှာပေးလိုက်ပါဦး” ရှီမာယူယူသည် ရှီချန်းအား ပြောလိုက်သည် “အဒေါ်၃နဲ့ ဝူလေးက ခြံဝန်းတစ်ခုထဲမှာနေလို့ရတယ်”

“ဘာပဲဖြစ်ဖြစ်ရပါတယ်” အဒေါ်၃ ပြောလေသည်။

“ဒါဆို သွားပြီးအထုတ်ချလိုက်ပါဦး အဒေါ်တို့ကို ဦးလေးချီနဲ့ အဒေါ်ယိ တို့ကိုတွေ့ဖို့ခေါ်သွားပေးမယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့က အခု အနောက်ကတောင်ထိပ်မှာ စားသောက်ပွဲလုပ်နေတယ်”

“ကောင်းပြီ”

အဒေါ်၃နှင့် တခြားသူများသည် ဘာမှလုပ်စရာမရှိကာ ခြံဝန်းကိုသာ လှည့်ပတ်ကြည့်ကြလေသည်။ သူတို့ခြံဝန်းကိုကြည့်ပြီးနောက်တွင် ရှီမာယူယူ သည် သူမနှင့် ဝူလေးတို့ကို အနောက်ဘက်က တောင်သို့ခေါ်သွားလေသည်။

“အဒေါ်၃”

အဒေါ်၃ဆီသို့ တစ်ယောက်ချင်းစီရောက်လာကာ သူတို့ထဲမှ အဒေါ်၃၏ ရင်ခွင်ထဲသို့ပြေးဝင်သူမှာ ရှီမန်လီဖြစ်သည်။ နောက်တစ်ကောင်မှာ ပြေးဖက် ရန် တစ်ဝက်တစ်ပျက်တွင် အတားခံလိုက်ရသည်။

“အမလေး ယူယူ ငါ့ကိုလွှတ်ပေး ငါအဒေါ်၃ဆီသွားချင်တယ်” ဟိန်းသံလေး၏ ခြေထောက်တိုလေးများသည် လေထဲတွင် ယက်ကန်ယက် ကန်ဖြစ်နေသည်။ သို့သော် ရှီမာယူယူ၏ တင်းကြပ်စွာဆုပ်ကိုင်မှုအောက်မှ မရုန်းနိုင်ပေ။

“အဒေါ်၃နဲ့ လီအာတို့ပြန်ဆုံတာကို မင်းကဘာလို့ အဲဒီကိုပြေးသွားတာ လဲ တတိယဘီးဖြစ်ချင်လို့လား” ရှီမာယူယူသည် သူ၏ ရှည်လျားသော နားရွက်များကို ကိုင်ထားလေသည်။

“ဒါပေမဲ့ ငါလည်း အဒေါ်၃ကိုလွမ်းတယ်လေ ဟိန်းသံလေးလည်း အဒေါ်၃နဲ့ ပြန်ဆုံချင်တယ်လေ” ဟိန်းသံလေးသည် မလိုလားစွာပြောလေ သည်။

“မင်းကတော့ မေ့လိုက်တော့” ရှီမာယူယူသည် သူ၏နားရွက်များကို ကိုင်ထားကာ အသုံးမဝင်သည့်အရာတစ်ခုကိုကိုင်ထားသလို စားပွဲရှေ့တွင် ထိုင်လိုက်သည်။

“ဒါကဝူလေးတဲ့ သူမက အဒေါ်၃ရဲ့ တပည့်… ဝူလေး ဒါက ငါ့ရဲ့ အစ်မကြီးနဲ့ အဘိုး၊ ဒါကဦးလေးချီ၊ အဒေါ်ယိနဲ့ အဒေါ်၃နဲ့ လျှောက်လာတာ က ညီမလေးလီအာ” ရှီမန်ဖန်သည် ဝူလေးအားမိတ်ဆက်ပေးလေသည်။

ဝူလေးသည် လူကြီးတစ်ယောက်ချင်းစီကို အရိုအသေပေးလေသည်။

သူမ လမ်းပျောက်ခဲ့သောအချိန်များတွင် အဒေါ်၃၏ နောက်ကိုလိုက်ခဲ့ ရာ အတွေ့အကြုံများရခဲ့သည်။ သူတို့၏ အတိတ်ကိုသိပြီးနောက်တွင် သူမ သည် ပိုရင့်ကျက်ခဲ့ရသည်။ ကမ္ဘာပေါ်တွင် ထူးဆန်းထွေလာများဖြစ်လာမည် ဟု သူမ မထင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူမ၏ ဆရာနှင့် ရှီမန်မိသားစုဝင် များကို အားနာမိသည်။

အတွေ့အကြုံများသာ ရင့်ကျက်သည့်ပုံပင်။ မဟုတ်လျှင် သူတို့သည် ကလေးတစ်ယောက်အတိုင်းဖြစ်နေမှာပင်။

“အကုန်လုံး စုံပြီဆိုမှတော့ ထိုင်ပြီး အတူစားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

ဝူလေးသည် ရှောင်ချီဘေးတွင်ထိုင်ကာ ရှီမန်လီနှင့် အဒေါ်၃တို့လည်း လျှောက်လာကြရာ စားပွဲတစ်လုံးတွင်နေရာချပြီးဖြစ်သဖြင့် အားလုံးသည် ခုံ ထပ်ထုတ်ကာ အနည်းငယ်စီတိုးပေးလိုက်ကြသည်။

“ရှီမန်မိသားစုမှာ အသက်ရှင်ကျန်တဲ့သူ ဒီလောက်များမယ်လို့မထင် ထားဘူးပဲ၊ တကယ်တေကာင်းတယ်” အဒေါ်၃၏ မျက်လုံးများသည် အရည် လဲ့နေကာ ဘေးတွင်ထိုင်နေသောရှီမန်လီသည် ရင်ထဲထိသွားကာ သူမအား နှစ်သိမ့်ပေးလေသည်။

အစပိုင်းက ရှီမာယူယူနှင့် ရှီမန်ဖန်တို့ အသက်ရှင်သေးသည်ဟု သူမ သိခဲ့စဉ်က သူမသည် ပျော်ရွှင်နေပြီ။ အခု ရှီမန်လီပါ အသက်ရှင်နေသေးမည် ဟု မထင်ထားပေ။ ဒီကလေးသည် ငယ်ရွယ်စဉ်ကပင် သူမ ကြည့်ရှု စောင့်ရှောက်ခဲ့သော ကလေးဖြစ်သည်။

“ဟုတ်တယ် အကုန်လုံးအသက်ရှင်နေခဲ့တာပဲ” ရှီမန်ချီ ဆက်ပြောလေ သည် “ဒါပေမဲ့ ငါတို့က အပြင်မှာရှိနေလို့အသက်ရှင်နေ၃ခဲ့တာ၊ ဒီမောင်နှမ သုံးယောက်ကတော့ အဲနေ့ကအဖြစ်ဆိုးကနေ ကျန်ခဲ့သူတွေဖြစ်ခဲ့တာ”

“ဦးလေးချီ၊ အဒေါ်၃ ဒီနေ့က တစ်ယောက်နဲ့တစ်ယောက်ပြန်တွေ့တဲ့ နေ့ပဲ အဲဒီဝမ်းနည်းစရာတွေမပြောပါနဲ့တော့၊ အရင်ဆုံး သောက်ရအောင်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

အားလုံးသည် ခွက်များကိုမြှောက်လိုက်ကြသည်။

“နောက်ရက်နည်းနည်းကြာရင်… စီနီယာအစ်ကို…. အစ်ကိုကြီးနဲ့ တခြားသူတွေကို တွေ့ဖို့သွားခေါ်ပေးပါဦး၊ ဒါဆိုရင် အားလုံးဒီမှာစုံကြပြီ၊ ဂိုဏ်းကို တရားဝင်တည်ထောင်လို့ရပြီ” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒီအတွက် စီနီယာအစ်ကိုကိုပဲ ဒုက္ခပေးရမှာပဲ”

ဝူလင်းယူ သူမ တောင်းဆိုချက်ကို လက်ခံသည့်အနေနှင့် ခေါင်းညိတ်လေသည်။

“အားလုံးရောက်မယ့်အချိန်ကိုစောင့်ကြတာပေါ့ အဲကျရင် အကုန်စုပြီး စားသောက်ပွဲကြီးလုပ်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေကို လည်းဖိတ်ကြတာပေါ့ ပွဲလုပ်ကြမယ်”

“ကောင်းတယ်”

“အစ်ကို၂ ယောက်မကိုတွေ့ဖို့ ဘယ်တော့ခေါ်လာမှာလဲ ညီမ သူမ အကြောင်းကို အရမ်းသိချင်တယ်”

“သူမ ကိစ္စတွေရှင်းပြီးတာနဲ့လာမယ်လို့ပြောတယ်” ရှီမန်ဖန် ပြောလေ သည်။

“တကယ်လား ဒါဆိုရင် သူမကိုမကြာခင်တွေ့ရမှာပေါ့” ရှီမန်လီသည် တက်ကြွစွာပြောလေသည်။

“အဲကျရင် အဲလောက်စိတ်လှုပ်ရှားမနေနဲ့ ကုန်ယိ လန့်သွားလိမ့်မယ်” ရှီမာယူယူသည် ရယ်မောရင်း စနောက်လေသည်။

“မဖြစ်လောက်ပါဘူး” ရှီမန်လီ ဆက်ပြောလေသည် “ယောက်မလောင်း က တစ်လောကလုံးကို ခရီးသွားနေတာ ညီမကိုဘာလို့ကြောက်ရမှာလဲ” ရှီမန်လီ ဆက်ပြောလေသည် “အာယား… ယောင်းမလောင်းက ညီမအတွက် လက်ဆောင်လေးများ ယူလာမလားသိချင်မိ”

ရှီမန်လီသည် ယောင်းမဟု ဆက်တိုက်ခေါ်နေသည်ကို ရှီမန်ဖန်သည် ပြုံးပြုံးကြီး လက်ခံနေလေသည်။

“သြော် ဟုတ်သားပဲ အဒေါ်၃ စားသောက်ပြီးရင် ကိုးလှည့်နှင်း ပိုးကောင်နေရာ ကိုရှာဖို့ခေါ်သွားပေးမယ်” ရှီမာယူယူသည် အဒေါ်၃အားပြော လေသည်။

“ကောင်းပြီ” အဒေါ်၃ ကိုးလှည့်နှင်းပိုးကောင်ဟုကြားသည်နှင့် စားသောက်ရာတွင် အာရုံမထားနိုင်တော့ပဲ စောစောသွားချင်မိသည်။

သူမ စိတ်လှုပ်ရှားနေသည်ကို ရှီမာယူယူသိသဖြင့် သူမအတွက် ဟင်း များထည့်ပေးပြီး ပြောလိုက်သည် “ကိုးလှည့်နှင်းပိုးကောင်က အတွင်းပိုင်း ဒေသတွေမှာရှိနေတာ၊ အခုသမီးတို့လက်ရှိဖြေဆေးက အပြင်ပိုင်းနဲ့အလယ် ပိုင်းမှာပဲသွားလာလို့ရသေးတာ၊ နောက်ထပ် ဖြေဆေးသောက်ဖို့လိုသေး တယ်၊ ဒါပေမဲ့ သမီး အဲဒီဖြေဆေးကိုအခုမှလေ့လာပြီးထွက်လာတာ ပိုကောင်းအောင်မလုပ်ရသေးဘူး၊ အခုဆေးစားလိုက်ရင် ထမင်းစားပြီးတဲ့ အချိန်လောက်မှ ဆေးစွမ်းပြမှာဆိုတော့ အဲအချိန်ဆိုအလယ်ပိုင်းဒေသ ရောက်လောက်ပြီ အဲဒါကြောင့် အဒေါ်၃ စိတ်လှုပ်ရှားစရာမလိုပါဘူး”

သူမသည် အဒေါ်၃အား ဆေးထုတ်ပေးရာ အဒေါ်၃သည် ဆေးစား ပြီးနောက်တွင် စိတ်လှုပ်ရှားသည်မှာ အသုံးမဝင်ကြောင်းကိုသိသွားပြီး အားလုံးနှင့် စားသောက်လေသည်။

အားလုံးသည် အစားအသောက်အတွက် အပြည့်အဝကျေနပ်ကြသည်။ အရေးအကြီးဆုံးမှာ အမျိုးများထက်ပိုသာသဖြင့် အားလုံးဝမ်းသာကြသည်။

စားသောက်ပြီးနောက်တွင် ရှီမာယူယူ၊ ဝူလင်းယူနှင့် ရှောင်ချီတို့သည် ဒေါ်၃ကို အတွင်းပိုင်းဒေသများကို ခေါ်သွားလေသည်။ ကျန်သောသူများ သည် တောင်ကြားတွင်နေခဲ့လေသည်။

သူတို့ အတွင်းပိုင်းထိသွားလေ၊ အနံ့အသက်ပိုပြင်းလာကာ အဆိပ် သတ္တဝါများ၏ အဆင့်မှာလည်းပိုမြင့်လာလေဖြစ်သည်။ သို့သော် ထိုအဆိပ် သတ္တဝါများသည် ဝူလင်းယူနှင့် ရှောင်ချီတို့ကိုတွေ့သည်နှင့် အလျင်အမြန် ပြေးကြလေသည်။

ထိုသူတစ်ပါးထိခိုက်ကျိုးယုတ်အောင်ပြုလိုစိတ်အလွန်ရှိတဲ့ လူနှစ် ယောက်လာနေရာ အားလုံးသည် အမြန်ပုန်းကြလေသည်။

သူတို့အဝေးသို့ပြေးကြပုံကိုကြည့်ကာ ရှီမာယူယူ ရယ်မောလေသည်။ သူတို့ထိုပုံအတိုင်းဖြစ်အောင် ဝူလင်းယူနှင့် ရှောင်ချီတို့ မည်သို့လုပ်လိုက် သည်ကို သူမ မသိပေ။

“အဒေါ်၃ နှင်းတောင်ကအရှေ့နားလေးတင်ပဲ” သူတို့သည် တောင်ခြေ သို့သွားရာ အနံ့အသက်မြူခိုးများကြောင့် တောင်ထိပ်ကိုမမြင်ရပေ။

အဒေါ်၃စားထားသော ဖြေဆေးသည် အဆိပ်ပေါင်းတစ်ရာကိုဖယ်ရှား နိုင်သော ယေဘုယျဆေးဖြစ်သည်။ အတွင်းပိုင်းဒေသအတွက် အထူးပြုလုပ် ထားသည်မှာ ပြည့်စုံခြင်းမရှိသဖြင့် ရှီမာယူယူမှ သူမအတွက် မီးရှို့ပေးရန် လို လေသည်။

သူမသည် ထိုအနံ့အသက်မြူခိုးများကိုကြည့်ကာ ပြောလေသည် “ကိုးလှည့်နှင်းပိုးကောင်တွေက ဒီလိုပတ်ဝန်းကျင်ဆိုးမှာနေမယ်လို့မထင် ထားဘူး”

“ကိုးလှည့်ပိုးကောင်တွေက ပါးနပ်ကြတယ်၊ သူတို့က လူသားတွေ ရှာ မတွေ့အောင်လို့ ဒီမှာနေကြတာ” ရှီမာယူယူ ဆက်ပြောလေသည် “ရှောင်ချီ က အဆိပ်တွေခံနိုင်ရည်ရှိတာကြောင့်မို့သာ တောင်ကြားကိုပတ်သွားနိုင်ပြီး စောစောတွေ့တာပဲ”

“အင်း သွားကြမယ်”

ရှီမာယူယူသည် သူမကိုခေါ်သွားသည်။ အနံ့အသက်မြူခိုးများ ဖြတ်ကျော်ပြီးနောက်တွင် သူမ မီးတောက်ကိုသိမ်းလိုက်သည်။ အဒေါ်၃သည် သူမ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်ရေးအလုံးဖန်တီးလိုုက်သည်။

သူတို့လေးယောက်သည် တောင်ထိပ်သို့ပျံတက်သွားသည်။ ပင်လယ် ရေမျက်နှာပြင်အမြင့်တစ်ဝက်လောက်အရောက်တွင် နှင်းများဖြင့် ဖုံးလွှမ်းနေ သည်။ သူတို့တောင်ထိပ်သို့ိရောက်သောအခါ တောက်ပသောနှင်းများဖြင့် ဖုံးလွှမ်းထားသဖြင့် မြင်ရသည်မှာ အဖြူရောင်များပင်ဖြစ်လေသည်။

သူတို့သည် လှည့်ပတ်ကြည့်သော်လည်း ကိုးလှည့်နှင်းပိုးကောင်များကို မတွေ့ရလေပေ။

“သူတို့ဒီမှာတကယ်ရောရှိရဲ့လား” အဒေါ်၃ မေးလေသည်။

ရှီမာယူယူသည် ဝူလင်းယူအားကြည့်လိုက်သည်။

“ကင်းမီးကောက်အိုကြီးပြောတာပဲ ကိုးလှည့်ပိုးကောင်က ဒီနှင်းတောင် မှာရှိတယ်တဲ့” ရှောင်ချီ ဆက်ပြောလေသည် “ဒါပေမဲ့ ယူယူကရှောင်ချီတို့ကို ပြန်ခေါ်တာနဲ့ ဒီကိုလာပြီးမစစ်ကြည့်မိဘူး၊ ဒါပေမဲ့ ကင်းမီးကောက်အိုကြီးက ရှောင်ချီ့ကိုတော့ မလိမ်ရဲလောက်ပါဘူး မဟုတ်ရင် သူ့ခြေထောက်ကို ချိုးပစ် မယ်”

***

All Chapters