ကိုးလှည့်နှင်းပိုးကောင်
Vol. 010 Ch. 919
သူတို့သည် တောင်ထိပ်ကိုပတ်ကြည့်သော်လည်း အဆုံးမရှိသော နှင်း ကိုသာတွေ့ရလေသည်။
“သေစမ်း ဒီမှာဘာမှမရှိဘူးလို့မပြောနဲ့” ရှောင်ချီသည် ဒေါသထွက်ကာ အင်္ကျိလက်ကိုမ,တင်ပြီး တောင်အောက်ကိုဆင်းပြီး ကင်းမီးကောက်အိုကြီး ကို ပြဿနာရှာရန်ပြင်လေသည်။
“ရှောင်ချီ ခဏလေး” ရှီမာယူယူသည် ရှောင်ချီအား ဆွဲထားလိုက်သည် “နားထောင်ကြည့်”
ရှောင်ချီသည် ငြိမ်လိုက်ရာ နှင်းပုံများအောက်ခြေမှလာသော ပွတ်တိုက် သံကို ကြားလိုက်ရလေသည်။
လှုပ်ရှားမှုရှိတယ်….
“ရွှတ် ရွှတ်”
“ရှပ် ရှပ်”
“ရွှတ် ရွှတ်”
သေးငယ်သောနှင်းအစုအပုံများသည် တစ်ခုပြီးတစ်ခု နှင်းပုံများပေါ် တွင်ထွက်လာကာ သေးငယ်သောခေါင်းလေးများသည် တစ်ကောင်ပြီး တစ် ကောင်ထွက်လာလေသည်။ ထိုသည်မှာ ပိုးကောင်၏ လုံးဝန်းသောခေါင်းများ ဖြစ်ကြသည်။
“ဒီမှာ တစ်ယောက်ယောက်ရောက်နေတယ်” ကိုးလှည့်နှင်းပိုးကောင် တစ်ကောင် ပြောလိုက်သည်
“ရွှတ် ရွှတ် အဲဒါလူသားပဲ”
“နှစ်တွေဘယ်လောက်တောင်ကြာနေပြီလဲ တကယ်ပဲ လူသားရောက် လာတယ်”
“အိုး ဒါကလူသားလား ငါ လူသားကိုတစ်ခါမှမမြင်ဖူးဘူး”
“လူသားတွေက စိတ်ခက်ထန်တယ်လို့ကြားဖူးတယ် ငါတို့ပုန်းရမလား”
“ငါတို့ကိုတွေ့သွားပြီး ပုန်းလို့မရတော့ဘူး”
“တော်တော့ အားလုံး စကားမပြောနဲ့တော့”
“ဒါပေမဲ့ ငါအရမ်းစိတ်လှုပ်ရှားနေပြီ”
“ဂရုစိုက် ဘုရင်က မင်းကိုအပြစ်ပေးလိမ့်မယ်”
“အိုး.. ငါဘာမှမပြောရသေးဘူး”
ရှီမာယူယူသည် စကားများနေကြသော ပိုးကောင်တစ်ဖွဲ့ကိုကြည့်လိုက် သည်။ သူတို့တွင် ကျူးကျော်လာမည့် ကပ်ဘေးကို အာရုံခံတတ်သည့် အာရုံ မရှိပေ။
“အဟမ်း…” သူမ ချောင်းဟန့်လိုက်ရာ ထိုနှင်းပိုးကောင်များ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
“လူသား ဒီကိုဘာလာလုပ်တာလဲ” နှင်းပိုးကောင်တစ်ကောင်သည် တွားသွားပြီး နှင်းပေါက်ထဲမှ ထွက်လာသည်။ ရှီမာယူယူ ရေတွက်ကြည့်ရာ သူ့ခန္ဓာကိုယ်သည် အစိတ်အပိုင်း၇ခုခွဲခြားထားသည်။ ထိုသည်မှာ ခုနှစ်လှည့် အတွေ့အကြုံရှိသဖြစ်ရမည်။
“မင်းတို့ဘုရင်ရော” ရှီမာယူယူ မေးလိုက်သည်။
“မင်းက ငါတို့ဘုရင်ကိုတွေ့ချင်လို့လား”
“ဟုတ်တယ် ငါတို့်ဆွေးနွေးစရာရှိတယ် ရမလား” ရှီမာယူယူ ပြောလိုက် သည်။
“ငါတို့ဘုရင်မှာ အချိန်မရှိဘူး” ခုနှစ်လှည့်နှင်းပိုးကောင်သည် တွေဝေ ခြင်းမရှိ ငြင်းဆန်လေသည် “တစ်ခုခုရှိရင် ငါ့ကိုပြောလို့ရတယ်”
“မင်းက မင်းတို့နှင်းပိုးကောင်အဖွဲ့ရဲ့ ဆုံးဖြတ်နိုင်ခွင့်ရှိသူလား”
“ငါတို့ကိုအရင်ပြောလိုက်ပါ အရေးမကြီးရင် ငါတို့ ဆုံးဖြတ်လို့ရတယ်”
“ကောင်းပြီ ငါ မင်းတို့နဲ့ အပေးအယူလုပ်ချင်တယ်” ရှီမာယူယူ ပြော လိုက်သည်။
“ငါတို့က လူသားတွေနဲ့ အပေးအယူမလုပ်ဘူး” ထိုနှင်းပိုးကောင်များ သည် သူမစကားမဆုံးခင်မှာပင် ငြင်းဆန်လေသည်။
“မင်းက အကြောင်းအရာကိုကြားတောင်မကြားရသေးဘူး ငြင်းနေ တယ်၊ မင်းတို့်စိတ်ဝင်စားစရာရှိလောက်တာနဲ့ လာရင်ဘယ်လိုလုပ်မလဲ”
“မင်းတို့လူသားတွေအကုန်လုံးက လူလိမ်တွေနဲ့ သစ္စာမရှိကြတဲ့သူတွေ ပဲ၊ မင်းနဲ့ ငါတို့အပေးအယူမလုပ်ချင်ဘူး” ထိုနှင်းပိုးကောင် ဆက်ပြောလေ သည် “သွားလိုက်တော့ နှင်းတောင်တွေကနေထွက်သွားပါ၊ မဟုတ်ရင် ငါတို့ ကို ဆိုးတယ်လို့ အပြစ်မတင်နဲ့”
ထိုသို့ပြောပြီးသည်နှင့် ထိုနှင်းပိုးကောင်များသည် ရှုပ်ထွေးမှုကိုခံစားရ ကာ နှင်းများမှတွားသွားထွက်လာကာ တိုက်ခိုက်ရန်အဆင်သင့်ပြင်ထားလေ သည်။
သူတို့၏ တောက်ပကာကြည်လင်သော ခန္ဓာကိုယ်နှင့် လုံးဝန်းသော မျက်လုံးများနှင့် ချစ်စရာကောင်းသောပုံစံသည် သေစေလောက်သည့်ပုံ မပေါက်ပေ။
“ငါတို့က မင်းတို့ဘုရင်ကိုရှာနေတာ သူ့ကိုမတွေ့ရပဲနဲ့ ဘယ်လိုလုပ် ထွက်သွားရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ငါတို့ဆိုးတယ်လို့ အပြစ်မတင်နဲ့”
“မင်းတို့ အဆုံးအဖြတ်မချခင် ငါပြောမယ့် အပေးအယူကိုအရင် နားထောင်တာ ပိုကောင်းမယ်ထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ငါ မင်းတို့ကို ထိခိုက်အောင်မလုပ်ချင်ပါဘူး”
“မင်းတို့လူသားတွေနဲ့ ဘာမှပြောစရာမလိုဘူး သူတို့ကိုဖမ်းလိုက်” ခုနှစ်လှည့်နှင်းပိုးကောင် အော်လေသည်။
“တိုက်ပွဲတော့ဖြစ်တော့မဲ့ပုံပဲ” ရှီမာယူယူသည် ဆောင်အောင့်ကာ ပြော လေသည်။
“သခင် ငါလုပ်မယ်” အဒေါ်၃နှင့် စာချုပ်ချုပ်ထားသော ဝိညာဉ် ပိုးကောင်ပြောလေသည်။
“ယူယူ အရင်ဆုံးမတိုက်သေးနဲ့ဦး” အဒေါ်၃ စကားဆုံးသည်နှင့် သူမ၏ စာချုပ်ဝိညာဉ်ပိုးကောင် ဝိညာဉ်ပိုးဘုရင်မ ဆုလီကိုခေါ်ထုတ်လိုက်သည်။
ဆုလီထွက်လာပြီး ရှီမာယူယူကိုအရင်ခေါင်းညိတ်ပြလေသည်။ သူမ အသက်ကို ယူယူအရင်တစ်ခေါက်က ကယ်ထားသဖြင့် သူမ၏ ကြင်နာမှုကို မမေ့ပေ။
“ပိုးကောင်စိမ်းရဲ့ဘုရင်မလား” ထိုခုနှစ်လှည့်နှင်းပိုးကေးာင်သည် ဆုလီ ၏ လူသားပုံစံကိုကြည့်ပြီး ချက်ချင်းပင်မှတ်မိလေသည်။
“မင်းတို့ ဘုရင်ထွက်လာအောင် ပြောလိုက်” ဆုလီသည်လည်း တော်ဝင်သွေးပါသော ဘုရင်မတစ်ယောက်ဖြစ်သဖြင့် သူမ ပြောလိုက်ချိန် တွင် မာနပါလေသည်။
“ငါတို့ဘုရင်မအားဘူး” ခုနှစ်လှည့်ပိုးကောင်သည် သူတို့ဘုရင်ကို သတင်းပေးရန် ငြင်းဆန်လေသည်။
သို့သော် ပိုးကောင်တစ်ကောင်သည် ရုတ်တရက် တောင်ထိပ်တွင် နှစ်မြုပ်သွားသည်။ ပိုးကောင်ပျောက်သွားသည်နှင့် ငွေရောင်ဝတ်ထားကာ ဆံပင်အနက်ရောင်နှင့် အမျိုးသားတစ်ယောက်သည် နှင်းပိုးကောင်များရှေ့ တွင် ပေါ်လာသည်။
သူ၏ အေးစက်သောရောင်ဝါနှင့် အမူအရာမဲ့ခြင်းတို့မှာ အေးစက်ကာ ဘဝင်မြင့်သည့်ပုံကို ပေါက်စေသည်။ သူသည် ရှီမာယူယူနှင့် တခြားသူများ ကို အေးစက်စွာကြည့်လိုက်ရာ အေးစိမ့်မှုကိုခံစားရလေသည်။
“ဘုရင်ကြီး” နှင်းပိုးကောင်များသည် ခန္ဓာကိုယ်များကို ကိုင်းညွှတ်လေ သည်။
“ဆုလီ မင်းက တကယ်ပဲ လူသားနဲ့ စာချုပ်ချုပ်လိုက်တာပဲ” ကျုံရင်း သည် ဆုလီအား တအံ့တသြကြည့်ကာ သူ့မျက်လုံးသူ မယုံနိုင်ပေ။
“ကိစ္စတစ်ခုဖြစ်ခဲ့တယ်၊ စာချုပ်ကငါ့ကိုကယ်ပြီး ငါ့ကလေးအသက်ကို လည်း ကယ်နိုင်ခဲ့တယ်” ဆုလီသည် ပြုံးပြီး စာချုပ်အကြောင်းကို မရှောင်ဖယ် ပဲပြောလေသည်။
“ဘာဖြစ်ခဲ့တာလဲ” သူမ အသက်ရှုံးလုနီးပါးဖြစ်ခဲ့သည်ဟု ကြားသည်နှင့် ကျုံရင်း မျက်နှာပျက်သွားသည်။
ဆုလီ ပျံလာပြီး သူတို့နှစ်ယောက်လုံး စကားပြောကြလေသည်။
သူတို့စကားပြောသည်ကို ရှောင်ချီတွေ့သည်နှင့် သူတို့အနီးအနားတွင် ရပ်ကာ စပ်စုစွာပြောလေသည် “ဆုလီနဲ့ ကျုံရင်းတို့ဆက်ဆံရေးက ကောင်း တဲ့ပုံပဲ”
“ဟုတ်လောက်မယ်” အဒေါ်၃ ဆက်ပြောလေသည် “ဝိညာဉ်ပိုးကောင် တွေကြားမှာလည်း သူငယ်ချင်းဆိုတာရှိတယ်၊ ဆုလီက ဝိညာဉ်ပိုးကောင် ဘုရင်တွေတော်တော်များများနဲ့ ဆက်ဆံရေးကောင်းတယ်လို့ တစ်ခါ ပြောဖူး တယ်”
“သူမ လုပ်ရင် အလုပ်ဖြစ်မလားသိချင်မိတယ်” ရှောင်ချီ ပြောလေ သည်။
“အနည်းဆုံးတော့ မတိုက်ခိုက်ရတာပေါ့” ရှီမာယူယူ ပြောလေသည်။
“ဟုတ်တယ်”
ခဏအကြာတွင် ဆုလီ ပျံလာကာ ပြောလေသည် “ကျုံရင်းက ဝိညာဉ် ပိုးကောင်တွေထဲမှာ ဘဝင်အမြင့်ဆုံးနဲ့ မာနအကြီးဆုံးပဲ၊ သူတို့ကို စာချုပ်ချုပ် မလားမေးရင် သေချာပေါက် သဘောတူမှာမဟုတ်ဘူး”
“အဒေါ်၃ကလည်း သူနဲ့ စာချုပ်ချုပ်ဖို့် စိတ်ကူးမရှိလောက်ဘူးထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဟုတ်တယ်မလား အဒေါ်၃”
“အင်း” အဒေါ်၃ ခေါင်းညိတ်လေသည် “မင်းနဲ့ စာချုပ်ချုပ်လိုက်တာက ရွေးချယ်စရာမရှိလို့ပဲ ဘာလို့သူနဲ့စာချုပ်ချုပ်ရမှာလဲ”
“ဆုလီရဲ့ အသက်ကိုကယ်ခဲ့တဲ့အတွက် ဒီနေ့လာရခြင်းအကြောင်း အရင်းကိုပြောပြလို့ရပါတယ်” ကျုံရင်းသည် သူတို့ကိုကြည့်လိုက်သည်။ သို့သော် ဆုလီအတွက်နှင့် သူ၏ အေးစက်သောအကျင့်ကို မရုတ်သိမ်းပေ။
“ကျွန်တော်တို့ ခင်ဗျားရဲ့ ပိုးမျှင်ကိုလိုချင်ပါတယ်” ရှီမာယူယူ ပြော လိုက်သည်။
ကျုံရင်းသည် သူမ တောင်းဆိုချက်ကြောင့် ကြံရာမရမဖြစ်ပေ။ လူသား များ ဝိညာဉ်ပိုးကောင်များဆီမှ လိုအပ်သောတစ်ခုမှာ ပိုးမျှင်ပင်ဖြစ်သည်။
သို့သော် သူတို့ဝိညာဉ်ပိုးကောင်မျိုးနွယ်သည် ပိုးမျှင်များကို ဂရုမစိုက် ပေ။ သူတို့ လူသားများနှင့် အပေးအယူမလုပ်ချင်ရသည့်အကြောင်းမှာ လူသားများကို မနှစ်သက်သောကြောင့်ပင်။
ဆုလီမှ အဒေါ်၃ကို နှစ်သက်သောကြောင့် သူမနှင့် အမှောင်တောတွင် အပေးအယူလုပ်ကာ သူမ၏ ပိုးမျှင်များကိုပေးခဲ့သည်။
“ကမ်းလှမ်းမှုကဘာလဲ” ကမ်းလှမ်းမှုမှာ သူ့အတွက်စိတ်ဝင်စားစရာ မကောင်းပါက သူတို့ပင်ဖြစ်စေကာမူ သူ သဘောတူမည်မဟုတ်ပေ။
“ကျွန်တော် ခင်ဗျားတို့အတွက် ဆေးဖော်ပေးမယ်” ရှီမာယူယူ ပြော လိုက်သည်။
“ဆေးဖော်ပေးမယ်ဟုတ်လား ငါတို့ဝိညာဉ်ပိုးကောင်မျိုးနွယ်က ဆေး တွေကိုစိတ်မဝင်စားဘူး” ကျုံရင်းသည် သူမ၏ ကမ်းလှမ်းမှုကို မကျေနပ်ပေ။
“ဒါပေမဲ့ ကျွန်တော့်ဆေးတွေကို သေချာပေါက်ကြိုက်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“အဲလောက်ယုံကြည်ချက်ရှိတာလား” ကျုံရင်း ပြောလိုက်သည်။
“ဒါပေါ့ ကျွန်တော့်မှာယုံကြည်ချက်မရှိရင် ဘယ်လိုလုပ်ခင်ဗျားနဲ့ လာ ဆွေးနွေးမှာလဲ” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည်။
သူမ ဆေးတစ်လုံးထုတ်ကာ သူ့ဆီသို့ပစ်ပေးရာ ကျုံရင်း ဖမ်းလိုက်လေ သည်။
“အနံ့ရှုကြည့်ရင် ဆေးရဲ့ရည်ရွယ်ချက်ကို ခင်ဗျားသိပါလိမ့်မယ်”
ကျုံရင်းသည် သူမဆေးများကို စိတ်မဝင်စားသော်လည်း သူမက သူ့ကို ပေးပြီးဖြစ်သဖြင့် အနံ့ခံရမည်မှာ နစ်နာခြင်းတော့မရှိပေ။
“နှင်းကြာပန်း” သူ၏ မျက်လုံးများ ကျယ်လာသည်။
“ဟုတ်တယ် နှင်းကြာပန်းကို ဒီဆေးမှာထည့်ထားတယ်၊ နှင်းကြာပန်း အပြင်ကို တခြားတန်ဖိုးကြီးဆေးဖက်ဝင်ပစ္စည်းတွေပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒီဆေးက ခင်ဗျားတို့လူတွေကို အဆင့်ဖြတ်ကျော်ပြီး နောက်တစ်လှည့်ကိုရောက်စေတယ် ဒီကမ်းလှမ်းချက်ကို ကျေနပ်ရဲ့လား”
***