← Chapters

အပေးအယူလုပ်ခြင်း

Vol. 010 Ch. 920

အပေးအယူလုပ်ခြင်း

Vol. 010 Ch. 920

ထိုစကားကြားသောအခါ ကျုံရင်း၏ မျက်လုံးများ ပြောင်းသွားသည်။

“ကျွန်တော်သိပါတယ် ကိုးလှည့်နှင်းပိုးကောင်တွေက အချိန်တိုင်းမှာ အလှည့်တိုးဖို့ လိုတယ်ဆိုတာ အလှည့်တစ်ခုတိုင်းမှာ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းတစ်ခုထပ်တိုးတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အလှည့်တစ်ခုစီတိုင်းက နှင်းပိုးကောင်တွေအတွက် ခက်တယ်၊ အစပိုင်းတွေ မှာ အဆင်ပြေပေမဲ့ ငါးလှည့်ပြီးသွားရင်တော့ နောက်ပိုင်းကခက်လာတယ် အလှည့်တွေကိုအောင်မြင်ဖို့အတွက် နှင်းကြာပန်းကကူညီပေးနိုင်တယ်၊ ဒါပေမဲ့ ပမာဏကနည်းတယ်၊ ခင်ဗျားတို့အတွက်က နှင်းကြာပန်းရဖို့ခက် တယ်၊ ပြီးတော့ ခင်ဗျားတို့က အပြင်ထွက်တာနည်းတယ် ဟုတ်တယ်မလား”

“လူသားတွေမှာ တကယ်ပဲ အတွေးတွေအများကြီးရှိတာပဲ” ကျုံရင်း သည် အသံဖျော့ဖျော့ဖြင့်ပြောရာ ပျော်၍ပြောသည်လား ဒေါသဖြင့်ပြောသည် လားမသိနိုင်ပေ။

“နှင်းကြာပန်းကတန်ဖိုးကြီးတယ် ကျွန်တော်တို့တောင် အများကြီး မစား နိုင်ဘူး” ရှီမာယူယူပြောရာ ဝိညာဉ်စေတီအတွင်းမှ ဝိညာဉ်လေးသည် မျက်လုံးလှန်မိလေသည်။

သူမကို အနှောင့်အယှက်မပေးရန် သူမ စိတ်ထဲမှပြောပြီး ဆက်ပြော လေသည် “ပြီးတော့ ခင်ဗျားကနှင်းကြာပန်းစားလိုက်ရင်တောင် အောင်မြင်ဖို့ မဖြစ်နိုင်သေးဘူး၊ ဒါပေမဲ့ဒီဆေးကတော့ တခြားတန်ဖိုးရှိတဲ့ဆေးတွေထပ် ထည့်ထားတော့ ၁၀၀ရာခိုင်နှုန်းအောင်မြင်မယ်လို့ ကျွန်တော်အာမခံနိုင် တယ်၊ ခင်ဗျားစမ်းကြည့်လို့ရပါတယ်”

“စမ်းကြည့်ရမယ်ဟုတ်လား”

“ဒီဆေးက ခင်ဗျားအတွက် လက်ဆောင်ပါ၊ တွေ့ဆုံခြင်းအတွက် လက်ဆောင်လို့ မှတ်ယူလိုက်ပါ၊ အလှည့်လုပ်ဖို့ဆက်တိုက်ကျရှုံးနေတဲ့သူကို ရှာပြီး စမ်းကြည့်ပြီး ရလဒ်ကိုစောင့်ကြည့်လိုက်ပါ” ရှီမာယူယူဆက်ပြောလေ သည် “ကျွန်တော်ဒီမှာရှိတယ် တစ်ခုခုဖြစ်တယ်ဆိုရင်လည်း စိုးရိမ်စရာမလိုပါ ဘူး၊ ကျွန်တော်ဖြေရှင်းချက်ပေးမှာမဟုတ်ဘူး”

ကျုံရင်း တွေဝေသွားသည်။

“ဘုရင်ကြီး ကျွန်တော်စမ်းကြည့်မယ်” ထိုခုနှစ်လှည့်နှင်းပိုးကောင် ပြော လေသည် “ကျွန်တော်က ဒီအဆင့်မှာပဲရပ်နေတာ နှစ်တွေအများကြီးရှိပြီ အောင်မြင်ရင်တော့ကောင်းတာပေါ့၊ မအောင်မြင်ရင်လည်း ဆုံးရှုံးစရာမရှိပါ ဘူး အကုန်လုံးအတွက် ကျွန်တော်စမ်းကြည့်နိုင်ပါတယ်”

ကျုံရင်း စဉ်းစားကြည့်ပြီး သူ့ကိုဆေးပေးကာ ပြောလိုက်သည် “မင်း တစ်ခုခုဖြစ်ရင် မင်းကိုစောင့်ရှောက်ဖို့ သူတို့ကိုပို့လိုက်မယ်”

သူသည် အေးစက်ပုံပေါက်သော်လည်း သူ့လူများအပေါ်တွင် ကောင်း ပေးသည့်ပုံပင်။

တကယ်တော့ သူ့စိတ်အတွင်းထဲတါင် ဆေးသည် အလုပ်ဖြစ်မည်ဟု ယုံကြည်သည်။ နှင်းကြာပန်းသည် ရှားပါးသဖြင့် သူမ ထိုအကြောင်းနှင့် ပတ်သတ်ပြီး လိမ်ရန်မလိုပေ။

ခုနှစ်လှည့်နှင်းပိုးကောင်သည် ဆေးစားလိုက်ရာ သူ့ခန္ဓာကိုယ်သည် စတင်လှည့်လာကာ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ငွေပိုးအကွင်းပေါ်လာ ကာ ပတ်လိုက်သည်။ နောက်ဆုံးတွင် ထူထဲသောပိုးအိမ်လုံးဖြစ်ပြီးနောက်ဆုံး တွင် ရပ်တန့်သွားလေသည်။

“အလှည့်တစ်ခုဆိုရင် အချိန်ဘယ်လောက်ကြာလဲ” ရှောင်ချီ မေးလေ သည်။

“အလှည့်တိုင်းမှာ ကြာတဲ့အချိန်က မတူကြဘူး ဒါပေမဲ့ ဒါက ၈ခုမြောက် အလှည့်ဆိုတော့ အချိန်ပိုကြာလိမ့်မယ်၊ ပုံမှန်အရှိန်နှုန်းနဲ့ဆိုရှု်ကို ၄ရက် လောက်ကြာလိမ့်မယ်” ဆုလီ ပြောလေသည်။

“ရှောင်ချီတို့ ၄ရက်စောင့်ရမှာလား”

“မလိုဘူး၊ ဒီဆေးက သူတို့လုပ်ငန်းစဉ်ကိုမြန်နိုင်တယ် ၂ရက်လောက် ဆိုရလောက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူက မြင်တတ်တယ်၊ ဒါမျိုးဖြစ်လာမယ်ဆိုတာသိလို့ ပြင်ဆင်ထား တယ်” ရှောင်ချီ ပြောလေသည်။

“ဒါက စီနီယာအစ်ကိုကပြင်ထားတာပါ” ရှောင်ချီ ဆက်ပြောလေသည် “ငါကအလုပ်များနေတာ ကိုးလှည့်နှင်းပိုးကောင်တွေရဲ့ အကျင့်ကိုဘယ်မှာ သွားလေ့လာရမလဲ၊ ဒီဆေးဖော်ဖို့အချိန်ဘယ်ရမလဲ”

“အစ်ကိုဆေးဖော်တာမမြင်လိုက်ရပါလား” ရှောင်ချီသည် ဝူလင်းယူကို ကြည့်လေသည်။

“မင်း အစားအသောက်အတွက် အပြေးအလွှားသွားနေတုန်းကို” ဝူလင်းယူ ပြောလေသည်။

“နှစ်ရက်လိုမှတော့ စောင့်ကြတာပေ့ါ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါကိုဖြေရှင်းပြီးရင် နောက်တစ်ခုကိုသွားရှာကြမယ်”

“နောက်တစ်ခုလား” အဒေါ်၃သည် ရှုပ်ထွေးသွားသည်။

“အဒေါ်အရင်တစ်ခါပြောဖူးတယ်လေ အသည်းကွဲတောင်ကြားမှာ ဝိညာဉ်ပိုးကောင်ရှိမယ်ဆိုရင် ပိုးကောင်ကွင်းဖြစ်လောက်မယ်ဆို”

“ကွင်းပိုးကောင်လည်းဒီမှာရှိတယ်လို့ ပြောလိုက်တာလဲ” အဒေါ်၃သည် သူမအား တအံ့တသြကြည့်လေသည်။

အစပိုင်းတွင် ဒီနေရာတွင်ဝိညာဉ်ပိုးကောင်ရှိပါက ကွင်းပိုးကောင်ဖြစ် လိမ့်မယ်ဟု ပြောဲ့သည်။ သို့သော် အခုထိုအကြောင်းကို ပြောလာမည်ဟု မထင်ထားခဲ့ပေ။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “ကွင်းပိုးကောင်က တကယ် ပဲ အသည်းကွဲတောင်ကြားမှရှိတယ် ဒီနဲ့မဝေးဘူး ဟုတ်တယ်မလား ဘုရင်ကြီးကျုံရင်း”

ကျုံရင်းသည် ရှီမာယူယူအား ဖျက်ခနဲကြည့်လိုက်သော်လည်း မငြင်း ပေ။

“အဲဒါကဒီမှာရှိမယ်လို့မထင်ထားဘူးပဲ၊ ဒါဆို နောက်တစ်ခါ ငါတို့ဂိုဏ်း ဒီမှာဆောက်တဲ့အချိန်ကျရင် ငါတို့နောက်မှာ ဝိညာဉ်ပိုးကောင်မျိုးနွယ်ကြီး ၂ခု ရှိတာပဲ၊ ဆုလီရဲ့ ပိုးနဲ့ပေါင်းလိုက်မယ်ဆိုရင် နောက်ဆိုရင် ပိုးမျှင်အထောက် အပံ့အတွက် စိုးရိမ်စရာမလိုတော့ဘူး” အဒေါ်၂ ပြောလေသည်။

“ကွင်းပိုးကောင်က ရက်စက်ကြတယ်၊ မင်းရဲ့ လှည့်ဖျားမှုသေးသေး လေးက သူတို့အတွက် အလုပ်မဖြစ်ဘူး” ကျုံရင်းသည် အထင်သေးစွာပြော လေသည်။

“ရက်စက်တဲ့သူတွေက ပိုလွယ်တယ်၊ စကားပြောဖို့ လက်သီးကိုသုံးရုံပဲ” ရှောင်ချီသည် ဆက်ပြောလေသည် “သူတို့မိဘတွေတောင် မမှတ်မိလောက် အောင် အရိုက်ခံရပြီးရင် သူတို့သဘောတူလိမ့်မယ်”

“ရှောင်ချီ မင်းကိုငါ ဘယ်နကြိမ်လောက်ပြောရမလဲ မင်းက မိန်းကလေး အကြမ်းမဖက်ရဘူး လက်သီးနဲ့ အမြဲစကားပြောလို့မရဘူး” ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းကို ယုယစွာထိပြီး  ပြောလေသည်။

ရှောင်ချီသည် လက်သီးဖြေကာ အင်္ကျိလက်ကိုချထားပြီး အကျင့် စာရိတ္တကောင်းသည့် မိန်းကလေးသဖွယ်ပြုမူလေသည်။

သူတို့သည် နှင်းတောင်ထိပ်တွင် နှစ်ရက်ကြာစောင့်ကြသည်။ ၃ရက် မြောက်နေ့တွင် ပိုးလုံးထဲမှ လှုပ်ရှားမှုရှိလာသည်။ အထဲမှ အလင်းတန်းထွက် လာပြီး ပိုးလုံးကွဲလာသည်။

“ဟားဟား နောက်ဆုံးတော့ ငါ ရှစ်လှည့်ကို အောင်မြင်သွားပြီ” ခုနစ်လှည့်နှင်းပိုးကောင်… မှားလို့… အခု ရှစ်လှည့်နှင်းပိုးကောင်သည် ပိုးကောင်အိမ်မှ ခုန်ထွက်လာပြီး အသည်းထဲအူထဲမှရယ်မောပြီးပြောလေ သည် “ဘုရင်ကြီး ကျွန်တော်လုပ်နိုင်သွားပြီ ဒီဆေးက တကယ်ပဲ ကျွန်တော် တို့အတွက် အသုံးဝင်တယ်”

ကျုံရင်း၏၏ အေးစက်သောမျက်အိမ်သည် ပြုံးသွားကာ ပြောလေ သည် “မဆိုးဘူး”

“ဘယ်လိုလဲ အခုအပေးအယူလုပ်လို့ရပြီလား” ရှီမာယူယူ ပြုံးပြီး ပြော လိုက်သည်။

ထိုရလဒ်မှာ သူမအတွက် အံ့သြစရာမဖြစ်ပေ။ ဝူလင်းယူ၏ အဂ္ဂိရတ် အရည်အချင်းသည် သူမထက်ပိုကောင်းကာ ဆေးများဖော်စပ်ရာတွင် ပြဿနာလုံးဝမဖြစ်နိုင်ပေ။

ကျုံရင်းသည် နောက်ဆုံးတွင် သူမမျက်လုံးများအားကြည့်ပြီး ပြော လေသည် “အပေးအယူကို ဘယ်လိုလုပ်ချင်လဲ….”

နေ့တစ်ဝက်ကြာပြီးနောက်တွင် အဒေါ်၃နှင့် ရှီမာယူယူတို့၏ မျက်နှာ တွင်ကျေနပ်သောအပြုံးများဖြင့် တောင်ပေါ်မှဆင်းလာကြလေသည်။

“ဒီတစ်ခေါက်ကို ဒီလောက်ပိုးမျှင်ရလာလိမ့်မယ်လို့မထင်ထားဘူး၊ နောက်တစ်ခါကို ရာသီတစ်ခုတိုင်းကို လာစုရမယ်၊ အဲလိုတွေးလိုက်ရင်ကို ပျော်စရာကြီး” လောကအသေးတွင် ပိုးမျှင်များစုပုံနေသည်ကို တွေးလိုက် သည်နှင့်ပင် အဒေါ်၃၏ မျက်လုံးများသည် အပြုံးများဖြင့်ပြည့်သွားသည်။

“ကိုးလှည့်နှင်းပိုးကောင်မျိုးနွယ် နယ်မြေကိုဘယ်သူမှမရောက်ဖူးလုနီး ပါးဆိုတော့ ဒါတွေက အရင်တုန်းက ထုတ်ထားတဲ့ဟာတွေပဲ၊ အရေအတွက် ကတော့ များနေမှာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့ ပိုးမျှင်ထုတ်တဲ့ အရှိန်နဲ့ဆိုရင် နောက်ကို ပိုးမျှင်ထောက်ပံ့မှုက ပြဿနာမဖြစ်နိုင်ဘူး”

“နှင်းပိုးကောင်မျိုးနွယ်မှာ အဖွဲ့ဝင်တွေဒီလောက်များမယ်လို့မထင်ထား ဘူး၊ ဆုလီတို့မျိုးနွယ်တို့ထက် အဆပေါင်းများစွာများတယ်” အဒေါ်၃သည် ဝမ်းသာစွာပြောလေသည် “ဒါပေမဲ့ သူတို့တောင်းဆိုတာလည်း နည်းနည်း တော့ မလွယ်ဘူး၊ တစ်လအတွင်းကို နှင်းကြာဆေး ၁၀လုံးလိုနေတယ်၊ မလောက်ဘူးဆိုဘယ်လိုလုပ်လဲ”

“အဲဒါကပြဿနာမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့ နှင်းကြာက ရှားတယ်လို့ပြောခဲ့တယ်လား”

“တခြားနေရာမှာရှားတာလေ ကျွန်တော့်နေရာမှာမရှားဘူး ဝိညာဉ်လေး မှာအများကြီးရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

ထို့ကြောင့်ပင် အစောက ဝိညာဉ်လေး သူမကို နှာခေါင်းရှုံ့ခြင်းဖြစ် သည်။

“ယူယူ အခု ကွင်းပိုးကောင်တွေကိုသွားရှာမှာလား” ရှောင်ချီ မေးလေ သည်။

“အင်း အသွားမယ် ဒီနေ့ ဝိညာဉ်အဝတ်ပြဿနာကိုရှင်းရမယ်၊ အဲဒါမှ အဒေါ်၃နဲ့ တခြားပန်းထိုးတဲ့မိန်းကလေးတွေ ကိုင်တွယ်ဖို့လွယ်မှာ” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သည် တောင်ကြားတချို့ကိုပတ်သွားပြီးနောက် အနံ့အသက်မြူခိုး များ ဝန်းရံနေသော တောတစ်ခုဆီသို့လာလိုက်ကြသည်။ သို့သော် အဆိပ် ငွေ့မှာ ပြင်းထန်လွန်းလှသဖြင့် ရှီမာယူယူသည် အဒေါ်၃၏ လုံခြုံရေးကို အာမမခံနိုင်သောကြောင့် သူမကိုအပြင်တွင် ထားခဲ့လေသည်။

သူတို့ဝင်သွားပြီးမကြာခင်တွင် ပိုးမျှင်တန်းတစ်ခုသည် လျင်မြန်သော အရှိန်ဖြင့် သူတို့ကိုတိုက်ခိုက်လေသည်။

“ကွင်းပိုးကောင်တွေက တကယ်ပဲရက်စက်တာပဲ သူတို့က စကား တစ်ခွန်းမှတောင်မပြောရသေးပဲနဲ့ တိုက်ခိုက်တယ်” ရှီမာယူယူသည် ထိုပိုး မျှင်ကို ဖမ်းမိကာ တင်းတင်းဆွဲလိုက်သည်။ အနက်ရောင်ပိုးမျှင်သည် သစ်ပင် ထက်မှ တွဲကျလေသည် “မင်းတို့ကဒီလောက် အကြမ်းဖက်မှတော့ ငါတို့ လည်း အကြမ်းဖက်ရတာပေါ့ တိုက်မယ်”

***

All Chapters