ကွင်းပိုးကောင်လက်ခံခြင်း
Vol. 010 Ch. 921
“တုန် တုန် တုန် တုန်”
“အာ…”
“လာပြန်ပြီ နောက်တစ်ခု”
“အာ…”
အနံ့အသက်မြူခိုးမှာ ထူလွန်းသဖြင့် ၃မီတာအနက်ကျော်သောအခါ ဘာမှမမြင်ရပေ။
အဒေါ်၃သည် မြူခိုးများအပြင်တွင်ရှိရာ အထဲကိုမမြင်ရကာ အထဲမှ ထွက်လာသောအသံများကိုသာ ကြားရလေသည်။ သူမသည် မတတ်သာပဲ ရှီမာယူယူကို စိုးရိမ်ရုံသာတတ်နိုင်လေသည်။
သို့သော် သူမ အထဲသို့မသွားနိုင်ကာ အပြင်မှာပင် စိုးရိမ်စွာစောင့်ရုံသာ တတ်နိုင်သဖြင့် ဟိုဟိုဒီဒီလျှောက်နေမိသည်။
“အဒေါ်၃ စိုးရိမ်ဖို့မလိုပါဘူး သူတို့က အတွင်းပိုင်းဒေသက အဆိပ်တွေ ကိုတောင် ကိုင်တွယ်နိုင်တယ်လေ၊ ပြီးတော့ ကွင်းပိုးကောင်လောက်ပဲကို” ဆုလီ သူမကို နှစ်သိမ့်လေသည် “ပြီးတော့ ကွင်းပိုးကောင်က ရက်စက်တယ် ဆိုဦးတော့ တိုက်ရတာကြိုက်တာပါ၊ သူတို့တိုက်ခိုက်မှုအားက မသန်မာကြ ဘူး၊ ဒီဒါကိုသူတို့ မြန်မြန်ဖြေရှင်းနိုင်မယ်လို့ထင်တယ်”
“အင်း” အဒေါ်၃ ပြောလေသည် “အဲလိုပဲမျှော်လင့်ပါတယ်၊ ရှောင်ချီရဲ့ တိုက်ခိုက်အားက တခြားသူတွေ လေးစားရလောက်အောင်ရှိတယ်၊ အဲဒီ ယူယူရဲ့ စီနီယာအစ်ကိုက ဘယ်လောက်စွမ်းလဲဆိုတာပဲ မတွေ့ရတာ”
“အမှန်ပဲ သူကနက်နက်နဲနဲကိုဖုံးကွယ်ထားတယ်လို့ ခံစားရတယ်” ဆုလီ ဆက်ပြောလေသည် “ပြီးတော့ သူ့မှာ ဆုလီမကြိုက်တဲ့ ရောင်ဝါရှိနေ တယ်၊ အစတုန်းက အမှောင်ရောင်ဝါလို့ထင်ပေမဲ့ သူ့ခန္ဓာကိုယ်က အလင်း ရောင်ဝါလည်းထွက်နေပြီး သူကလည်း ပညာရှိစံအိမ်တော်ရဲ့ ပင်မ တည် ဆောက်မှုကို ကျင့်ကြံထားသေးတယ်၊ အဲဒါကပဲ သူက မြင့်မြတ်ပြီး သန့်စင် တယ်ဆိုတာကို တခြားသူတွေကို ခံစားစေတာ၊ အဲကတည်းက ဆုလီ အာရုံ ကလွဲနေတယ်လို့ ခံစားလိုက်ရတာ”
“အဲလောက်ထူးဆန်းလား” အဒေါ်၃ ဆက်ပြောလေသည် “သူက အန္တရာယ်များတဲ့သူများဖြစ်နေမလား”
“အဲတုန်းက ဆုလီရဲ့ အာရုံမှားတာလည်းဖြစ်နိုင်တယ်” ဆုလီ ပြောလေ သည် “အဒေါ်၃ သိတယ်မလား၊ ဆုလီတို့ ပိုးကောင်စိမ်းတွေက သဘာဝနဲ့ နီးစပ်တယ် အမှောင်အရာဝတ္ထုတွေကို ခံစားရလွယ်တယ်၊ နည်းနည်းလေး ထူးဆန်းတာနဲ့ ချက်ချင်းအာရုံခံနိုင်ကြတာ”
“ဆုလီမှာ စွမ်းရည်ရှိတာသိပါတယ်” အဒေါ်၃ ပြောလေသည် “ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ဆုလီမှားသွားတာဖြစ်နိုင်တယ်၊ ယူယူရဲ့ စီနီယာအစ်ကိုက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်တဲ့သားတော်ဖြစ်သလို၊ အံ့ဖွယ်နတ်ဆိုးတောင် ကြားသခင်ရဲ့ တပည့်လည်းဖြစ်တယ် သူ့မှာ အမှောင်အရည်အချင်းမရှိ လောက်ပါဘူး”
“အင်း ဆုလီမှားသွားတာဖြစ်နိုင်တယ်” ဆုလီပြောလေသည်။
“အာ မရှို့ပါနဲ့ မရှို့ပါနဲ့”
ထိုအော်သံသည် အထဲမှထွက်လာရာ သူတို့နှစ်ယောက် စကားပြောနေ သည်မှာ ပြတ်သွားသည်။ အဒေါ်၃ ထိုအသံကြားပြီးနောက်တွင် ပြုံးပြီး ပြော လိုက်သည် “ယူယူတို့နိုင်သွားပုံပဲ”
“ဆုလီပြောသားပဲ စိတ်ပူဖို့မလိုပါဘူးလို့” ဆုလီ ပြောလေသည်။
အနံ့အသက်မြူခိုးအတွင်းတွင် ပဒါးငှက်လေးသည် တောအတွင်းတွင် ပတ်သွားနေလေသည်။ သူသည် တစ်ခါတစ်ခါ သစ်ပင်များကို ခေါက်ရာ သစ်ပင်အိုကြိးများသည် နှစ်ထောင်ချီရှိနေပြီဖြစ်သဖြင့် မျက်စိတစ်မှိတ် အတွင်းတွင် ပြာဖြစ်သွားလေသည်။
ရှီမာယူယူသည် လက်ထဲတွင် မီးတောက်ကိုင်ထားကာ သူတို့ သုံးယောက် ရိုက်ခြင်းကိုဆိုးဆိုးဝါးဝါးခံထားရသော ကွင်းပိုးကောင်ကို မျက်နှာချင်းဆိုင်ပြီး ပြောလိုက်သည် “ဘယ်လိုလဲ ငါ့ငှက်ပေါက်စရဲ့ စွမ်းအား ကို စမ်းကြည့်ချင်သေးလား”
“မလုပ်ပါနဲ့ မစမ်းချင်ပါဘူး” ကွင်းပိုးကောင်၏ ဘုရင် အော်လေသည် “ငါတို့ မင်းစကားကိုနားထောင်ပါမယ် မရှို့ပါနဲ့”
“မင်းတို့က ငါတို့နဲ့တိုက်ချင်နေတယ်လို့ထင်နေတာ” ရှောင်ချီသည် လက်သီးဝေ့ရမ်းလေသည်။
ကွင်းပိုးကောင်ဘုရင်သည် သူမအားကြည့်ပြီး လျင်မြန်စွာပင် ခယကာ လျှောက်လဲချက်ပေးလေသည် “မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး၊ ငါတို့မှားသွားပါ တယ်၊ ငါတို့်မှားသွားပါတယ် မိန်းကလေးတို့ သက်ညှာပေးပါ”
“ဟင်း မင်းတို့မှာ သတ္တိလည်းမရှိပဲနဲ့” ရှောင်ချီသည် ဘုရင်တစ်ပါး၏ အကျင့်စရိုက်မရှိပဲ ကြောက်နေသော သူ၏ မျက်နှာကိုကြည့်လေသည်။
ကျုံရင်းကိုကြည့်လိုက်၊ သူ့အကျင့်နဲ့ဆိုရင် တော်ဝင်ပြီး သန့်ရှင်းနေတာ ပဲ။ ဒီအဆိပ်ပိုးကောင်ဘုရင်ရဲ့…. အဆင့်ကတော့နိမ့်လိုက်တာ။
“ကျွန်တော် ခင်ဗျားတို့အချိန်ကို မဖြုန်းတော့ဘူး” ရှီမာယူယူ ဆက်ပြော လေသည် “ကျွန်တော်ဒီကိုလာတာ ကိစ္စတစ်ခုကြောင့်ပဲ”
“ဘာလဲ ဘာကိစ္စလဲ” ကွင်းပိုးကောင်ဘုရင်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်ပြီး မေးလေသည်။
“ခင်ဗျားတို့ ပိုးမျှင်ကိုလိုချင်တယ်”
“ငါတို့ပိုးမျှင်ကိုလား” သူသည် ခေတ္တမျှမှင်တက်သွားပြီး မေးလေသည် “ဘယ်လောက်လိုချင်တာလဲ”
“အကုန်လုံး”
“အကုန်လုံး အကုန်လုံးလား” ကွင်းပိုးကောင်မျိုးနွယ်အားလုံး မေးလိုက် ကြသည်။
“ဟူး”
ပဒါးငှက်လေးသည် သူတို့အားပတ်ပြီးပျံသန်းရာ သူတို့သည် ကြောက်ရွံ့ကာ ချက်ချင်းပင်လှဲလိုက်ကြပြီး မလှုပ်ရဲကြပေ။
ရှောင်ချီသည် ပဒါးငှက်အား မျက်စိမှိတ်ပြလိုက်လေသည်။ လိမ္မာလိုက် တဲ့ကောင်လေးပဲ။
“ဒီပြီးခဲ့တဲ့နှစ်တွေကလုပ်ခဲ့တဲ့ ပိုးမျှင်တွေရှိတယ် လိုချင်ရင်ယူပါ” ကွင်းပိုးကောင်ဘုရင် ပြောလေသည်။
“မလောက်ဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။
“မလောက်သေးဘူးလား” ထိုအခါတွင် ကွင်းပိုးကောင်ဘုရင်တွင် တခြားနည်းလမ်းမရှိတော့ပေ။
“ကျွန်တော်တို့အလယ်ပိုင်းမှာ ဂိုဏ်းတစ်ခုထောင်မယ် နောက်ကို ဝိညာဉ်အဝတ်ကို စီးပွားရေးလုပ်မှာ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော်တို့ကို ပိုးမျှင်ထောက်ပံ့ပေးစေချင်တယ်”
“ဟင်”
“ခင်ဗျားတို့က ကျွန်တော်တို့ဂိုဏ်းထဲဝင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့လူဖြစ်လာမှာပေါ့” ရှီမာယူယူ ပြောလေသည် “ခင်ဗျားက ကျွန်တော်တို့်လူဖြစ်သွားရင်တော့ အကျိုးအမြတ်များများရမယ် ဒါပေမဲ့ ခင်ဗျားက ဝင်မပါချင်ဘူးဆိုရင်တော့…”
“ရှောင်ချီတို့က အပြင်လူတွေဆိုရင် ရက်စက်တယ်၊ ဘာမှမဟုတ်ပဲနဲ့ လည်း ရိုက်တတ်တယ်” ရှောင်ချီ ခြိမ်းခြောက်လေသည်။
သူမ စကားများကိုကြားပြီးနောက်တွင် သူ့ခန္ဓာကိုယ်သည် အလိုလို တုန်သွားလေသည်။
“ငါတို့ဝင်မယ်ဆိုရင် ဘာအကျိုးအမြတ်ရမှာလဲ” ကွင်းပိုးကောင်ဘုရင် မေးလေသည်။
“ခင်ဗျားတို့က အဆိပ်စားတာအပြင် ကျောက်တွေ ဆေးပင်တွေစားရ တာကြိုက်တယ်လို့ကြားတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဆိပ်က တော့ အဲလောက်ပမာဏကြီးတာကို ထုတ်နိုင်တဲ့စွမ်းရည်မရှိဘူး ဒါပေမဲ့ တခြားနှစ်ခုတော့ဖြည့်ပေးနိုင်တယ်၊ ကျွန်တော်တို့နဲ့ပူးပေါင်းမယ်ဆိုရင် ကျောက်တွေ ဆေးပင်တွေရှာဖို့ အားဖြုန်းစရာမလိုတော့ဘူး ဘယ်လိုလဲ”
“ငါ ငါ့မျိုးနွယ်ဝင်တွေနဲ့ ဆွေးနွေးဖို့လိုတယ်” ကွင်းပိုးကောင်ဘုရင် ပြော လေသည် “ငါက သဘောထားကြီးတဲ့ဘုရင်တစ်ပါးပဲ”
“….”
သူတို့သုံးယောက်သည် လှည့်ပတ်ကြည့်လိုက်ပြီး ဆွံ့အသွားသည်။
ဒီရုပ်ဆိုးတဲ့လူက သူတို့မျက်စိကိုလည်အောင် တကယ်လုပ်နိုင်တာပဲ။
“သွားပါ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားကို၁၀မိနစ်ပေးမယ်”
ကွင်းပိုးကော်ငအုပ်စုသည် ဒဏ်ရာရထားသော ခန္ဓာကိုယ်များကို တရွတ်ဆွဲသွားကာ စုဝေးပြီး ဆွေးနွေးကြလေသည်။ သူတို့ပြောသည့်စကား များကို ယူယူတို့နားမထောင်စေရန် သူတို့မျိုးနွယ်ဘာသာစကားကို အသုံးပြု ကြလေသည်။
၁၀မိနစ်ပြည့်ပြီးနောက်တွင် ရှီမာယူယူသည် ချောင်းလုပ်ဟန့်ရာ ထိုအကောင်များသည် ချက်ချင်းပင် ကွင်းပိုးကောင်ဘုရင်၏ အနောက်သို့ ပြေးကြလေသည်။
“ဆွေးနွေးလို့ပြီးပြီလား” သူမ မေးလိုက်သည်။
“အင်း” ကွင်းပိုးကောင်ဘုရင် ဆက်ပြောလေသည် “ငါတို့ကို မင်းတို့နဲ့ ပူးပေါင်းစေချင်ရင်ရတယ် ဒါပေမဲ့ ငါတို့အတွက် ကျောက်နဲ့ဆေးပင်တွေတော့ မပြတ်လပ်စေနဲ့”
“ပြဿနာမရှိဘူး” ရှီမာယူယူ သဘောတူလိုက်သည်။
“ပြီးတော့ ငါတို့ကိုဒီကနေရွေ့ခိုင်းလို့မရဘူး” ကွင်းပိုးကောင်ဘုရင် ပြော လေသည် “ငါတို့ဒီမှာနေလာတာလ မျိုးဆက်အနည်းငယ်ရှိနေပြီ၊ ငါတို့ကို ဒီကနေထွက်ခိုင်းမယ်ဆိုရင် ငါတို့မွေးရပ်မြေကနေထွက်ခိုင်းတာနဲ့အတူတူပဲ ငါ အဲဒါကိုသဘောမတူဘူး”
“အစတကည်းက ပြောင်းခိုင်းဖို့မရှိပါဘူး” ရှီမာယူယူ ဆက်ပြောလေ သည် “ဒီမှာနေချင်ရင် နေလို့ရပါတယ်”
“တကယ်လား”
“ကျွန်တော်က ဘာလို့လိမ်ရမှာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော်တို့က ပိုးမျှင်လိုချင်လို့ ခင်ဗျားတို့ကိုပူးပေါင်းစေချင်တာ ခင်ဗျားတို့ ကိုကျွန်ပြုခိုင်းမှာမဟုတ်ဘူး”
သူမ ကျွန်အဖြစ်ရောင်းမည်ဆိုသော စကားကိုမနှစ်သက်သော်လည်း သူတို့ဒီနေရာမှ မထွက်ရသည့်အပြင် သူတို့ကျောက်နှင့် ဆေးပင်များကို ပြန်ရ မည်။ ထို့နောက် သူတို့လိုချင်သည့်ပိုးမျှင်များကို ပေးရန်သာဖြစ်သည်။
“ကောင်းပြီ ဒါဆိုရင် မင်းတို့ဂိုဏ်းကိုပူးပေါင်းဖို့ သဘောတူတယ်” ကွင်းပိုးကောင်ဘုရင် ပြောလေသည်။
“အင်း ကျွန်တော်အတွင်းပိုင်းအတွက် ဖြေဆေးဖော်ပြီးရင် စီစဉ်တာတွေ လုပ်ဖို့ တစ်ယောက်ယောက်ကိုဆက်သွယ်ခိုင်းလိုက်မယ်” ရှီမာယူယူ ဆက် ပြောလေသည် “အခု ခင်ဗျားတို့ထုတ်လုပ်ခဲ့သမျှ ပိုးမျှင်တွေပေး”
“……”
“တောင်းဆိုချက်တစ်ခုရှိသေးတယ်” ကွင်းပိုးကောင်ဘုရင် ဆက်ပြော လေသည် “ငါတို့က မင်းတို့ဂိုဏ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီဆိုတော့ နောက်ကို အဆိပ်သတ္တဝါတွေလာတိုက်ရင် မင်းတို့ ငါတို့ကို ကာကွယ်ပေးရ မယ်”
“ခင်ဗျားတို့က ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်သွားရင်တော့ အသည်းကွဲ တောင်ကြားမှာ ခင်ဗျားတို့ကို အနိုင်ကျင့်ရဲတဲ့သူမရှိတော့ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ခင်ဗျားတို့က စည်းမျဉ်းဖောက်ဖျက်ပြီး အပြစ် လုပ်ရင်တော့ ကျွန်တော်တို့လျစ်လျူရှုတာကို အပြစ်မတင်နဲ့”
“ကောင်းပြီ”
ထိုအာမခံချက်ထက် ကောင်းတာမရှိတော့ပေ။ ကွင်းပိုးကောင်ဘုရင် သည် သူ့ကိုယ်သူနှစ်သိမ့်ကာ သူတို့ထုတ်လုပ်ထားသော ပိုးမျှင်အားလုံးကို သယ်ထုတ်လာရန် အဖွဲ့ဝင်များကို အမိန့်ပေးလိုက်လေသည်။
***