← Chapters

မင်းကကိုယ့်အပိုင်.. ကိုယ်ကမင်းအပိုင်

Vol. 010 Ch. 922

မင်းကကိုယ့်အပိုင်.. ကိုယ်ကမင်းအပိုင်

Vol. 010 Ch. 922

ခဏအကြာတွင် ကွင်းပိုင်းကောင်များသည် သိမ်းဆည်းထားသော ပိုးမျှင်များကိုထုတ်လာလေသည်။

ရှီမာယူယူသည်လည်း ကတိပေးထားသည့်အတိုင်း ပိုးများကိုယူပြီး ကျောက်များနှင့် ဆေးပင်များကို ပေးခဲ့လေသည်။

ကွင်းပိုးကောင်များသည် ကျောက်များနှင့် ဆေးပင်များကိုမြင်သောအခါ ပျော်ရွှင်စွာ ခုန်ကြလေသည်။ ကွင်းပိုးကောင်ဘုရင်သည်ပင်လျှင် မျိုသိပ် မထားနိုင်တော့ပေ။

ရှီမာယူယူနှင့် တခြားသူများသည် ခေါင်းရမန်းပြီး လှည့်ကာ တောထဲမှ ထွက်လာခဲ့လိုက်သည်။

ထိုဝိညာဉ်ပိုးကောင်များအားလုံးက ပိုးမျှင်အဆင့်မှာ မကွာခြားလှ သော်လည်း ဘာလို့သူတို့အကျင့်နဲ့စိတ်တွေက အဲလောက်ကွာကြတာလဲ။

သူတို့ထွက်လာသည်ကိုမြင်မှပင် အဒေါ်၃ စိတ်အေးသွားကာ ပြောလေ သည် “ဘယ်လိုလဲ”

“သမီးတို့သွားမှတော့ သေချာပေါက် ပြဿနာမရှိဘူးပေါ့” ရှီမာယူယူ သည် လက်ထဲမှ မှော်ဝင်လက်စွပ်ကိုပွတ်လိုက်ရာ “ဒါက သူတို့အရင်စုထား တဲ့ ပိုးမျှင်တွေ အခုအဒေါ်၃ လက်အောက်ရောက်သွားပြီ”

“ကောင်းပြီ” ရှီမာယူယူ ရှင်းမပေးပါက ဘယ်လိုလုပ်ရမည်ကို သူမ သိ မည်မဟုတ်ပေ။

“အဒေါ်၃ သူတို့ကိုပြောပြီးပြီ နောက်တစ်ခါကို တစ်ယောက်ယောက်ကို ပို့ပြီး စီစဉ်ခိုင်းမယ်လို့၊ ဒီက ဖြေဆေးကိုစမ်းသပ်ပြီးတာနဲ့ ဒီကိုလာယူလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

“အင်း” အဒေါ်၃ ခေါင်းညိတ်လေသည်။ “ဝိညာဉ်ပိုးကောင်တွေနဲ့ ဝိညာဉ်အဝတ်ကိစ္စကို အဒေါ့်ကိုသာအပ်ထားလိုက်”

ယူယူ၏ အကြီးတစ်ယောက်အနေနှင့် သူမအလုပ်များနေသည်ကို အမြဲ တွေ့နေရသဖြင့် သူမ ဝန်ထုတ်ဝန်ပိုးများကို လျော့ချစေချင်သည်။

“အဒေါ်၃ ရှောင်ချီပြောမယ် အထဲကကောင်တွေကို နူးညံ့နေဖို့မလိုဘူး အဒေါ်ကလုပ်ဖို့ပဲ….”

ရှောင်ချီပြေးလာကာ အဒေါ်၃၏ လက်ကိုဆွဲပြီး စကားပြောရင်း လျှောက်သွားလေသည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် သူတို့ နောက်ကျောကိုကြည့်ပြီး ရယ်ရင်းလိုက်လာသည်။

“စီနီယာအစ်ကို ကျေးဇူးတင်ပါတယ် အစ်ကို့ကြောင့်သာမဟုတ်ရင် ဝိညာဉ်ပိုးကောင်ကိစ္စကို ဒီလောက်ချောချောမွေ့မွေ့ရှင်းလို့ရမှာမဟုတ်ဘူး” ရှီမာယူယူ ကျေးဇူးတင်စွာပြောလေသည်။

သူမ အရင်ရက်များက အလုပ်များနေသဖြင့် ဝိညာဉ်ပိုးကောင်ပြဿနာ အကြောင်းကို မစဉ်းစားနိုင်ပေ။ သို့သော် သူသည် ထိုဝိညာဉ်ပိုးကောင်များ၏ အကျင့်စရိုက်လက္ခဏာများကိုနားလည်ရာ သူတို့ကိုဖြေရှင်းရန်နည်းလမ်းကို ပင် သူမကိုပြောပြခဲ့သည်။ သူ့ကြောင့်ပင် ဒီလိုချောချောမွေ့မွေ့ဖြေရှင်းနိုင် ခြင်းဖြစ်သည်။

“ကျေးဇူးတင်ချင်တယ်ဆိုရင် စိတ်ရင်းနဲ့မှဖြစ်မယ်” ဝူလင်းယူသည် သူမ နားရွက်နားကပ်ကာ လေသံဖြင့်ပြောလေသည်။

သူတို့နှစ်ယောက်ကြားမှ လေထုသည် ရုတ်တရက် မသဲမကွဲဖြစ်သွား သည်။

ရှီမာယူယူသည် လက်ဖဝါးဖြင့် သူ့ခေါင်းကိုတွန်းပြီး ပြောလိုက်သည် “ဒီနေ့ည အရက်တိုက်မယ်၊ အဲလောက်ဆိုစိတ်ရင်းနဲ့ဖြစ်ပြီလား”

“အရက်ဟုတ်လား ကြိုက်တယ်” ဝူလင်းယူ ဆက်ပြောလေသည် “ဒါပေမဲ့ သောက်ပြီးရင် တစ်ခုခုလုပ်ကြမလား၊ ငါ့ကို အရက်တိုက်တယ်ဆို ကတည်းက တစ်ခုခုလုပ်ဖို့ စီစဉ်ထားတာမလား”

သူမ နဖူးမှ အနက်ကြောင်းသုံးကြောင်းလိပ်တက်သွားသည်။ ဒီလူက သူမကို အခွင့်အရေးယူမလို့လား။

“စီနီယာအစ်ကိုကို အရက်တိုက်တာ အကြံကောင်းတော့မဟုတ်ဘူး ထင်တယ် ဒါဆို ထားလိုက်တော့ ကျေးဇူးတင်တဲ့နည်းပြောင်းလိုက်မယ်” ရှီမာယူယူပြောလိုက်သည်။ သူမသည် နီရဲတောက်ပြောင်သော စတော်ဘယ်ရီထုတ်ကာ သူ့ပါးစပ်ထဲထည့်ပေးပြီး ပြောလိုက်သည် “ဒါက စိတ်ရင်းအဖြစ်ဆုံးနဲ့ ဘေးအကင်းဆုံးပဲ၊ စီနီယာအစ်ကိုကို ကျေးဇူးဆပ်ပြီးပြီ ဆိုတော့ ကျွန်တော် ကျေးဇူးဆပ်တာက စိတ်ရင်းနဲ့မဟုတ်ဘူးလို့မပြောနဲ့ တော့”

ဝူလင်းယူသည် စတော်ဘယ်ရီကို တစ်ကိုက်စားကာ သူမ နားရွက်နား ကပ်ကာ လေသံဖြင့် ပြောလိုက်လေသည် “စတော်ဘယ်ရီလား ငါ စတော် ဘယ်ရီစားရတာကြိုက်တယ်”

ရှီမာယူယူ၏ မျက်နှာသည် မယုံကြည်နိုင်လောက်အောင် ကြက်သွေး ရောင်သမ်းသွားသည်။ ဝူလင်းယူရဲ့ အသံသည် သူမအရင်ဘဝက လူများ ပြောလေ့ရှိသည့် စတော်ဘယ်ရီလေးဆိုသည့် လေသံကို သွားအမှတ်ရစေ သည်။

သူမ၏ ရှက်နေသည့်ပုံစံကိုကြည့်ပြီး ဝူလင်းယူသည် စိတ်ထဲမှကြိတ် ရယ်ပြီး သူမ ပါးပြင်ကို မွှေးမွှေးပေးလိုက်ပြီး ပြောလေသည် “ဒါဆိုရင် ဒါကို စိတ်ရင်းနဲ့ပေးတဲ့ဆုလို့ မှတ်လိုက်ပေါ့”

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ အဒေါ်၃နှင့် ရှောင်ချီတို့ အရှေ့တွင်လျှောက်နေပြီး သူတို့ကို သတိမထားမိ၍တော်သေးသည်။ မဟုတ် လျှင် သူမ သူ့ကိုရိုက်မိမည်။

“သွားမယ်” ဝူလင်းယူသည် သူမလက်ကို သဘာဝကျကျပင် ဆုပ်ကိုင် ကာ ဦးဆောင်ခေါ်သွားလေသည်။

ရှောင်ချီသည် ခေါင်းလှည့်လာပြီး သူတို့နှစ်ယောက်လုံးကို မျက်စိမှိတ် ပြသည်။ သူမ အကုန်လုံးကြားလိုက်တာပဲ အိုး….

“ဒီကောင်မလေးတော့”

ရှီမာယူယူသည ရှောင်ချီ၏ ရယ်စရာပုံစံကိုကြည့်လိုက်သည်။

“အဲနေ့က ကျွန်တော်တို့စားသောက်တုန်းက အဘိုးက ဘာပြောတာလဲ”

“သိချင်လို့လား” ဝူလင်းယူ မေးလေသည်။

“အင်း”

အဘိုးမှ သူ့ကို မည်သို့စဉ်းစားသည်ကို သူမ သိချင်သည်။

“အဘိုးပြောတာက ကိုယ်တို့ကိစ္စကို သူဝင်မပါဘူးတဲ့ ကိုယ်တို့အတူရှိ တာကို သဘောတူတယ်တဲ့” ဝူလင်းယူ ပြောလေသည်။

ပထမတစ်ခွန်းမှာ အစစ်အမှန်ဖြစ်ကာ နောက်တစ်ကြောင်းမှာ သူ စိတ်ကူးယဉ်ထားခြင်းဖြစ်သည်။ သို့သော် အဘိုးဆိုလိုသည်မှာလည်း ထိုသို့ ဖြစ်သောကြောင့် သူ လှည့်ပြောခြင်းမဟုတ်ပေ။

“အဘိုးက တကယ်ပဲအဲလိုပြောလား”

“မင်းကို မကြာခင်လက်ထပ်ခွင့်ပြုတယ်လို့ အဘိုးကပြောတယ်”

“မဖြစ်နိုင်တာ အဲဒါကြီးက လုပ်ကြံပြောတာ သေချာတယ်၊ အဘိုးက အဲလိုမပြောဘူး အဘိုးက ကျွန်တော့်ကို စောစောလက်ထပ်စေချင်မှာမဟုတ် ဘူး”

“ဟီး ဟီး အဲလိုပါပဲ” ဝူလင်းယူ ဆက်ပြောလေသည် “ဒါပေမဲ့ အရင် တစ်ခေါက်က ပုံစံမဲ့ကမ္ဘာထဲမှာ မင်းပြောတဲ့ချစ်သူဆိုတာလေ၊ အခု ကိုယ်က မင်းရဲ့ ချစ်သူဖြစ်သွားပြီလား”

“ကျွန်တော်ပြောတဲ့အတိုင်းလုပ်နိုင်လို့လား” ရှီမာယူယူသည် မေးခွန်း ဖြင့် ပြန်ဖြေလေသည်။

“အခုလုပ်နေတာပဲမဟုတ်ဘူးလား”

ရှီမာယူယူသည် သူ့လက်ထဲမှ ရုန်းဖယ်ကာ ပြုံးပြီးလှည့်ကာ ပြောလေ သည် “အဲဒါကိုပြီးအောင်လုပ်ပြီးမှ ချစ်သူကိစ္စကိုပြောကြတာပေါ့”

သူမ ပြောပြီးနောက် ပြေးထွက်မည်လုပ်သော်လည်း ခန္ဓာကိုယ်ကို လှည့်လိုက်ချိန်တွင် ရင်ခွင်ထဲရောက်သွားသည်။

“ယူယူ ကိုယ့်မိန်းကလေးဖြစ်ပေး…”

ဒီလူသည် မျက်စိတစ်မှိတ်အတွင်းလုပ်လိမ့်မည်ဟု ရှီမာယူယူ မထင် ထားပေ။ သူမ မတုန့်ပြန်ခင်မှာပင် တစ်စုံတစ်ယောက်၏ မြတ်နိုးသော စကားလုံးများသည် သူမခေါင်းပေါ်မှ ထွက်လာသည်။

သူမ ရင်များလျင်မြန်စွာခုန်လာကာ သူ့ကို မည်သို့ဖြေရမည်ကို မသိပေ။ ထိုအခိုက်တွင် သူမ၏ စကားပြောနိုင်စွမ်းပျောက်ဆုံးသွားသလိုပင်။

ဝူလင်းယူသည် သူမ အဖြေကိုမစောင့်ပဲ မေးလေသည် “မရဘူးလား”

တစ်စုံတစ်ယောက်သည် တိတ်ဆိတ်နေတုန်းပင်။

ဝူလင်းယူ သက်ပြင်းချကာ ပြောလေသည် “ကောင်းပြီ မင်းက ကိုယ့် မိန်းကလေးမဖြစ်ချင်မှတော့ မေ့လိုက်တော့”

ရှီမာယူယူသည် အကြောင်းမရှိ နာကျင်လာသည်။ သူမ ခဏလေးပဲ စဉ်းစားလိုက်တာကို သူက လက်လျော့လိုက်တာလား။

သို့သော် သူမ နာကျင်မှုပင် ပျောက်မသွားခင်မှာပင် သူမ ဆံပင်ကို သူ နမ်းလိုက်သည်ကို ခံစားမိလိုက်သည်။ သူ ပြောသည်မှာ “မင်းက ကိုယ့် မိန်းကလေးမဖြစ်ချင်မှတော့ ဖိအားမပေးတော့ပါဘူး၊ ကိုယ့်ကို မင်း ကောင်လေးဖြစ်ခွင့်ပေး”

အုန်း

ပူနွေးမှုသည် သူမ နှလုံးသားတစ်ခုလုံး ပြည့်သွားသည်။ ထို့နောက်တွင် သူမ အရိုးများ အသားများဆီသို့ပြန့်သွားကာ တစ်ကိုယ်လုံးပူနွေးသွားသည်။

“ယူယူ ကိုယ့်အကြံကောင်းတယ်မလား သဘောတူလား” ဝူလင်းယူ သည် သူမအားလွှတ်ပြီး သူမမျက်လုံးများကို ကြည့်လိုက်သည်။

“ကျွန်တော့် ကောင်လေးဖြစ်ချင်လို့လား” သူမ မေးလိုက်သည်။

“ဟုတ်တယ်”

“ဒါပေမဲ့ ကျွန်တော့်ကောင်လေးဖြစ်ဖို့လိုအပ်ချက်တွေ အများကြီးလို တယ် အရေးအကြီးဆုံးအချက်က နောက်ဆိုရင် အစ်ကို့မျက်လုံးနဲ့ နှလုံးသား ထဲမှာကျွန်တော်တစ်ယောက်တည်းရှိရမှာ လုပ်နိုင်ရဲ့လား”

“ကိုယ့်မျက်လုံးကိုကြည့်” ဝူလင်းယူ ဆက်ပြောလေသည် “ဘာမြင်ရလဲ”

အရည်လဲ့နေတဲ့ မျက်လုံး…

ရှီမာယူယူသည် အရင်ဘဝမြင်ကွင်းကိုမြင်ရမည်ထင်လိုက်သည်။ သူမ ရယ်မောလိုက်သည်။

ကောင်းပြီ လက်ရှိကအကောင်းဆုံးပဲ အဲဒါတွေမတွေးတော့ဘူး။

သူမ မျက်နှာပေါ်မှ ပါးမို့တက်အောင် ပြုံးလိုက်သော အပြုံးကိုတွေ့ သောအခါ မကောင်းတာတစ်ခုခုကိုတွေးနေသည်ကို ဝူလင်းယူသိလိုက် သည်။ သူ့လက်ချောင်းများဖြင့် သူမနှာခေါင်းကို ဆိတ်ပြီး ပြောလိုက်သည် “ကိုယ့်မျက်လုံး၊ နှလုံးသား၊ အတိတ်မှာရော အနာဂတ်မှာပါ မင်းတစ်ယောက် တည်းရှိမှာ ကိုယ့်မှာ မင်းတစ်ယောက်တည်းရှိတာ”

“ကောင်းပြီ စိတ်ရင်းနဲ့ပြောမှတော့ စီနီယာအစ်ကို့ကို ချစ်သူအဖြစ် သဘောတူပေးရမှာပေါ့၊ ဒါပေမဲ့ အဲဒါတွေက စကားသက်သက်ပဲ လိုအပ်ချက် တွေနဲ့မကိုက်ညီရင် တခြားတစ်ယောက်ကိုပြောင်းလိုက်မှာ”

သူမလည်း ခံစားချက်ချင်းတူနေမှတော့ ဘာလို့ သူတို့နှစ်ယောက်ရဲ့ ဘဝကိုနေဖို့ မကြိုးစားကြည့်တာလဲ။

ဝူလင်းယူသည် သူမ၏ နိုင်ထက်စိုးနင်းရှိလှသောအပြုံးကိုမြင်သော အခါ သူမခါးကိုဖက်ပြီး ခေါင်းငုံ့ကာ နမ်းလိုက်လေသည်။

“အဲအခွင့်အရေးကိုမင်းကိုမပေးဘူး နောက်ကို မင်းက ကိုယ့်အပိုင် ကိုယ်က မင်းအပိုင်ပဲ….”

***

All Chapters