အချစ်တွင်ကျရှုံးခြင်း
Vol. 010 Ch. 923
မင်းက ကိုယ့်အပိုင်.. ကိုယ်က မင်းအပိုင်…
ထိုရိုးရှင်းသောစကားတစ်ခွန်းသည် နူးညံ့သော်လည်း နှိပ်ကွပ်နိုင် သည်။
နူးညံ့သောအနမ်းများသည် အရင်ကကြမ်းတမ်းသောအနမ်းနှင့် မတူ ပေ။ အတိတ်က ပုစဉ်းများ ရေပေါ်သို့ဖြတ်ပြေးသွားသည်နှင့်လည်း မတူပေ။ လူနှစ်ယောက်သည် တွယ်တာမှုသည် မခွဲနိုင်မခွာရက်ဖြစ်နေသည်။
ထိုသည်မှာ အချစ်စစ်၏ အနမ်းတစ်ပွင့်ဖြစ်သည်။ ရှီမာယူယူ တွေးလိုက် သည်။
မထင်မှတ်စွာပင် ထိုအခိုက်အတန့်တွင် သူမ၏စိတ်မှာ ဗလာဖြစ်သွား သည်။ ဝူလင်းယူသည် သူမ၏ ခေါင်းကိုပွေ့ပိုက်ကာ အနမ်းများ နက်နဲလာ သည်။
စိတ်တခြားနေရာသို့ရောက်နေသော သူမအတွက်ကတော့ သူ၏ စည်းချက်နှင့်အတူ နူးညံ့သောသမုဒ္ဒရာအတွင်းတွင် လမ်းပျောက်နေလေပြီ။
ခဏအကြာနမ်းပြီးနောက်တွင် သူ သူမကိုလွှတ်ပေးလိုက်သည်။ သို့သော် သူမ၏ နီရဲကာနှစ်လိုဖွယ်ကောင်းသော နှုတ်ခမ်းများကိုမြင်သော အခါ ထပ်နမ်းချင်နေသည်။
သို့သော် ရှီမာယူယူသည် ထိုအခွင့်အရေးကိုယူကာ သူ့ပခုံးကို ညင်သာ စွာထုလိုက်သည်။ သူမ တိုးညှင်းစွာပြောလိုက်သည် “အဒေါ်၃နဲ့ ရှောင်ချီတို့ အရှေ့မှာရှိသေးတယ်”
ထိုလူနှစ်ယောက် အဝေးတွင် ကြိတ်ရယ်နေမည်ကို ခံစားမိရာ ဝူလင်းယူသည် သူမနှုတ်ခမ်းမျာကို နောက်တစ်ခါနမ်းပြီး လွှတ်လိုက်လေ သည်။ သို့သော် သူမလက်များကို မလွှတ်ချင်ပဲ လက်ကိုကိုင်ထားလေသည်။
ထိုအခိုက်အတန့်တွင် သူ့စိတ်များ အမှန်တကယ်ကျေနပ်နေလေသည်။
သူမ မရှိလျှင် မပြည့်စုံသလိုခံစားရသည်။
“လွှတ်ပါ မဟုတ်ရင် အဒေါ်၃တို့က နောက်လိမ့်မယ်” ရှီမာယူယူ တွန်း လေသည်။
“အဒေါ်၃တို့က အတွေ့အကြုံရှိတဲ့သူတွေပဲ မနောက်ပါဘူး”
ထိုသို့ပြောပြီးနောက်တွင် သူမကို လက်ဆွဲဦးဆောင်သွားတုန်းပင်။ သူတို့သည် အဒေါ်၃တို့ကို နောက်အနံ့အသက်မြူခိုးမရောက်ခင်အထိ မမှီ ပေ။
အဒေါ်၃သည် ရှီမာယူယူ၏ နီရဲသောနှုတ်ခမ်းများကိုမြင်သောအခါ သူတို့နှစ်ယောက်ဘာလုပ်ခဲ့သည်ကို သိလိုက်သည်။ သူတို့၏ ဆုပ်ကိုင်ထား သောလက်များကိုမြင်သောအခါ သူမ စိတ်ထဲတွင် နားမလည်နိုင်စရာမရှိပေ။
“လင်းယူ” သူမသည် ဝူလင်းယူကိုကြည့်လိုက်သည် “အဲလိုခေါ်လို့ အဆင်ပြေပါ့မလားမသိဘူး”
“အဒေါ်၃က ယူယူ့ရဲ့အကြီးပဲ အဲတော့ ကျွန်တော့်ရဲ့အကြီးဖြစ်မှာပဲ” ဝူလင်းယူ ပြန်ဖြေလေသည်။
“မင်းက ယူယူနဲ့ရှိနေမှတော့ အဒေါ် အများကြီးမပြောပါဘူး၊ ဒါပေမဲ့ အတူရှိနေရင်တော့ ကောင်းပေးရမယ်၊ ပြီးတော့ ငါတို့ယူယူ့ကို အနိုင်ကျင့်လို့ မရဘူး”
“အဒေါ်၃ မစိုးရိမ်ပါနဲ့ ကျွန်တော် ယူယူ့ကိုကျောခိုင်းမသွားပါဘူး” ဝူလင်းယူသည် စိတ်ရင်းနှင့် ပြောလေသည်။
“အရင်ဆုံး မင်းစကားတွေကို ယုံပါမယ်၊ ယူယူ့ရဲ့ အမြင်ကိုလည်းယုံ တယ်” အဒေါ်၃ ပြောလေသည် “ဒါပေမဲ့ မင်း ယူယူ့ကိုစွန့်ပစ်ရင် ငါတို့ ဆင်ခြေမပေးပါဘူး”
“အဒေါ်၃ရဲ့ စကားတွေကို ကျွန်တော်မှတ်ထားပါမယ်” ဝူလင်းယူသည် နာခံစွာတုန့်ပြန်လေသည်။
“အင်း ပြန်ရအောင်” အဒေါ်၃သည် ပြောပြီးသည်နှင့် လှည့်ထွက်လေ သည်။
ရှီမာယူယူသည် အဒေါ်၃ကိုကြည့်ပြီးနောက် ဝူလင်းယူကိုကြည့်လိုက် သည်။ သူမသည် ကြိတ်ရယ်လိုက်သည်။
အဒေါ်၃ တခြားသူများကို သွန်သင်ချိန်တွင် အကြီးတစ်ယောက်၏ အရှိန်အဝါရှိသည်။ ဝူလင်းယူသည် သူမ၏ ဆွေမျိုးများရှေ့တွင် ယဉ်ကျေး သည်။ သူသည် ပညာရှိစံအိမ်တော်၏ မြင့်မြတ်သောသားတော် သို့မဟုတ် နတ်ဆိုးလောက၏ နတ်ဆိုးဘုရင်ဖြစ်စေကာမူ ထိုကဲ့သို့နာခံမှုမျိုးကို သူ့ဆီမှ မြင်နိုင်မည်မဟုတ်ပေ။
သူမ၏ ပြုံးနေသော မျက်လုံးများကိုမြင်သောအခါ ဝူလင်းယူသည် သူမ ဆံပင်များကို ပွတ်သပ်လိုက်သည် “သွားမယ်”
သူတို့ တောင်ကြားများကိုပြန်ရောက်သောအခါ ရှီမာယူယူနှင့် ဝူလင်းယူတို့အတူရှိနေပြီဖြစ်သည့် သတင်းသည် ရှောင်ချီ၏ကောင်းမှုဖြင့် အလျင်အမြန်ပင် ပြန့်သွားလေသည်။
ရှီမန်ဖန်နှင့် ရှီမန်လီတို့သည် မအံ့သြတော့ပေ။ အနည်းငယ်မြန်သည်ဟု ခံစားရသော်လည်း သူတို့သည် လက္ခဏာများကိုမြင်ပြီးနေပြီ။
ရှီမန်မိသားစုဝင်များသည် သတင်းကြားသောအခါ ရှီမာယူယူအတွက် ဝမ်းသာပေးကြသည်။ သူတို့သည် ရှီမာယူယူ အကြောင်းကိုသိကြသည်။ သူမ များစွာ ခံစားခဲ့ရသည်ကိုကြားခဲ့ရာ သူမနှင့် တစ်စုံတစ်ယောက်ရှိပေးရန် မျှော်လင့်ခဲ့ကြသည်။
ဖန်ခိုင်နှင့် ညီအစ်ကိုများသာ အံ့သြကြလေသည်။ သခင်လေးက တကယ်ပဲ အဲလူနဲ့ အတူရှိသွားတာလား။
သူတို့ အသည်းများကွဲသွားသလိုခံစားရသည်။ သူတို့သခင်လေးသည် တကယ်ပဲ အဲလူကြောင့် ကွေးသွားတာပဲ။
သူတို့နာကျင်သွားသည်ကို ရှောင်ချီမြင်သောအခါ ယူယူသည် မိန်းကလေးဖြစ်ကြောင်းကို စိတ်ရှည်စွာရှင်းပြလေသည်။
“မိန်းကလေးလား၊ သခင်လေးက မိန်းကလေးလို့ပြောနေတာလား” နီအန်းယီသည် ခေတ္တမျှအေးခဲသွားပြီးနောက် ထိုင်ခုံမှထခုန်လေသည်။
တခြားသူများသည် သူ့ကဲ့သို့ အလွန်အကျွံမတုန့်ပြန်သော်လည်း အမူအရာများမှာ ဆင်တူသည်။
ရှောင်ချီသည် ဒိုင်ယိထွေးထုတ်လိုက်သော လက်ဖက်ရည်ကို ရှောင် လိုက်သည်၊ ရှီချန်း၏ ခွက်မှာမြေပေါ်ကျပြီး ကွဲသွားသည်ကိုကြည့်နေခဲ့သည်။ လက်ဖက်ရည်ပန်းကန်အဖုံးသည် မြေပေါ်တွင် နှစ်ပတ်လည်ပြီးနောက် ရပ်သွားလေသည်။
“ယူယူက မိန်းကလေးဆိုတာက အဲလောက်အံ့သြသွားစေတာလား” သူမသည် သူမနားရွက်များကိုဆွဲလိုက်သည်။ သူတို့သည် နီအန်းယိ၏ တုန့်ပြန်မှုကြောင့် ကန်းသွားတော့မတတ်ပင်။
“ဒါပေါ့ အံ့သြတာပေါ့” နီအန်းယီ အော်လေသည် “သခင်လေးက ဘယ်လိုလုပ်မိန်းကလေးဖြစ်ရတာလဲ၊ သခင်လေးက ဘယ်လိုလုပ် မိန်းကလေးဖြစ်နိုင်ရတာလဲ။ သခင်လေးက တကယ်ပဲမိန်းကလေး ငါ့ နှလုံးသားတွေနာကျင်လိုက်တာ”
“ယူယူ့ကို ယောက်ျားလေးဖြစ်စေချင်တာလား၊ ပြီးတော့ အစ်ကိုလင်းယူ နဲ့ရှိစေချင်တာလား ယောက်ျားလေးအချင်းချင်းလေ သေစမ်း ခင်ဗျား အကြိုက်က လေးတာပဲ” ရှောင်ချီ အော်လေသည်။
“ဖတ် ဖတ် ဖတ် ဘာယောက်ျားလေး အရသာလေးတာလဲ၊ သခင်လေး ကိုအဲလိုမဖြစ်စေချင်ပါဘူး” နီအန်းယီ အော်လေသည် “ဒါပေမဲ့ သခင်လေးက မိန်းကလေးပဲ သခင်လေးကမိန်းကလေး”
“သူမက မိန်းကလေးဖြစ်တော့ဘာဖြစ်လဲ” ရှောင်ချီသည် သူတို့ အံ့သြမှု ကိုနားမလည်ပေ။
“ငါတို့အသက်အရွယ်လူတစ်ယောက်က ငါတို့ထက်သန်မာတယ်ဆို တာက ယောက်ျားလေးဆိုရင် လက်ခံနိုင်တယ်၊ ဒါပေမဲ့ သူမက မိန်းကလေး ဒါက တုန်လှုပ်စရာပဲ” ဒိုင်ယိ ပြောလေသည်။
“ကျွတ် ရှေးကျတဲ့လူကြီးတွေပဲ ရှောင်ချီကတော့ ပြောပြီးပြီ” ရှောင်ချီ သည် လက်ကိုဝေ့ရမ်းပြီး အရှေ့အနောက်တောင်မြောက် မခွဲခြားနိုင်ပဲ လန့်နေသောလူ၁၀ယောက်ကိုလျစ်လျူရှုလိုက်သည်။
“အစ်ကိုကြီး သခင်လေးက တကယ်ပဲမိန်းကလေးပဲ” နီအန်းယီသည် ဖန်ကျိအား ကြည့်လေသည်။
“အင်း ငါလည်း ရှောင်ချီအဲလိုပြောတာကြားတာပဲ” ဖန်ကျိ၏ အမူအရာ သည် ခုံပေါ်တွင်ထိုင်နေသည့် နတ်ဘုရားအိုကြီးနှင့် မခြားပေ။
ညီအစ်ကို၁၀ယောက်ထဲတွင် သူသည် အတည်ငြိမ်ဆုံးဖြစ်သည်။
“အစ်ကိုကြီးက တည်ငြိမ်လိုက်တာ” နီအန်းယီ မှတ်ချက်ပေးလေသည် “အစ်ကိုကြီးကမအံ့သြဘူးလား”
“အံ့သြတယ်လေ” ဖန်ကျိ ပြန်ဖြေလေသည် “ဒါပေမဲ့ အံ့သြတာက ဘာမှပြောင်းလဲမသွားဘူး၊ သခင်လေးက သခင်လေးဖြစ်တုန်းပဲ”
“ဟူး တကယ်ပဲ အံ့သြစရာပဲ” ဒိုင်ယိ မှတ်ချက်ပေးလေသည်။
“တကယ်ပဲ သခင်လေးက ယောက်ျားလေးဖြစ်တုန်းက မင်းတို့ မအံ့သြ ကြပဲနဲ့ မိန်းကလေးတစ်ယောက်ဖြစ်တော့ သူမကို လက်မခံနိုင်ကြဘူးလား” ဖန်ကျိ ပြောလေသည် “ရှောင်ချီပြောတာမှန်တယ်၊ မင်းတို့က ရှေးလူကြီးတွေ ပဲ”
“အစ်ကို၂တို့ကလည်း ကျွန်တော်တို့လောက် အံ့သြတာပဲကို” နီအန်းယိ ပြောလေသည် “ဟူး ဒီသတင်းကိုအဆိုပြုရမယ်၊ တကယ်ပဲ အံ့သြစရာပဲ”
“တကယ်တော့ သူမက မိန်းကလေးဖြစ်တာကို မအံ့သြရဘူး အဲအစား တကယ်ရိုက်ခတ်တာက ဒီမိန်းကလေးက ကျော်ကြားတာပဲ”
အာ…
အကျိုးအကြောင်းသင့်တယ်
“ဟူး သခင်လေးက မိန်းကလေးဆိုတာသာသိရင် ငါတို့လက်ဦးမှုယူ ထားပါတယ်” နီအန်းယီသည် သူ့ရင်ဘတ်ကို ကိုင်ရင်းအော်လေသည်။
“ထားလိုက်တော့ မင်းရဲ့မယုံရလောက်တဲ့ပုံနဲ့ မင်းစောစောသိရင် တောင် သခင်လေးက မင်းကိုစိတ်ဝင်စားမှာမဟုတ်ဘူး သွားနားလိုက်တော့” ဖန်ကျိ ပြောလေသည်။
“တကယ်ပဲ အဲအကြောင်းကို အဆက်မပြတ်တွေးရအောင်လုပ်တယ်” နီအန်းယီသည် အံ့သြကာ သူ့ကိုနှစ်ရက်လောက် လျစ်လျူရှုရန် ဆုံးဖြတ် လိုက်သည်။
“သခင်လေးက ယောက်ျားလေးအဝတ်နဲ့ကြည့်ကောင်းတယ် သူမ မိန်းကလေးအဝတ်ဝတ်လိုက်ရင် ဘယ်လောက်တောင် ရင်သပ်ရှုမောဖြစ်မလဲ မသိဘူး” ကုန်ရှန် ပြောလသေည်။
“သခင်လေးကို မိန်းကလေးအဝတ်ဝတ်ဖို့ ဘာလို့အကြံမပေးလိုက်တာ လဲ” ဟုန်ဝူ ပြောလေသည်။
“သေမှာမကြောက်ရင် သွားပြောပေ့ါ”
“အစ်ကို၆ သခင်လေးက မင်းကိုသတ်မယ်လို့တော့မထင်ဘူး၊ သွားစမ်း ကြည့်လေ၊ မင်းရဲ့ဒဏ်ရာရနေတဲ့နှလုံးသားကို ပျောက်အောင်လို့လို့ပြော လိုက်၊ အင်း… သခင်လေးက သဘောတူမှာပါ”
“ဟင်း ငါသွားမယ်” နီအန်းယီသည် ကြော်ငြာလေသည် “အစ်ကိုတို့ စောင့်နေကြ၊ သခင်လေး မိန်းကလေးအဝတ်ဝတ်ပြီးငါတို့ကို ပြစေရမယ်”
ထိုသို့ပြောပြီးနောက်တွင် သူပြေးထွက်သွားလေသည်။
“ဒီကောင်လေးကတော့ တကယ်ပဲသွားတာပဲ” ရှီချန်းသည် သူ့ကိုဆွဲရန် အချိန်မရလိုက်ပဲ ခေါင်းကိုသာရမ်းလေသည် “သခင်လေးက သူ့ကိုမရိုက် ပေမဲ့ မြင့်မြတ်သောသားတော်ကတော့ ရိုက်နိုင်တယ်….”
***