← Chapters

ရှောင်ချီက ဆရာဖြစ်ချင်တယ်

Vol. 010 Ch. 924

ရှောင်ချီက ဆရာဖြစ်ချင်တယ်

Vol. 010 Ch. 924

နာရီဝက်အကြာတွင် နီအန်းယီ ပြန်လာသည်။

“ငါပြန်လာပြီ.. သခင်လေးက မနက်ဖြန်ညကိုအကုန်လုံးစုပြီး ပွဲလုပ်သင့် တယ်လို့ပြောတယ်၊ အဲအချိန်ကျရင် သူမက မိန်းကလေးအဝတ်ဝတ်မယ်တဲ့” နီအန်းယီသည် အခုရခဲ့သောသတင်းကို သူတို့ကိုပြောပြလေသည်။

မထင်မှတ်စွာပင် သူ ခြေလက်များမကျိုးပဲ ဘေးကင်းကင်းပြန်လာ သည်။ သူသည် မျက်လုံးယောင်ကိုင်းခြင်း အဝတ်ပြဲခြင်းများ တစ်ခုမှဖြစ်မလာ ပေ။

“မင်းတကယ်ပဲ ဘာမှမဖြစ်ပဲပြန်လာတာလား” ဒိုင်ယိ၏ မျက်လုံးများ ပြူးကာ သူ့အားမယုံကြည်စွာကြည့်လေသည်။

“ငါ ဘာမှမထိခိုက်ပဲပြန်လာတာကို အဲလောက်အံ့သြရလား၊ အစ်ကိုတို့ မျက်လုံးတွေက ထွက်ကျတော့မလိုပဲ” နီအန်းယိသည် သူ့မူလနေရာတွင် ပြန် ထိုင်လိုက်သည်။

“ငါပြောတာက သခင်လေးကို မိန်းကလေးအဝတ်အစားဝတ်ဖို့ သွား မပြောဘူးလား” ယူရှီ မေးလေသည်။

“ဟုတ်တယ်လေ” နီအန်းယီ ဂုဏ်ယူစွာခေါင်းညိတ်ကာ ပြောလေသည် “ငါသခင်လေးကိုသွားပြောတာ သူမက တကယ်ပဲမိန်းကလေးလားလို့ ငါမေး လိုက်တာ သူမ ဝန်ခံတယ်၊ ပြီးတော့ ငါ နာကျင်သလိုလုပ်ပြီး ကြည့်လို့ ရအောင် သူမကို မိန်းကလေး အဝတ်ဝတ်ဖို့အကြံပေးလိုက်တာ၊ အဲဒါနဲ့ မနက် ဖြန် တွေ့ဆုံပွဲမှာ မိန်းကလေးအဝတ်ဝတ်ဖို့ စီစဉ်ထားတယ်ပြောတယ် အဲဒါနဲ့ ပြန်လာတာပဲ”

“မင်းကို ဘယ်သူကမှမရိုက်လိုက်ဘူးလား” ဟုန်ဝူ မေးလေသည်။

“မရိုက်ပါဘူး” နီအန်းယီ ပြောလေသည် “ဘာလဲ ငါအရိုက်ခံပြီး ပြန်လာ ရမယ်လို့ထင်နေကြတာလား”

“မင်းအရိုက်မခံရတာ ထူးဆန်းနေလို့ပါ” ယူရှီ ပြောလေသည်။

“မဖြစ်နိုင်တာ”

“ဘာလဲ ငါအရိုက်ခံရမယ်လို့ ဘာလို့ထင်တာလဲ” နီအန်းယီသည် နားမလည်ပေ။ ဒီလူတွေရဲ့ မျက်လုံးထဲမှာ ဘာလို့စိတ်ပျက်မှုတွေရှိနေတာ လဲ။

“ဝူလင်းယူကရော”

“သူက တစ်စုံတစ်ယောက်ကိုသွားခေါ်တယ်လို့ပြောတယ်” နီအန်းယီ ပြောလေသည် “သူ သခင်လေးရဲ့ အစ်ကိုတွေကိုသွားခေါ်တဲ့ပုံပဲ”

“အဲဒါကြောင့်ကိုး” သူတို့အမူအရာများတွင် ပျော်ရွှင်မှုများပေါ်လာ သည်။

သူတို့သိလိုက်ပြီ။ သူဘာလို့ အရိုက်မခံရပဲပြန်လာနိုင်လဲဆိုတာ။ ဝူလင်းယူက အစကတည်းက မရှိလို့ကိုး။

အခုမှပင် နီအန်းယီ တုန့်ပြန်ကာ သူတို့ကိုလက်ညှိုးထိုးပြီး ထခုန်လေ သည် “အိုး ကောင်းလိုက်တာ၊ ငါ အရိုက်ခံရမယ်ဆိုတာ သိရဲ့သားနဲ့ကို ငါ့ကို လွှတ်တာကိုး၊ အစ်ကိုတို့ကတကယ်ပဲ….”

“မင်းကိုငါတို့ဆွဲမလို့ပဲ ဒါပေမဲ့မမှီလိုက်ဘူး၊ မင်းကို ဘယ်သူက အဲလောက်မြန်မြန်ပြေးခိုင်းလို့လဲ” ရှီချန်း ပေါ့ပါးစွာပြောလေသည်။

အမှန်တကယ်ပဲ နှေးသွားသဖြင့် သူ့ကိုမတားလိုက်နိုင်ခြင်းဖြစ်သည်။ ဒါကအတူတူပဲလေ။

နီအန်းယီသည် ထိုအချက်ကိုနားလည်သွားကာ ပြန်ထိုင်ကာ နှာမှုတ် လေသည်။

ဒီလူတွေကတော့ အရင်က သူတို့ဘယ်လောက်ရက်စက်လဲဆိုတာ သူ မသိတာကျလို့။

“မနက်ဖြန်ကို သူမ မိန်းကလေးအဝတ်ဝတ်တာကြည့်ရမှာပေါ့ တကယ်ပဲ သိချင်တယ်” ဖန်ခိုင်ပြောလေသည်။

“မနက်ဖြန်ရောက်တာနဲ့ သိရမှာပဲ”

“နောက်တစ်နေ့ကို မျှော်လင့်မိတာ ငါ့အတွက် ပထမဆုံးပဲ”

“အဲလိုပုံပဲ”

“……”

နီအန်းယီသည် ဆွံ့အသွားသည်။ သူအခု ဘယ်လောက်ဒေါသထွက် နေလဲ သူတို့မမြင်ဘူးလား။

ရတယ် အဲလူတွေက တမင်ကို လျစ်လျူရှုနေတာပေါ့။

နောက်တစ်နေ့ ရှီမာယူယူ၏ အိမ်တွင်…

ရှီမန်လီ၊ အဒေါ်၃နှင့် ဝူလေးတို့သည် ရှီမာယူယူ အိမ်ရှင်းသည်ကို ကူပေးနေကြသည်။

“အဒေါ်၃ အဲပစ္စည်းတွေကိုသုံးဖို့ အခွင့်အရေးမရှိပါဘူး” ရှီမာယူယူ သည် ခေါင်းပေါ်မှ ပစ္စည်းများကို ချလိုက်သည် “လက်ဝတ်တန်ဆာတွေ များ နေရင် ခေါင်းက ပန်ကိတ်လိုပြားတော့မယ်”

“ဒီနေ့က ဂိုဏ်းတည်ထောင်တဲ့နေ့ပဲ၊ ကောင်းကောင်းလေးဝတ်သင့် တယ်” အဒေါ်၃ ပြောလေသည်။

“အဒေါ်၃ ဂိုဏ်းခေါင်းဆောင်က ဖန်အာပါ သမီးမဟုတ်ဘူး၊ သမီးက ဝတ်စားနေဖို့မလိုပါဘူး ပုံမှန်အတိုင်းဝတ်ရင်ရပါပြီ” ရှီမာယူယူ ပြောလိုက် သည်။

“ဖန်အာနာမည်နဲ့ဆိုပေမဲ့ အားလုံးစိတ်ထဲမှာ သမီးကသာ တကယ့် ဂိုဏ်းခေါင်းဆောင်ပဲ” အဒေါ်၃ ပြောလေသည် “အကုန်လုံးက ဒီနေ့သမီးပုံစံ ကိုမျှော်လင့်နေကြမှာ”

“အဲဒါကိုဘယ်သူကမှ အာမမခံပါဘူး” ရှီမာယူယူသည် ဖြောင့်စင်းနေ သောဆံပင်ကိုကြည့်ရန် မှန်သုံးလိုက်သည်။ လက်ဝတ်ရတနာသေတ္တာမှ သွေးရောင်ကျောက်ဆံထိုးကိုတွေ့သောအခါ သူမ ဆံပင်ထဲသို့ထိုးလိုက် သည် “ပြီးပြီ”

သူမဝတ်ထားသော အဖြူရောင်စကတ်၏ အနားသတ်တွင် က,နေ သော အနီရောင်ဇာမဏီငှက်သည် ကြွကြွရွရွရှိနေသည်။ သူမ၏ အင်္ကျိလက် တွင် အနီရောင်အဆင်တန်ဆာဆင်ထားကာ အနီရောင်ခါးပတ်သည် သူမ၏ သေးသွယ်သောခါးကို ပိုလေးနက်စေသည်။

အခု အနီရောင်ကျောက်စိမ်းဆံထိုးပါ ထပ်ပေါင်းလိုက်သောအခါ ဝတ် ထားသော ဝတ်စုံနှင့် လိုက်ဖက်နေသည်။

“အစ်မကြီး မိတ်ကပ်လိမ်းချင်လား” ရှီမန်လီသည် အလှပြင်ပစ္စည်းများ ထုတ်လာပြီး သူမကိုမေးလေသည်။

ရှီမာယူယူသည် ခေါင်းရမ်းကာ ငြင်းလေသည်။ သူမသည် မျက်နှာတွင် ထိုပစ္စည်းများလိမ်းရမသည်ကို မနှစ်သက်ပေ။

“ဟီးဟီး အစ်မကြီးက ကြည့်ကောင်းအောင် ဒီပစ္စည်းတွေကိုလိမ်းစရာ တောင်မလိုဘူး၊ အသားအရေကိုကြည့်ပါဦး ချောမွေ့နေတာပဲ” ရှီမန်လီ ပြော လေသည် “အခုပြောမှာပဲ အစ်မကြီးနဲ့ ညီမနဲ့ကရွယ်တူပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အစ်မကြီးက ညီမထက် ပိုငယ်တဲ့ပုံပေါက်ခဲ့တာပဲ”

“မင်းကိုကြည့်ဦး စကားအရမ်းတတ်တာပဲ” ရှီမာယူယူသည် သူမကိုယ် သူမ မှန်ထဲတွင်ကြည့်ပြီး ပြုံးလိုက်သည်။

ရှီမန်လီသည် ရှီမာယူယူကိုအနောက်မှ ဖက်ပြီးပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အစ်မကြီးဆိုမှတော့ ညီမရဲ့ အစ်မကြီးအမြဲတမ်းဖြစ်နေမှာ ပဲ၊ ညီမတို့ မောင်နှမသုံးယောက်က အမြဲအတူရှိနေမှာ”

“ကောင်းပါပြီ” ရှီမာယူယူသည် ချိုသာစွာပြုံးလေသည်။

သူမ ထိုအကြောင်းကိုစဉ်းစားလိုက်သည်နှင့် သူမနှလုံးသားများနာကျင် လာသော်လည်း သူမ၏ ဆွေမျိုးများရှိနေသေးသောကြောင့် သူမ ကျေးဇူးတင် မိသည်။

“ညီမရဲ့ ခဲအိုလောင်းက ဒီနေ့လာမယ်လို့ထင်ထား” ရှီမန်လီ မေးလေ သည်။

“လာလောက်မှာပါ” ရှီမာယူယူ ပြောလိုက်သည် “ညီမလေး အစ်ကို၂က အချိန်မှီအောင်ရောက်လာနိုင်မလားကြည့်ကြတာပေါ့”

“ညီမ အစ်မရဲ့ တခြားသူငယ်ချင်းတွေလည်းတွေ့ချင်သေးတယ်၊ အစ်မကြီးရဲ့ ဘဝအသစ်မှာ ရခဲ့တဲ့သူငယ်ချင်းတွေကို သိချင်တယ်” ရှီမန်လီ ပြောလေသည် “သူတို့အကြောင်းအများကြီးပြောထားတော့ ညီမအရမ်းသိ ချင်နေတာ၊ အစ်မကြီးရဲ့ အစ်ကိုတွေရော ညီမကို သူတို့ရဲ့ ညီမလေးလို သတ်မှတ်ပါ့မလား”

“သူတို့မှာ နောက်ထပ်ညီမတစ်ယောက်ရှိတယ်ဆိုတာသိရရင် သေချာ ပေါက်ပျော်ကြမှာပဲ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “အစ်မကို ညီမ တစ်ယောက်နဲ့မတူဘူးလို့ သူတို့အမြဲပြောနေတာ၊ သူတို့က ကာကွယ်သူဖြစ် ချင်တာ သူတို့ဆန္ဒကို အစ်မကမဖြည့်ပေးနိုင်ဘူး၊ အခု ညီမလေးရှိလာပြီဆို တော့ ကာကွယ်ပေးမယ့်သူအဖြစ် ဘေးမှာ အစ်ကိုကြီးတွေက သူတို့ကိုယ်သူ တို့ ဖော်ပြကြမှာပဲ”

“ညီမကအငယ်ဆုံးဖြစ်ခဲ့တာ အခုထိလည်းအငယ်ဆုံးပဲဖြစ်နေတုန်းပဲ” ရှီမန်လီ ပြောလေသည် “တကယ်တော့ ညီမကအစ်မကြီးဖြစ်ချင်တာ အငယ် ကို ကာကွယ်ပေးရတဲ့ခံစားချက်က မဆိုးဘူးလေ”

“ညီမလေးမှာ တစ်ယောက်ရှိပါတယ်၊ ဝူလေးက ညီမထက်ငယ်တယ် မလား” ရှီမာယူယူ ပြောလေသည် “ညီမတို့နှစ်ယောက်တွဲသွားရင် ဝူလေးကို ကာကွယ်ပေးလို့ရတာပေါ့”

“ဟုတ်တယ်” ရှီမန်လီသည် ဘေးတွင်ရပ်နေသော ဝူလေးကိုပြောလေ သည် “နောက်ကို ငါမင်းကိုကာကွယ်ပေးမယ်”

ဝူလေးသည် နှုတ်ခမ်းတွန့်ကာ ပြောလေသည် “ညီမလည်း နောက်ဆို သန်မာလာမှာပါနော်”

“သန်မာတဲ့လူတွေတောင် ကာကွယ်ပေးဖို့လူလိုသေးတာပဲ” ရှီမန်လီ ပြုံးလေသည် “မင်းကိုအနိုင်ကျင့်တဲ့သူရှိရင် ငါ့ကိုပြော၊ သူတို့ိကိုကူရိုက်ပေး မယ်”

ရှီမာယူယူသည် သူမ အသံကိုနားထောင်ပြီး ခေါင်းကိုက်လာသည်။

“လီအာ ရှောင်ချီနဲ့ တွဲသွားတွဲလာမလုပ်နဲ့တော့”

“ဘာလို့လဲ” ရှီမန်လီသည် သူမ၏ အစ်မကြီးကိုရှုပ်ထွေးစွာကြည့်လေ သည်။

“သူမက သူမရဲ့ဓားပြရောင်ဝါတွေ ပြောင်းပေးလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“အစ်မကြီး သူတို့ကိုရိုက်တယ်လို့ပြောလို့လား” ရှီမန်လီ ပြောလေသည် “အဲဒါတော့ ရှောင်ချီမှန်တယ်၊ စကားလုံးတွေအသုံးမဝင်ဘူးဆိုရင် လက်သီးနဲ့ ပြောရမယ်၊ မိန်းကလေးတစ်ယောက်က သန်မာသင့်တယ်လို့ သူမ ပြောသေး တယ်၊ အဲဒါမှ အနိုင်မကျင့်ခံရမှာ သူမက ညီမကို သိုင်းလည်းသင်ပေးသေး တယ်၊ ညီမစာချုပ်ချုပ်ပြီးရင် ပိုသန်မာလာမယ်လို့ သူမပြောတယ်၊ လူတွေကို ရိုက်တာ ပိုတော်လာမယ်တဲ့”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “သူမက တကယ်ပဲအဲလို ပြောလား”

သူမ ထိုကဲ့သို့အမှန်တကယ်ပြောပါက လူများကိုရိုက်မည့်အကြောင်း များ ရှောင်ချီမှ သူမညီမကိုသင်ပေးသည့်အဖြစ်ကိုရပ်ရန် ရှောင်ချီကို ကောင်းကောင်းပြောရတော့မည်။

“ယူယူ ယူယူ သူတို့ရောက်လာကြပြီ…” ရှောင်ချီသည် အပြင်မှပြေးလာ သည်။ သူမသည် ရှီမာယူယူ ပုံမှန်နှင့်မတူသောပုံစံကိုကြည့်ပြီး ခေါင်းပုဝင် သွားသည်။

သူမ ဒီနေ့မကောင်းတာဘာမှမလုပ်ထားဘူးမလား။ ဘာလို့ သူမကို ဒီလိုကြည့်ရတာလဲ။ သူမ အကြည့်က နည်းနည်းမတူဘူး။ သူက နောက်ပြန် ခေါက်သင့်သလား။

***

All Chapters