← Chapters

ယောက်ျား မဖြစ်ဘူး!

Vol. 5 Ch. 69

ယောက်ျား မဖြစ်ဘူး!

Vol. 5 Ch. 69

ညနေပိုင်း၌ ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့သည် စားပွဲပေါ်ရှိ ငွေချောင်းနှစ်ချောင်းကို ကြည့်လိုက်သည်။

၎င်းတို့သည် ဝူကျုံးမှ ယွီမိသားစု၏ လျော်ကြေးငွေအဖြစ် မသွားမီတွင် ပေးသွားခဲ့ခြင်းဖြစ်သည်။

တကယ်တမ်းတွင် ထိုငွေကြေးပမာဏသည် ချန်မိသားစုအတွက် အလွန်များပြားသည့် ပမာဏဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့်အခြေအနေမှ အလယ်အလတ်တန်းစား သက်သောင့်သက်သာအခြေအနေသို့ တိုက်ရိုက်မြှင့်တင်ပေးနိုင်ပေသည်။

လက်ရှိရှန်းထောင်မြို့၌ ‌ ခြောက်သွေ့သောမြေကွက်တစ်ခု၏ ဈေးနှုန်းသည် တစ်ဧကလျှင် ငွေသုံးတုံးဖြစ်သည်။ ထို့ကြောင့် ဤငွေပမာဏသည် မြေကွက်ကောင်း ဧက‌ပေါင်းများစွာကို ဝယ်ယူရန်လုံလောက်သည်။ လုံခြုံစိတ်ချရသောဘဝဖြင့် ရှင်သန်နေထိုင်နိုင်ပေသည်။

သို့တိုင် ဤအချိန်ကာလများ၌ စစ်မှန်သော ဘေးကင်းလုံခြုံခြင်းဟူသည် မရှိနိုင်သည်ကို ချန်ကျဲ့ သိပါသည်။

ချန်ကျဲ့ သိထားသလောက် သာ့ချန်ပြည်ကြီးသည် သေနတ်ပြောင်းဝထက်မှ ယမ်းမှုန့်ကဲ့သို့ဖြစ်သည်။ လူမျိုးစုများအကြားနှင့် ပြည်သူနှင့် အစိုးရအမှုထမ်းများအကြား အားပြိုင်မှုများ တစ်နေ့တခြား ကြီးထွားလာနေပေသည်။

ထိုသို့အခြေအနေမျိုး၌ သေးငယ်သော မီးပွားစလေးပင်လျှင် သေနတ်ပြောင်းကို မီးတောက်သွားစေနိုင်သောကြောင့် စစ်ပွဲ၏မီးခိုးငွေ့များ လှိုင်းထသွားစေကာ ဖရိုဖရဲအချိန်ကာလများကို ဖွင့်လှစ်ပေးလိုက်နိုင်ပေသည်။

လက်ရှိတွင် ငြိမ်းချမ်းသည်ဟု ထင်ရသည့်အခြေအနေမှာ မုန်တိုင်းမလာမီ တည်ငြိမ်နေခြင်းမျိုးသာ ဖြစ်ပေသည်။

သို့သော် ချန်ကျဲ့အနေဖြင့် ဒီတိုင်းပြောလိုက်၍ မရနိုင်သော အချို့အရာများရှိသည်။ ထို့ကြောင့် ချန်ကျဲ့သည် စူးယွင်ကျင်း၏ မည်သို့စီစဉ်ထားသည်ကို သိရှိရန် ငွေချောင်းများကို ထုတ်ယူလိုက်သည်။

စားပွဲပေါ်ရှိ ငွေချောင်းများကို ကြည့်ရှုလျက် စူးယွင်ကျင်းသည် အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှ ပြောလာသည်။

“ယောက်ျား”

“အင်း?”

ချန်ကျဲ့ သူမကို ကြည့်လိုက်သည်။

“ယောက်ျား ကျွန်မတို့ ဒီငွေတွေကို လက်ခံလို့မဖြစ်ဘူး”

“အို မိန်းမ မင်းဘာကိုပြောချင်တာလဲ”

ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်နေသည်။ စူးယွင်ကျင်းသည် အချိန်ခဏမျှ စဉ်းစားနေပြီးနောက် ပြောသည်။

“ယွီမိသားစုက ပေးဖို့ဆန္ဒရှိတယ်ဆိုတာ ဒါက ဦးလေးကျုံးက ကူညီပေးထားတာ။ ကျွန်မတို့က ဒီငွေကို တိတ်တဆိတ် အိပ်ကပ်ထဲထည့်လိုက်ရင် ဦးလေးကျုံး ဘယ်လိုထင်သွားမလဲ”

“ဦးလေးကျုံးက စိတ်ထဲမထားဘူးဆိုရင်တောင်မှ ကျွန်မတို့ဘက်က ကျေးဇူးတင်ကြောင်း မဖော်ပြဘဲနဲ့တော့ ဒီတိုင်းလက်မခံလိုက်သင့်ဘူးလေ။ မဟုတ်ရင် ကျွန်မတို့က ကျေးဇူးမသိတတ်ဘူး ဖြစ်နေမှာပေါ့”

“ပြီးတော့လည်း ငါးဖမ်းကုန်သည်အဖွဲ့သားတွေက ဒီနေ့ ရှင့်ကိုထောက်ပံ့ပေးဖို့ ရှိနေခဲ့တာ။ ရှင်သူတို့ကို အသိအမှတ်မပြုဘူးဆိုရင် သူတို့ရှင့်ကို ဘယ်လိုတွေးကြလဲ”

“အဲဒီတော့ ယောက်ျား၊ ကျွန်မတို့ ဒီငွေတွေကို သိမ်းထားလို့မရဘူး”

စူးယွင်ကျင်း ချန်ကျဲ့ကို ခွဲခြမ်းစိတ်ဖြာပြသည်။

တကယ်တမ်းတွင် ချန်ကျဲ့တွင်လည်း ဤသို့အတွေးရှိသည်။

လူတစ်ယောက်ရဲ့ အိတ်ကပ်ထဲက ‌ပိုက်ဆံဆိုတာ ကိန်းဂဏန်းတွေပဲ။ ဒါပေမဲ့ ပိုက်ဆံကိုသုံးလိုက်တာက စစ်မှန်စေတာပဲ– အစားအသောက်နှင့် ဝန်ဆောင်မှုတွင် အသုံးပြုခြင်းသည် သုံးစွဲခြင်းဖြစ်သည်။ အိမ်နှင့်ရွှေများ ဝယ်ယူခြင်းသည် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ လူမှုဆက်ဆံရေးအတွက် အသုံးပြုခြင်းသည် အကျိုးအရှိဆုံးဖြစ်၏။ ၎င်းမှာ အသက်မွေးဝမ်းကြောင်းအတွက်ဖြစ်သည်။

တုယွဲ့ရှန်းသည် ချမ်းသာမလာမီက ငွေပမာဏအမြောက်အများကို ရရှိခဲ့ချိန်တွင် သူ၏ရွာသားများနှင့် မျှဝေခဲ့သည်။ ထိုနည်းဖြင့် သူ့ကို အင်အားအာဏာရရှိစေရန် ကူညီပေးမည့် သစ္စာရှိထောက်ပံ့သူများကို ပိုင်ဆိုင်နိုင်ခဲ့သည်။

ချန်ကျဲ့အတွက်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ လူများစွာ၏ ထောက်ခံအားပေးမှု မရှိပါက အောင်မြင်မှုကြီး ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

စူးယွင်ကျင်း၏အဖြေသည် ချန်ကျဲ့ကို အလွန်တရာ‌ စိတ်ကျေနပ်စေခဲ့သည်။

ချန်ကျဲ့သည် သူ၏ဇနီးလေးကို တစ်နေ့ထက်တစ်နေ့ ပို၍ ချစ်ခင်နှစ်သက်လာခဲ့သည်။

ထိုအတွေးဖြင့် ချန်ကျဲ့သည် စူးယွင်ကျင်းထံပါးတွင် အကြည့်များရစ်ဝဲနေစေ၏။

ချန်ကျဲ့၏ ပြင်းပြသောအကြည့်တို့ကို ခံစားမိသောအခါ စူးယွင်ကျင်း၏မျက်နှာလေးမှာ နီရဲလာ၏။ စူးယွင်ကျင်းမှ မေးသည်။

“ယောက်ျား ရှင်ဘာလို့ ကျွန်မကို အဲဒီလိုကြည့်နေရတာလဲ”

ချန်ကျဲ့မှ ပြောသည်။

“ကိုယ့်မှာ မင်းလို အံ့ဩဖို့ကောင်းတဲ့ ဇနီးလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ်ဘယ်လိုကောင်းမှုတွေများ လုပ်ခဲ့လဲလို့ စဉ်းစားနေတာ”

“တော်စမ်းပါ၊ ကျွန်မက ရှင်ပြောသလောက် မကောင်းပါဘူး”

စူးယွင်ကျင်း၏မျက်နှာလေးမှာ ကြက်သွေးနီရောင် ပြောင်းလဲနေလေပြီ။ စိတ်အတွင်းတွင်တော့ အလွန်တရာ စိတ်ကြည်နူးနေခဲ့၏။

ထိုစဉ် ချန်ကျဲ့သည် စူးယွင်ကျင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။

“ငွေတွေ အများကြီးရခဲ့ပေမဲ့ ယူမထားနိုင်ဘဲ ကိုယ်မင်းကို ဆက်ပြီးဒုက္ခခံစေမိပြီ ဟူး~ ကိုယ့်နောက်ကိုလိုက်ရတာ မင်းတကယ် ခက်ခဲပင်ပန်းနေမှာပဲ”

“မပင်ပန်းပါဘူး။ လက်ရှိဘဝလေးက အရင်ထက် အများကြီးပိုကောင်းတယ်။ ကျွန်မ အရမ်းကျေနပ်ပါတယ်”

ချန်ကျဲ့သည် စူးယွင်ကျင်းမှာ မည်မျှ ထောက်ထားညှာတာတတ်ပြီး နှစ်လိုဖွယ်ကောင်းသည်တို့ကိုသာ တွေးတောနေမိပေသည်။

ထို့နောက် ချန်ကျဲ့သည် စူးယွင်ကျင်းကို ညင်သာနူးညံ့စွာ ထွေးပွေ့လိုက်သည်။ စူးယွင်ကျင်းမှ ရှက်သွေးဖြာသွားပြီး ချန်ကျဲ့ကို တွန်းထုတ်သည်။

“ရွေ့ရွေ့ရှိနေတယ်လေ!”

တကယ့်ကိုပင် ကလေးမလေးသည် စူးစမ်းနေသော မျက်လုံးဝိုင်းကြီးများဖြင့် သူမ၏မမနှင့် အစ်ကိုကြီးတို့ကို ငေးစိုက်ကြည့်နေပေသည်။

“မမတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ”

ထိုအခါ စူးယွင်ကျင်းသည် ရွေ့ရွေ့ကို အတွင်းခန်းထဲသို့ အမြန်ချီခေါ်သွား၏။

ချန်ကျဲ့ ခေါင်းခါလိုက်ပြီး ရေချိုးကန်ကို ရှာယူသည်။ မကြာမီ စူးယွင်ကျင်း ပြန်ထွက်လာကာ ချန်ကျဲ့အတွက် ဆေးရည်စိမ်ရန် ရေနွေးပြင်ဆင်ပေးသည်။

ဤခေတ်တွင် ရေနွေးအိုးမရှိပေ။ ရေနွေးအိုးတည်သည့် ရေနွေးအိုးကြီးများသာလျှင် ရှိသည်။ ထို့နောက် ရေနွေးကို လက်ကိုင်ပါခွက်ဖြင့် ခပ်ယူရသည်။

မီးဖိုများသည် များသောအားဖြင့် နိမ့်နိမ့်လေးများဖြစ်ကြရာ စူးယွင်ကျင်းသည် ရေခပ်သောအခါ ခန္ဓာကိုယ်ကို ငုံ့ကိုင်း၍ ခပ်ရသည်။

ချန်ကျဲ့သည် နေရာတွင်ရပ်၍ စူးယွင်ကျင်း ရေခပ်နေသည်ကို ကြည့်နေသည်။ သူမ၏ အလွန်လှပသိမ်မွေ့သော ‌ခန္ဓာကိုယ်ကောက်ကြောင်းလေးသည် စွဲမက်ဖွယ်တင့်တယ်ကာ ဆွဲဆောင်မှုအား ကောင်းမွန်လှပေသည်။

သူမ၏ဆံပင်လေးများသည် အလုပ်များနေခဲ့သောကြောင့် အနည်းငယ် မသပ်မရပ်ဖြင့် ပါးပြင်ပေါ်သို့ တစ်စနှစ်စ ကျဆင်းနေသည်။ ၎င်းပုံရိပ်လေးသည် သူမ၏ဆွဲဆောင်မှုကို ထပ်လောင်းပေးနေ၏။

ချန်ကျဲ့သည် စူးယွင်ကျင်း၏ နောက်မှနေ၍ သူမ၏ခါးသွယ်သွယ်လေးကို ပွေ့ဖက်လိုက်သည်။

မိန်းမငယ်လေးသည် ရုတ်ချည်း တောင့်ခဲသွား၏။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နောက်ဘက်ရှိအမျိုးသား၏ အသက်ရှူသံပြင်းပြင်းကို ခံစားမိသည်နှင့်တစ်ပြိုင်နက် တောင့်ခဲသွား၍ သူမကို ထက်သန်ပြင်းပြစွာသော ‌ပူနွေးမှုကို ခံစားရစေသည်။

တဖြည်းဖြည်းနှင့် ချန်ကျဲ့၏အပြုအမူများသည် ပို၍ရဲတင်းလာခဲ့သည်။

လေထုအခြေအနေမှာ မထိန်းချုပ်နိုင်သော အခြေအနေသို့ ရောက်ရှိလုနီးတွင် စူးယွင်ကျင်းမှ ပြောလာသည်။

“မနက်ဖြန်မှ၊ ဒီနေ့တော့ မဖြစ်ဘူး ဟုတ်ပြီလား”

ချန်ကျဲ့ အသက်ရှူနှုန်းကို ဖြည်းဖြည်းချင်း ပြန်လည်ထိန်းချုပ်လိုက်သည်။

“မနက်ဖြန်လား”

“အမ်း မနက်ဖြန်”

“တကယ်လား”

“အမ်း ကျွန်မ ဆန္ဒရှိပါတယ်”

ချန်ကျဲ့သည် စူးယွင်ကျင်းကို အသာအယာ လွှတ်ပေးလိုက်သည်။ လွှတ်ပေးခံလိုက်ရသည့် တစ်ခဏတွင် စူးယွင်ကျင်းမှာ လစ်ဟာမှုတစ်မျိုးကို ခံစားလိုက်ရ၏။

ထို့နောက် စူးယွင်ကျင်းသည် ချန်ကျဲ့ကို လှည့်ကြည့်သည်။ ချန်ကျဲ့သည် အဝတ်ချွတ်ထားပြီး၍ ခန္ဓာကိုယ်တွင် အတွင်းဝတ်ဘောင်းဘီသာလျှင် ကျန်ရစ်တော့ကြောင်း သတိထားမိလိုက်၏။

စူးယွင်ကျင်းသည် ရုတ်တရက် အ‌နောက်ဘက်မှ နူးညံ့နွေးထွေးမှုလေးတစ်မျိုး လှိုက်တက်လာခြင်းကို ခံစားလိုက်ရသည်။

ချန်ကျဲ့သည်လည်း စူးယွင်ကျင်းထံမှ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာတို့ကို ခံစားမိပေသည်။

“ယောက်ျား အကယ်၍ ရှင်ဒီနေ့ တကယ်ဆန္ဒရှိတယ်ဆိုရင် ကျွန်မ…”

ချန်ကျဲ့မှ ပြောသည်။

“မင်းက အနှေးနဲ့အမြန် ကိုယ့်အပိုင်ဖြစ်လာမှာပဲကို.. ကိုယ် အလျင်မလိုပါဘူး။ ကိုယ် နောက်တစ်ရက် ထပ်စောင့်နိုင်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့အချိန်ကို ပေါ့ပေါ့လေး မယူလိုက်သင့်ဘူးတဲ့။ ကျန်းမာရေးထိခိုက်လိမ့်မယ်”

“ဪ!”

“ဒါပေမဲ့…”

ချန်ကျဲ့သည် ထိုသို့ပြောပြီးသည်နှင့် ရုတ်တရက် ပြန်လှည့်လာ၍ပြောသည်။

“တကယ်တော့ တခြားနည်းလမ်းရှိပါသေးတယ်…”

“တခြားနည်းလမ်းလား”

စူးယွင်ကျင်းသည် နားမလည်နိုင်စွာဖြင့် မျက်လုံးလေးများ ပြူးကျယ်နေ၏။

ချန်ကျဲ့သည် စူးယွင်ကျင်းနှင့် နီးနီးကပ်ကပ် ကိုယ်ကိုကိုင်းညွှတ်လိုက်ကာ သူမ၏နားထဲသို့ တီးတိုးပြောသည်။ စူးယွင်ကျင်းသည် အံ့ဩမှုကြောင့် မျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်ကာ ပါးစပ်သေးသေးလေးသည် ပိတ်တစ်လှည့်၊ ဟတစ်လှည့် ဖြစ်နေသည်။ မျက်နှာလေးမှာလည်း သံပူပူအလား နီရဲသွားလေသည်။

“ဒီကိုလာ မိန်းမ၊ ကိုယ်မင်းကို ပြပါရစေ…”

…

အချိန်အတော်ကြာမြင့်ပြီးနောက်၌ နှစ်ယောက်သား လူခွဲသွားကြသည်။ ချန်ကျဲ့သည် အလွန်တရာ စိတ်ကျေနပ်နေ၏။ စူးယွင်ကျင်းသည်တော့ သူမ၏ပါးစပ်ကို ဖုံးအုပ်၍ အတွင်းခန်းထဲသို့ ကသုတ်ကရက် ပြေးဝင်သွားတော့သည်။

ယခုအချိန်တွင် စူးယွင်ကျင်းသည် ချန်ကျဲ့ကို မကြည့်ရဲပါချေ။

သူမ အိပ်မက်,မက်နေခဲ့သည်ကဲ့သို့ ခံစားရ၏။

သူမ မေ့ဖျောက်ပစ်လိုသည်။

သို့သော် အတွင်းခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ချင်မူးတူး‌ဖြစ်နေသည့် ကလေးမလေးကို မြင်လိုက်ရသောကြောင့် စူးယွင်ကျင်း လန့်သွားခဲ့သည်။

“မမ ဘာလို့ အခုမှပြန်လာတာလဲ”

စူးယွင်ကျင်း ပြန်ပြောချင်သော်ငြား သူမ၏ပါးစပ်မှာ ပြည့်အင့်နေဆဲဟု ခံစားနေရ၏။

(တံတွေးမျိုချ)…

“ဟင်? မမ ဘာခိုးစားနေတာလဲ”

ကလေးမလေးသည် မခံမရပ်နိုင်‌ဖြစ်နေလေသည်။ သူမကို ဘာလို့ ခေါ်မကျွေးရလဲဟု တွေးနေ၏။

စူးယွင်ကျင်းမှာ မိမိကိုယ်ကိုယ် နေရာမှ ပျောက်ကွယ်သွားရန်သာ မျှော်လင့်မိတော့သည်…

…

အပြင်ဘက်၌ ချန်ကျဲ့သည် သက်သောင့်သက်သာဖြင့် ရေချိုးကန်ထဲသို့ ဝင်လိုက်သည်။ စိတ်ကျေနပ်ဖွယ် အပူချိန်ကြောင့် သူ၏ချွေးပေါက်များ ပွင့်ဟလာခဲ့၏။

အသက်ရှူနှုန်းကို ထိန်းညှိပြီးသည်နှင့် သူ၏စိတ်အစဉ်သည်လည်း တည်ငြိမ်လာခဲ့သည်။ သို့သော် မကြာမီက သူ၏ဇနီးလေး၏ ဖြတ်လတ်တက်ကြွသော အားစိုက်ထုတ်မှုကို ပြန်လည်တွေးတောမိသောအခါ နူးညံ့မှုလှိုင်းဂယက်တစ်ခု လှိုက်တက်လာခဲ့သည်။

ထို့နောက် အရိုင်းဆန်မှုတစ်မျိုးလည်း နိုးကြွလာခဲ့သည်။

သူ၏ဇနီးလေး၏ မနက်ဖြန်အတွက် ကတိကိုလည်း ပြန်လည်တွေးတောမိသွားခဲ့ပြန်သည်။

ချန်ကျဲ့သည် မနက်ဖြန်အတွက် မျှော်လင့်တကြီး စောင့်စားနေမိ၏။

သေချာပေါက် ကြည်နူးဖွယ်ကောင်းတဲ့ အတွေ့အကြုံလေး ဖြစ်လိမ့်မှာပဲ။

သို့တိုင် ထိုကြည်နူးသာယာဖွယ်လေးသည် ထိခိုက်လွယ်သည်ကိုလည်း သတိရသွားခဲ့သည်။ မိမိ၌ သူမကို ကာကွယ်ပေးနိုင်ရန် လုံလုံလောက်လောက် အင်အားမရှိပါက ဤကြည်နူးမှုလေးသည် အိပ်မက်ဆိုးအဖြစ်သို့ ပြောင်းလဲသွားနိုင်၏။

အထူးသဖြင့် အဆိပ်ပြင်းမြွေတစ်ကောင်သည် သူမကို ပစ်မှတ်ထားနေခဲ့ပြီဖြစ်သည်။

မိမိအနေဖြင့် ပိုမိုသန်မာလာပြီး ထိုအဆိပ်ပြင်းမြွေကို ရှင်းပစ်ရပေမည်။

ပိုမိုသန်မာလာပြီးနောက် သိုင်းပညာရှင်တစ်ဦး ဖြစ်လာရပေမည်။

စာစဉ်ပြီး၏

All Chapters